Saturday, February 4, 2012

Abalone နှင့် အစိမ်းကြော်

ကျွန်မက အပတ်တိုင်း ကြာသပတေးညဆို ၁ပတ်စာ ၀ယ်ထားပါတယ်။ အိမ်နားက 24 Hours Fair Price မှာ ၀ယ်ရတာ ရိုးနေလို့ Fair Price Extra မှာ သွားဝယ်ပါတယ်။ အသား ငါးတွေက မတူတတ်ပါဘူး။ Fair Price မှာ မရှိတဲ့ အသား Fair Price Extra မှာ ရှိတတ်ပါတယ်။ ကျွန်မက ဂဏန်းချောင်း လက်မလောက်ကြီးရှိတာ ၀ယ်ချင်လို့ သွားတာပါ။ Fair Price Extra လဲရောက်ရော အရင်က ၃၀လောက်ပဲရှိတာ 56 လောက်ပေးရ တယ်။ အထုပ်သေးလေးတော့တွေ့တယ် 18.90 ဆိုတာနဲ့ နှမြောပြီး မ၀ယ်တော့ဘူး။ အဲဒါနဲ့ Abalone ကိုတွေ့တော့ ဈေးဘယ်လောက်လဲကြည့်လိုက်တော့ 5 ကျပ်ဆိုတာနဲ့ ၀မ်းသာအားရ၀ယ်လိုက်ပါတယ်။

ဒါနဲ့ အားလုံးဝယ်ပြီးလို့ Cashier မှာ ငွေရှင်းတဲ့အခါကျတော့ အားလုံးပေါင်း 110 လောက်ကျသွားတယ်။ ကျွန်မလဲ မျက်လုံးတော်တော်ပြူးသွားတယ်။ ကျွန်မတို့ အတွက် ၂ယောက်စာဆို ၁ပတ်မှ 30 လောက်ပဲကျ တာ။ ဒီ၁ခေါက်ဆီဝယ်တာနဲ့ ကျွန်မစားချင်တာ ၀ယ်တာနဲ့ ယောင်္ကျားစားချင်တာဝယ်တာ၊ သားသား စားချင် တာဝယ်တာနဲ့ ဆိုအားလုံးကျမှ 60 ကျော်ပေါ့။ အခုဟာက အများကြီးကျနေတယ်။ Voucher လာလို့ ဖတ်လိုက်တော့ Abalone ၁ခုထဲတင် 38.90 ဆိုတော့ ယောင်္ကျားကိုတောင် ခုဏက စာဖတ်လိုက်တော့ 5 ကျပ်ဆိုလို့ ၀ယ်လိုက်တာ။ ကျွန်မ မျက်စိရှန်းသွားတာလဲ ဖြစ်ပါလိမ့်မယ်။ မျက်မှန်ကလဲ ပျောက် သွားတော့ လောလောဆယ် မျက်စိမှုန်ချင်ချင် ဖြစ်နေတာ နေမှာပါ။ ယောင်္ကျားက စောစောက ဂဏန်းအချောင်း ၀ယ်လိုက်တာကမှ ဟုတ်ဦးမယ်တဲ့။ ရက်စက်ပါ့ပေ Abalone ရယ်။ အဲဒီနေ့က ဈေးကပြန် လာပြီး တော်တော်ရင်ခံသွားတယ်။


ကဲ ဟင်းချက်ဖို့ စတော့မယ်။ ပြင်ဆင်ထားရမှာက
- Abalone ၄ခု
- ကြက်သွန်နီ ၁လုံး
- ဂျင်း လက်၁ဆစ်
- ကြက်သွန်ဖြူ ၂မွှာ
- ကော်မှုန့် ဟင်းခတ်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် အကြည် လက်ဘက်ရည်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် အနောက် လက်ဘက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ပွအကြီး၁ခု ရဲ့ ၁၀က်
- ဗိုလ်စားပဲသီး ၁၅ခု
- ရွှေပဲသီး ၁၅ခု
- မုန်လာဥနီ ၁လုံးရဲ့ ၁၀က်
- Broccoli ၁ခုရဲ့ ၁၀က်
- ဆီ ဟင်းခတ်ဇွန်း ၃ဇွန်း
- ဆား အနည်းငယ်
- အချိုမှုန့် အနည်းငယ်


ကြက်သွန်နီ ၁လုံးကို ခွာပြီး ၄စိတ်စိတ်ထားပါ။ ကြက်သွန်ဖြူ ၂မွှာကို ဓားပြားရိုက်ပါ။ ဂျင်းလက်၁ဆစ်နွှာ ထားပါ။ ဆီထည့်ပြီး ကြက်သွန်နီ လေးစိတ်စိတ်ထားတာရယ်၊ ကြက်သွန်ဖြူ ၂မွှာ ဓားပြားရိုက်ထားတာ၊ ဂျင်းလက်၁ဆစ်ထည့်ပြီး ဆီသတ်ပါတယ်။ အနံမွှေးလာရင် Abalone ထည့်ပြီး ရေနွေးအနည်းငယ် ထည့်ပြီး နှုးအောင် အရင်လုပ်ပါတယ်။ ဆီပြန်ခါနီးအချိန်ရောက်ရင် မုန်လာဥနီ ထည့်ပါတယ်။ Broccoli ထည့်ပါတယ်။ ရွှေပဲသီး၊ ဗိုလ်စားပဲသီးထည့်ပါတယ်။ ငရုတ်ပွကိုနောက်ဆုံးမှထည့်ပါတယ်။ ၁ခုချင်းဆီကို ဖြည်းဖြည်းချင်းထည့်ပါတယ်။ နူး လာအောင် စောင့်နေတုန်းမှာ ကော်ရည်ဖျော်ပါမယ်။ ပန်းကန်၁ခုထဲ မှာ ကော်မှုန့် ဟင်းခတ်ဇွန်း၁ဇွန်း၊ ပဲငံပြာရည် အကြည် လက်ဘက်ရည်ဇွန်း ၁ဇွန်၊ ပဲငံပြာရည် အနောက် လက်ဘက်ရည်ဇွန်း ၁ဇွန်း၊ ဆား၊ အချိုမှုန့်ထည့်ပြီး ကော်ရည်ဖျော်ပါတယ်။ ကော်ရည်ဖျော် ပြီးတာနဲ့  လောင်းထည့်ပြီး ဇွန်းနဲ့ မွေပြီးရင် ရေနွေး အနည်းငယ်လောင်းထည့်ပြီး ရေနည်းနည်းချန်ပြီးရင် ချလို့ရပါပြီ။

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, January 28, 2012

၂နှစ် မပြည့်ခင် အရွယ်

သားသားအကြောင်း ရေးမယ်ဆိုပြီး အချိန်ယူနေတာ အတော်ကြာသွားတယ်။ သားသားကို 16 Dec 2011 ကစပြီး NTUC Day Care စထားနေပါပြီ။ သားသားကို 1 Dec 2011 စထားမယ်ဆိုပြီး စီစဉ်ထား တာ ကျောင်းက အဲဒီမတိုင်ခင် ကြိုဖုန်းဆက်ပြီး Hand Foot Mouth Disease အဖြစ်များနေလို့ ၁၅ရက်ရွှေ့ပေး ပါဆိုပေမယ့် ၁၅ ရက်နေ့မှာ သားသား ဖျားနေတာနဲ့ပဲ ၁၆ရက်နေ့မှ စဖြစ်တယ်။ Full-Time ထားတာပါ။ Full-Time ပဲထားလို့ရပါတယ်။


