Tuesday, May 31, 2011

ကြက်မြစ် ကြက်သဲဆီပြန်ဟင်း


ကြက်မြစ်၊ကြက်သဲဟင်းကို ဆား၊အချိုမှုန့်၊ကြိတ်မဆလာတို့ဖြင့်နှယ်ပြီး ၁ညနှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက် သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက်အားလုံး ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင်ထောင်းထားသော အရာများကိုထည့်ပါ။ နွမ်းလာပြီဆိုလျင် နှပ်ထားသောကြက်မြစ်ကြက်သဲထည့်ပါ။ ရေ၃ရေထည့်ပြီး ဆီပြန်လာရင် ရပါပြီ။

Monday, May 30, 2011

ငါးရံခြောက်ဟင်း/ငါးခြောက်ဟင်း

ငါးရံခြောက်ပြားကို ၂မြောင်းဖြတ်လိုက်ပါတယ်။ လက်၁ဆစ်အရွယ်လှီးပြီး ရေ၁၀မိနစ်ခန့်စိမ်လိုက်ပါတယ်။ ငါးရံခြောက် အသားပွတက်လာအောင်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက်အားလုံးညက်နေ အာင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင်ထောင်းထားသောအရာများကိုထည့်ပါ။ ခရမ်းချဉ်သီး၁လုံးပါးပါးလှီး ပြီးဆီသတ်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုလျင် ငါးခြောက်အတုံးလေးတွေထည့်ပါ။


ရေ၁ရေနှုးပြီးလျင်နောက်ထပ်၁ရေထပ်ထည့်ပါ။ ရေစိမ်ထည့်တာထက်ရေနွေးဆူပြီးသားထည့်တာပိုကောင်းပါ တယ်။ ငရုတ်သီးစိမ်းတောင့်ကိုထက်ခြမ်းခြမ်းပြီးထည့်ပါတယ်။ ကျွန်မကအဲဒီလိုချက်စားရင် ငရုတ်သီးစိမ်းတောင့် ကိုက်စားရတာအရမ်းကြိုက်လို့များများထည့်ပါတယ်။ ချခါနီးမှ နံနံပင်အုပ်ပါ။

လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Sunday, May 29, 2011

ငါးသလဲထိုး ဆီပြန်ဟင်း

City Hall ကနေ ငါးသလဲထိုး စားချင်နေလို့ဝယ်လာခဲ့ပါတယ်။ အရမ်းအကြိုက်ကြီးထဲမှာမပါပါဘူး။ ချက်စား တာ တော်တော်ကိုရှားပါတယ်။ ငါးသလဲထိုးကြော်ထက် ဟင်းကိုပိုကြိုက်ပါတယ်။ ငါးသလဲထိုး ၁၀က်ကိုရေ စင်အောင်ဆေးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့် နှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ် ပွခြောက်အားလုံး ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ထောင်းထားသောအရာများ ကိုထည့်ပါ။ ခရမ်းချဉ်သီး၁လုံး ပါးပါးလှီးပြီးဆီသတ်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုလျင် နှယ်ထားသောငါးသလဲထိုးများ ထည့်ပါတယ်။ ပုဇွန်အကွေး ငါးအနွေးဆိုတဲ့အတိုင်း ဆီပြန်လာလျင် နံနံပင်အုပ်ပြီး သုံးဆောင်နိုင် ပါပြီ။

အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, May 28, 2011

အိမ်လုပ် Pizza



ဒီ၁ခါ အိမ်လုပ် Pizza အကြောင်းပြောပြမယ်နော်။ ကျွန်မ Pizza အရမ်းကြိုက်ပါတယ်။ နာနတ်သီးပါတဲ့ Pizza ကလွှဲရင်ကျန်တာအကုန်စားပါတယ်။ Pizza အိမ်မှာဘယ်လိုလုပ်ရလဲဆိုတာ နည်းလမ်းပေးသော Aunty Sweet ကို ကျေးဇူးတင်ကြောင်းပြောပါရစေရှင်။

ကျွန်မ Pizza ဘယ်လောက်ကြိုက်လဲဆိုရင် သားသားကိုယ်ဝန်ဆောင်ထားစဉ်က Pizza အရမ်းကြိုက်လို့ မှာ Online ကနေ Delivery မှာစားတာလေ။ အိမ်နဲ့ Pizza Hut ကနီးနီးလေးကို ... :)

ကျွန်မလုပ်ပုံလုပ်နည်းပြောပြမယ်နော် ...


