Friday, April 24, 2015

၈နှစ်ပြည့် အမှတ်တရ

လူတစ်ယောက်နဲ့ တစ်ယောက် ဆုံစည်းကြရာမှာ ပုံစံ အမျိုးမျိုးရှိပါလိမ့်မယ် ... သူနှင့်ကျွန်မ စတွေ့ခဲ့တာ Ringo မှာပါ ... Ringo ဆိုတာ Facebook လိုပုံစံပဲ ... သိပ်တော့ နာမည်ကြီး မဟုတ်ဘူး ... အခု မရှိတော့ဘူး ... နေတာကလဲ တရပ်ကွက်ထဲဆိုတော့ လက်ခံဖြစ်ခဲ့တယ် .. နိုင်ငံရပ်ခြားမှာ ကျောင်းလာတတ်တဲ့ ကျောင်းသူ အနေနဲ့ အဲဒီအချိန်မှာ Main Course က မစသေးပါဘူး ... English course ကို ၃လ တက်နေတဲ့ အချိန်မှာပါ ... တစ်ပတ်ကို ၃ရက် ၂နာရီလောက်ပဲ တက်ခဲ့ရတော့ ကျန်တဲ့အချိန်အားနေတော့ Internet  မှာ ဟိုမွေဒီမွေရင်း မျက်စိလည်လာတယ်ဆိုပါတော့ ... Online သူငယ်ချင်းစဖြစ်ရာကနေ သူက ကျွန်မအိမ်ဖုံး စဆက်ခဲ့တယ် ... ကျွန်မက အဲဒီအချိန်တုန်းက အိမ်ရှင်နဲ့နေတာ ... စစချင်း စပြောတော့ နာရီဝက်လောက်ပါ ... သူ့ဖိတ်ခေါ်ချက်နဲ့ သူ့ကျောင်းကို ထမင်းစားသွားခဲ့တယ် .. ထမင်းစားဆိုတာ သူချက်ထားတာ မဟုတ်ဘူးနော် .. Canteen က စားချင်တာ ဝယ်ကျွေးတာ ... အဲဒီတုန်းက သူက ပိန်ပိန်လေးရယ် ...

ကျွန်မစရောက်တုန်းက အများသူငှာလို အဆင်မပြေဘူး ... အခက်အခဲတွေ အများကြီးကနေ Student Visa ရအောင် ကြိုးစားခဲ့ရတာ .. နေနေတဲ့ အိမ်ကလဲ အဆင်မပြေဘူး ... အခက်အခဲတွေ ဖြစ်တိုင်း သူက အမြဲကူညီတတ်တယ် .. တခါတလေ ကျွန်မဆီ ညဘက် ဖုံးခေါ်တတ်တယ် .. အောက်ဆင်းပြီး သွားတွေ့တာ .. သူက ခေါက်ဆွဲကြော် ကြာဇံကြော် ဝယ်ဝယ်လာတတ်တယ် ... အဲဒီအချိန် ဗိုက်ဆာတတ်တာကို သိနေတော့ ခဏခဏ လာလာပို့ပေးတတ်တယ် ... ခေါက်ဆွဲကြော် ကြာဇံကြော် အပြင် ကြက်ကြော်ပါ ပါတယ် .. အဲဒီအချိန်တုန်းက အဲဒီလောက်မှ ၁ကျပ်ပဲပေးရတာ ... 

အဲဒီအချိန်ကတည်းက ညညဆို အောက်မှာ ခဏခဏ တွေ့ဖြစ်တယ် .. တွေ့တိုင်းလဲ သူ့ရဲ့စူးရှတဲ့ မျက်လုံး အကြည့်တွေကို မရင်ဆိုင်ရဲဘူး (အခုတော့ ကျင့်သားရသွားပါပြီ) ... သူက တစ်ခုခုဆို အကြောင်းအရာ တစ်ခုခု တိုက်ဆိုင်ပြီဆိုရင် အဲဒီ အကြောင်းအရာနဲ့ ပတ်သက်တဲ့ သီချင်း ဖွင့်ပြတတ်တယ် ... ကျွန်မကသီချင်းဆို နားထောင်လိုက်တာပဲ ... ဘယ်သူဆိုထားလဲ သီချင်းနာမည်က ဘာလဲ ကျွန်မ မသိဘူး ... သူကြောင့် သီချင်းတွေ သိလာရတာ များတယ် ... အဲဒီတုန်းက သူဖွင့်နေကျ သီချင်းလေးရှိတယ် ... "ကောင်လေးက ဆင်းရဲတယ် ပညာလေး မတောက်တခေါက်နဲ့  ... အမြင့်ဆုံးမှာထားချင်တယ်"  

