လူတစ်ယောက်နဲ့ တစ်ယောက် ဆုံစည်းကြရာမှာ ပုံစံ အမျိုးမျိုးရှိပါလိမ့်မယ် ... သူနှင့်ကျွန်မ စတွေ့ခဲ့တာ Ringo မှာပါ ... Ringo ဆိုတာ Facebook လိုပုံစံပဲ ... သိပ်တော့ နာမည်ကြီး မဟုတ်ဘူး ... အခု မရှိတော့ဘူး ... နေတာကလဲ တရပ်ကွက်ထဲဆိုတော့ လက်ခံဖြစ်ခဲ့တယ် .. နိုင်ငံရပ်ခြားမှာ ကျောင်းလာတတ်
ကျွန်မစရောက်တုန်းက အများသူငှာလို အဆင်မပြေဘူး ... အခက်အခဲတွေ အများကြီးကနေ Student Visa ရအောင် ကြိုးစားခဲ့ရတာ .. နေနေတဲ့ အိမ်ကလဲ အဆင်မပြေဘူး ... အခက်အခဲတွေ ဖြစ်တိုင်း သူက အမြဲကူညီတတ်တယ် .. တခါတလေ ကျွန်မဆီ ညဘက် ဖုံးခေါ်တတ်တယ် .. အောက်ဆင်းပြီး သွားတွေ့တာ .. သူက ခေါက်ဆွဲကြော် ကြာဇံကြော် ဝယ်ဝယ်လာတတ်တယ် ... အဲဒီအချိန် ဗိုက်ဆာတတ်တာကို သိနေတော့ ခဏခဏ လာလာပို့ပေးတတ်တယ် ... ခေါက်ဆွဲကြော် ကြာဇံကြော် အပြင် ကြက်ကြော်ပါ ပါတယ် .. အဲဒီအချိန်တုန်းက အဲဒီလောက်မှ ၁ကျပ်ပဲပေးရတာ ... 
အဲဒီအချိန်ကတည်းက ညညဆို အောက်မှာ ခဏခဏ တွေ့ဖြစ်တယ် .. တွေ့တိုင်းလဲ သူ့ရဲ့စူးရှတဲ့ မျက်လုံး အကြည့်တွေကို မရင်ဆိုင်ရဲဘူး (အခုတော့ ကျင့်သားရသွားပါပြီ) ... သူက တစ်ခုခုဆို အကြောင်းအရာ တစ်ခုခု တိုက်ဆိုင်ပြီဆိုရင် အဲဒီ အကြောင်းအရာနဲ့ ပတ်သက်တဲ့ သီချင်း ဖွင့်ပြတတ်တယ် ... ကျွန်မကသီချင်းဆို နားထောင်လိုက်တာပဲ ... ဘယ်သူဆိုထားလဲ သီချင်းနာမည်က ဘာလဲ ကျွန်မ မသိဘူး ... သူကြောင့် သီချင်းတွေ သိလာရတာ များတယ် ... အဲဒီတုန်းက သူဖွင့်နေကျ သီချင်းလေးရှိတယ် ... "ကောင်လေးက ဆင်းရဲတယ် ပညာလေး မတောက်တခေါက်နဲ့  ... အမြင့်ဆုံးမှာထားချင်တယ်"  
တစ်နေ့ စကားပြောရင်က ပဟေဠိ တစ်ခုရောက်သွားတယ် ... ၁၇၂၀၄ က ဘာလဲသိလားဆိုပြီး ... အဓိပ္ပါယ် ဖော်သိသွားတဲ့ နောက်မှ
ဒီကြားထဲ အဆင်မပြေမှုတွေက အများကြီးပါ ... သူနဲ့ ကျွန်မကြား ဘေးလူနှောင့်ယှက်လို
ကျွန်မငိုရင် သူ့ရင်ထဲမှာ မနေတတ်ဘူး ... ကျွန်မနဲ့တွေ့ရင် ရင်ခုန်သံတွေ မြန်လာတယ် ဆိုပြီး သူ့သူငယ်ချင်းတွေကို ပြောလေ့ရှိ
April လမှာ ကျွန်မအဖေက ကျွန်မဆီကို အလုပ်ကိစ္စနဲ့ အစည်းအဝေးလာတက်ပါတယ် .. အဖေနဲ့ အတူတူ Boss သားလေးပါ ပါလာပါတယ် ... အဖေနဲ့ သူ့ကို မိတ်ဆက်ပေးဖြစ်ခဲ့တယ် ...  ကျွန်မ အဖေက အစည်းအဝေး လာတက်တာ ဆိုတော့  အစည်းအဝေးပြီးတော့ ပြန်သွားပါတယ် ... Boss သားလေးက ကျန်ခဲ့ပါတယ် ... Boss သားလေးဆိုပေမယ့် Civil တက်နေတဲ့ Engineer လေး တစ်ယောက်ပါ ... အဲ့ဒီမောင်လေးက ကျောင်းလာတက်ဖို့ စုံစမ်းတာပါ ...  