၁နှစ်နှင့် ၈လ အရွယ်

NTUC Day Care မှာ Full-Time ကို ကျောင်းလခက ၁လ ၆၄၀ပါ။ ဒါအပြင် သားသား က ကျောင်းမှာ ကျောင်းတက်နေစဉ် ရုတ်တရက် ဖျားတာ၊ ထိခိုက်လို့ ဆေးခန်းသွားရတယ် ဆိုရင် ဆေးခန်းသွားရတဲ့ စရိတ်ပါ ထပ်ထည့်ပေးရပါတယ်။ ကျောင်းဝတ်စုံဖိုး၊ အိပ်ရာခင်းဖိုး မပါသေးပါဘူး။ ပထမလ ကျောင်းစတက်တက်ချင်းမှာ ကုန်ရတာပါ။ သားသားကျောင်းမှာ တက်တဲ့  ကလေးတိုင်း အိမ်ကမုန့်ယူလာခွင့်မရှိပါဘူး။ အားလုံး Equal Opportunities ပဲထားပါတယ်။ ကျောင်းကပဲ အကုန်ကျွေးပါတယ်။ ကလေးဖိနပ်၊ ကျောပိုးအိတ်၊ အကျီ၊ နို့ဗူး၊ Diapers ထည့်ပေးရပါတယ်။ သားသား နာမည်ပါ မှတ်ပေးလိုက်ရပါတယ်။ ဥပမာ ကလေးဖိနပ်မှာ Mickey ဆိုပြီးမှတ်ထားပေးရပါတယ်။ ၁ချို့ ကလေးတွေက ဖိနပ် လှတာမြင်ရင်ကောက်ဝတ်သွားတတ်လို့ပါတဲ့။ မနက်ကို သားသား အဖေက ပို့ပါတယ်။ ကျွန်မရုံး ကဝေးတော့ သားသားကို အိပ်ချိန်လဲပိုရအောင် ကျွန်မ တာဝန်က ညနေပိုင်းတာဝန်ပါ။ ကျောင်းက မနက် ၇ နာရီကနေ ည ၇နာရီပါ။ စနေဆိုရင် မနက် ၇နာရီကနေ နေ့လည် ၂နာရီအထိပါ။ မနက်စာ စားချိန်က 8:15 AM ပါ။ သားသားကို မနက်စာ စားပြီးမှကျောင်းပို့ပါတယ်။ ကျောင်းရောက်ရင် ဆရာမတွေက အဖျားတိုင်း လက်ဆေးပြီးမှ ၀င်ရပါတယ်။

သားသားကျောင်းမှာ  သူငယ်ချင်းတွေနဲ့ ကစားနေချိန်           

သားသားက အစပိုင်း ၂ပတ်ကျော်ကျော်လောက် ငိုပါတယ်။ နောက်ပိုင်း မငိုတော့ပါဘူး။ ခပ်တည်တည်ပဲ ၀င်သွားပါတယ်။  သားသား ကို ကျောပိုးအိတ်ထဲမှာ ရေဗူး၊ နိှု့ဗူးက ၂ဗူး (၁ဗူးကို နို့မှုန့် ၇ဇွန်း ထည့်ထားတယ်ဆိုတာ ၇ နေရာမှာ မှတ်ပေးထားရပါတယ်)၊ အကျီ ၂စုံ၊ Diapers ၃ခု၊ မျက်နှာသုတ်ပ၀ါ အလတ် ၁ခု၊ ပလပ်စတစ်အိတ် ၁ခု (ရေစိုအ၀တ်ပြန်ထည့်ပေးဖို့) မနက်ကျောင်းမသွားခင် ပြင်ဆင်ပေးရ တာပါ။ မနက်ဆိုပေမယ့် ကျွန်မက နို့ဗူး နဲ့ ရေဗူးက လွှဲလို့ အကုန်ညကတည်းက ပြင်ထားပေးပါတယ်။ သားသားကို Sunday ကနေ Thursday အထိ ညဆို ၁၀နာရီရောက်ရင် အိပ်ခိုင်းပါတယ်။ မနက်ဆိုရင် ၈နာရီမထိုးခင် သားသားကို နိုးပါ တယ်။ ကျောင်းရောက်ပြီဆိုတာနဲ့ အဖျားတိုင်း လက်ဆေးပြီးတာနဲ့ အထဲဝင်ပြီး ဆော့ရပါတယ်။ သီချင်းတွေဆိုရ တယ်။ စုပေါင်းပြီး ကစားရတယ်။ ၁၁နာရီမှာ ထမင်းကျွေး ပါတယ်။ ကိုယ့်ဟာကိုယ်ဇွန်း နဲ့စားရ တာပါ။ ထမင်းစားပြီးရင် အလှည့် ကျ ရေချိုး ရပါ တယ်။ ရေချိုးပြီး ကစားရပါတယ်။ ၁၂နာရီခွဲမှာ အိပ်ရပါတယ်။ ကျွန်မက ၁၂နာရီခွဲ အထိပဲကျောင်း မှာ နေဖူးတော့ အဲဒီအချိန်ထိပဲ သိပါ တယ်။ ကျောင်းက ရေလဲ အလှည့်ကျ ချိုးပေးပါတယ်။ ၁နေ့ကို ၁ကြိမ် မဖြစ်မနေ အိပ်ရပါ တယ်။ ကျောင်းထားလိုက်တော့ သားသားက သူကိုယ်တိုင် လုပ်ရပါတယ်။ ထမင်းကို ဇွန်းနဲ့ကိုင်ပြီး စားရပါ တယ်။ သားသားကို အိမ်မှာ ခွံကျွေးတော့ သားသားက မစားတတ်သေးတော့ နည်းနည်းပဲစားတယ်။ အခုနောက်ပိုင်း စားတတ်လာပြီလို့ ဆရာမတွေက ဖုံးဆက်ပြီး ပြောပါတယ်။ သားသားက ကျောင်းကကျွေးတဲ့ အစားကို ဂျီးမများပါဘူး။ အကုန်စားပါတယ်။ ဇွန်းနဲ့ စားရတာလေ ၁ခုပဲ။ သားသားကို အဲဒီလို ကျောင်း ကသင်ပေးလိုက်တဲ့ အတွက် အိမ်ရောက်ရင် သားသားကို မုန့်ကျွေးမယ်ဆိုရင်တောင် ကိုယ်တိုင်ယူရမှ စားပါတယ်။ ယူပြီးပေးလို့ကတော့ မစားပါဘူး။ စကားလဲ လိုက်ပြောတတ်လာပါတယ်။
Marche' သွားစားတုန်းက