တစ်နေ့ စကားပြောရင်က ပဟေဠိ တစ်ခုရောက်သွားတယ် ... ၁၇၂၀၄ က ဘာလဲသိလားဆိုပြီး ... အဓိပ္ပါယ် ဖော်သိသွားတဲ့ နောက်မှာ သူကစပြီး ကျွန်မ Library အခန်းထဲမှာ ရှိနေတုန်း SMS ပို့ခဲ့တယ် ... အဲဒီနောက် သူက တစ်ယောက်ကို တစ်ယောက် လေ့လာရအောင် ဆိုပြီး သူနဲ့ စသိပြီး ၃လ အကြာမှာ ဖွင့်ပြောခဲ့တယ် ... သူပြောခဲ့တာ မှတ်မှတ်ရရ 1-July  နေ့လေ .. ကျွန်မက ပိတ်ရက်တိုင်း ဟင်းချက်ပြီး ပို့ပေးတယ် ... အိမ်နဲ့နီးတယ်လေ ... ၃မိနစ်လောက် လမ်းလျောက်ရင် ရပြီ ... ကျွန်မ စာမေးပွဲပြီးတိုင်း မရောက်ဖူးတဲ့နေရာတွေ လျှောက်လည်ကြတယ် ... ဓာတ်ပုံရိုက်ကြတယ် ... ဒီလိုနဲ့ တစ်ယောက်နဲ့ တစ်ယောက် လေ့လာရင်း အချိန်တွေ ကုန်လာလိုက်တာ ၁၀ လ ရောက်ခဲ့ပါပြီ ... 

ဒီကြားထဲ အဆင်မပြေမှုတွေက အများကြီးပါ ... သူနဲ့ ကျွန်မကြား ဘေးလူနှောင့်ယှက်လို့ ရန်ဖြစ်ရတာ အကြိမ်ကြိမ် ... ဘေးလူဆိုတာ သူ့သူငယ်ချင်း မိန်းကလေးတွေ များပါတယ် ... သူကချောတော့ သူနဲ့ ကျွန်မကို အမျိုးမျိုး မရစေချင်လို့ နှောက်ယှက်ကြတာပါ ... အဲဒီလို မနှောက်ယှက်ခင်မှာ မိန်းကလေးတွေ မစဉ်းစားတတ်ဘူးထင်ပါတယ် ... မိန်းကလေး တစ်ယောက်ကို ပြောလိုက်လို့ တဖက် မိန်းကလေး သိက္ခာ ဘယ်လောက်ထိ ကျဆင်းမလဲဆိုတာ မိန်းကလေးချင်း ကိုယ်ချင်းစာတတ်ရင် သိမှာပါ .. 

ကျွန်မငိုရင် သူ့ရင်ထဲမှာ မနေတတ်ဘူး ... ကျွန်မနဲ့တွေ့ရင် ရင်ခုန်သံတွေ မြန်လာတယ် ဆိုပြီး သူ့သူငယ်ချင်းတွေကို ပြောလေ့ရှိပါတယ် ... ဒါတွေက သူ့သူငယ်ချင်းတွေက ချစ်သူဖြစ်ပြီး နောက်ပိုင်းမှ ပြန်ပြောပြလို့ပါ ... ကျွန်မကတော့ သိလိုက်ပါတယ် ... အချစ်စစ်တို့မည်သည် ဘယ်တော့မှ မဖြောင့်ဖြူးတတ်ဘူး ဆိုတာပါပဲ ... 

April လမှာ ကျွန်မအဖေက ကျွန်မဆီကို အလုပ်ကိစ္စနဲ့ အစည်းအဝေးလာတက်ပါတယ် .. အဖေနဲ့ အတူတူ Boss သားလေးပါ ပါလာပါတယ် ... အဖေနဲ့ သူ့ကို မိတ်ဆက်ပေးဖြစ်ခဲ့တယ် ...  ကျွန်မ အဖေက အစည်းအဝေး လာတက်တာ ဆိုတော့  အစည်းအဝေးပြီးတော့ ပြန်သွားပါတယ် ... Boss သားလေးက ကျန်ခဲ့ပါတယ် ... Boss သားလေးဆိုပေမယ့် Civil တက်နေတဲ့ Engineer လေး တစ်ယောက်ပါ ... အဲ့ဒီမောင်လေးက ကျောင်းလာတက်ဖို့ စုံစမ်းတာပါ ...  

အဲဒီမောင်လေး သူ့ဆီဖုံးဆက်ရင် သူကကျွန်မကို သူနဲ့အတူတူ လိုက်ခဲ့ဖို့ ခေါ်ပါတယ်  ... သူသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးရတာပါ ... မောင်လေးကလဲ ကျွန်မတို့ ဘယ်လိုသွားသွား လိုက်ပါတယ် ... ကျောင်းသားတွေဆိုတော့ Taxi ကလဲ မတတ်နိုင်ပါဘူး ... သူနဲ့ကျွန်မ ကျောင်းအားတဲ့ အချိန်တွေ လိုက်ပို့ပေးဖြစ်တာပါ ... 