ပုံမှာပါတဲ့အတိုင်းအားလုံး Fair Price မှာဝယ်လို့ရပါတယ်။ Pizza အောက်ခံက ၁ထုတ်ကို ၅ချပ်ပါပါတယ်။ ကျွန်မသုံးထားတာ Italian Sauce ပါ။ Pizza ပေါ်ဖြူးရတဲ့ Cheese ကိုဝယ်ပါတယ်။ အထုတ်မှာရေးထားတတ် ပါတယ်။
ဒီပုံက Pizza မှာပါတာတွေကို ပြင်ဆင်ထားတာပါ။ အရင်ဦးဆုံးကြက်သားကို အသားချည်းပဲ ပြုတ်ပါတယ်။ ကြက်သားဟင်းချက်စဉ်က ဖယ်ထားတဲ့ အသားတွေကို ဆား၊ အချိုမှုန့်နှယ်ပြီးပြုတ်လိုက်ပါတယ်။ မှို၅လုံးကို လှီးထားပါတယ်။ ပန်းငရုတ်ပွ ၁လုံးရဲ့ ၁၀က်ကို သေးသေးလေးတွေလှီးထားပါတယ်။ Picnic Ham ကိုလေးတောင့်ပုံစံလေးတွေလှီးထားပါတယ်။

Pizza Base ၁ချပ်ကိုယူပြီး Intalian Sauce ကို ပေါင်မုန့်သုတ်တဲ့ ဓားဖြင့် ပေါင်မုန့်သုတ်သလိုပုံစံ သုတ်လိုက်ပါ တယ်။ မထူမပါးသုတ်လိမ်းပေးရပါမယ်။ အရမ်းထူလွန်းအားကြီးလဲမကောင်းပါဘူး။ ကြက်သားပြုတ်ထားပြီးသား ကိုအနှံတင်ပါတယ်။ Picnic Ham ကိုလဲနေရာအနှံတင်ပါတယ်။ မှိုလဲတင်ပါတယ်။ ပြီးရင် ပန်းငရုတ်ပွတင် ပါတယ်။ နောက်ဆုံးမှ Cheese ကို နေရာအနှံဖြူးပါတယ်။ ကျွန်မအိမ်မှာ Oven မရှိတဲ့ အတွက် Oven လိုပုံစံပေါင်မုန့်မီးကင်စက်နဲ့ အပေါ်နှင့်အောက် မီးအပူဖြင့် ၁၀မိနစ်ခန့်ကင်ပါ တယ်။ မကင်ခင် ကင်မယ့် သံပြားကို မကပ်အောင် ထောပတ်/ဆီအနည်းငယ် သုတ်လိမ်းပေးပါ။

နောက်ဆုံးမှာ ဒီလိုလေးဖြစ်လာပါတယ်။

အားလုံးပဲကျန်းမာရွှင်လန်းပါစေရှင် .....

Friday, May 27, 2011

ပဲပုတ်ချက်

City Hall ကနေ ပဲပုတ်တွေ့လို့ ပဲပုတ်ချက်စားရအောင် ၀ယ်လာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ညက်နေအောင်ထောင်းပြီးဆီသတ်ပါတယ်။ အရောင်လှချင်တယ်ဆိုရင်တော့ အရောင်တင်မှုန့် အနည်းငယ်ထည့်ပါ။ နွမ်းလာပြီဆိုလျင် ခရမ်းချဉ်သီး၁လုံးပါးပါးလှီးပြီး ထည့်ပါ။ ခရမ်းချည် သီးကြေပြီ ဆိုလျင် ပဲပုတ်ထည့်၊ ငပိစိမ်းစား အနည်းငယ်ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ထက်ခြမ်းခြမ်းပြီး ထည့်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်ပါတယ်။ ဆီပြန်လာရင် ရပါပြီ။


အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....

ပဲပုတ် (အနီးကပ်)

Thursday, May 26, 2011

ကိုယ်တိုင်ချက် မုန့်ဟင်းခါး

ကျွန်မမုန့်ဟင်းခါးကိုကြိုက်ပါတယ်။ရန်ကုန်ပြန်ရင်စားနေကျဆိုင်လေးရှိတယ်။ မောင်သိန်းမုန့်ဟင်းခါးခေါ်အင်း ယားလမ်းမဖြူ မုန့်ဟင်းခါးဈေးကိုကသူများထက် ၂ဆ၊၃ဆဈေးအရမ်းကြီးပါတယ်။ အဲဒီမုန့်ဟင်းခါးကို ဘယ်လောက်ကြိုက်လဲဆိုရင် ရောက်တဲ့နေ့မှာ အဲဒါပဲစားတာ။ ထမင်းတောင် မစားတော့တာ။ မေမေရှိစဉ်က ဘယ်လိုချက်သလဲဆိုတာ မေးဘူးတယ်။ သူတို့က ဘယ်တော့မှနည်း မပေးဘူး။ မေမေ မေးပါများတော့မှ ငါး ကျည်း၊ ငါးခူနဲ့ ချက်တာဆိုတာသိရတယ်။ ဒါပေမယ့်ချက်ကြည့်တော့လဲ မတူပါဘူး။ ကျွန်မက ဒီမှာ Seabass ငါးခူ၊ငါးကျည်းနဲ့၃မျိုးချက်တယ်။ ငါးကျည်းကအကောင်းဆုံးပဲ။ ကျွန်မငါးကျည်းနဲ့ချက်ပုံချက်နည်းပြောပြမယ်နော်။