သားသားကို စထားတော့ မနက်ကနေ ၁၂ခွဲထိပါ။ ၂ပတ်ခွဲလောက်ကျင့်ပြီးတဲ့ အချိန်မှာ နောက် ၃ပတ်မြောက်မှာ မနက်ကနေ ၄ခွဲထိပါ။ Maid ကို Feb 2011 ကစခေါ်ထားတော့ Maid ကပဲကြိုပါတယ်။ သားသားလဲကျောင်းမှာ အသားကျသွားလို့ Maid ကိုအပြီးပြန်ပို့လိုက်ပါပြီ။ သားသားကို ပညာကို အရမ်းတတ်စေချင်တယ်။ အဓိက က Singapore မှာနေတော့ Mandarin လိုပြော တတ်စေချင်တာ။ အဲဒါကြောင့် Full-Time ရွေးတာ။ ကျောင်းက ပြတင်းပေါက်တွေဖွင့်ထားတော့ သူတို့တွေ ကလေးတွေကို ဘယ်လို ဂရုစိုက်လဲ ဆိုတာ မြင်ရတယ်။ သားသားက အခုဆို ကျောင်းတက်တာ ၁လခွဲပဲ ရှိ ပါသေးတယ်။ ကျောင်းနဲ့ အသားသိပ်မကျသေးပေမယ့် စထားခါစနဲ့ ယှဉ်ရင် အသားကျလာပါပြီ လို့ ပြောရ မယ့် အခြေအနေမှာ ရှိပါတယ်။ သားသား ကျောင်းက ကလေးအတွက်ဆိုပြီး Record Book လေးပေးပါတယ်။ သားသား ဘယ်လောက်တိုးတက်နေပြီလဲ မိဘတွေက ဘာဖြစ်ချင်သလဲဆိုတာ ရေးပေးရတာပါ။ ၁၈လကစပြီး ကျောင်းကြီး မသွားခင်အထိထားလို့ရပါတယ်။ ၁၈လမပြည့်ခင် ၁နှစ်ကြိုပြီး စာရင်းပေးသင့်ပါတယ်။ Registerd လုပ်ပြီးတိုင်း ကျောင်းက ချက်ချင်းတက်လို့ မရပါဘူး။ အနည်းဆုံး ၁နှစ်စောင့်ရပါတယ်။
Vivo City ဆင်ရုပ်ရှေ့တွင်

သားသားကျောင်းအကြောင်းရေးပြီးသွားပြီဆိုတော့ သားသားအမူအကျင့်တွေရေးဦးမယ်နော်။ သားသားက စိတ်ကောက်တတ်တယ်။ သားသားကို ဆူရင်ပဲဖြစ်ဖြစ်၊ မျက်နှာအနေအထားနဲ့ ပြောရင်ပဲဖြစ်ဖြစ် မရပါဘူး။ သားသားက ၁ဖက်ကို မျက်နှာလွှဲသွားပြီး ကိုယ်လုံးကို ထိုင်ချရင်ထိုင်ချ၊ ထိုင်မချရင် အိပ်ပြီး မျက်လုံးမှိတ်ပြီး မျက်လုံးကို ပေကလပ် ပေကလပ် လုပ်ပြ၊ မျက်လုံးပုံစံကို အမျိုးမျိုးလုပ်တတ်ပါတယ်။ ဘယ်ကတတ်လာမှန်း မသိပါဘူး။ သားသား အဲဒီလိုလုပ်နေပြီဆိုရင် သားသား အလိုမကျမှန်း စိတ်ကောက်နေမှန်း သိပါတယ်။ သားသားက အမှတ်လဲကြီးတယ်။ သားသားကို ဆူထားရင် အဲဒီဆူထားတဲ့သူ ကို သားသားက ဘယ်လိုမှ မကြည်ပါဘူး။ စိတ်ထဲမှတ်ထားပါတယ်။ တော်ရုံခေါ်လို့မရပါဘူး။ သားသားကို ပြန်ကြည်ရေးအတွက် ၃ ၄ ၅ရက်လောက် ကြာတတ်တယ်။


IMM တွင် Chirstmas ၀န်းကျင် အမှတ်တရ

သားသားက Hi5 လို့ပြောလိုက်တာနဲ့ လက်၅ချောင်းနဲ့ လက်ချင်းရိုက်တတ်ပါတယ်။ အဲဒါကတော့ ကျောင်းက တတ်လာတာ။ ABC သီချင်းဖွင့်ထားရင် စကားသိပ်မပြောတတ်ပေမယ့် သီချင်းအတိုင်းလက်ဆိုတတ်ပါ တယ်။ အဖိုးက အလိုလိုက်ပြီး သူ့ IPad 1 လေး ပေးထားပါတယ်။ ကျွန်မက သူ့အတွက် Free Software တွေဝယ်ထည့်ပေးထားပါတယ်။ ဥာဏ်ရည်တိုးစေမယ့် Software တွေကိုတော့ သိပ်ဈေးမကြီးရင် ၀ယ်ပေးလိုက်ပါတယ်။ သားသားက Youtube ထဲက Mickey-Mouse Clubhouse ကို အရမ်းကြိုက်ပါတယ်။ IPad ကိုလည်း ကောင်းကောင်းသုံးတတ်တယ်။ IPad ကို အမြဲတမ်းပေးမသုံးပါဘူး။ ည ၈ နာရီကနေ ၁၀ နာရီ အထိပဲပေးသုံးပါတယ်။ သားသား မျက်စိပျက်မှာစိုးလို့ပါ။ အိမ်မှာ Phone လာရင် သားသားကပါပြောလိုက်ရမှ။ သားသားကိုပေးမပြောလို့ကတော့ အရမ်းကို ဂျီကျတတ်ပါတယ်။ ကျွန်မအဖေအလည်လာပြီး ပြန်သွားတုန်း က IPad ထဲမှာ အဖေ့ ဓာတ်ပုံတွေရှိတော့ သားသားက ညတိုင်း ဓာတ်ပုံကြည့်ပြီး ဖိုးဖိုး ဆိုပြီး ညတိုင်းခေါ် တယ်။ Skype ဖွင့်လိုက်ရင်လည်း ဖိုးဖိုးပဲ။ ဖိုးဖိုးကိုတွေ့လိုက်လို့ကတော့ ခုန်ပေါက်နေတော့တာ။ သားသား က ကျောင်းစတက်လိုက်တာ စကားကို သင်ပေးရင် ၂လုံးလောက် လိုက်ပြောတတ်လာတယ်။ အကုန်လုံး နားလည်ပါတယ်။ စကားမပြောတတ်သေးတာ ၁ခုထဲပါ။ English လိုပြောရင်လဲ နားလည်ပါတယ်။ Chinese လိုပြောရင် နားမလည်ပါဘူး။ ကျောင်းက ဆရာမတွေက Chinese လိုပဲပြောနေတော့ သားသားခမျာ ဘာမှနားမလည်ပါဘူး။ သားသားက မျက်မှန်အရမ်းကြိုက်ပါတယ်။ Restaurant တွေမှာ သွားစားရင် သားသားအတွက် အအေးအရင်မှာရတယ်။ ဒါမှငြိမ်တာ။ ၁ခါ၁လေ IPad ယူသွားပေးလိုက်တယ်။ အပြင်မထွက်ခင် သားသားကို ထမင်းအရင်ကျွေးတတ်တော့ သားသားက အပြင်စာ စားလေ့စားထမရှိပါဘူး။ သားသားကို မနက်စာ ၁ကြိမ် Biscuit ကို နို့နဲ့ခြေပြီး ကျွေးရင်ကျွေး၊ Cereal ကျွေးပါတယ်။ ထမင်း ၁ခါကျွေးရင် ကလေး ပန်းကန်နဲ့ ၁ပန်းကန်ခွဲစားတယ်။ ၁နေ့ကို ထမင်း ၂ကြိမ်ကျွေးတယ်။ ကြားထဲမှာ နို့သောက်တယ်။ သားသားကိုမွေးကတည်းက နို့မှုန့်ဗူး ၁လ ၅ဗူးဝယ်ရတယ်။ အခုလဲ အရင်အတိုင်းပဲ။ သားသားက နို့အရမ်း ကြိုက်တယ်။ ဖြတ်လို့မရသေးဘူး။ ညဆိုရင် သားသားက Snack စားတယ်။ အာလူးကြော်လဲ အရမ်းကြိုက် တယ်။ ဈေးသွားရင် အားလူးကြော်ထုတ် မြင်ရင် သွားဆွဲယူတာ။ ညရောက်တိုင်း အစားက ၁ခုပြီး ၁ခုပဲ။ အိပ်ခါနီးမှပဲ စားတာရပ်တော့တယ်။ သားသားက ကျွန်မတို့ဘက်လိုက်မယ်ထင်တယ်။ အစားအများကြီး စားပြီး မ၀ဘူး။ ကိုယ်လုံးကိုယ်ပေါက် အနေတော်ကလေးပဲ။