ဒီလိုနဲ့ တစ်ရက် ၃ယောက် လျှောက်သွားတာ အတော် မိုးချုပ်သွားတယ် ... မောင်လေး သွားချင်တဲ့နေရာက အတော်ဝေးတယ် ... လိုက်ပို့ပြီး ၂ယောက်ပြန်လာတော့ MRT ကလဲ မမှီတော့ဘူး ... Taxi ငှားရတော့တယ် ... Taxi ကားပေါ်မှာ အရင်ကဇာတ်လမ်း ပြန်စဖြစ်တယ် ... သူကစပြီး စကားပြောဖြစ်ခဲ့တယ် ... ပြီးတော့ ကျွန်မကို ဖက်ပြီး သူ့ရင်ခွင်မှာ အနားယူခိုင်းတယ် ... ကျွန်မအားငယ်တတ်တဲ့အချိန်ဆို  ငယ်ငယ်ကတည်းက အဖေ့ရင်ခွင်ကို ဖက်ပြီး ခဏတာ အိပ်စက်တာလေ ...  သူ့နှလုံးသားရင်ဘတ်ဟာ ကျွန်မအတွက် နားခိုရာ ချစ်သူတစ်ယောက်လိုရော အားကိုးရတဲ့ ချစ်သူ/ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာမှာပဲလို့ ယုံကြည်ပြီး အဲဒီနေ့မှာ သူနဲ့ကျွန်မ 24-April ချစ်သူဘဝရောက်ခဲ့တယ် ... 

ချစ်သူစဖြစ်ပြီး နောက်နေ့မှာ စစချင်းတွေ့တော့ နှစ်ယောက်စလုံး ရင်တွေအရမ်းခုန်နေတယ် ... ကျွန်မအတွက် အမှတ်တရကတော့ တစ်ပတ်အတွင်း ကျွန်မ Bank Card ၂ခါလဲလိုက်ရတာ ... ဒီနေ့ပျောက်တယ် ချက်ချင်း သွားပြန်လုပ်တယ် ... ပြီးတော့ သန်ဘက်ခါကျတော့ ထပ်ပျောက်ပြန်တယ် ... Bank က  Card လဲပေးတဲ့နေရာက အသေးစိတ် မေးယူလိုက်ရတယ် ... ပထမအကြိမ်က Bus Car ပေါ်မှာ ကျသွားတာ ... ဒုတိယအကြိမ်က လုံးဝမမှတ်မိတော့ဘူး ... အပျော်လွန်ပြီး မေ့သွားတာ ... ချစ်သူအချင်းချင်း ချိန်းတွေ့ကြရင် ကမ္ဘာကြီးတောင် မေ့တယ်ဆိုတာ မှန်တယ်နော် ... အားလုံးကိုမေ့နေတော့တာ ... ရယ်ရတယ်နော် ... 

ချစ်ရတဲ့ ချစ်သူအတွက် ... အခုအချိန်အထိလဲ ရင်ဘတ်ကြီးတည်းကနေ ချစ်နေဦးမယ် ... နောင်လဲ ချစ်နေဦးမယ့် ချစ်ခင်ပွန်းအတွက် ချစ်သူသက်တမ်း ၈နှစ်ပြည့် အမှတ်တရ နေ့လေး ဧပြီလ ၂၄ ရက်နေ့ .,. 

နှလုံးသား ခံစားချက်ကို ဝတ္ထုတို အဖြစ် ပုံဖော်ပါတယ် …

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ ...

Thursday, April 16, 2015

Krabi Trip

Family Trip အနေနဲ့ကတော့ 6 Dec - 8 Dec ထိ ကျွန်မတို့ Company က Dinner & Dance အတွက် 2013 တုန်းက သွားခဲ့တဲ့ Krabi Trip ပါ ... အဲဒီ အချိန်တုန်းက ကျွန်မ ကိုယ်ဝန် ၄လ နားမှာပါ ... ရုံးကသတ်မှတ်ထားတာ ကလေးရှိရင် ကလေး တစ်ယောက် ခေါ်ခွင့်ရှိတယ် ... မိသားစုခရီးဆိုတော့ ၃ယောက်ရတယ် ... မသွားခင် Thailand Visa လျှောက်တယ် ... Visa ကြေး ခရီးစဉ်တလျောက် ကုန်ကျစရိတ် Co., ကပေးပါတယ် ... Lucky Draw လဲပါတယ် ... ဗလာမပါကံစမ်းမဲ ... ပထမဆုက iPad Air 32 GB, ဒုတိယဆုက iPad Air 16GB, တတိယက iPad Mini 16GB, ကျန်တာ Google Tablet ... လေကြောင်းက Tiger Airline ပါ ... Tiger Airline ဆိုတော့ ကျွန်မက နည်းနည်းလန့်တယ် .. လေယာဉ်သေးရင် ကျွန်မက Motion Sickness ရှိတော့ အစဉ်မပြေဘူး ... အဲဒီအချိန်က ကျွန်မက နေ့စဉ်ရက်ဆက် အဆက်မပြတ် ခေါင်းကိုက်နေတာဆိုတော့ ပိုဆိုးတယ် ... ပျောက်ခါနီး ဆဲဆဲပါ ... ကိုယ်ဝန်ကြောင့် ခေါင်းနေ့စဉ်ကိုက်တာပါ ... ၃ပတ်လောက် ဆက်တိုက် ကိုက်တာ ... ဘာဆေးသောက်သောက် မပျောက်ဘူး ... စလုံး ၃၀၀ လဲသွားတယ် ... အားလုံး ၁၈ ယောက် 

