Wednesday, October 27, 2010

၈လ အရွယ် သားသား ရဲ့ချစ်စရာ အပြုအမူ လေးများ

သားသားက KFC က Whipped Potato ကိုအရမ်းကြိုက်ပါတယ်။ ၁ပတ်ကို ၃ကြိမ်လောက်တော့ ၀ယ်ကျွေးပါ တယ်။ ရုံးသွားတော့မယ်ဆိုရင် လိုက်ချင်လို့ အဖေနားပဲကပ် နေတော့တာ။ walking chair ထဲထည့်ထားလိုက် ရင် ပထမဆုံးသွားတဲ့အခန်းက အခန်းသေးသေးလေးထဲကိုဝင် ပါတယ်။ စာအုပ်ထားထားတာတွေက သားသားနဲ့ လက်လှမ်းမှီတော့ ဆွဲပြီးစုတ်ပစ်တာပဲ။ နောက်အဲဒီအခန်းလေးကို အမြဲပိတ်ထားလိုက်တော့တယ်။ မီးဖိုချောင် လဲတအားဝင်ချင်တာ။ ဘာလုပ်ဖို့ဝင်ချင်တာလဲ ကျွန်မလည်း သိချင်တာကြောင့် ၁ခါ ပေးဝင်လိုက်တယ်။ အံဆွဲ တွေအကုန်လုံးသွားဖွင့်၊ ဈေးခြင်းတောင်းသွားဆွဲနဲ့ အလုပ်ကိုရှုပ်နေတော့တာပဲ။ အခုမီးဖိုချောင်အ၀င်မှာ push cart ထားထားလိုက်တော့တယ်။

ကျွန်မ စားတဲ့ အစားမှန်သမျှ အကုန် စားချင် တယ်။ နည်းနည်းလေးဖြစ်ဖြစ်ကျွေးရပါတယ်။ ကျွန်မက အအေး သောက်ရင် သံခွက်နဲ့ထည့်ပြီးသောက်တော့ သံခွက်မြင်ပြီဆိုတာနဲ့ ရောက်ရာအရပ်ကနေ ဒုံးဆိုင်းပြီး ကျွန်မဆီ ပြေးလာတော့တာပဲ။ coke တအား ကြိုက်တယ်။ ၁ခါ ၅လုတ် လောက်သောက်ဖူးတယ်။ နောက်ကျတော့ Fair Price, NTUC ကနေ ကလေး သောက်တဲ့ Juice ၀ယ်ထားလိုက်တော့တယ်။ မနက်အစောကြီး ဟင်းထချက် ရတော့ ကျွန်မမှာ အိပ်ရေးမ၀ရင် ၁ခါ၁လေ အစောကြီး မနက် ၁၁ ၀န်းကျင်ဆို ငိုက်လာတတ်ပါတယ်။ အဲဒီ အချိန်က သားသားရေမိုးချိုး၊ အိပ်ရာကနိုး၊ အစားစားပြီးချိန်ပေါ့။ အမေအိပ်တာတွေ့လို့ကတော့ အမေဆံပင်ဆွဲ။ ဒါနဲ့မှမနိုးသေရင် အမေမျက်လုံးကို သူ့လက် ၅ချောင်းနဲ့ ဆွဲကုတ်တတ်ပါတယ်။

ညညဆိုရင်သားသားနိုးရင် ကျွန်မဆီအရင်မျက်လုံးလေး ရောက်လာတတ်တယ်။ ကျွန်မကအအိပ်ဆတ်တယ်။ သားသားနိုးလာမှန်းသိပေမယ့် တမင်အိပ်ချင်ယောင်ဆောင်လိုက်တယ်။ သေချာကြည့်ပြီး နိုးလို့မရရင် သူ့အဖေ ဆီရောက်သွားရော။ သူ့အဖေရဲ့လက်ကို သူ့လက်ကလေးနဲ့ပုတ်ပြီး နိုးတတ်တယ်။ ဒါမှမနိုးသေးရင် သူ့အဖေ ကိုယ်ပေါ်ကို ဒိုင်ဗင်ပစ်ချလိုက်ရော။ သူ့အဖေလည်းနိုးရော။

ရေချိုးရင် အခုအရမ်းထိန်းရတာ။ သားသားကရေမြင်တာနဲ့ ဒိုင်ဗင်ပစ်ချင်တာ။ အငြိမ်မနေဘူး။ တဗွမ်းဗွမ်းနဲ့ ဆော့နေတာ။ ၁ခါကများဆိုရေချိုးခွက်ကို သားသားခြေထောက်နားကရေချိုးဇလုံအပေါ်မှာ ထားထားတာ။ သားသားကလိုချင်လို့မီကလည်းမမီဘူး၊ ထလည်းထလို့မရဘူး။ ကျွန်မကဖိထားတာလေ။ သူ့ခြေထောက်လေး ၂ဖက်ကိုသုံးပြီး ရေချိုးခွက်ကိုခြေထောက်ကြားညှပ်ပြီး သူ့လက်မှီလို့ရတဲ့အထိ ဆွဲယူသွားတာ။ အဲဒီလောက်ထိ။ သားသားက သူလိုချင်တာမှန်သမျှကို ဘယ်လိုယူရမလဲဆိုတာ သိတယ်။

နေ့လည်ဘက်၁ခါ၁လေ ကျွန်မရင်ဘတ်ပေါ်အထိတက်လာပြီး ကျွန်မမျက်နှာ၁ခုလုံးကို နမ်းတတ်ပါတယ်။ ကျွန်မ မှာသူ့ကိုမကျအောင်လဲထိန်းထားရတယ်။ ပြီးတော့သားသားကိုယ်လုံးနဲ့ဆိုတော့ယားလည်းယားတယ်။ သား သားလေ ၁ခါကသူ့အဖေကိုကိုက်ထည့်လိုက်တာ သူ့အဖေရဲ့သွားဖုံးတောင်ပဲ့သွားတယ်။ ကလေးတွေက ၁ခါ၁ရံ မှာသူတို့ချစ်ကြောင်းကို ပြတတ်ကြပါတယ်။ ကျွန်မကိုမိတ်ဆွေ ၁ယောက်က ပြောပြဖူးတာပါ။ သားသား ကအောက်သွား၂ချောင်းပေါက်နေပြီဆိုတော့ သွားယားပြီးကုန်းကုန်းကိုက်တတ်တာလားလို့တော့မပြောတတ်ပါ။

