ဗိုက်ထဲမှာရှိစဉ်က သားလေးကို ၂နာရီထိုးမှနာပါနော်ဆိုပြီး ဗိုက်လေးကိုပုတ်ပြီး ပြောထားတာ။ မမွေးခင်မှာ NUH မှာ Register လုပ်တော့ မနက် ၂ နာရီမှ Check In ပါ။ ဒီထက်စောရင် ၁ရက်ခ ပေးရမယ်။ ရိုးရိုးမွေးတာ စိတ်အတော်ရှည်ရပါတယ်။ ကျွန်မရဲ့ Due Date က February 18, 2010 ပါ။ ဆေးရုံကို ၁ပတ်၁ခါသွားရတာ ကြာတော့ရှက်လာပါပြီ။ အချိန်မရွေး မွေးနိုင်တာက ၃၇ - ၄၂ကြား၊ ရက်တွေကို စောင့်စောင့်နေရတာ ကျွန်မအဖို့ရာမှာ စိတ်မရှည်တော့ပါဘူး။ ဒီကြားထဲ သောကြာ ညရောက်လာရင် ကြောက်လာပါပြီ။ သားဦးဆိုတော့ စနေသားလေး မဖြစ်ချင်လို့ပါပဲ။ အကြိုက်ဆုံးနေ့က 14 February Valentine Day မှာ မွေးချင်တာ။ ဆရာဝန်ကို Request လုပ်ကြည့်တာ မရဘူး။ ပထမဆုံးကလေးဖြစ်နေလို့ မလုပ်တာ အကောင်းဆုံး။ အချိန်ကို စောင့်ပါ။ အချိန်ကျမှ ဆေးရုံကိုလာခဲ့ပါဆိုလို့ စောင့်လိုက်ရတဲ့အချိန်တွေ... ၃၉ ပတ်မှာ ဆရာဝန်က နောက် ၁ကြိမ် ဆေးရုံလာစရာ မလိုတော့ပါဘူးလို့ ပြောလိုက်ပေမယ့် ကိုယ်က ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ မကြား၊ နောက်မှ ယောက်ျားက ပြန်ပြောပြတာ။ စိတ်ထဲမှာ အမြဲတွေးနေမိတာ အဖေကခွင့်၂ပတ်နဲ့လာတာ ပြီးတော့ ဘကြီးက ၂၁ လာမှာ။ အဲဒီ အတော်အတွင်း မွေးမှမွေးပါ့မလားဆိုတာ စိတ်ပူမိတာ။ အဖေက ၁၅ထဲက ရောက်နှင့်နေပြီ။
February 17, 2010 : အဲဒီနေ့က ည ၁၂ခွဲမှ အိပ်ဖြစ်တယ်။ အိပ်နေစဉ် အဖေကထပြီး စကားပြောတော့ အိပ်ချင်မူးတူးပဲ။ သိ၁ချက်၊ မသိ၁ချက်ပဲ။ 2:10 AM မှာ ဗိုက်ထဲက စူးခနဲဖြစ်သွားလို့ အိမ်သာထ သွားမိတယ်။ ရိုးရိုးပဲလို့ထင်မိတယ်။ ဒါပေမယ့် ရိုးရိုးဗိုက်နာတာနဲ့တော့ မတူဘူး။ ပြီးခါနီး ကြည့်ကြည့်လိုက်တော့ သွေးစ ၂စတွေ့တယ်။ သေချာတာကတော့ မွေးတော့မယ့် အရိပ်အရောင်တွေပါပဲ။ NUH ကို On Call ခေါ်လိုက်တော့ ဒါက First Stage စနေပြီ၊ ၅မိနစ်ခြား၁ခါနာမှ ဆေးရုံလာ ခဲ့ပါ။ Phone လည်းချအပြီး နာတာက ၅မိနစ်ခြား ဖြစ်နေပါပြီ။ ဆေးရုံသွားဖို့ စပြင်ရတော့တယ်။ ဆေးရုံကို Phone ပြန်ဆက် ပြီးလာတော့မယ်ဆိုတာ အကြောင်းကြားလိုက်ပါတယ်။ ဆေးရုံသွားဖို့ အထုတ်ကလည်း အဆင်သင့်ပြင်ပြီးသားပါ။ Taxi ကို On Call ခေါ်ပြီး ၃ယောက်သား ဆေးရုံသွားခဲ့ကြပါတော့တယ်။