ဟေ ဘာကြည့်တာလဲ မကြည့်နဲ့ သားသားရှက်တယ်

သားသားက သူ့ ဆံပင်ကို ကိုင်ရင် မကြိုက်ပါဘူး။ ဆံပင်ညှပ်တဲ့ အချိန်ရောက်တိုင်း ကျွန်မ အရမ်းစိတ်ညစ်ရတာ။ ၀က်ဝက်ကွဲအောင်ကို ငိုတော့တာ။ သားသားကို ဆံပင်ညှပ်မယ့် ဆံပင်ညှပ်သမား က ယောင်္ကျားဖြစ်ပြီး လက်ရဲ ဇက်ရဲ ဖြစ်ပြီး ညှပ်တာ မြန်ရပါ့မယ်။ ၁ခါတုန်းက EC ဆံပင်ညှပ်ဆိုင်မှာ မိန်းမ ညှပ်တာ ၅ချက်လား ညှပ်လိုက်တယ်။ ၁၀ လဲကုန်တဲ့ အပြင် ဆံပင်က ဒုန်းရင်း ကဒုန်းရင်းပဲမို့ လို့ ယောင်္ကျားလေးကိုရွေးရတာပါ။ EC ဆံပင်ညှပ်ဆိုင်မှာ ကောင်လေး၁ယောက်ရှိတယ်။ သူနဲ့ပဲ သားသားကို ညှပ်တယ်။ သားသားအကြောင်းလဲ သိတယ်။ ညှပ်တာလဲမြန်တယ်။ ကျွန်မက အတိုဆုံးလို့ပြောပြီး ညှပ်ခိုင်းတော့တာ။ 15 Mins လောက်က world ပျက်မတတ်ပဲ (ပဆင့်တွေနဲ့မရိုက်တတ်လို့ပါ)။ သားသားရဲ့ ဆံပင်ကလည်း တအားသန်တာ လွန်ခဲ့တဲ့ ၂ပတ်ကညှပ်ထားတာ အခုတော်တော်ရှည်နေပြီ။ အရမ်းတို ကပ်နေအောင် ညှပ်ထားလို့တော်သေးတာ။ သားသားကို ခေါင်းလျော်မယ့် အချိန်ရောက်ရင်လဲ အငြိမ် မနေဘူး။ အော်ပြီးသောင်းကျန်းတာ။ 5 Mins အတွင်းအပြီးလျော်ရတယ်။ Kiddy Palace ဆိုင်ရောက် သွားလို့ ကတော့လိုချင်တာရှိရှင် ပူဆာတယ်။ မရလို့ကတော့ အိပ်ချတော့တာ။ အဲဒီလိုဆိုးလာတာ။ ကျွန်မက သားသားကို လတိုင်း ပုံမှန်ဝယ်ပေးပါတယ်။ ၁လကို ၄၀ ၀န်းကျင်လောက်ပါပဲ။


Vivo City တွင် ကားစီးရတာ ကြိုက်သော Mickey

သားသားက Vivo City မှာ ရှိတဲ့ Battery နဲ့ Car စီးရတာ အရမ်းသဘောကျတယ်။ အစက သားသားကို ကစားကွင်းမှာ ပေးဆော့ခိုင်းတာ ကလေးတွေကားစီးနေတာ မြင်တော့ အတင်းပြေးဆင်းသွားပြီး စီးမယ် ဖြစ်နေတာ နဲ့ပေးစီးလိုက်တာ။ 5 Mins ၅ကျပ်ပေးရတယ်။ အဲဒီနေ့က 10 Mins စီးခဲ့တယ်။ Vivo City ရောက်ရင် သားသားကားစီးမလားဆိုတာနဲ့ သားသားက သဘောပေါက်တယ်။ စကားမပြော တတ်ပေမယ့် မပို့ပေးလို့ကတော့ အမူအရာနဲ့သောင်းကြမ်းတော့တာ။ သားသားက IPad လိုချင်ရင် Pad Pad တဲ့။ နေကြာစေ့ စားချင်ရင်ပဲဖြစ်ဖြစ်၊ ကွာစေ့စားချင်ရင်ပဲ ဖြစ်ဖြစ် ကွာကွာတဲ့။ ဖိုးဖိုးနဲ့ Skype ကနေ စကားပြောရင် အာဘွားပေးလိုက်ဆိုရင် Monitor အနားသွားပြီး Monitor ကြီးကို ဖိုးဖိုးအမှတ်နဲ့ အာဘွားတဲ့။ ညတိုင်း ကျွန်မက မြင်းစီးမယ်ဆိုရင် ကျွန်မ နောက်ကြောကို ခွတက်တက်တယ်။ သားသားက အဖေဆိုရင် ပင်ပန်းတာတွေ မခိုင်းဘူး။ ကျွန်မပဲ ခိုင်းတာ။ တကူးကူးဆိုတာနဲ့ ခြေထောက် ၂ချောင်းကို လာခွတော့တာ။ သားသား တကူးကူး လာစီးရင် ကျွန်မခြေထောက်နာတယ်လေ။ သားသားက ဂျွမ်းလဲ ကောင်းကောင်း ထိုးတတ်တယ်။ အချိန်တိုင်းလုပ်နေလို့ ကြည့်နေရတယ်။ အဖေ ကိုခေါ်တာ Dad Dad တဲ့။ အမေကို ခေါ်တာ ကျတော့ နေနေတဲ့။ ၁ခါ၁လေကျမှ မေမေတဲ့။


သားသားရဲ့ Own Style (Marina Square တွင်)