၁ခါ၁ရံ ရုတ်တရက်ကြီးထိုင်နေရင်းကနေ ၀ုန်းဆိုသူ့ကိုယ်ကြီးရဲ့ ပစ်လှဲတိုက်ပါတယ်။ ၁ခါ၁ရံ ၁ခုခု နဲ့ ဆောင့်မိ လို့ရှိရင်ငိုရော။ အိပ်ရာပေါ်မှာထားတော့သားသားကိုကြည့်ရတဲ့ အကျယ်အ၀န်းကနည်းပါတယ်။ အခုအိပ်ရာ မှာဘေးကကာထားပေမယ့် ကျော်ဆင်းနိုင်ပါတယ်။ မွေ့ရာ အစွန်းလေးမှာ လက်ကလေး ၂ဖက် ထောက်ပြီး လုပ်နေတတ်ပါတယ်။ ဧည့်ခန်းမှာ ပေးဆော့ခိုင်းလို့ကတော့ ကျွန်မလည်း တော်တော်မောတာ။ ဖုံးဆော့မယ်။ VCD အခွေဆော့မယ်။ ဖိနပ်ဆော့မယ်။ ထိုင်ခုံကို ဆော့မယ်။ ဒါမှမဟုတ်လှဲချပစ်မယ်။ ထမင်းစား ပွဲခုံကိုတွန်းမယ်။ လေးဘက်ထောက်ပြီး သွားတတ်နေတဲ့အချိန်လေ။ အခု သားသားက မတ်တပ်ရပ်စမ်းနေပြီ။ ခြေထောက်တော့ သိပ်မခိုင်သေးဘူး။ ၁ခုခုကို ကိုင်ထားရင်တော့ ၂လှမ်းလောက်တော့ လျှောက်တတ်တယ်။

သားသားအခုလက်ခုပ်တီးတတ်နေပြီ။ ပုလုံးလေး ဘယ်မှာလဲဆိုရင် သူ့ရင်ဘတ်ကိုပုတ်ပြတယ်။ "တကူးကူး" စီးရရင် အရမ်းပျော်တာ။ ကျွန်မတို့နှစ်ယောက်သာ ခြေကုန်လက်ပန်းကျပေမယ့် သားသားက မမော။ သားသားဆော့လို့ ကောင်းနေချိန် ရပ်လိုက်ရင် ထပြီး ဂျီတော့တာပဲ။ ပြန်ဆော့ပေးမှ ကျေနပ်တာ။ ဘာပဲဆော့ ဆော့ သားသားကို အစမလုပ်ရဲဘူး။

သားသားကို အခုအချိန်မှာ ထမင်းကျွေးရတဲ့ အလုပ်က အခက်ဆုံးပါပဲ။ သားသားကို ကြက်သားဆန်ပြုတ်၊ ငါးရံဆန်ပြုတ်၊ ကြက်သားဆန်ပြုတ်နှင့်ဥနီ၊ whipped potato from KFC၊ အားလူးကိုကြက်ရိုးနှင့်ပြုတ်ပြီး ကျွေးသောအားလူးထောင်း၊ Heinz ကထုတ်တဲ့ ကလေးအစားအစာ အမျိုးမျိုး၊ မုန့်လက်ညှိး၊ Cereal၊ ငှက်ပျော သီးအမှုန့်ကို ရေနွေးဖျော် ... လောလောဆယ် သားသားကိုကျွေးနေတာတွေပါ။ ဂျေးများစပြုလာပါပြီ။ သားသား ကို ၁၀နာရီခွဲ ၁ကြိမ်၊ ၁နာရီ ၁ကြိမ်၊ ၄နာရီ ၁ကြိမ်၊ ၁နေ့ ၃ကြိမ်ကျွေးတယ်။ အရမ်းဆာနေတဲ့ အချိန်ကျွေးတာ အကောင်းဆုံးပါ။ ၁ခါ၁ရံ ပုံမှန်ထက် နာရီဝက်နောက်ကျပြီး ကျွေးပါတယ်။ အစားစားရတော့ ငြိမ်ငြိမ်လေးထိုင်ပြီး စားရတယ်လေ။ မေဆာ့ရေတာ့ မၿငိမ္ဘူး။ မစားချင်ဘူးပေါ့။ အခုတော့ သားသား စားချင်သလောက်ပဲစား၊ ခဏနား၊ နောက်၁နာရီနေရင် ပြန်ထပ်ကျွေး။ အခါခါကျွေးရတော့တာပေါ့။ ကျွေးနေတုန်း ကျွန်မက သားသားရီအောင် လုပ်ရပါသေးတယ်။ နို့ဗူးက နေ့ ၂ဗူး၊ ည၂ဗူးကတော့ ပုံမှန်ပါပဲ။ ၁ဗူးကို 200 ML ပါ။

သားသားက အမေကို အရမ်းကပ်လာပါတယ်။ သားသားက ၂ပတ်ကို ၁ခါ ပုံစံပြောင်းလဲလာတတ်ပါတယ်။ သား သားကလိုချင်တာ၊ လုပ်ချင်တာရှိရင် ဖေဖေနှင့်မေမေကို ၀ူးဝူးဝါးဝါးနဲ့စကားတွေပြောတယ်။ ဘာတွေပြောပြီး ဘာလိုချင်မှန်းလဲမသိပါ။ သားသား၁ခုခုကိုအလိုမကျရင်၊ မကြိုက်တာလုပ်မိရင် လက်ချောင်းကျစ်ကျစ်ပါအောင် ဆုတ်၊ အသားတဆတ်ဆတ်တုန်ပြီး စိတ်တိုကြောင်းပြတတ်ပါတယ်။ ဒေါသအရမ်းကြီးပါတယ်။

မေမေ့ကို ခွခေါင်းအုံးပေါ်ကနေ ကြည့်နေတာ မေမေရဲ့ လျှပ်တပြက် ရိုက်ချက်ပေါ့ဗျာ

သားသားက မေမေကို ပဲပေးနေတာပေါ့

သားသားမတ်တပ်ရပ်လိုက်တာ အရှိန်မထိန်းနိုင်လို့ ပြုတ်ကျတာ မေမေရဲ့ လျှပ်တပြက်ရိုက်ချက်ပေါ့ဗျာ

သားသားက ပြောတယ်။ blog ပေါ်က မေမေသူငယ်ချင်းများခင်ဗျာ။ သားသား အကြောင်းတွေကို မေမေက ဆက်ရေးဦးမှာပါ။ စောင့်မျှော်ကြပါဦးခင်ဗျာ။