NUH, Main Building က Delivery Suite ကိုသွားရတာ။ Delivery Suite ကိုရောက်တော့ အဖေကနေခဲ့ရ တယ်။ ယောက်ျားပဲဝင်လို့ရတယ်။ ယောက်ျားကလွှဲပြီး ကျန်တဲ့သူကို ပေးမ၀င်ပါဘူး။ ယောက်ျားက မ၀င်မဖြစ် ၀င်ကိုဝင်ရပါတယ်။ အဖေကတော့ Lounge ထဲမှာစောင့်နေတယ်။ အခန်းနံပါတ် ၆ မှာ နေရပါတယ်။ Nurse ၂ယောက်ဝင်လာပြီး လုပ်စရာရှိတာ အကုန်လုပ်ပေးပါတယ်။ ဗိုက်က ဆေးရုံရောက်တော့ ၃မိနစ်ခြား၁ခါ နာလာပါတယ်။ အဲဒီလိုနာလာရင်း အိမ်သာထဲမှာပဲ ထိုင်ချင် တော့တယ်။ အဲဒီလိုထိုင်လိုက်ရင်း သက်သာတယ်လို့ထင်ပါတယ်။ Nurse ကအိမ်သာထဲ မထိုင်ရဘူး။ Lock မချရဘူးဆိုပြီး ခဏခဏတံခါးခေါက်ပါတယ်။ ဆေးရုံဘာလို့အစောကြီးလာပါလိမ့်ဆိုပြီး စဉ်းစားမိလိုက်ပါသေးတယ်။ ကိုယ်ကလည်း ၁ခုခုဖြစ်မှာ စိတ်ပူလို့အစောကြီး လာလိုက်တာပါ။ နာတာဘယ်လိုမှ မခံမရပ်နိုင်အောင်ပဲ။ လူကလည်း မျက်နှာတော်တော်ကို ရှူံမဲ့နေပြီ။ ဆရာဝန်တွေ၊ Nurse တွေ ၁ယောက်ပြီး ၁ယောက် ၁၅မိနစ် ၁ကြိမ်လာကြည့်ပါတယ်။ ရောက်ရောက်ချင်း သားအိမ်ကိုစမ်းတော့ 1 cm ပွင့်နေပြီ။ ဆေးရုံက 3 cm မပွင့်ဘူးဆိုရင် ပြန်ရမယ်တဲ့။ လာပြီးမှတော့ မပြန်တော့ဘူး။ မြန်မြန်ပွင့်ပါစေလို့ပဲ ဆုတောင်း မိတယ်။ ကလေး Heart Beat ရော၊ ကိုယ့်ရဲ့ Heart Beat ကော စမ်းတဲ့စက်လုပ်တယ်။ ပိုက်ချိတ်ရသေးတယ်။ ဘာအတွက် ချိတ်ရလဲဆိုတာတော့ မသိဘူး။ ၀မ်းချူရတယ်။ ပြီးတော့ ဆီးပိုက်တပ်ရတယ်။ ဆီးပိုက်တပ်ပြီးရင် သွားလို့ မရတော့ ဘူး။ ဆေးရုံ ကုတင်မှာပဲနေပြီး သားအိမ်အမြန်ဆုံး 10 cm ပွင့်ပါစေဆိုပြီး စိတ်ထဲကနေ Count လုပ်နေတာ။ ၄နာရီကျတော့ 2 cm ပွင့်သွားပြီ။ Nurse ကလာမေးတယ်။ Pethidine ထိုးမလားတဲ့ 50% နာတာသက်သာမယ်ဆိုတော့ ထိုးမယ်ဆိုပြီး