ကုလားပဲလက်၁ဆုပ်စာကို ၁ညရေစိမ်ထားပါတယ်။ မနက်ရောက်လျင်ကုလားပဲကိုပြုတ်ပါတယ်။ ပြီးရင်Blender နဲ့ကြိတ်ထားပါတယ်။

မွှေးတံဆိပ် ဆန်စိမ်းမှုန့် ဟင်းခတ်ဇွန်း ၄ဇွန်းကို ရေအေးနှင့်ဖျော်ထားပါတယ်။

မြေပဲကို ငရုတ်ဆုံနဲ့ မညက်တညက်လေးထောင်းထားပါတယ်။

ကြက်ဥ ၅လုံးပြုတ်၊ အခွံခွာပြီး ပါးပါးလှီးထားပါတယ်။

အရင်ဦးဆုံး City Hall က နေ၀ယ်လာတဲ့ ငါးကျည်း ၁ထုတ်ကို ၁၀က်တိတိ သုံးပါတယ်။ ငါးကျည်းကို ငံပြာရည်၊ အချိုမှုန့်နယ်ပြီး စပါး လင် ၁ချောင်းကို ၃ပိုင်းပိုင်း၊ ဂျင်းလက်၁ဆစ်ပါထည့်ပြီး ပြုတ်ပါတယ်။ ငါးငြီနံပျောက်အောင် ပါ။ ၁၅ မိနစ်ဆိုရင် ငါးကျည်းနူးလောက်ပါပြီ။ ငါးကျည်းကို ဆယ်ပြီး အအေးခံထားပါတယ်။ အေးသွားပြီဆိုလျင် ငါးကျည်းကို အသားချည်းပဲနွံပါတယ်။ ငါးကျည်းအရိုးကို သတ်သတ်ဖယ်ထားပါတယ်။

ငါးကျည်းအရိုးကို ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင်ပြန်ထောင်းပါတယ်။ အရည်ထွက်လာအောင်ပါ။ ငါးကျည်း အရည်ကိုသပ်သပ်ပန်းကန်ထဲမှာ ထည့်ထားပါတယ်။

ဂျင်းလက်၂ဆစ်၊ ကြက်သွန်ဖြူ ၅တောင့်၊ စပါးလင် ၁ချောင်းကိုရောပြီး Blender နဲ့ကြိတ်လိုက်ပါတယ်။ ပြီးရင် ငရုတ်ဆုံထဲထည့်ပြီးညက်အောင် ထပ်ထောင်းပါတယ်။

မုန့်ဟင်းခါးချက်မယ့်အိုးမှာ ဆီအနည်းငယ်ထည့်ပြီး ဆနွင်းမှုန့်ထည့်ပါ။ ပြီးမှဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်ထောင်း ထားတာကိုဆီသတ်ပါတယ်။ မွေးလာပြီး အ၀ါရောင်သန်းလာပြီဆိုလျင် အရောင်တင်မှုန့်အနည်းငယ် ထည့်ပါ တယ်။ ငါးကျည်းနွှင်ထားပြီးသား အသားကိုထည့်ပါတယ်။ အိုးမကပ်အောင် အဆက်မပြတ် မွှေပေးနေပါ။ ဆီပြန်လာခါနီး အချိန်မှ ငါးကျည်းပြုတ်ထားသောအရည်ကို ထည့်ပါတယ်။ ပြီးရင် ငါးကျည်းထောင်းထားသော အရည်ထည့်ပါတယ်။ ပွက်ပွက်ဆူအောင်စောင့်ပြီး ဆန်စိမ်းမှုန့်အရည်ဖျော်ထားတာရယ်၊ ကုလားပဲထောင်း ထားပြီးသားကို ထည့်ပါတယ်။ မြေပဲထောင်းထားပြီးသားပါ ထည့်ပါတယ်။ ကြက်သွန်နီ အလုံးသေးသေးလေးတွေ ထည့်ပါတယ်။ ကြက်ဥ ပါးပါးလှီးထားတာပါ ထည့်ပါတယ်။ မုန့်ဟင်းခါးဟင်းရည်ကျအောင်တည်ပါတယ်။