သားသားက သူ့ကို ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ထိုင်ချလိုက်ပါတယ်။ အဲဒီ အပေါ်ပုံကလို ပုံစံမျိုးပဲ။ Camera မြင်တိုင်းရိုက်ခိုင်းတော့တာ။ ရိုက်ပြီးပြီဆိုရင်လဲ ပြရသေးတယ်။ သားသားက Youtube ထဲမှာ ကလေးတွေ ရယ်နေတာ တွေ့ရင် အရမ်းသဘောကျတာ။ သားသားပါ အဲဒီ အထဲကအတိုင်း လိုက်ရယ်တာ။ ဘယ်နှစ်ကြိမ် ကြည့်ကြည့် ဘယ်တော့မှမရိုးဘူး။ Angry Bird လဲဆော့တတ်တယ်။ Level 1 လောက်တော့ နိုင်တယ်။ သားသားက သူရှုံးတဲ့ဟာတွေဆိုရင် အဖေကို ကစားခိုင်းတယ်။ Bunny Game လဲကြိုက်တယ်။ အခုနောက်ပိုင်း သားသားဆော့နေတာ ABC Puzzle နဲ့ Kids Song ပဲ။ သူ့ကို ၁လ ၁ခါ Game လေးတွေ ရှာပြီးထည့်ပေးထားတယ်။ ပိုက်ဆံဝယ်ရတဲ့ A/C တွေကိုတော့ ပိတ်ထားတယ်။


သားသား ၂နှစ်ပြည့် မွေးနေ့ အကြိုဝယ်ပေးထားတာ


ကျွန်မကတော့ အခုအချိန်မှာ သားသားကို စကားပြောပြီး နားလည်တတ်တဲ့အရွယ်ရောက်ချင်နေပြီ။

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Tuesday, January 10, 2012

ရခိုင်မုန့်တီသုတ် နှင့် ရခိုင်မုန့်တီအရည် (ရခိုင် style ရှုးရှဲ)

ရခိုင်မုန့်တီ အရည် နှင့် ရခိုင်မုန့်တီ အသုတ်

အခုတလော မုန့်တီသုတ်ကို ရခိုင်လို ရှုးရှဲစားချင်နေတာနဲ့ချက်လိုက်တာပါ။ အဲဒီနေ့က တကယ့်ရှုးရှဲပါပဲ။ စားလို့လဲကောင်းမှကောင်းပါ။ မင်းလမ်းကိုတောင်သတိရမိသေးတယ်။

Seabass ငါးအသေး၁ကောင်ဝယ်ပြီးသန့်စင်အောင်၁ခါထဲဆေးခိုင်းလိုက်ပါတယ်။ Seabass ငါးကို ဓားနဲ့စောင်းစောင်းမွှန်းပါတယ်။ ဆား၊ အချို့မှုန့်နှယ်ပြီး စပါးလင်၁ချောင်းကို ၃ပိုင်းပိုင်းပါတယ်။ ဂျင်းလက် ၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာကိုထောင်းထားပါတယ်။ အိုးထဲမှာ ရေ၁၀က်ထည့်ပြီး ဆူအောင်တည် ပါ တယ်။ ရေဆူလာရင် ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ၃မွှာ ထောင်းထားတာထည့် ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ အနံပျောက်မှ Seabass ငါးထည့်ပါတယ်။ မိနစ် ၂၀လောက် ပြုတ်ပါတယ်။ ငါးအသားနွှင်ပါတယ်။ Seabass ငါးကို ၃/၄ ပုံ၊ ၁/၄ ပုံဖယ်ထားပါတယ်။

ရခိုင်မုန့်တီအရည်တည်နည်း

ရခိုင်မုန့်တီအရည် အတွက်ပြင်ထားပုံ

ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာထပ်ထောင်းပါတယ်။ဒယ်အိုးထဲတွင် ရေ၁၀က် ထည့်ပြီး ဆူအောင် တည်ပါတယ်။ ရေဆူလာရင် ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာ ထောင်းထားတာထည့်ပါတယ်။ ငါးပိစိမ်းစား အနည်းငယ်ထည့်ပါတယ်။ အနံပျောက်ရင် Seabass ငါးကို ၃/၄ ပုံထည့်ပါတယ်။ ဆား၊ အချိုမှုန့်ထည့်ပါ တယ်။ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပါတယ်။

ရခိုင်မုန့်တီသုတ် ရှူးရှဲပြင်နည်း

ရခိုင်မုန့်တီသုတ် ရှုးရှဲ အနီးကပ်


မုန့်ဟင်းခါးခြောက်ကိုရေစိမ်ထားပါတယ်။ ဒယ်အိုးထဲမှာ ရေထည့်ပြီး ရေပွက်ပွက်ဆူလာရင် ရေစိမ်ထားသော မုန့်ဟင်းခါးခြောက်ထည့်ပါတယ်။ ၈မိနစ်ဆိုရင်ဆယ် ပြီး ရေစစ်ထားပါ။

ငရုတ်သီးစိမ်းတောင့် ၃၀တောင့်လောက်ကို ဒယ်အိုး၁လုံးထဲထည့်ပြီး လှော်ပါ။

ကြက်သွန်ဖြူ ၁မွှာကို မီးဖုတ်ပါ။

လှော်ထားသော ငရုတ်သီးစိမ်းတောင့်၊ မီးဖုတ်ထားသော ကြက်သွန်ဖြူ ၁မွှာကို ထောင်းပါ။

မန်ကျည်းမှည့် အနည်းငယ်ကို ရေနွေးဖျော်ထားပါ။

ကြက်သွန်ဖြူ ၅မွှာကို ပါးပါးလှီးပြီး ကြက်သွန်ဖြူဆီချက် ချက်ထားပါ။
- နံနံပင်
- ဆား
- အချိုမှုန့်
- ပဲမှုန့်

စားမယ့်ပန်းကန်ထဲတွင် မုန့်ဖတ်ထည့်၊ Seabass ငါး ၁/၄ ပုံထည့်၊ အစပ်အနည်းငယ် (လှော်ထောင်းထားသော ငရုတ်သီးစိမ်းတောင့်၊ မီးဖုတ်ထားသော ကြက်သွန်ဖြူ ၁မွှာ)၊ (ကြိုက်တတ်ရင် ငပိထောင်း အနည်းငယ် ထည့်လို့ရပါတယ်)ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ပဲမှုန့် အနည်းငယ်၊ မန်ကျည်းမှည့် အနည်းငယ်၊ နံနံပင်အနည်းငယ်၊ ကြက်သွန်ဖြူဆီချက် အနည်းငယ်၊ ငါးဖယ်ကြော် ၁ခု (ကျွန်မက ငါးဖယ်ကြော် ထည့်ပြီးသုတ်စားပါတယ်) ထည့်ပြီး သုတ်ထားတာပါ။

အရင်ကလည်း ရခိုင်မုန့်တီ - အာပူလျှာပူ အကြောင်းရေးဖူးပါတယ်။ ဒီမှာပါ။

Blog လာလည်သူ အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....