Before Hotel Check-In

6-Dec က သောကြာနေ့ကျတယ် ... လေယာဉ်က check-in က 1 နာရီဆိုတော့ outsource ရုံးကို မနက်ပိုင်း သွားရသေးတယ် .. 11 AM လောက် ပြန်လာတယ် ... အိမ်ပြန်ပြီး ပစ္စည်းပြန်ယူပြီး Taxi နဲ့ Changi Airport သွားတယ် ... ရုံးကလူတွေတောင် မရောက်လာသေးဘူး ... နာရီဝက်နေတော့ လူစုံတော့ Check-in လုပ်ကျတယ် ... အသွားအပြန်အတွက် Kilo 15 kg ဝယ်ထားတယ် ...  အဲဒီအတွက် ကျွန်မက ပေးရတယ် ... Make-up ပစ္စည်းသယ်ဖို့အတွက် ဘာလေးညာလေး ဝယ်ရအောင် လိုလိုမယ်မယ် ဝယ်ထားတာ .. ကျွန်မက ခရီးသွားရင်း ဘောင်းဘီနဲ့ လွတ်လွတ်လပ်လပ် သွားရတာ ပိုသဘောကျတယ် ... ကိုယ်ဝန်နဲ့ဆိုတော့ အဲဒါတွေ မဝတ်နိုင်ဘူး ... ကိုယ်ဝန်ဆောင်အကျီနဲ့ သွားရတယ် ... Immigration ကို ဖြတ်အပြီး လှတဲ့နေရာတွေ့ရင် သားကို ဓာတ်ပုံရိုက်ပေးတယ် ... Dim Sum ဆိုင်တွေ့တော့ ဝယ်စားကြတယ် ... Airline က ဘာမှကျွေးမှာ မဟုတ်ဘူး ... ဆေးပါသောက်လိုက်တယ် ... အအန်ရပ်တဲ့ဆေး ... အဲဒီဆေးက အိပ်ဆေးပါတယ် ... လေယာဉ်မမူးအောင် သောက်တာ ...  စားပြီး ခဏနေတော့ လေယာဉ်ပေါ်တက်တယ် ... Co., ကလူတွေအားလုံး နောက်ဆုံးခုံ ရတယ် ... တစုထဲ ထိုင်ရတော့ ပိုကောင်းတယ် ... အဲဒီအချိန် ရာသီဥတုက မကောင်းတော့ လေယာဉ်ထွက်ဖို့ နာရီဝက် နောက်ကျမယ်ဆိုပြီး ကြေငြာတယ် ... မိုးကဖွဲဖွဲလေးပါပဲ ... Tiger Airline က စက်ပဲနိုးထားတာ Aircon ကမရှိဘူး ... စောင့်နေတာ အတော်လေး အိုက်လာတယ် ... နာရီဝက်နေ စထွက်တော့ လေယာဉ်ပြေးလမ်းမှာ လေယာဉ်တွေ အများကြီးပဲ ... လေယာဉ် အရှိန်ယူနေစဉ် အကုန်မြင်ရတာ့ သိရတာ … 

အသက်ကယ်အကျီနှင့်အတူ

လေယာဉ်က စတက်ပါပြီ ... Changi Airpot ကွင်းမှာပဲ ရှိသေးတယ် ... လေယာဉ် စတက်တော့လဲ လေယာဉ်က အသံတွေ ဆူနေတာပဲ ... အဲဒီလို ဆူနေရင် မစီးရဲဘူး ... ကြောက်တယ် .... လေယာဉ်စတက်တာ ၁၀မိနစ်ပဲရှိသေးတယ် .., အဲဒီအချိန် ဝုန်းဆိုပြီးတော့ အသံကြီးနဲ့အတူ မီးအလင်းတန်းကြီး မြင်လိုက်ရတယ် ... လေယာဉ်ကလဲ အကုန်ခါသွားတာ .. ကျွန်မက အဲဒီအချိန် ခေါင်းကလဲ စမူးနေပြီ ... လေယာဉ်စတက်ကတည်းက ဆူညံနေတာ သဘောမကျတော့ ရင်တုန်တာ အဆုံး အစွန်ပဲ ... သားက အလယ်မှာဆိုတော့ ယောင်္ကျားကို လှမ်းမေးလိုက်တယ် ... လေယာဉ်ဘာဖြစ်တာလဲ ... ငါတို့တော့ သွားပြီနဲ့တူတယ်လို့ ... ရှေ့ကိုကြည့်လိုက်တော့ အိပ်နေကြတယ် ... နောက်ကို ကြည့်လိုက်ပြီး မေးကြည့်တော့ မိုးကြိုး ပစ်ချလိုက်တာတဲ့ ... ကံကြီးပေလို့ ... လေယာဉ်အပေါ်ကို လျှပ်ထိသွားတာ ဖြစ်မယ် ... နောက်အပေါ်ရောက်မှ အသံကြားတာ နည်းနည်းငြိမ်သွားတယ် ... အေးအေးဆေးဆေး ပြန်ဖြစ်သွားတယ် ... အစားအသောက် ရောင်းတဲ့အချိန် သားက အအေးသောက်ချင်တယ် ဆိုလို့ အအေးပဲ ဝယ်ဖြစ်တယ် ... ၂နာရီ လေယာဉ်စီးရတယ် ... လေယာဉ်ပေါ်မှာလဲ မအိပ်ဖြစ်ဘူး ... စတက်ကတည်းက ကြောက်ပြီး မအိပ်ဖြစ်တာ ...Krabi လေဆိပ်ရောက်တော့ Immigration ဖြတ်အပြီး အားလုံးစုံအောင် စောင့်ပြီး Hotel သွားကြတယ် ... ကားက ၂စီး ... ဗမာ ၃ဖွဲ့ရှိတော့ ၁စီး သတ်သတ်ဖြစ်သွားတယ် ... သားကြီးက ခရီးထွက်ရရင် အရမ်းပျော်တာ … 