Tuesday, October 26, 2010

ကြက်သား ခါးပတ်ချက်


ကြက်သားကို အသေးလေးတုံးပြီး ပဲငံပြာရည်အကြည် အနည်းငယ်၊ ဆား၊ အချိုမှုန့်တို့ဖြင့်နှပ်ထားပါ။ ကြက်သွန် ဖြူ ပါးပါးလှီး၊ ကြက်သွန်နီအကွင်းလိုက်လှီး၊ ဂျင်းလက်၁ဆစ်ခန့်ကို ပါးပါးလှီး၊ ခရမ်းချဉ်သီးအကွင်းလိုက်၊ ငရုတ် သီးစိမ်းတောင့် ထက်ခြမ်းခြမ်းထားတာ အဆင်သင့်ပြင်ထားပါ။ ဆီထည့်ပြီး ဆီကျက်လျင်ကြက်သားထည့်ပါ။ ရေ နွေးထည့်ပြီးကြက်သားနှုးအောင် တည်ပါ။ ရေခမ်းစပြုလျင် အဆင်သင့်ပြင်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ ဂျင်း၊ ငရုတ်သီးစိမ်းတောင့် ထည့်ပါ။ ဟင်းမွှေးမဆလာ အနည်းငယ်ထည့်ပါ။ ခရမ်းချဉ်သီး အကွင်းလိုက်ကို နောက်ဆုံးဆီပြန်ပြီး ချခါနီး အချိန်ကျမှထည့်ပါ။ ပူစီနံ အရွက်လေးအုပ်ပါ။ (ပူစီနံအရွက် မရှိလို့ မထည့်လိုက်ရ ပါဘူး)

Monday, October 25, 2010

ဝက်နံရိုး ကော်ရည် ခေါက်ဆွဲ


အရင်ဦးဆုံး ၀က်နံရိုးကို ဆား၊ အချိုမှုန့် နှယ်ပြီး ၁ည နှပ်ထားလိုက်ပါတယ်။ ရေထည့်၊ အနံပျောက်သွားအောင် ဂျင်း လက်၁ဆစ်ပါ ထည့်ပြီး ၁နာရီခန့်ကြာအောင် ပြုတ်ပါတယ်။ ကန်စွန်းရွက် ရေဆေးပြီး အနေတော်လှီးပြီး ရေနွေးဆူဆူမှာ ထည့်ပြီး ပြုတ်ပါတယ်။ ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးဆူဆူမှာ ထည့်ပြီး ပြုတ်ပါတယ်။ မှို ခြောက်ကို ရေဆေးပြီး ပြုတ်ပါတယ်။ ဇကာမှာ ပြုတ်ထားသော ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ မှိုခြောက်ကို ရေစစ်ပြီး ပန်းကန်ထဲမှာ ထည့်ထားပါတယ်။ ခေါက်ဆွဲဖတ်က NTUC, Fair Price ကနေ ၀ယ်လာတော့ ခေါက်ဆွဲဖတ်ကို ရေဆူုဆူမှာ ၅မိနစ်ထားပါတယ်။ ရေသွန်ပစ်ပြီး ပန်းကန်ထဲမှာ ထည့်ထားပါတယ်။ ဒယ်အိုး ၁လုံးထဲမှာ ရေထည့် ပြီး ရေဆူလာရင် ကော်မှုန့် ဟင်းခတ်ဇွန်း ၃ဇွန်း အမောက် ထည့်ပါတယ်။ ပဲငံပြာရည် အကြည် အဖုံးပြည့် ၂ခွက် ထည့်ပါတယ်။ ပဲငံပြာရည် အနောက် အနည်းငယ်၊ ခရုဆီ အနည်းငယ်ထည့်ပါတယ်။ ယောင်းမဖြင့် မွေပေးပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ကြက်ဥ ၁လုံးကို ဖောက်ပြီး နှာနှာခေါက်ပါ။ ယောင်းမဖြင့် မွေနေတဲ့ အချိန်မှာ နှာနှာ ခေါက်ထားသော ကြက်ဥအရည်ကို ဇွန်းမှာ ခပ်ပြီး ဇြည်းဖြည်းချင်း ထည့်ပြီးမွေပါ။ ကြက်ဥအမျှင် အဖတ်လေးတွေ ဖြစ်လာပါလိမ့်မယ်။ ၀က်ပြုတ်ရည်ပါထည့်ပေးပါ။ ပွက်ပွက်ဆူလာလျင်ရပါပြီ။ ပန်းကန်ထဲမှာ ခေါက်ဆွဲဖတ်ထည့်၊ ကန်စွန်းရွက်ထည့်၊ ပဲပင် ပေါက်ထည့်၊ မှိုခြောက်ထည့်၊ ၀က်နံရိုးထည့်၊ ကော်ရည်ထည့်၊ ကြက်သွန်ဖြူကြော် ထည့်ပြီး စားနိုင်ပါပြီ။ ငပိ ထောင်းကို သံပုရာရည်ညစ်ပြီး သုံးဆောင်ရင် အလိုက်ဖက်ဆုံးပါပဲ။

ဝက်နံရိုး ကော်ရည် ခေါက်ဆွဲ အတွက် ပြင်ဆင်ထားပုံ

ခေါက်ဆွဲ၊ ကန်စွန်းရွက်ပြုတ်၊ ပဲပင်ပေါက်ပြုတ်၊ ၀က်နံရိုးပြုတ်၊ ငပိထောင်း၊ မှိုခြောက်ပြုတ်၊ ကော်ရည်၊ ကြက်သွန် ဖြူဆီချက်

ငပိထောင်းလုပ်နည်းက ဒီမှာ ရေးပြီးသားမို့လို့ မရေးတော့ဘူးနော်။

Sunday, October 24, 2010

ကျွန်မရဲ့ ဟင်းချက်နည်း


ကျွန်မရဲ့ဟင်းချက်နည်းကတော့ ချက်မယ့်အချိန်ရောက်ရင် မြန်မြန်ချက်နိုင်အောင် ပြင်ဆင်ထားတာပါပဲ။ ကျွန်မက မချက်ခင်ညမှာ နောက်နေ့ချက်ဖို့အတွက် ပြင်ဆင်ထားလေ့ရှိပါတယ်။ ပန်းကန်ထဲမှာ အစီအရီ ထည့် ထားလိုက်ပါတယ်။ နောက်နေ့ ချက်မယ့် အချိန်ရောက်တော့ ကောက်ပြီးထည့်လိုက်ရုံပါပဲ။ ပိုမြန်တာပေါ့။