Sunday, December 4, 2011

ကြက်ဥဟင်း ဆီပြန် ရေကျန်


ပြင်ဆင်ထားရမှာက -
ကြက်ဥ - ၅လုံး
ကြက်သွန်နီ - ၁လုံး
ကြက်သွန်ဖြူ - ၂မွှာ
ဂျင်း - လက်၁ဆစ်
ကုလားလေး မဆလာ - လက်ဘက်ရည်ဇွန်း ၁ဇွန်း
ဂေါ်ရံကြီး မဆလာ - အနည်းငယ်
အရောင်တင် မဆလာ - အနည်းငယ်
အနံချွတ် မဆလာ - အနည်းငယ်
ခရမ်းချဉ်သီး အလတ် - ၁လုံး
ဆီ - ဟင်းခတ်ဇွန်း ၄ဇွန်းခွဲ (ဟင်းခတ်ရင် ယူသုံးလေ့ရှိတဲ့ဇွန်းမျိုး)
ဆား - အနည်းငယ်
အချိုမှုန့် - အနည်းငယ်
မန်ကျည်းမှည့် - အနည်းငယ်
အရောင်တင်မှုန့် - အနည်းငယ်

ကြက်ဥ ၅လုံးကို ပြုတ် အခွံခွာပြီး ထက်ခြမ်းခြမ်းထားပါတယ်။ ကြက်သွန်နီ ၁လုံးကို ပါးပါးလှီး၊ ကြက်သွန် ဖြူ နှင့်ဂျင်းကို ညက်ညက်ထောင်းပါ။  ခရမ်းချဉ်သီး ပါးပါးလှီးထားပါ။။ ဆီထည့်ပြီး ဆီကျက်ပြီဆိုရင် ကြက်သွန် နီ ပါးပါးလှီးထားတာ ထည့်ပါ။ ကြက်သွန်နီ နွမ်းမှ ဂျင်း ကြက်သွန်ဖြူထောင်းထားတာထည့် ပါ။ နွမ်း ရင် အရောင်တင်မှုန့် အနည်းငယ်ထည့် ပါ။ ခရမ်းချဉ်သီး ပါးပါးလှီးထားတာ ထည့်ပါ။ ခရမ်းချဉ်သီး နွမ်းပြီ ဆီပြန်လာပြီဆိုရင် ကြက်ဥ ထက်ခြမ်းခြမ်းထားတာ ထည့်ပါ။ မန်ကျည်းမှည့်ကို ရေနွေးဖျောပြီးထည့်ပါ။ ဆား၊ အချိုမှုန့်၊ မဆလာ၎မျိုးထည့်ပါ။ (မဆလာ အမည်များကို နောက်မှပြောပြပါမယ်)။ ဆီပြန်လာပြီဆို ရင် ရေနွေး ကို ကိုယ်ကြိုက်ရာအနေအထားထည့်ပြီး ပွက်ပွက်ဆူလာရင် ချလို့ပါပြီ။

Friday, December 2, 2011

မွေးနေ့လက်ဆောင်

ကျွန်မမွေးနေ့လက်ဆောင်အဖြစ် ကျွန်မ ခင်ပွန်းဆီက ဒီပန်းစည်းလေးပေးပါတယ်။ တန်ဖိုးမရှိပေမယ့် ဒီပန်းစည်းထဲမှာ အဓိပ္မာယ်ပေါင်းများစွာ ပါဝင်ပါတယ်။ Romantics ဆန်ဆန်လေးဆို ကျွန်မက အရမ်း ကြိုက်တယ်။ ၁ခါထဲမေ့လို့မရအောင်စွဲသွားတာမျိုး။ နှလုံးသားထဲမှာ အမြဲအမှတ်တရဖြစ်နေမှာပါ။ ကျွန်မ ကိုမေးစဉ်က နှင်းဆီပန်းအနီက အချစ်ကို ကိုယ်စားပြုတာဆိုတော့ ဒီပန်းစည်းလေးက အချစ်တွေ အမုန်းတွေ မပါပါဘူးတဲ့။ အရင် စဉ်းစားကြည့်ကြပါလား။ ပြီးမှအဖြေကိုဖတ်နော်။

သူရေးပေးထားတဲ့ အတိုင်းပြန်ရေးပေးလိုက်တယ်နော် .....

ဒီပန်းစည်းလေးက ကိုတို့ရဲ့ မိသားစုဘ၀ကိုကိုယ်စားပြုတာ။ ပန်းစည်းထဲမှာပါတဲ့ ပန်း၃ပွင့်က ကိုရယ်၊ မွန်မွန်ရယ်၊ သားသားရယ်ပေါ့။ ကျန်တဲ့ အလှဆင်ထားတဲ့ ပန်းတွေ အခက်တွေက ကိုယ်တို့ရဲ့ နှစ်ဖက် မိဘသားချင်း၊ ဆွေမျိုး၊ သူငယ်ချင်းတွေကို ကိုယ်စားပြုတာ။ ပန်းစည်းလေးကို ကာထားတဲ့ အစိမ်းနုရောင် စက်ကူလို အရာလေးကကျတော့ စည်း သို့မဟုတ် ကျင့်ဝတ်ကို ကိုယ်စားပြုတာ။  ပန်းစည်းကို ကျစ်လစ် သပ်ရပ်အောင်စည်းထားတဲ့ အဖြူရောင် ဖဲပြားလေးကတော့ ကိုယ်ကျင့်တရားကို ကိုယ်စားပြုတာ။

ဒီပန်းလေး ၃ပွင့် ရှိရုံနဲ့ လှပတဲ့ ပန်းစည်း၁ခုဖြစ်မလာနိုင်ပါဘူး။ လှပတဲ့ ပန်းစည်းလေးဖြစ်ဖို့ဆိုရင် အခြား ပန်းပွင့်လေးတွေ၊ အခက်လေးတွေ၊ အရွက်လေးတွေနဲ့ ပြည့်စုံနေမှ၊ ပြီးတော့ အပြင်က စက်ကူဖတ်လေးက လည်း ၀န်းရံထားဦးမှ ဖဲကြိုးလေး မပါရင် ပန်းစည်းက လျော့တိလျော့ရဲနဲ့ မလှမပ မသပ်မရပ် ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုပဲ လူ၃ယောက် (ကိုယ်တို့ မိသားစုဝင် ၃ယောက်) ရှိရုံနဲ့ ပြီးပြည့်စုံ လှပတဲ့ မိသားစုဘ၀ဖြစ်ပြီးလို့ တထစ်ချမပြောနိုင်ပါဘူး။ 'ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ' ဆိုတဲ့စကားလို ၁ဦးကို၁ဦး အပြန်အလှန် ခံစားနား လည်ပေး၊ ကူညီပေး၊ ၁ဦးရဲ့ လိုအပ်ချိန်တိုင်းမှာ နောက် ၁ဦးက အဆင်သင့်ရှိနေသလိုမျိုး ဆွေမျိုးသားချင်း၊ သူငယ်ချင်းများလည်းရှိမှ မိသားစုဘ၀ကပိုပြည့်စုံတာ၊ နောက်ဒီမိသားစုလေး လိုအပ်ချိန်တိုင်း ကိုယ် စိတ်နှလုံး ၃ပါးစလုံးနဲ့ စောင့်ရှောက်ပေးနေတဲ့ နှစ်ဖက်မိဘ၊ ဘကြီး၊ ဦးလေး၊ အဒေါ် တွေရှိနေခြင်းက လည်း ကိုယ်တို့ မိသားစုလေးကို ပိုပြည့်စုံစေပါတယ်။