ပြောလိုက်တယ်။ နာတာသက်သာရင် ပြီးရောဆိုပြီး ဘာပြောပြော အကုန်ခေါင်းညိမ့်တာပဲ။ ရွေးထားတာ Epidural ပါ။ ဘာလို့ မမေး တာပါလိမ့်? ညာဘက်ပေါင်မှာ ထိုးပေးပါတယ်။ Nurse ကပြောတယ်။ ရောက်စနဲ့ မတူတော့ဘူး။ ရောက်စထက်ပိုပြီး သက်သာသွားတယ်။ မျက်နှာကြည့်တာနဲ့သိတယ်တဲ့။ ထိုးလည်းပြီးရော အိပ်ချင်လာတယ်။ အိပ်ချင်မယ်ဆိုရင် ဗိုက်ကနာလိုက် သံသရာကို လည်နေပါတယ်။
4:30 လောက်မှာ Nurse က အနာသက်သာအောင် ဘာကိုရွေးထားလဲဆိုပြီး လာမေးပါတယ်။ အဲဒီအချိန် သားအိမ်က 4 cm ပွင့်နေပါ ပြီ။ Epidural ရွေးထားတယ်ဆိုတာ ပြောတော့ ဆရာဝန် လာပြီးလုပ်ပေးပါတယ်။ Epidural က ၈၀% မနာကျင် စေပါဘူး။ Epidural မလုပ်ခင်မှာ လူနာက လက်မှတ်ထိုးရပါတယ်။ Spinal Cord ထဲကိုထိုးသွင်းတာ ဖြစ်တဲ့အတွက် Dangerous Stage ပါ။ ကျွန်မက Epidural ဘယ်လိုလုပ်သလဲဆိုတဲ့ အသေးစိတ်ကို www.youtube.com ကနေကြည့်ထားတာ။ စာအုပ်လည်းဖတ်ထားတာ။ ယောက်ျားကိုတောင် ပြောမိပါသေးတယ်။ မှားပြီလားလို့။ ဒါကြောင့် ရှေးလူကြီး များပြောကြတာ။ ကိုယ်ဝန်ဆောင်များ ၁နေ့ကို ၃ကြိမ် သချိုင်းကို မျက်စောင်းထိုး နေရတယ်။ Epidural ထိုးပြီးတော့ တော့်တော့်ကို သက်သာသွားတယ်။ 100% လောက်ကို သက်သာသွားတာ။ ကလေးလှုပ်တာလောက်ပဲ သိတော့တယ်။ အောက်ပိုင်းကထုံသွားတာ။ ခြေထောက် ခဏခဏလှုပ်ပေးနေတာ။ ဆေးကြောင့်ခြေထောက် ၁ခုခု ဖြစ်သွားမှာ စိုးရိမ်တယ်။ အိပ်ချင်နေပေမယ့် မအိပ်ဖြစ်ပါဘူး။ စိတ်ထဲမှာ အိမ်ကထွက်ကတည်းက အဂ်ုလိမာလသုတ်၊ မေတ္တသုတ်၊ သံဗုဒ္ဓေ မပြတ်ရွတ် နေတာ။ ၁ခါ၁လေ အဂ်ုလိမာလသုတ်နဲ့ မေတ္တသုတ်ရောရွတ်မိသေးတယ်။ ယောက်ျားကတော့ အဂ်ုလိမာလသုတ်ကို စာရွက်ကိုင်ပြီး ရွတ်နေလိုက်၊ Phone ပြောလိုက်၊ SMS ရိုက်လိုက်နဲ့။ အဖေကိုလည်း ဘယ်လိုနေသေးလဲ ဆိုတာ မေးရသေးတယ်။ အဖေက တော့ Lounge ထဲမှာ ၁ချိန်လုံးစောင့် နေတာ။ 8:30 AM မှာသားအိမ်က 6 cm ရှိတဲ့အချိန် ရေမြွှာလာဖောက်ပေးသွားတယ်။ ကလေးခေါင်းကိုလည်း