ကြက်သွန်နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကိုထောင်းထားပြီး ၁ပတ်စာ ပြင်ဆင်ထားတာပါ။ ၁ပတ်စာ ဆိုပေမယ့် ၁ခါ၁လေ ၁ပတ်မပြည့်ခင်လည်းကုန်တတ်ပါတယ်။ ကိုယ်ချက်တဲ့အပေါ်မှာမူတည်ပါတယ်။ အသား၊ ငါးကို ချက်မယ့်နေ့ မတိုင်ခင် ညမှာ ဟင်းချက်မယ်ဆိုရင် ဆား၊ ဆနွင်း၊ အချိုမှုန့်ထည့်၊ အချိုချက်မယ် ဆိုရင် ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ ခရုဆီထည့်ပြီး နှပ်ထားလိုက်တာပါပဲ။

ကြိတ်စက်နဲ့ ကြက်သွန်နီ အကြီးကြီး ၆ခုခွာ ပါးပါးလှီး၊ ကြက်သွန်ဇြူ ၁ဥခွာ ပါးပါးလှီး၊ ဂျင်း လက် ၃ဆစ် ပါးပါးလှီး၊ ငရုတ်ပွခြောက်ကို ရေစိမ်၊ အခွံချွတ်၊ အစေ့ထုတ် ပြီးရင် အားလုံးကိုကြိတ်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း တွေ့ရ မှာပါ။

ငရုတ်ဆုံကတော့ ငပိရည်ဖျော်တဲ့ အခါ၊ မန်ကျည်းသီးစိမ်းထောင်းတဲ့ အခါပဲသုံးဖြစ်တယ်။ ၁ခါ၁လေ မလုပ်ချင်ရင် Blander နဲ့ ကြိတ်လိုက်တာပဲ။

ဆီသတ်ချက်မယ် ဆိုရင် ကြက်သွန် နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ထောင်းထားပြီးသား ထည့်လိုက် တာပါပဲ။ ဥပမာ - ကြက် သားဟင်း၊ ၀က်သားဟင်း။ ဆိတ်သား၊ အမဲသား ချက်မယ်ဆိုရင်တော့ မွေးအောင် ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ ဖလာစေ့ ဟင်းမွှေးမဆလာ ထည့်လိုက်တာပါပဲ။ အဲဒီဟင်းတွေချက်မယ်ဆိုရင် ဂျင်းကတော့ ပုံမှန်ထက် ပိုထည့်ပေးရင်ကောင်းပါတယ်။

မြစ်ချဉ် နှင့်ဝက်သားဟင်း၊ ပုဇွန်ဟင်း၊ ငါးခြောက်ဟင်း၊ ငါးနှင့်ပတ်သက်တာ မှန်သမျှတွေကို ကြက်သွန်နီ၊ ကြက် သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ထောင်းထားပြီးသား အပြင် ခရမ်းချဉ်သီး စိပ်ပြီး ဆီသတ်ထည့်တာပိုကောင်းပါ တယ်။ ငရုတ်သီးစိမ်းတောင့်ခြမ်းပြီးသားပါ ထည့်ပေးပါ။ ဆီပြန်ပြီ ဆိုလျင် အပေါ်ကနေ နံနံပင် အုပ်ပါ။

အချိုချက်မယ်ဆိုရင် ကြက်သွန်နီ လေးစိပ်စိပ်၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ ဂျင်း လက်၁ဆစ် ပါးပါးလှီးပြီး ချက်မယ် နေ့ မတိုင်ခင်ညမှာ ပြင်ဆင်ထားလိုက်ပါတယ်။ အသား၊ ငါးတွေကိုတော့ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ ခရုဆီထည့်ပြီး ၁ညနှပ်ထားပါတယ်။

ဟင်းရွက်တွေကိုတော့ ကြက်သွန်ဇြူ ဓားပြားရိုက်ပြီးတော့လည်း ကြော်ပါတယ်။ ကြက်သွန်နီ ပါးပါးလှီး ပြီးတော့ လည်းကြော်ပါတယ်။

အရည်သောက်ကိုတော့ ကြက်သွန်ဖြူ၃မွှာလောက်ဓားပြားရိုက်၊ငပိစိမ်းစားထည့်၊ ပုဇွန်ခြောက်မှုန့်ထည့်ပါ တယ်။

ချဉ်ရည်ဟင်းကျတော့ ထုံးစံအတိုင်း ကြက်သွန်နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ဆီသတ်၊ ခရမ်းချဉ်သီး စိပ်ထားပြီးသားထည့်၊ ခရမ်းချဉ်သီး နွမ်းပြီဆိုလျင် ငါးခေါင်းထည့် (ကိုယ်ကြိုက်တာ ထည့်လို့ရပါ တယ်)။ ၅မိနစ်လောက်ထား၊ ပြီးမှ ရေနွေးထည့်ပါ။ ငပိစိမ်းစား အနည်းငယ်ထည့်၊ မန်ကျည်းမှည့်လေး အရည်ဖျော်ထည့်တော့ ချဉ်ရည်ဟင်း ၁ခွက်ရရော။

ကျွန်မဟင်းချက်ရင် ရေထပ်ထည့်ဖို့လိုရင် ကျိုထားပြီး ပူနေသော ရေနွေးပဲ ထည့်ပါတယ်။ ရေအေးထည့်လိုက် တာနဲ့မတူပါဘူး။ ရေအေးထည့်ပြီးချက်ရင် အသားကဆိတ်တောက်တောက် ဖြစ်တတ်ပါတယ်။ တနည်းအားဖြင့် စားမကောင်းပါဘူး။

ဒါတွေကကျွန်မဟင်းချက်ရင်ဘယ်လိုချက်သလဲဆိုတာအားလုံးကို သိစေချင်သောရည်ရွယ်ချက်ဇြင့်ဝေမျှတာပါ။