James Bond Island အထိမ်းအမှတ်ရှေ့တွင် ရေဆော့နေတာ

Hotel ရောက်တော့ check-in လုပ်ဖို့ ၄၅ မိနစ်  စောင့်ရတယ် ... Internet မပါဘူး ... Boss က Internet ခသုံးသလောက်ပေးမယ် ဆိုတော့ ok သွားတယ် ... အခန်းသော့ရပြီး အနားယူ ၁နာရီနေရင် ထမင်းစားဖို့ ပြန်ထွက်လာရမယ် ... D&D က မနက်ဖြန်တဲ့ ... အခန်းထဲရောက်တော့ ဗိုက်ဆာလာတယ် ... စားစရာ Hotel က မှာစားမလားဆိုတော့ ယောင်္ကျားကလဲ သဘောတူတယ် ... သားကြီးက အပြင်စာ မစားတတ်ဘူး ... Dinner မစားခင် သားကြီးကို အရင်ကျွေးထားမှ ဖြစ်မယ် ဆိုပြီး Reception ကို phone ဆက်ပြီး မှာလိုက်တယ် ... ကျွန်မ Bill ထဲ မထည့်ပါနဲ့ ... ပိုက်ဆံကို ချက်ခြင်းရှင်းမယ်ဆိုပြီ ... Phad Thai နဲ့ Tom Yum Soup မှာလိုက်တယ် ... သားကြီးကလဲ ဗိုက်ဆာနေတော့ သူလဲ စားလို့ တော်တော်ကောင်းနေတယ် ... ယောင်္ကျားက ယိုးဒယားစာဆို ကြိုက်တော့ အဆင်ပြေတယ် ... ကျွန်မတို့လဲ နည်းနည်းစားတယ် ... ယောင်္ကျားကလဲ ထိုင်းစာက ဘာစားစား စားလို့ကောင်းတယ်တဲ့ ... Bath ၅၀၀ လား မသိဘူး ... မမှတ်မိတော့ဘူး … 

James Bond Island 

ချိန်းထားတဲ့ အချိန်စုရပ်ရောက်တော့ မိုးကရွာနေတာ တော်တော်များတော့ D&D ကို ဒီနေ့ရွှေ့လိုက်တယ် .. Hotel မှာပဲ European Foods ကို Buffet ကျွေးတယ် ... ကျွန်မ အကြိုက်ပဲ ... စားလို့ပြီးတော့ ကလေးက ၅ယောက်ဆိုတော့ ကလေးတွေကို Lucky Draw နှိုက်ဖို့ တန်းစီခိုင်းတယ် ... စာရွက်တွေချထားတယ် ... ကလေး တစ်ယောက်က ချထားတဲ့ စာအိတ်အများကြီးက စာအိတ် ၁အိတ် ယူရတယ် ... သားက သူ့အလှည့်မှာ စာအိပ် ၁အိပ် ယူလိုက်တယ် ... အဲဒီအချိန်သားယူထားတဲ့ စာအိတ်ကို နောက်ကလေး တစ်ယောက်က ဆွဲလုသွားတယ် ... သားက အဲဒီတော့ သူ့လက်ထဲ ဘာမှ မရှိတော့ နောက် တစ်အိပ်ဆွဲယူလိုက်တယ် ...  Boss ကရထားတဲ့ စာအိပ်ဖွင့်ကြည့်လို့ရပြီဆိုတော့ အားလုံးဖွင့်ကြတယ် ... ကျွန်မက အဲဒီအချိန်ဖွင့်ကြည့်ဖို့ မေ့နေခဲ့တယ် ... ယောင်္ကျားက ဖွင့်ကြည့်တော့လေ ဆိုပြီး သတိပေးမှ သားဆီကနေ ယူပြီး ကြည့်လိုက်တော့ iPad Mini တတိယဆုလေးပါ ... ပျော်လွန်းလို့ ထခုန်တာ ယောင်္ကျားက သတိတောင်ပေးယူရတယ် ဗိုက်ကြီးနဲ့ သတိထားဦးတဲ့ ... ဒုတိယဆုနဲ့တတိယဆုက ထွက်သွားပြီ ... ကလေးမရှိတဲ့သူအတွက်က ၂အိတ်ကျန်တယ် ... 2nd Boss ကသက်ညှာပြီး တစ်ယောက်ကို ဦးစားပေးလိုက်တယ် … 