စမ်းသေးတယ်။ ၁၁နာရီဆို သားအိမ်က 10 cm ပွင့်ပြီထင်ပါတယ်။ မွေးမယ့်အချိန်က အတော့်ကိုကြာ ပါတယ်။ ကလေးကလှုပ်မှ သားအိမ်က အမြန်ပွင့်မှာဆိုတော့ ကလေးလှုပ်ပါစေဆိုပြီး ဆုတောင်းနေရတယ်။ ရေမြွှာဖောက်ပြီး သွားတော့ ကလေးလေးဗိုက်ထဲ ရေမွှန်းသွား မှာစိုးရိမ်မိတယ်။ 11 AM မှာ သားအိမ်က 10 cm ပွင့်သွားပါပြီ။ မွေးဖို့စတော့မယ် ပေါ့၊ ဒါပေမယ့် ၁နာရီစောင့်ကြည့်ဦးမယ်လို့ ဆရာဝန်တွေကပြောသွားတယ်။ သြော် ... ဒါဆို ၁၂နာရီပေါ့။
၁၂နာရီရောက်တော့လည်း မမွေးသေး၊ အခန်းထဲကိုလာကြည့်တာလည်း အများကြီးပဲ။ ဆရာဝန်တွေကော၊ Nurse တွေကော။ ကိုယ်က အစမ်းသပ်ခံလေးပေါ့။ ၁၂နာရီကျော်ကျော်မှာ မွေးပုံမွေးနည်း စသင်ပေးပါတယ်။ အသက်ကိုပြင်းပြင်းရှူ ခဏရပ်ပြီး ပြန်ထုတ်တဲ့အချိန် ညစ်ရတာ ၁၀ကြိမ်ရေပါတယ်။ ၁၀ကြိမ်ပြည့်ရင် အသက်၁ခါ မြန်မြန်ပြန်ရှူပြီး ထိုနည်းအတိုင်း ဆက်လုပ်ရပါ တယ်။ Nurse ၁ယောက်က ဗိုက်ကိုဖိပြီး ညစ်ချပါတယ်။ အဲဒီလိုဗိုက်ကို ဖိချလေ အန်လေပါ။ မနက် ၂နာရီ ထဲကနေ ခုအချိန် ထိဗိုက်ထဲမှာ အစာ၁ခုမှ မရှိပါ။ နဂိုထဲက အစာအိမ်မှာ လေခံတဲ့ရောဂါရှိတော့ ပိုဆိုး။ အစာမရှိတဲ့အချိန် ဗိုက်ကိုလာဖိရင် ကျွန်မ အကျင့်က အန်တတ်ပါတယ်။ အန်နေတာတောက်လျောက်၊ မအန်အောင်ပိုက်ထဲဆေးထိုးပေးတယ်။ အန်တာရပ်တဲ့ဆေးလို့ ထင်ပါ တယ်။ ကလေးလှုပ်တဲ့အကြိမ်က ၁၅၀-၂၀၀ကြားမှာရှိပါတယ်။ တော်တော်ကိုပြင်းပါတယ်။ ဆေးအရှိန်ကြောင့်လှုပ်တာပဲသိနေတာ။ ကလေးကတဖြည်းဖြည်းအောက်ကို ဆင်းနေပြီဆိုတာကိုလည်း ခံစားရပါတယ်။ Nurse ကိုမေးကြည့်တော့ ဟုတ်တယ်တဲ့။ 12:45 PM မှာ မွေးဖို့စပါပြီ။ Nurse ပြောသလို မလုပ်နိုင်ပါဘူး။ ၂ခါပဲလုပ်နိုင်တယ်။ ၃ကြိမ်လုပ်ရင် မောတယ်။ အဲဒီမှာ ကလေးခေါင်းက ပြန်ဝင်လိုက်၊ ထွက်လာလိုက်ဖြစ်နေပြီလို့ ပြောကြတယ်။ ၃ခါလုပ်မှ ထွက်မှာတဲ့။ ငိုတောင်ငိုမိပါတယ်။ ပထမဆုံး ဆိုတော့ လုပ်ပုံလုပ်နည်းက မှားနေပါတယ်။ Nurse မွေးလမ်းကြောင်းချဲ့လိုက်တာလည်း မသိပါဘူး။ Operation လုပ်ရင် ကောင်းသားလို့ စဉ်းစားမိပါတယ်။ အဲဒီအချိန် သတိရလိုက်တာ အဖေနဲ့အမေကို စိတ်မှန်းပြီး ကန်တော့မိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ကိုမွေးခဲ့စဉ်က Epidural ရှိဦးမှာ မဟုတ်ပါဘူး။ နာတာဒီထက်ပိုဆိုးမှာပါ။ နောက်ဆုံးအားတင်းပြီး ၃ခါကို ၂ကြိမ်ပဲလုပ်လိုက်တာ မျက်စိဖွင့်အကြည့်မှာ ကလေးလေး ထွက်သွားပါပြီ။ ကလေးကိုမြင်လိုက်ရတဲ့အချိန် အရမ်းပျော်ပါတယ်။ ခံစားမှုကလေး၁ခုလည်းဖြစ်မိပါတယ်။ အဲဒီခံစားမှုက ပြောပြလို့လည်း မရပါဘူး။ ဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။ ကလေးကထွက်တာ နဲ့ငိုတော့တာ။ ငိုအောင်ရိုက်စရာလည်း မလိုပါဘူး။ အဖေကို Phone ဆက်ပြီးမွေးပြီဆိုတာ အကြောင်းကြားလိုက်ပါတယ်။ အဖေက ၁ချိန်လုံး Lounge ထဲမှာပဲနေနေတာ။
ကလေးကို အကုန်သန့်စင်ပေးပါတယ်။ ပြီးတော့ ကိုယ်ပေါ်ကိုပစ်တင်လိုက်ပါတယ်။ ကြောက်တာပေါ့။ ကလေးပြုတ်ကျမှာစိုးလို့ပါ။ ကလေးအလေးချိန်က 3090 grams ပါ။ ကြားလိုက်ရတော့ ပျော်မိပါတယ်။ ကိုယ်မှန်းထားတဲ့ အတိုင်းပဲပေါ့။ 3 kg ကျော်ရင် ကျွန်မကျေနပ်ပါတယ်။ ကျွန်မက လုပ်ပုံလုပ်နည်းမမှန်တော့ မွေးလမ်းကြောင်းချဲ့လိုက်ရတာ။ အမှန်မှန် လုပ်ပုံလုပ်နည်းမှန်ရင် မွေးလမ်းကြောင်းချဲ့စရာမလိုပါ။ ဆရာဝန်လာပြီး မွေးလမ်းကြောင်းကို ချုပ်ပေးပါတယ်။ ကိုယ်ပေါ်မှာတပ်ထားသော ပိုက်တွေအကုန် ဖြုတ်ပေးပါတယ်။ Nurse ၂ယောက်က ကလေးနို့တိုက်ပုံ တိုက်နည်းသင်ပေးပါတယ်။ ပြီးတော့ ထမင်းစားဖို့ လာပို့ပေးပါတယ်။ မစားနိုင်ပါဘူး။ ပါးစပ်ထဲမှာသာ ၀ါးနေပြီး အောက်ကိုမျိုချလို့ မရပါဘူး။ အစာအိမ်သမားဆိုတော့ ဒီအချိန်ဘာစားစား အန်မယ် ဆိုတာ သိနေပါတယ်။ ကလေးလေးကထားထားတဲ့နေရာမှာ ငြိမ်ငြိမ်လေးနေပြီး သူအဖေ့ကိုပြုံးလိုက်၊ ပုံစံအမျိုးမျိုး လုပ်ပြနေပါ တယ်။ 4 PM ကျော်ကျော်မှာ Ward ထဲကိုပြောင်းဖို့ စီစဉ်ကြပါတယ်။ ကလေးလေးကို ကျွန်မဘေးနားမှာထားပြီး ကုတင်ကို တွန်းသွားပါတယ်။ ကလေး ကိုတော့ ကလေးအခန်းထဲမှာ ထားပါတယ်။ ကျွန်မက B2 Class ကိုရွေးထားတာဆိုတော့ ၆ယောက် ၁ခန်းပါ။ ဆေးအရှိန် ကြောင့် အဖျားတက်လိုက်ပါသေးတယ်။ အန်လည်း ထပ်အန်ပါတယ်။ အစာအိမ်ရှိကြောင်း ရှင်းပြ ထားပါတယ်။ အစာအိမ်ကြောင့် အခုအချိန် ဘာမှစားလို့မရဘူးဆိုတာ ပြောပြထားပါတယ်။ Myanmar Nurse နဲ့တွေ့တော့ အစစအရာရာပြောပြပါတယ်။ ည ၈နာရီခွဲမှာ အဖျားကျသွားပြီး Milo နဲ့ Biscuit တောင်းစားလိုက်ပါတယ်။ ကလေးကတော့ ၂နာရီခြား ၁ခါနို့တိုက်ရပါတယ်။ အိပ်မယ် ကြံတိုင်း Nurse ကခေါ်နိုးပြီး နို့တိုက်လိုက်နဲ့ ဒီနေ့ဒီအချိန်ထိ အိပ်ရေးမ၀သေးပါဘူး။
မနက်ဆရာဝန်လာတော့ ကျွန်မကဆင်းလို့ရနေပြီး ကလေးက 24 Hours မပြည့်သေးလို့ ကလေးထားခဲ့ရမယ်၊ နောက်နေ့မှ ခေါ် လို့ရမယ်ဆိုတော့ ကျွန်မပါ နေလိုက်တော့တယ်။ ကလေးနှလုံးခုန်တာ မငြိမ်လို့ဆိုတာ လာပြောပါတယ်။ စိတ်ပူတတ်တဲ့ ကျွန်မ ဆေးရုံမှာ သင်တန်းတက်နေပေမယ့် နားက၀င်၁ချက်၊ မ၀င်၁ချက်။ ကလေးအခန်းနား ယောင်လည်လည်သွားလုပ်နေတော့ Nurse ကမြင်ပြီး ကလေးခေါ်ထုတ် ပေးပါတယ်။ ကလေးကို လုံးဝပြန်မပို့ပဲ ကျွန်မနားမှာပဲ ထားပါတယ်။ သူငယ်ချင်း လင်မယား၊ အဖေတို့က စားချင် တာစားရအောင် ဟင်းချက်ပေးလာကြပါတယ်။ ကျွန်မကချေးသိပ်များတာ။ ဆေးရုံက ကျွေးတာ ကလည်း မစား မနေ စားရသေးတယ်။ ဆေးရုံက Record မှတ်ထားတာလေ။ ည ၉နာရီမှာ ကလေးလာခေါ်သွားပါတယ်။ ကလေး ငိုသံကြား တိုင်း ကျွန်မ ကလေးများ ဖြစ်နေမလားဆိုပြီး ပူပန်မိပါတယ်။ အိပ်လို့လည်း မရပါဘူး။ ဒါဟာ မိဘမေတ္တာ ဆိုတာ လက်တွေ့သိခဲ့ ရပါပြီ။
နောက်၁နေ့ ကလေးဆရာဝန်နဲ့တွေ့တော့ ဆင်းခွင့်ပေးလိုက်ပါပြီ။ ကလေးက အသားဝါနေတာ Border Line မှာဆိုတော့ Poly Clinic မှာ ၂ရက် သွားပြဖို့ Date လုပ်ပါတယ်။ ကျွန်မက ဆင်းလို့ရပြီးရော၊ မစိုးရိမ်ပါဘူး။ ကျွန်မဘကြီးက ကလေး အထူးကုလေ။ ကျွန်မအရင်က "Singapore မှာ မိဘမေတ္တာတွေပျောက်ဆုံးနေပြီလား" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့ဘူးပါတယ်။ ဘကြီးကဖတ်မိတယ် ထင်ပါတယ်။ ဒါကြောင့် ကလေးမထိန်းတတ်တဲ့ကျွန်မကို ကလေးထိန်းနည်း၊ ကလေးပြုစုပုံပြုစုနည်းကို လေယာဉ်စရိတ်အကုန်အကျခံပြီး လာသင်ပေးတာပါ။ အဲဒီခေါင်းစဉ်က ကျွန်မခံစားချက်ကို ရေးထားတာပါ။ ဘယ်သူကိုမှ စောင်း မြောင်းပြီးရေးထားခြင်းလည်း မဟုတ်ပါဘူး။ ကျွန်မလို ကလေးတွေ ငယ်စဉ်ကတည်းက Psycho ၀င်သွားမှာစိုးရိမ်တဲ့ စိတ်နဲ့ ၁ချိန်မှာ ကလေးအဖေဖြစ်လာမည့် သူတွေ၊ ၁ချိန်မှာ ကလေးအမေဖြစ်လာမည့်သူတွေကို ရေးပြထားတာပါ။ အဲဒီခေါင်းစဉ်ကြောင့် ကျွန်မ Blogကို ၁လကျော်ကြာအောင် ပိတ်ခဲ့ပါတယ်။ အခုတော့ ပြန်ဖွင့်ပါပြီ။
NUHမှာ ကလေးမွေးပြီး ကုန်ကျစရိတ်က အားလုံးပေါင်း 1205.35 ပါ။ 3 Days and 2 Night ပါ။ အံတောင်သြော်ပါ တယ်။ တကယ်တမ်းကုန်ရမှာ 2792.76 ပါ။ Government Subsidized ရလို့နှုတ်ထားတာက 1587.40 ပါ။ S Pass, EP ကိုင်ထားသူများ ရိုးရိုးမွေးရင် ကုန်မှာက 2792.76 ပါ။ ၃၀၀၀ ၀န်းကျင်ပေါ့။
၁ပတ်ပြည့်တဲ့အချိန်မှာ ကလေးလေး အသားဝါလည်းပျောက်သွားပါပြီ။ နေလည်းကောင်းပါတယ်။ ရိုးရိုးမွေးတာ ၁ရက်ပဲခံရတာ။ ကျွန်မမှာ လုပ်ပေးမယ့်သူမရှိတော့ ကိုယ်တိုင်လုပ်နေရတော့ မီးနေသည်နဲ့တောင် မတူဘူး။ ရိုးရိုးသာမန်လူလိုပါပဲ။ ဒါပေမယ့် ၄၅ရက်ကျော်မှပဲ ဟင်းစချက်တော့မယ်။ အခုတော့ အပြင်ကပဲ ၀ယ်စားတယ်။
သတင်းလာမေးကြသော ၂ဖက်သူငယ်ချင်းများအားလုံးကို ဒီနေရာကနေပြီး အထူးကျေးဇူးတင်ရှိပါတယ်။
ဘကြီးက Feb 28၊ အဖေက March 6 က ပြန်သွားပါပြီ။ လင်မယား၂ယောက်ထဲ ကလေးလေးကို ပြုစုပျိုးထောင်ရင်းနဲ့ပဲ ၁နေ့တာ အချိန်တွေကို ကုန်လွန်စေပါတယ်။
Taxi နဲ့ NUH ကိုလာခဲ့စဉ်က ၃ယောက်၊ ဆေးရုံကအဆင်း Taxi ကားပေါ်မှာ ၄ယောက်၊ လင်မယား၂ယောက်မှာ ကလေး လေး၁ယောက် တိုးသွားပြီဆိုတဲ့ အသိက အတော် ကြည်နှုးပီတိ ဖြစ်ဖို့ကောင်းပါတယ်ရှင်။ အဖေ့မှာလည်း မြေးလေး၁ယောက် တိုးသွားပြီပေါ့။ သံယောဇဉ်ကြိုးလေး ၁မျှင်ရစ်ပတ်ခဲ့ရပြီ ...