Saturday, October 23, 2010

တို့ဖူးသုတ် နှင့် တို့ဖူးကြော်


တို့ဖူးကျိုအပြီး
မွှေးတံဆိပ် ကုလားပဲ ပဲအစိမ်းမှုန့် ၁ထုပ် လုံးသုံးထားပါတယ်။ ဆန်ချင်ခွက် နဲ့ ၂ခွက်ပဲရပါတယ်။ ၂ခွက်ကို ရေက ၅ခွက်ခွဲပါ။ ရေအချိုးအစားက အရမ်း အရေးကြီးပါတယ်။ ပြီးရင် ပလပ်စတစ်ဇလုံထဲမှာ ပဲအစိမ်းမှုန့် ဆန်ချင်ခွက် နဲ့ ၂ခွက်၊ ရေက ဆန်ချင်ခွက်နဲ့ ၅ခွက်ခွဲ၊ ဆနွင်းမှုန့် အနည်းငယ်၊ ဆား အနည်းငယ်၊ အချိုမှုန့် အနည်းငယ် ထည့် ပါ။ ပဲအစိမ်းမှုန့် လုံးမသွား အောင် ကြက်ဥခေါက်တဲ့အတံနဲ့ နာနာမွေပေးပါ။ ပြီးရင် ဒယ်အိုးထဲကို အားလုံး လောင်းထည့်လိုက်ပါ။ မီးဖွင့်ပြီး ယောင်းမဖြင့် အိုးကပ်မသွားအောင် နာနာ မွေပေးပါ။ လက်အတော်ညောင်း လောက်အောင်ကို မွေရပါတယ်။ ၁၅မိနစ် လောက် မွေပြီးရင် ရပါပြီ။ ထို့နောက် ပန်းကန်ပြားပြား၊ အ၀ကျယ် ကျယ် ၁ခုထဲကို လောင်း ထည့် လိုက်ပါ။ ၁နာရီလောက် အအေးခံပြီးရင် ရပါပြီ။
တို့ဖူးသုတ် အတွက် ပြင်ဆင်ထားတာ

တို့ဖူး၊ ဂေါ်ဖီ ပါးပါးလှီး၊ နံနံပင်၊ ကြက်သွန်ဖြူ ဆီချက်၊ ရှောက်ရွက် ပါးပါးညှပ်ထားတာ၊ ငရုတ်သီးမှုန့်၊ ပဲအကျက် မှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ငံပြာရည်၊ မန်းကျည်းအနှစ်ကို ဖျော်ထားပြီးသား၊ (ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်နီ ပါးပါးလှီးထား တာ ကြိုက်တတ်ရင် ထည့်စားလို့ရပါတယ်)