ကိုတို့မှာတော့ လိုအပ်တိုင်းကူညီဖို့ အသင့်ရှိတဲ့  နှစ်ဖက်မိဘ၊ ဘကြီး၊ ဦး၊ ဒေါ် ညီအစ်ကို မောင်နှမ ဆွေမျိုး သားချင်းနှင့် သူငယ်ချင်းတွေအားလုံးကို ရယူပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့် ဒီပန်းစည်းလေးထဲမှာ အခြား ပန်းအရွက်လေးတွေ အနေနဲ့ ကိုယ်စားပြုပြီးထည့်ထားတာ။

အဲဒီလိုပဲ မြန်မာဓလေ့ထုံးစံအရ ယောင်္ကျားကျင့်ဝတ်၊ မိန်းမကျင့်ဝတ်၊ မိဘ၀တ်၊ သား၊ သမီးဝတ် အစရှိသဖြင့် လူကျင့်ဝတ်လေးတွေကြောင့် မြန်မာလူမျိုးတို့ရဲ့ မိသားစုဘ၀ဆိုတာ နွေးထွေးမှု၊ စည်းလုံးမှု၊ စာနာနားလည် မှုတွေနဲ့ ပြည့်စုံနေတာပါ။ အဲဒါတွေမရှိရင်ပြီးပြည့်စုံတဲ့  မိသားစုဘ၀လို့ ခေါ်လို့မရနိုင်သေးဘူး။ ဒါကြောင့် ပန်းပွင့် အခက်အားလုံးကို ကာထားတဲ့ စက်ကူဖျော့ဖတ်လေးကတော့ ကိုယ်တို့ရဲ့ မြန်မာလူနေမှုထုံးစံအရ 'ကျင့်ဝတ်' ကိုကိုယ်စားပြုတာ။ အဲဒီကျင့်ဝတ်တွေကိုလိုက်နာဖို့ ကိုယ်ကျင့်တရားက အရေးကြီးသွားပြီ။ ဒါကြောင့် ပန်းစည်းလေး သပ်ရပ်လှပဖို့ အတွက် ချည်နှောင်ထားတဲ့ ဖဲပြားလေးက အရေးကြီးသလို ကိုယ်တို့ရဲ့ မိသားစုဘ၀လေးပြည့်စုံလှပဖို့ အတွက် လည်းကိုယ်ကျင့်တရားက အရေးအကြီးဆုံးပဲ။

အချုပ်အနေနဲ့ပြောရရင် ဒီပန်းစည်းလေး နောက်ဆုံးကြွေနွမ်းပျက်စီးသည်အထိ သပ်ရပ်လှပဖို့ လိုအပ်သလို ကိုယ်တို့ရဲ့ မိသားစုလေးလည်း နောက်ဆုံးထွက်သက်အထိ ရိုသေလေးစားရသော မိဘဆွေမျိုးသားချင်းများ၊ ချစ်ခင်ရပါသော မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများနဲ့ မြန်မာဓလေ့လူကျင့်ဝတ်တွေကိုလိုက်နာပြီး ကိုယ်ကျင့်တရားကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးအဖြစ် ကြိုးစား ကြရအောင် .....

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Thursday, December 1, 2011

Happy Birthday & Happy Sweet December

ဒီနေ့ Sweet December ကျွန်မ မွေးနေ့ပါ။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့စနေနေ့က Marche' Restaurant မှာ သွားစားဖြစ်တယ်။ အမှန်က ကျွန်မ မွေးနေ့ရောက်မှ သွားစားချင်တာပါ။ မအားတာနဲ့ပဲ အားတဲ့နေ့ကို ရွေးလိုက်တာ။

... စားသောပန်းကန်

ကျွန်မစားသောပန်းကန်

မွေးနေ့မှာ ခွင့်ယူပစ် လိုက်တယ်။ ကျွန်မရဲ့ စိတ်ကို အေးချမ်းစွာနဲ့ နေချင်လို့။ ကျန်တဲ့အချိန်က အရေး မကြီးဘူး။ ကျွန်မရဲ့ အယူကမွေးနေ့မှာ စိတ်ချမ်းသာရင် နောက်နှစ်မွေးနေ့အထိ စိတ်ချမ်းသာချင်လို့ပါ။ ကျွန်မမွေးနေ့ အတွက် ကျွန်မရဲ့ Customers တွေကို ရုံးနဲ့နီးတဲ့ Boon Tone Kee Restaurant မှာကျွေးဖြစ်တယ်။ အဲဒီ့ဆိုင်က Chicken Rice ကောင်းတယ်ဆိုပြီး Singapore မှာ နာမည်ကြီးတယ်။ Main ကကျွန်မနဲ့ လုပ်ဖော် ကိုင်ဖက်တွေတောင် အခုထိမကျွေးရသေးဘူး။ Main သွားဖြစ်တယ် ဆိုရင် ကျွေးဖို့ အစီအစဉ် ရှိပါတယ်။

ဘာသာရေးအတွက်ကတော့ မွေးနေ့ကစပြီး သရဏဂုံကို စပြီးကျင့်တော့မယ်လို့ ရည်မှန်းထားတယ်။ အရင် ကလည်းရေးဖူးပါတယ်။ ဒီမှာပါ။

ဒီ၁ခေါက် မွေးနေ့ အထိမ်းအမှတ် လက်ဆောင် အဖြစ် သူ့ဆီက ကတိ ၁ခုပဲတောင်းတယ်။ ကျွန်မရဲ့ အဖေက Lancome Cosmetics ၀ယ်ပေးတယ်။ ဒီ၁ခါ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းက ကျွန်မကို Coach Hand Bag ၁လုံး လက်ဆောင်ပေးတယ်။ ကျေးဇူးတင်ပါတယ် ... အချစ်ဆုံးသူငယ်ချင်းလေးရေ

Sweet December မှာ Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, November 26, 2011

From Yangon to Singapore

ကျွန်မရဲ့ Blog လေးကို ပစ်ထားတာ လနဲ့ချီနေပါပြီ။ ရေးစရာအကြောင်းအရာများလည်းရှိပါတယ်။ အလုပ် မအားတာက၁ကြောင်း၊အလုပ်ဒဏ်ပိနေတာက ၁ကြောင်း အကြောင်းကြောင်းသော အကြောင်း တွေကြောင့် မရေးဖြစ်တာပါ။

Yangon ကနေ Singapore ကိုလာလည်တဲ့သူတိုင်း အိမ်က ကျွန်မစားချင်သော အစားအစာများထည့်ပေးတတ် ပါတယ်။ အမျိုးအရင်းတွေဆိုရင် အသားတွေကို ရေခဲရိုက်ပြီးယူလာပါတယ်။ ကျွန်မအဖေလာတယ်ဆိုရင် သားစိမ်းငါးစိမ်းတွေအပြင် ဒီ၁ခေါက်က မနက်လေယာဉ်စီးလာရလို့ Mandalay နန်းကြီးမုန့်တီ၊ Mandalay မြီးရှည် ယူလာပါတယ်။ ညနေလေယာဉ်ဆိုရင်တော့ YKKO က ကြေးအိုးဆီချက်သယ်လာပါတယ်။