အဲဒီမောင်လေး သူ့ဆီဖုံးဆက်ရင် သူကကျွန်မကို သူနဲ့အတူတူ လိုက်ခဲ့ဖို့ ခေါ်ပါတယ်  ... သူသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးရတာပါ ... မောင်လေးကလဲ ကျွန်မတို့ ဘယ်လိုသွားသွား လိုက်ပါတယ် ... ကျောင်းသားတွေဆိုတော့ Taxi ကလဲ မတတ်နိုင်ပါဘူး ... သူနဲ့ကျွန်မ ကျောင်းအားတဲ့ အချိန်တွေ လိုက်ပို့ပေးဖြစ်တာပါ ... 
ဒီလိုနဲ့ တစ်ရက် ၃ယောက် လျှောက်သွားတာ အတော် မိုးချုပ်သွားတယ် ... မောင်လေး သွားချင်တဲ့နေရာက အတော်ဝေးတယ် ... လိုက်ပို့ပြီး ၂ယောက်ပြန်လာတော့ MRT ကလဲ မမှီတော့ဘူး ... Taxi ငှားရတော့တယ် ... Taxi ကားပေါ်မှာ အရင်ကဇာတ်လမ်း ပြန်စဖြစ်တယ် ... သူကစပြီး စကားပြောဖြစ်ခဲ့တယ် ... ပြီးတော့ ကျွန်မကို ဖက်ပြီး သူ့ရင်ခွင်မှာ အနားယူခိုင်းတယ် ... ကျွန်မအားငယ်တတ်တဲ့အချိန်ဆို  ငယ်ငယ်ကတည်းက အဖေ့ရင်ခွင်ကို ဖက်ပြီး ခဏတာ အိပ်စက်တာလေ ...  သူ့နှလုံးသားရင်ဘတ်ဟာ ကျွန်မအတွက် နားခိုရာ ချစ်သူတစ်ယောက်လိုရော အားကိုးရတဲ့ ချစ်သူ/ခင်ပွန်းကောင်းတစ်ယောက် 
ချစ်သူစဖြစ်ပြီး နောက်နေ့မှာ စစချင်းတွေ့တော့ နှစ်ယောက်စလုံး ရင်တွေအရမ်းခုန်နေတယ် ... ကျွန်မအတွက် အမှတ်တရကတော့ တစ်ပတ်အတွင်း ကျွန်မ Bank Card ၂ခါလဲလိုက်ရတာ ... ဒီနေ့ပျောက်တယ် ချက်ချင်း သွားပြန်လုပ်တယ် ... ပြီးတော့ သန်ဘက်ခါကျတော့ ထပ်ပျောက်ပြန်တယ် ... Bank က  Card လဲပေးတဲ့နေရာက အသေးစိတ် မေးယူလိုက်ရတယ် ... ပထမအကြိမ်က Bus Car ပေါ်မှာ ကျသွားတာ ... ဒုတိယအကြိမ်က လုံးဝမမှတ်မိတော့ဘူး ... အပျော်လွန်ပြီး မေ့သွားတာ ... ချစ်သူအချင်းချင်း ချိန်းတွေ့ကြရင် ကမ္ဘာကြီးတောင် မေ့တယ်ဆိုတာ မှန်တယ်နော် ... အားလုံးကိုမေ့နေတော့တာ ... ရယ်ရတယ်နော် ... 
ချစ်ရတဲ့ ချစ်သူအတွက် ... အခုအချိန်အထိလဲ ရင်ဘတ်ကြီးတည်းကနေ ချစ်နေဦးမယ် ... နောင်လဲ ချစ်နေဦးမယ့် ချစ်ခင်ပွန်းအတွက် ချစ်သူသက်တမ်း ၈နှစ်ပြည့် အမှတ်တရ နေ့လေး ဧပြီလ ၂၄ ရက်နေ့ .,. 
နှလုံးသား ခံစားချက်ကို ဝတ္ထုတို အဖြစ် ပုံဖော်ပါတယ် …
 
No comments:
Post a Comment