တို့ဖူး မသုတ်ခင်

တို့ဖူးသုတ်

တို့ဖူးကြော်

Thursday, October 21, 2010

သားသား အသုံးအဆောင်ပစ္စည်းများ

သားသား မွေးစက တံဆိပ် ၁မျိုးထဲကိုပဲ အားလုံးသုံးဖြစ်ပါတယ်။ ၁ချို့ အမျိုးအစားက ကောင်းတာရှိသလို ၁ချို့ အမျိုးအစားက မကောင်းပါဘူး။ ကလေးအတွက် အသုံးအဆောင်ပစ္စည်းတွေ ၁နေရာထဲ ရနိုင်တာကတော့ Kiddy Palace မှာ အစုံရပါတယ်။ ကျွန်မကတော့ Member ၀င်ထားပါတယ်။ ၀ယ်တဲ့ ပစ္စည်း ၁ခုချင်းစီကို 10% Discount ရပါတယ်။ ဈေးကလည်း အတော်အသင့်ပါပဲ။ အတော်အသင့်ဆိုပေမယ့် ကလေး ပစ္စည်းကတော့ အားလုံးထက် ဈေးကြီးပါတယ်။ မ၀ယ်လို့ကလည်း ရမှမရတာလေ။ သားသား အသုံးအဆောင်ပစ္စည်းများကို ပြောပြရင်းနဲ့ နောက်မွေးလာမည့် သူငယ်ချင်း ကလေးတွေအတွက် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ်။
  • ကလေး နို့ဗူးအတွက်ကတော့ Nestle ကထုတ်တဲ့ Nestle Nan Pro ကိုသုံးပါတယ်။
  • ကလေးနို့ဗူးကိုဆေးတဲ့အခါမှာ ဒီအတိုင်း ဆေးလို့ မရပါဘူး။ ဆပ်ပြာနဲ့ အရင်ဆေး၊ ပြီးတော့ ပုလင်းဆေးတဲ့ အတံ နဲ့ အောက်ခြေကို ပျောက်အောင် ဆေးပေးရပါတယ်။ ပြီးမှ နို့ဗူး အားလုံးကို ပေါင်းရပါတယ်။ ကျွန်မသုံးတဲ့ တံဆိပ် က Electric Sterilizer of Tommee Tippee ပါ။ ၄ဗူးပါတယ်။ 300 ML အကြီး ၃ဗူး၊ 150 ML အသေး ၁ဗူး ပါ ပါတယ်။ ဈေးက ၁၅၀ ၀န်းကျင်ရှိပါတယ်။ ၄ဗူးနဲ့ မလောက်ပါ ဘူး။ နောက်ထပ် ၃ဗူး ထပ်တိုးရပါတယ်။ Pigeon တံဆိပ်သုံးပါတယ်။ ၇ဗူး ဆိုရပါပြီ။ Tommee Tippee အားသာချက်က ဗူးက ရှည်ရှည်မျောမျော အ၀ကျယ်တော့ နောက်ထပ်ဗူး ထပ် ထည့်လို့ရ ပါတယ်။ အားနည်းချက်ကတော့ အပြင်သွားရင် နို့ဗူးက နို့ရည်တွေ ထွက်ကျပါတယ်။
  • ကလေးအညစ်အကြေးသန့်စင်ဖို့ Wet Tissues က Piyo Piyo တံဆိပ်သုံးပါတယ်။ ထူလဲထူတယ်။ ဈေးလဲ သက်သာပါတယ်။ ၁၀ ဖိုး ၃ခုနဲ့ Kiddy Palace မှာ ၀ယ်လို့ရပါတယ်။ Pigeon တံဆိပ် Wet Tissues က အရမ်းပါး ပါတယ်။ ဈေးကလည်း အတူတူပါပဲ။
  • Diaper အတွက်က Pampers တံဆိပ်သုံးပါတယ်။ ဒီတံဆိပ်က Diapers ထဲမှာ ဈေးကြီးပါတယ်။ ကောင်း လဲကောင်းပါတယ်။ မွေးကာစ ကလေးဆိုရင် အလယ်မှာ အစင်းကြောင်းပါ ပါတယ်။ အစင်းကြောင်း အရောင်ပြည့် သွားရင် လဲပေးရပါတယ်။ ကလေးကိုယ်အလေးချိန်အလိုက် သုံးရတာပါ။ ကျွန်မကတော့ သားသားကို အနာတရ မဖြစ်အောင်လို့ Medium သုံးရမယ့်အချိန်မှာ Large သုံးပါတယ်။ ကျွန်မကတော့ NTUC Fair Price မှာ လျော့ ဈေးရှိရင် ၀ယ်လိုက်တာပါပဲ။
  • ကလေးအတွက် ပေါင်ဒါကတော့ Johnson တံဆိပ် သုံးပါတယ်။
  • Nappy မလဲခင်မှာ ကလေးရဲ့ ပေါင် မပွန်းအောင် လဲပေးရတဲ့ ဆေးက Drapolene တံဆိပ် Cream ပါ။ Watsons မှာ ၀ယ်လို့ရပါတယ်။ ၂ဗူးကိုမှ 6.90 ပဲပေးရပါတယ်။ ၁ဗူးကို ၂လ နီးပါးခံပါတယ်။
  • ကလေးရေချိုးဖို့အတွက်က အရင်က Johnson တံဆိပ်သုံးပါတယ်။ Johnson က ဆပ်ပြာထည့်တာ လက် လွန်သွားရင် ကလေးကိုယ်မှာ ဆပ်ပြာမှုန့်တွေ ကျန်ခဲ့ပါတယ်။ အခု ကျွန်မသုံးနေတာက Pigeon တံဆိပ် Baby Soap ပါ။ ဗူးကလုံးလုံးပုပုလေးပါ။ လက်ဆောင်ရထားတာပါ။ သုံးနေတာ ၆လကျော်ပါပြီ။ အခုအချိန် ထိမကုန်သေးပါဘူး။ ကောင်းတဲ့အချက်ကတော့ ဆပ်ပြာနဲ့ကလေးကိုဆေးရင် အမြုပ်ထွက်လာပြီး ရေနဲ့ ထိတွေ့သွားရင်ပျော်ပြီး ရေအတိုင်းပြန်ဖြစ်ပါတယ်။ ဆပ်ပြာအများကြီးသုံးသုံး ကလေးကိုယ်မှာ ဆပ်ပြာ အမြုပ်လည်း မကပ်ပါဘူး။ ကလေးရေချိုးပြီးလဲ ရေအတိုင်းပါပဲ။
  • ကလေးခေါင်းလျှော်ဖို့အတွက်လည်း Pigeon တံဆိပ် Baby Shampoo သုံးပါတယ်။ မျက်စိထဲ ဆပ်ပြာ မတော်တဆ ၀င်ခဲ့ရင်တောင် ကလေးက ဆပ်ပြာမစပ်ပါဘူး။
  • ကလေးအတွက် အားဆေးကတော့ Appeton တံဆိပ် Infant တိုက်ပါတယ်။
  • ကလေးအတွက် ဖြည့်စွက်စာကျွေးမယ်ဆိုရင် Heinz တံဆိပ်လဲကောင်းပါတယ်။ သားသားကတော့ အရမ်း ကြိုက်ပါတယ်။ ဒါပေမယ့် ၁ချို့ ကလေးတွေလည်း မကြိုက်ပါဘူး။
  • နောက်ထပ် ကလေးအတွက် ဖြည့်စွက်စာ ၁ခုက Nestle တံဆိပ်တွေပါပဲ။
  • ကလေးတွန်းလှည်းကတော့ Capella တံဆိပ် သုံးပါတယ်။ ကျွန်မအတွက်ကတော့ ပေါ့မယ်ထင်တာရွေး ၀ယ်လိုက်တာပါ။ ဈေးနှုန်းကတော့ ၂၁၉ ပါ။
ကျန်တာတွေကတော့ ချဲ့ရင်ချဲ့သလောက်ကုန်ပါတယ်။ ဒါတွေက ကလေးလစဉ်သုံး မရှိမဖြစ်တွေကို ဖော်ပြလိုက် ပါတယ်။ ကျွန်မအတွက်ကတော့ ကလေးစရိတ်က ၁လ ၁လ ၂၅၀ ၀န်းကျင်ရှိပါတယ်။

Wednesday, October 20, 2010

ကြက်သား နှင့် ဂွေးတောက်ရွက် အရည်သောက်ချက်

ဂွေးတောက်ရွက်ကို City Hall ကနေ၀ယ်လာတာပါ။ S$ 1 ကျပ် ပေးရပါတယ်။

ဂွေးတောက်ရွက် ၁၀က်ကို ၂ခြမ်းပိုင်း လိုက်ပါတယ်။ မချက်ခင်ရေဆေးထားပါ။ ကြက်သားကိုလည်း ဆား၊ ဆနွင်း၊ အချိုမှုန့်ဇြင့် နှယ်ပြီး နှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ် ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ထောင်းထားသော အရာများကို ထည့်ပါ။ အရည်သောက် ချက်မှာ ဖြစ်တဲ့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အနည်းငယ်ပဲ ထည့်ပါတယ်။ ထည့် ထား သောအရာများ နွမ်းလာလျင် နှပ်ထားသော ကြက်သားထည့်ပါ တယ်။ ဆီပြန်လာ သည်အထိ ယောင်းမဇြင့် မွေပါ။ ဆီပြန်စပြုလျင် ရေနွေးထည့်ပြီး ကြက်သားနှုးလာသည်အထိစောင့်ပါ။ ကိုယ်လို ချင်တဲ့ အနေအထား လည်းရောက်ပြီ၊ ကြက်သားလည်း နှုးပြီဆိုလျင် ဂွေးတောက်ရွက်အုပ်ပါ။ ၅မိနစ်နေရင် အရသာမြည်းပြီး ချလို့ ရပါပြီ။

Tuesday, October 19, 2010

ကြက်သား နှင့် ကုလားပဲ ဟင်းဆီပြန်

ကုလားပဲကို ၁ည ရေစိမ်ထားပါတယ်။ ကြက်သားကိုလည်း ဆား၊ ဆနွင်း၊ အချိုမှုန့်ဇြင့် နှယ်ပြီး နှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက် လျင် ကုလားဝေးရွက် ၃ရွက်၊ သစ်ဂျပိုးခေါက် ၃ခုတို့ဖြင့် ဆီအရင် သတ်ပါ။ မွေးလာမှ ထောင်းထားသော အရာ များကို ထည့်ပါ။ နွမ်းစပြုလာလျင် နှပ်ထားသော ကြက်သားထည့်ပါ။ ၅မိနစ်ထားပြီး ယောင်းမဇြင့် မွေပေးနေပါ။ ကုလားပဲထည့်ပါ။ ကုလားပဲကို အိုးမကပ် အောင် ယောင်းမဖြင့်မွေပါ။ ရေနွေးထည့်ပါ။ ကုလားပဲနှုးပြီး ဆီပြန်ပြီ ဆိုလျင် စားလို့ရပါပြီ။