ကျွန်မအကြိုက်ဆုံး မပါမဖြစ်ယူလာရတာကတော့ ငါးရံအူ၊ ငါးသလောက်ဥ၊ ပုဇွန်ထုတ်၊ ငါးပုဏား၊ ငါးဖယ်တွေပါ ပဲ။ နောက် ငါးကြင်းပါယူလာပါတယ်။ ကျွန်မက ဒီက ပုဇွန်တွေကိုမစားပါဘူး။ ရန်ကုန်က ပုဇွန်လောက်အရသာ မရှိဘူးလို့ ခံစားရတယ်။ ကျွန်မ မမှာလဲ အဖေကသူ့ဟာသူ ထပ်သယ် လာသေး တာတွေရှိသေးတယ်။ အဖေ့ကို မနည်း ဘရိတ်အုပ်ထားရတယ်။ ကျွန်မက ဒီမှာဝယ် လို့မရတဲ့ အရာတွေ စားရရင် ပြီး တာပါပဲ။ 


အဖေယူလာတွေ


ဒီ၁ခါ ဆောင်းဦးစမို့လို့ Mandalay က သဲပုရစ်တွေအပိုပါလာပါတယ်။ အမတွေပါ။ အမတွေက ဥတွေနဲ့ပိုပြီး စားကောင်းပါတယ်။ ဦးလေးက Mandalay မှာနေလို့ နှစ်စဉ်နှစ်တိုင်း အမျိုးတွေစားဖို့ မိသားစုပုံးကြီးနဲ့ အပြည့်ပို့နေကြ။ ကျွန်မအတွက်ဝေစုက အကောင် ၁၂၀။ စားလိုက်ရင်မွှေးပြီးစိမ့်နေတာပါပဲ။ အဒေါ်တွေက ပုရစ်တွေကို ကောင်းကောင်းကြော်တတ်တယ်။ ဂျင်း ကြက်သွန်ဖြူ အနံမွေးမွေးလေးနဲ့ တအားစားကောင်းပါ တယ်။ အဖေနောက် ၁ခေါက်ထပ်လူကြုံရှိရင် ထည့်ပေးဦးနော်ဆိုတော့ တော်လောက်ပြီတဲ့။ ပုရစ်က စားကောင်းပေမယ့် သွေးတက်ပါတယ်။ ကျွန်မက အဖေရှေ့မှာ ၁၀ကောင်လောက် ပန်းကန်ထဲထည့်ပြီး စားတတ်ပေမယ့် အဖေလစ်ရင် Fridge ဖွင့်ပြီး ၃ကောင်လောက်နှိုက်စားလိုက်နဲ့ ပုရစ်အကောင် ၁၂၀ က ၄ရက်ထဲနဲ့ပြုတ်ကော။

အဖေကို ဒီ၁ခေါက် စားသောက်ဆိုင်ကောင်းကောင်းလေးတွေခေါ်ပြီးကျွေးဖြစ်တယ်။ Jumbo Seafood, East Coast သွားပြီးစားကြသေးတယ်။ ဆိုင်ကို ၅နာရီခွဲလောက်ရောက်တယ်လေ။ အဲဒီအချိန် အကောင်းဆုံးပဲ။ လူလဲသိပ်မများသေးဘူး။ Jumbo မှာ မမှာမဖြစ်တာကတော့ Chilli Crab ပဲလေ။ Cereal Prawn ကလဲချိုပြီး စားကောင်းတယ်။ အဲဒီအထဲမှာပါတဲ့ ပျဉ်တော်သိမ်ရွက်က မွေးပြီးစားလို့ကောင်းတယ်။ Seafood Fried Rice လဲအတော်လေးစားကောင်းတယ်။ နောက်ပြီး ဒီက Singaporean တွေနဲ့ သွားစားရင် မမှာမဖြစ်မှာစားကြတာ အဲဒီအရွက်ပဲလေ။ ဘယ်လိုခေါ်လဲတော့ မသိဘူး။


Jumbo မှာ မှာစားဖြစ်ခဲ့တာတွေ

Marche' Restaurant, Vivo City မှာလည်းသွားစားဖြစ်တယ်။ အဖေအကြိုက်ပေါ့။ အစားငမ်းနေတာနဲ့ ဓာတ်ပုံ ရိုက်ဖို့မေ့သွားတယ်။ ဆိုင်အပြင်အဆင်လေးကိုကြိုက်တယ်။ အဲဒီနေ့က အဖေမှာစားတာ အကောင်းဆုံးပဲ။ အဖေက ကောင်းကောင်းမှာစားတတ်တယ်။ အဲဒီဆိုင်က ၁ယောက် ၁ Card ပေးပြီး ကိုယ်စားချင်တာ မှန် သမျှ အဲဒီ Card ထဲရောက်တာ။ ပြီးမှ Card အားလုံးပေါင်းရှင်းတာ။ ကျွန်မတို့ သိပ်ပြီးမှာမစားတတ်တော့ စား လို့ သိပ်မကောင်းဘူး။ နောက် ၁ကြိမ် ကျွန်မမွေးနေ့မှာ သွားစားဦးမယ်လို့ စိတ်ထဲကနေ ကြုံးဝါးထား တယ်။  Golden Miles က ယိုးဒယား ဆိုင်မှာ သွားစား ဖြစ်ကြတယ်။ အဲဒီဆိုင်မှာ စားရင် အရမ်းစားကောင်းတယ်။ ကျွန်မတို့ရဲ့ ၃နှစ်ပြည့် မင်္ဂလာ နှစ်ပတ် လည် အနေနဲ့သွားစားဖြစ်တာ။ အဖေ နောက် ၁ကြိမ်လာရင် ဒီဆိုင်တွေအပြင်နောက် ဆိုင်တွေမှာ  ထပ်စား ဦးမယ်။

Weekend ဆို အပြင်ထွက်စားဖြစ်တယ်။ အဖေက သူယူလာတွေ မစားချင်ဘူး။ ကျွန်မတို့ အတွက်ကတော့ မစားရတာကြာလို့ စားကောင်းပေမယ့် အဖေ့ အတွက်က စားနေကြဆိုတော့ ရိုးနေပြီလေ။ အဖေက ၄ရက် ထမင်း ဟင်းချက်ကျွေးသေးတယ်။ အဲဒီချက်ကျွေးတဲ့နေ့တွေက ကျွန်မရုံးမှာ ပင်ပန်းနေမှန်း သိလို့ အဖေချက် ကျွေးခဲ့တာ။ အဖေချက်တာ ပုံစံ မတူတော့ စားကောင်းတယ်။

Birthday Present from My Daddy

1st December က ကျွန်မ မွေးနေ့လေ။ အဲဒီအတွက် အဖေက Birthday Present ဆိုပြီး Lancome ၀ယ်ပေးခဲ့ တယ်။ ကျွန်မ Crazy အဖြစ်ဆုံးက Cosmetics မှာ ဆိုရင် Lancome, ဖိနပ်၊ အိတ်၊ ကုန်ပြီနဲ့တူတယ်နော် ဟီးးးးး ဟီးးးးးးး။ ကျန်တာ ဒီလောက် Crazy မဖြစ်ဘူး။ နောက်မှ ကျွန်မ အကြိုက်များဆိုပြီး ခေါင်းစဉ်တပ်ပြီး ရေး ဦးမယ်။
Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....