James Bond Island တွင်

ပထမဆုကကျန်နေသေးတာကိုး ... မဲမဖောက်သေးဘူး ... 2nd Boss wife က မဲနှိုက်မယ့် အချိန်ရောက်တော့ မနှိုက်ခင် ပြောသေးတယ် ... နောက်ဆုံးအိတ်က ပထမဖြစ်နေတတ်တယ်တဲ့ ဖွင့်လိုက်တော့ ပထမဆုပါ ... စကားနမိတ်ပေါ့ ... Lucky Draw ပြီးတော့ အားလုံး ဓာတ်ပုံ စုရိုက်ကြတယ် ... သီချင်းဆိုပြတော့ သားကြီးက အနားသွားပြီး သီချင်းတအေးအေးနဲ့ဆိုတော့ ဆိုနေတဲ့ သူတောင် သဘောကျတယ် ... စားသောက်ပြီး Hotel ပြန်ကြတယ် ... မပြန်ခင် မနက်ဖြန် မနက် ၉နာရီ Breakfast စားမယ် ... ၁၀ နာရီ ကားထွက်မယ် ... Hotel ပြန်ရောက်တော့ နားတယ် ... Internet ချိတ်တယ် ... ကျန်နေတဲ့ အစားအသောက် ဆက်စားတယ် … 


ရေထဲမဆင်းခင်

မနက်ရောက်တော့ ၉နာရီမှာ Hotel က ကျွေးတဲ့ Buffet Breakfast စားတယ် ... သားကို ချော့ကျွေးရတယ် ... စားပြီး အနီးအနား ဓာတ်ပုံရိုက်တယ် ... ကိုယ်ဝန်နဲ့ဆိုတော့ အရင်ကလောက် သိပ်လက်မသွက်ဘူး ... သားက Boss ကလေးနဲ့ဆော့တယ် ... သူလဲ ယောင်္ကျားလေးပဲ ... ကလေးက လိမ္မာတယ် ... ကလေးသဘာဝ စကားတော့များတယ် ... အနိုင့်ကျင့်လိုစိတ်မရှိဘူး ... Mickey နဲ့ အဆင်ပြေတယ် ... စစချင်း စိမ်းနေသေးတာ .., နောက်တော့ ၂ယောက်စလုံး သွက်လာတယ် ... သူက သားထက် ၄နှစ်လောက် ကြီးတယ် ... ကားက ၁၀ နာရီမှာ လာခေါ်တယ် ... ၂စီး ... ထုံးစံ အတိုင်း မနေ့ကလိုပဲ စီးတာ ... James Bond Island သွားကြမယ် ... Hotel ကနေ ၂နာရီကားစီးရမယ် .. ပြီးရင် စက်လှေ စီးရမယ် ၂နာရီကျော် ကြာမယ် ... အားလုံး ဘုရားတ ကုန်ကြရော ... ၁၂နာရီမှ ရောက်မယ့် သဘော ဖြစ်နေတာ ... မတတ်နိုင် ... ကားကမောင်းတာ မိုင်ကုန်ပဲ ... လမ်းတွေကလဲ ဖြူးနေတာပဲ ... ဗိုက်ကြီးနဲ့ဆိုတော့ ဘောင်းဘီတို ဝတ်ချင်တာ ... ရှိတာပဲ ဝတ်ရတယ် … 