Monday, October 18, 2010

ဆိတ်ကလီစာဟင်း ဆီပြန်

ဆိတ်ကလီစာကို ဆား၊ ဆနွင်း၊ အချိုမှုန်၊့ ကုလားဆိုင်မှာ ရောင်းသော အမွေးအနံ ၂မျိုး ကိုထည့် (နာမည် မေ့နေ ပါတယ်)။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ကုလားဝေးရွက် ၃ရွက်၊ သစ်ဂျပိုးခေါက် ၃ခုတို့ဖြင့် ဆီအရင်သတ်ပါ။ မွေးလာမှ ထောင်းထားသော အရာများကို ထည့်ပါ။ နွမ်းစပြုလာလျင် နှပ်ထားသော ဆိတ်ကလီစာထည့်ပါ။ ၅မိနစ် လောက် မွေပြီးမှ ရေနွေးထည့်ပါ။ ရေနွေး ၃ရေ ထည့်ပြီး ဆီပြန်လျင် စားလို့ ရပါပြီ။

Saturday, October 16, 2010

ငါးကျည်းကြော်နှပ်


ငါးကျည်းကို City Hall ကနေ ၀ယ်လာတာပါ။ ၁ထုပ်ကို ၆ကောင်ပါတယ်။ ၃ကောင်ကို ၃ပိုင်းပိုင်းပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် နှယ်ထားပြီး ဆီမြုပ်အောင်ထည့်ပြီး ကြော်ပါတယ်။ ကြက်သွန်နီ ၁လုံး ပါးပါးလှီး၊ ကြက်သွန်ဖြူ ၃မွှာ ပါးပါးလှီး၊ ဂျင်းလက်၁ဆစ် အဆင့်လုပ်ထားပါတယ်။ ငါးကျည်းကြော် အနီသန်းလာရင် ချပြီး ပန်းကန်ထဲ ထည့်ထားပါတယ်။ ကြော်ပြီးသား ဆီအနည်းငယ်ကို ပန်းကန်ထဲ ထည့်ပါတယ်။ ငါးကျည်းကြော် ကြော်ထားသော ဆီဖြင့် အသင့်လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းထည့်ပါတယ်။ အ၀ါရောင်သန်းလာရင် ငရုတ်သီး လေးစိပ်ကွဲ အနည်းငယ် ထည့်ပါတယ်။ ဆားအနည်းငယ်၊ အချိုမှုန့် အနည်းငယ် ထည့်ပါတယ်။ ထို့နောက် ငါး ကျည်းကြော်ကြော်ထားသော ပန်းကန်ပြားပေါ် အုပ်လိုက်ပါ။

Monday, October 11, 2010

၇လခွဲ အရွယ် သားသား

သားသားအကြောင်း ရေးမယ် ရေးမယ်နဲ့ ပြင်နေတာအချိန် တော်တော်ကြာသွားတယ်။ စာရေးပျင်းတာလဲ ပါတာ ပေါ့လေ။

သားသားက "တူတူရေ ၀ါး" ဆော့ရင် အရမ်းပျော်တယ်။ ၁ခါ၁လေများ တဟီးဟီး တဟားဟားနဲ့ရယ်။ တံထွေးကို လည်း ထွီးထွီး နဲ့ အပြင်ကိုရောက်အောင် မှုတ်ထုတ်တတ်တယ်။ ဘယ်ကတတ်လာမှန်းလဲ မသိပါဘူး။ အမေက ဓာတ်ပုံရိုက်မယ်ဆိုရင် ကောင်းကောင်း မနေဘူး။ လျှာထုတ်ပြီး ပြောင်ပြရတာ အမော။ လျှာထုတ်ပြီးလည်းစ တတ်သေးတယ်။ ပြောင်ချော်ချော် မျက်နှာပေးလေနဲ့။ ၁၀ ပုံရိုက်ရင် ၈ပုံလောက်က လျှာထုတ်ပြီး ပြောင်နေတာ များတယ်။ အိမ်သွားလည်လို့ ပြန်မယ်လို့ နှုတ်ဆက်ရင် လက်ကလေးနဲ့ တာတာ ပြတယ်။ သားသားက စိတ်ပါမှ။ စိတ်မပါရင် ဘာမှခိုင်းလို့ မရဘူး။ လည်သလားလဲ မမေးနဲ့။ ၁ခါက နေမကောင်းလို့ ၂ရက်လောက် အပြင်မထွက် ရတာကို အပြင်ကိုပဲထွက်ချင်လို့ ချီထားရင် အတင်းဆင်းပြီး အပြင်သွားချင်ကြောင်း အမူအရာလေးနဲ့ပြတယ်။ အဖေ၊ အမေကိုလည်း ချွဲသလားမမေးနဲ့ ။ ကျွန်မတို့က ချွဲပိုလေးလို့တောင် ခေါ်တယ်။ ၁ခါ၁လေ သူဆိုးလို့ ပစ် ထားရင် ကျွန်မဆီကိုလာပြီး သူ့လက်ကလေးနဲ့ပုတ် သူ့ခေါင်းလေးနဲ့တိုးဝှေ့ပြီး ချွဲတတ်ပါတယ်။ အိမ်ရှေ့ခန်းက ဖျာပေါ်များ ပစ်ထားလို့ကတော့ အစွမ်းကုန်ဆော့တော့တာပဲ။ ချွေးကလဲ တအားသန်ပါတယ်။