မုန့်ဟင်းခါးဟင်းရည်ပျစ်ပျစ်ကြိုက်သူများက Seabass ငါးနှင့်ချက်လျင်ကောင်းပါတယ်။ ကျွန်မကတော့ ငါးကျည်း နှင့်ချက်တာကိုပိုကြိုက်ပါတယ်။

ငှက်ပျောအူရှိရင်ငှက်ပျောအူပါးပါးလှီး၊ဆနွင်းမှုန့်အနည်းငယ်ထည့်ပြီးရေစိမ်ပါ။ပြီးရင်အိုး၁လုံးမှာထည့်ပြီးနှုးအောင်ပြုတ်ပါ။

မုန့်ဟင်းခါးထဲကို ပဲကြော်၊ နံနံပင်၊ သံပုရာသီး၊ ငရုတ်သီးမှုန့်ထည့်ပြီး သုံးဆောင်နိုင်ပါပြီရှင် ....

ငါးကျည်းနှင့်ချက်သောမုန့်ဟင်းခါး (အနီးကပ်)

ငါးကျည်းနှင့်ချက်ထားသော မုန့်ဟင်းခါးအိုး (အနီးကပ်)

ငါးခူနှင့်ချက်သောမုန့်ဟင်းခါး

Seabass ငါးနှင့်ချက်သော မုန့်ဟင်းခါး

အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် ...

Wednesday, May 25, 2011

လမ်းသရဲမုန့်

လိုအပ်သော ပစ္စည်းများ

Blog မရေးဖြစ်တာ အတော်ကြာသွားပြီ။ ဒီ၁ခါ အားလုံးသိပြီးပြီဖြစ်တဲ့ လမ်းသရဲမုန့် ခေါ် ရေမုန့် ခေါ် မုန့်ရေပါး အကြောင်း ပြောပြမယ်နော်။ ကျွန်မ အရမ်းကြိုက်တဲ့ မုန့်ပါ။ ကျော်စားတဲ့နေ့ဆို ၁ခါ၁လေ ထမင်းနည်းနည်းပဲစား တာ။

ဆန့်မှုန့် ဆန်ခြင်ခွက် ၁ခွက်၊ ရေ ဆန်ခြင်ခွက် ၂ခွက်၊ ဆန်မှုန့် နှင့် ရေက ၁:၂ ဖြစ်ရပါမယ်။ လက်နဲ့ မွှေပေးပါ။ ဆား၊ အချိုမှုန့် ထည့်ပါ။ ဂေါ်ဖီထုတ်ပါးပါးလှီး၊ ပဲပြုတ်၊ နံနံပင် ပါးပါးလှီး၊ ငရုတ်သီးစိမ်းတောင့် ပါးပါးလှီး၊ ခရမ်းချဉ် သီး ၁လုံး ပါးပါးလှီး၊ ကုလားလေး မဆလာ အဆင့်သင့် လုပ်ထားပါ။ ဒယ်အိုးပြားဖြစ်ရပါမယ်။ ဆီက ၁ချပ်ကို ဟင်းခတ်ဇွန်း ၂ဇွန်းထည့်ပါ။ ဆီပူလာလျင် ယောက်ချို ဇွန်း ဖြင့် အနီးကပ် လောင်းထည့်ပါ။ အနီးကပ်လောင်း ထည့်မှ ၀ိုင်းဝိုင်းလေး ဖြစ်လာမှာပါ။ တဆက်ထဲ ဂေါ်ဖီဖြူး၊ ပဲပြုတ်ဖြူး၊ ခရမ်းချဉ်သီးဖြူး၊ နံနံပင်ဖြူး၊ မဆလာဖြူး ပြီး အဖုံးအုပ်ထားပါ။ ဘေးသား ကျွတ်လာရင် ရပါပြီ။ ဘေး သား မကျွတ်ခင် မမွှေပါ နဲ့။ မွှေလိုက်ရင် ပုံစံပျက်ပြီး ပစ်လိုက်ရတတ်ပါတယ်။ အိုးကို နည်းနည်းလှုပ်ပါ။ ၅ခုလောက်တော့ ရပါတယ်။

၂ယောက်လုံးကလည်း အရမ်းကြိုက်တော့ နောင်အမြဲလုပ်စားဖြစ်မယ့် မုန့်လေး ဖြစ်လာဦးမှာပါ။

အနီးကပ်

လမ်းသရဲမုန့်

ကျွန်မ ချက်ထားပြီး မတင်ဖြစ်တာတွေ အများကြီးပါ။ ကြိုးစားပြီးတင်ပါ့မယ်။ စောင့်မျှော်ပါဦးနော်။ လာကြည့်ပြီး ဘာမှမရှိပဲ ပြန်သွားရတဲ့ အတွက် အားလုံးကို အားလဲ အရမ်းအားနာပါတယ်။

အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် ...