ဟေ့ ပင်လယ်ကြီး 

ကားနဲ့ထွက်လာတာ ၁နာရီလဲ ကျော်ရော သင်္ဘောဆိပ်လို နေရာရောက်ကော ... အသက်ကယ် အင်္ကျီအားလုံးဝတ်ရတယ် ... ဇက်ပေါ် မတက်ခင် ဓာတ်ပုံရိုက်တယ် ..  သားနဲ့ ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်တယ် ... ငိုနေရင် ပြန်လှည့်လို့ မရဘူးလေ ... ဇက်စီးတော့ အဆင်ပြေသွားပါတယ် ... ဇက်က အယောက် ၂၀ စီးလို့ရတယ် ... အဖွင့်ချည်းဆိုတော့ ရေတွေ စင်တယ် ... အောက်ပိုင်းတော့ စိုကုန်တယ် ... အကျီင်္ကလဲ အပိုယူမလာဘူး ... သားကလဲပျော်တယ် ... အဖေနဲ့မှီပြီး လိုက်လာတယ် ... ရေစိုမှာ ဆိုးလို့ Camera ဆို မဖွင့်နိုင်ဘူး ... phone နဲ့ပဲ ဓာတ်ပုံရိုက်ဖြစ်တယ် ... James Bond Island မှာ 15 Mins နားမယ် ဆိုတော့ ဓာတ်ပုံရိုက်တယ် ... ကျွန်မက ခရီးထွက်တယ်ဆိုရင် မိသားစုဓာတ်ပုံတော့ မရရအောင် ရိုက်တယ် ... သားက ရေဆော့တယ် ... သူ့အဖေနဲ့သူနဲ့က တောင်ပေါ်တက်သွားတယ် ... ကျွန်မက ကိုယ်ဝန်နဲ့ဆိုတော့ အောက်ခြေမှာ ကျန်ခဲ့တယ် ... ဇက်ထွက်မယ့် အချိန်ရောက်တော့ သူတို့ သားအဖ ပျောက်နေတယ် ... မလာမလာနဲ့ ကျွန်မမှာလဲ တကျော်ကျော် အော်ခေါ်ရင် ဆင်းလိုက် တက်လိုက် နောက်ဆုံး  Boss ရောက်လာတယ် ... ရုံးက တစ်ယောက်က ရောက်လာပြီး သူရှာပေးမယ် ဒီမှာနေခဲ့ အေးဆေးပါဆိုပြီး တောင်ပေါ်တက်သွားတယ် ... 15 Mins နေတော့ သူ့ကိုတွေ့တယ် ... သူတို့ကောဆိုတော့ နောက်မှာတဲ့ ... အဲဒီတော့မှ သက်ပြင်းချနိုင်တယ် ... တန်အောင် လျှောက်ကြည့်နေတာတဲ့ ... အရေးထဲ သားက Pass Motion လုပ်နေလို့ ကြာသွားတာတဲ့ ... ကျွန်မကတော့ မျက်နှာပူနေပြီ ... James Bond Island ကို နှံစပ်အောင် ရောက်တာ သူတို့ သားအဖပဲရှိတယ် ... သွားချင်တယ်ဆို မေးသာကြည့်တော့ ... အဲဒီက ထွက်လာပြီးတော့ ပြန်ပြီ အောင်းမေ့တာ ပြန်လှည့်ပြီး ရေကူးလို့ရတယ် Canoe စီးလို့ရတဲ့နေရာကို သွားကြတယ် ... ယောင်္ကျားက ရုံးက Sales Manager နဲ့ စီးတယ် ... ကျွန်မက မစီးရဲလို့ သားနဲ့ ကျန်ခဲ့တယ် ... သားက စီးမယ် တကဲကဲပဲ ... Canoe နဲ့သွားကြတာ အုန်းရည်တောင် ဝယ်သောက်လာတယ် ... Canoe စီးပြီး ပြန်လာတော့ ထမင်းစားသွားကြတယ် ... လမ်းမှာ သားက သူမစီးလိုက်ရလို့ တဖျစ်တောက်တောက်နဲ့ ... စီးလို့တော့ ရတယ် ... အငြိမ်မနေတတ်တော့ မှောက်သွားမှာ စိတ်ပူတယ် … 

iPad Mini 16 GB

ထမင်းက ရေလယ်ခေါင်မှာ ဖွင့်တဲ့ဆိုင်က မှာစားတာ ၂ဝိုင်း ... ဆာနေကြတော့ စားလို့ကောင်းတယ် ... Beer သောက်ချင်လဲ သောက်လို့ရတယ် ... ပြီးဓာတ်ပုံရိုက်တယ် ... ရုံးကလူတွေကိုလဲ ရိုက်ပေးတယ် ... စားပြီး ကားရပ်ထားတဲ့ နေရာ ပြန်လာကြတယ် ... အသက်ကယ် အကျီ်င်္တွေ ပြန်ပေးပြီး ကားပေါ်တက်လာကြတယ် ... ဆင်စီးတဲ့နေရာသွားမယ်ဆိုပြီး ထွက်လာခဲ့တယ် ... ရောက်တော့သားက ဆင်စီးမယ်ဆိုပြီး သူ့အဖေနဲ့ပါသွားတယ် ... Camera ပါယူသွားတယ် ... ကျွန်မက အဲဒီလိုမျိုးတွေ အထိတ်အလန့်ဖြစ်မယ့် စီးတာတွေ တသက်နဲ့တကိုယ် ဘယ်တော့မှ မစီးဘူး ... သားကတော့ ပျော်နေတာပဲ သိတယ် ... အမေစကားတောင် နားမထောင်ဘူး ... ပျော်ပျော်ပဲ အဖေနဲ့ပါသွားတာ ... ကျွန်မက မစီးတော့ စောင့်နေတာ ... အသိနဲ့တိုးတယ် ... ယောင်္ကျားရွာကလို့ ပြောတာပဲ ... စကားတွေ လာပြောနေတာ ကျွန်မက အင်းကလွှဲပြီး ဘာမှ မပြောတတ် ... ကျွန်မပဲကျန်ခဲ့တော့ Fish Spa သွားပါလား package ထဲပါတယ်ဆိုတော့ သွားတော့ သွားတာပဲ အဖတ်တင်တယ် ... Fish Spa ဆိုတော့ ငါးသေးသေးတွေက ကိုယ့်ခြေထောက်နားလာတော့ ကိုယ်က ယားလို့ထွက်ပြေး ...အောင့်ပြီးခံတာတောင် မရဘူး ... ဆင်စီးတဲ့သူတွေ ပြန်လာကြတော့ Fish Spa သွားကြတယ် ... ယားတတ်ရင်တော့ Fish Spa က အဆင်မပြေဘူး ... ပြီးတော့ မျောက်ပွဲ ဆင်လိမ္မာပွဲ ကြည့်တယ် ... သားဆိုတာ ပျော်နေတာ မျောက်ကိုင်လိုက် ဆင်နှာမောင်းကိုင်လိုက်နဲ့ လုံးဝ အကြောက်အလန့်ကို မရှိတာ ... မျောက်လိမ္မာ ဆင်လိမ္မာတွေနဲ့ ဓာတ်ပုံ ရိုက်ခဲ့တယ် ... အဲဒီမှာ အလုပ်လုပ်နေတာတွေက ဗမာတွေချည်းပဲ ... အလုပ်ရှင်က မတရားခိုင်းတယ် ... မကြိုက်ရင် အပြစ်ပေးတာ အရမ်းရက်စက်တယ်တဲ့ ... ဖြစ်နိုင်ရင် အဲဒီနေရာကို တာဝန်ရှိသူ သက်ဆိုင်ရာက စစ်ဆေးသင့်ပါတယ် … 