အိမ်ဖုံးက အိမ် ကြမ်းပြင်မှာ ဆိုတော့ အမြဲတမ်း ကလိတတ်တယ်။ ၁ခါကဆို အံတောင် သြော်ယူရတယ်။ သား သားကို အောက်ပို့ ပြီး အိမ်ရှေ့ရောက်တော့ ကျွန်မက သော့နဲ့ တံခါးဖွင့်လိုက်တာပေါ့။ ပြီးတော့ သော့ခလောက် ကို အိမ်တံခါးပေါ် မှာ ချိတ်ယုံပဲရှိသေးတယ် သားသားက တံခါးတုံးကိုအောက်ချပြီး ဆွဲဖွင့်လိုက်တာ။ တံခါးကပွင့် သွားတယ်။ ဘယ်သူ ခေါ်ခေါ် သားသားကလိုက်ပါတယ်။ မျက်နှာမစိမ်းပါဘူး။ သားသားရေ လာဆိုပြီး လက်ခုပ် တီးပြီး ချီမယ်ဆိုတဲ့ ပုံစံ လုပ်ပြရင် လက်ကလေး ၂ဖက်ကမ်းလာပါတယ်။ အခု သူ့ အဖေကို မနက်တိုင်း အိမ် အောက်လိုက်ပို့ကြရင် သူ့ အဖေကချီတယ်။ သားသားရေ ပြန်ရအောင်ဆိုရင် ၁ခါ၁လေ သားသားက သူ့လက် ကလေးနဲ့ ကျွန်မလက်ကို ပုတ်ထုတ်ပါတယ်။ ကျွန်မနဲ့ ပြန်လိုက်ရင် အိမ်ပြန်ရမှာကို။ သားသားကို ၁နေ့ ၃ကြိမ် ကျွေးပါတယ်။ မနက်စာက တော့ မုန့်လက်ညှိုးလို မုန့် ၂ချောင်းကို နို့နဲ့ချေပြီး ကျွေးတာပါ။

အိမ်မှာ တူတူရေ ၀ါးဆော့ပေးလို့ ပျော်နေတဲ့ပုံလေး

ဓာတ်ပုံရိုက်ပေးနေတဲ့ မေမေ့ကို သားသားကပြောင်ပြနေတာ
သားသားပြောင်တာများနေလို့ မေမေ့ကို ခပ်တည်တည်နေပြနေတာပါ

မေမေ့ကို လျှာထုတ်ပြီး ပြောင်ပြဦးမှ

သားသားကို မေမေကသွားကျိုးတဲ့

သားသားကို ၁ရက် သူအဖေက ညဘက် ဖျာပေါ်မှာ ပစ်ထားလိုက်ပါတယ်။ ကျွန်မက မီးပူတိုက်နေတဲ့ အချိန်။ သားသားက ကိုယ်တိုင် ကောက်ခါငင်ကာ ထိုင်လိုက်ပါတယ်။ ကျွန်မကလည်း ၀ိုးဝိုးဝါးဝါး။ မှတ်မှတ်ရရ (၆-၁၀-၂၀၁၀) မှာ သားသားကောင်းကောင်းထိုင်နိုင်သွားပါပြီ။ သွားငုတ်တုတ် လူငုတ်တုတ်ဆိုတဲ့ ၇လခွဲ အရွယ်ပါ။ သားသား အောက်သွား ၂ချောင်းပေါက်နေပါပြီ။ လေးဘက်ထောက်တာကို ကျင့်နေတယ်။ ရတော့ မရသေးပါဘူး။ သားသားသွားတဲ့ပုံက ရီစရာကောင်းပါတယ်။ အားလဲတော်တော်သန်တာ။ လေးဘက်ထောက်တဲ့ ပုံစံလုပ်ပြီး ရှေ့ကို အားယူပြီး သွားတာ။ လူက တကိုယ်လုံးရှေ့ကို ရွေ့ပြီး ကျတာ။ ရင်ဘတ်နာတဲ့ပုံစံမျိုးလေ။ ၁ခါ၁လေ ကျွန်မ ၁ခုခု လုပ်စရာရှိရင် သားသားကို walking chair ထဲထည့်ထားလိုက်လို့ရတယ်။ အရုပ်ပေါင်းစုံ ကိုသာ တင်ထားပေးလိုက် ငြိမ်မယ် မထင်ပါနဲ့ ။ အရုပ် အကုန်လုံးကို အောက်ပစ်ချပါတယ်။ အခုဆိုရင် အဲဒီထဲ ထည့်ထားဖို့တောင် စိတ်မချတော့ဘူး။ တအားအောက်ကိုငုံကြည့်ပြီး ကောက်ချင်နေတာ။ ဖျာပေါ်မှာထားလည်း စိတ်မချရပြန်ဘူး။ မျက်နှာနဲ့ ကြမ်းပြင်ဆောင့် မိမှာပူရသေးတယ်။ ဘယ်နားထားရ မှန်း တောင် မသိတော့ဘူး။ အိပ်ရာပေါ်မှာ ဆိုရင်ကောလို့မေးရင် မှို့ရာပေါ်မှာ လေးဘက်လေးတန် ကာထားတာ တောင် မှခွကျော်တတ် တယ်လေ။ စိတ်မချရပြန်ဘူး။ မနက်မိုးလင်း မျက်စိ၂လုံးပွင့်ကတည်းက ပေါက်ပေါက်ဖောက်သလို ပါးစပ်က ပြောနေရတာလေ။ ယောင်္ကျားလေးမွေးထားတော့ လည်းဆော့မှာပေါ့လို့ ဖြေပြီး တွေးရပါတယ်။ နေ့လည်ဘက် တော့ ပုံမှန် ၂ကြိမ် အိပ်ရှာပါတယ်လေ။

ပြီးတော့ သားသားက ကျွန်မရဲ့ ပင်တိုင် Model Boy။ Professional Camera အကောင်းစား၁ခု သားသားကို ရိုက်ပေးဖို့ဆိုပြီး ကိုယ်ဝန်လွယ်ထားတဲ့ အချိန်က၀ယ်ထားတာ။ သားသားရဲ့ ချစ်စဖွယ် အမူအရာလေးတွေကို မှတ်တမ်းတင်ထားနိုင်အောင်လေ။ သားသား ဓာတ်ပုံ အသစ်တိုင်း အသစ်တိုင်းကို FB သူ့ကိုယ်ပိုင် A/C မှာ ပုံမှန်တင်ပေးနေပါတယ်။

အခုအချိန်မှာ တအားဆော့လွန်းလို့ မျက်စိတအားနောက်ရပါတယ်။
လက်လက်ထအောင် ဆော့သည် ...
မျောက်ရှူံးအောင် ဆော့သည် ...
မျောက်မှုးလဲအောင် ဆော့သည် ...
မီးကုန်ယမ်းကုန် ဆော့သည် ...
အစွမ်းကုန် ဆော့သည် ...
အသာကုန် ဆော့သည် ...
............. ဆော့သည် ...
............. ဆော့သည် ...
............. ဆော့သည် ...