ပင်လယ်ထဲ စည်းစိမ်ခံပြီး ပဲပေးနေတာ

အဲဒီက ပြီးတော့ Hotel  ပြန်လာပါတယ် ... ညစာကို အပြင်မှာ စားမယ် ... အနီးအနား လျှောက်ကြည့်ကြမလား ဆိုပြီး ကားပေါ်မှာ တိုင်ပင်လာကြပါတယ် ... အားလုံးက အပြင် ပြန်ထွက်ဖို့ စိတ်ဝင်စားတဲ့သူတွေ ချည်းပဲ ... Hotel ပြန်ရောက်တော့ ထုံးစံအတိုင်း အစားအသောက် မှာပါတယ် ... သားကို ကျွေးပြီး ရေချိုး အဝတ်လှဲပြီး အပြင် ပြန်ထွက်ဖို့ ထွက်လာပါတယ် ... ကားက ည၁၀နာရီပြန်လာခေါ်မယ် ... မမှီရင် taxi နဲ့ ပြန်လာရမှာ ... ဈေးမှာ ဆိုင်ထဲဝင်ပြီး ထိုင်းစာ စားတယ် ... တန်သလား မမေးနဲ့ ... စားလို့ကလဲကောင်း ... သားကို ငြိမ်အောင် ဘောလုံး ဝယ်ပေးရတယ် .. အကျီင်္နည်းနည်းပါးပါး ဝယ်တယ် ... ၁၀နာရီထိုးတော့ ကားလာပြန်ကြိုတော့ ပြန်လာခဲ့တယ် ... 

နောက်တစ်နေ့က ဆင်စီးချင်တယ် ဆို ထပ်သွားလို့ရတယ် ... ကျွန်မတို့က မသွားတော့ပဲ Hotel နောက်မှာ ကမ်းခြေရှိတော့ အဲဒီမှာပဲ ဓာတ်ပုံရိုက်တယ် ... သားအဖ၂ယောက်က ရေကူးတယ် ... ရေကူးပြီး သားက အားမရတော့ Hotel က ရေကူးကန်မှာ ထပ်ကူးတယ် ... ပြီး အဝတ်လှဲ အိတ်ပြင်ဆင်ပြီး check out လုပ်ဖို့ အိတ် အပ်ထားတယ် ... Hotel အရှေ့မှာ ဆိုင်တွေ့ထားတော့ နေ့လည်စာ စားဖို့ထွက်လာတယ် ... Hotel ဘေးမှာ စားသောက်ဆိုင်ရှိမှန်း မသိဘူး ... Massage လဲရှိတယ် ... ပြန်ခါနီးမှသိတယ် ... ဒီလိုမှန်းသိရင် အစကတည်းက သွားလိုက်ပါတယ် ... အားလုံး ၁၂ နာရီမှာ check out လုပ်ပြီ: Krabi Airpot ကားနဲ့သွားကြတယ် ... Check-in လုပ်တော့ boss နဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုတော့ ခုံလဲဘေးချင်းကပ်ပဲ ... အသွားကလို ဖြစ်မှာ စိုးရိမ်နေတာ ... အားလုံးကလဲ စလုံးဘက်က မိုးမရွာအောင်ပဲ ဆုတောင်းရုံရှိတယ် ... လေယာဉ်ပေါ်မတက်ခင် Sandwich တွေ့လို့ဝယ်တယ် ... အပြန်က ဒီတစ်ခါ လေယာဉ်နည်းနည်းလေး မသိမသာလှုပ်တာ လွဲလို့ အဆင်ပြေပါတယ် .. သောကြာနေ့လည်သွားပြီး တနင်္ဂနွေညနေ ပြန်ရောက်ပါတယ် ... 

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ ...