Thursday, December 18, 2014

နေ့စဉ် အလှတရား

ဒီတစ်ခါရေးမှာ မွန်မွန်နေ့စဉ် ရုံးမသွားခင် မိတ်ကပ်လိမ်းချယ်နည်း နဲ့ အလှအပရေးရာများ ဖြစ်ပါတယ် .. မွန်မွန်အလှပြင်ရင် မကြာပါဘူး .. အတော်လေးမြန်တယ် ပြောလို့ရတယ် .. 

မိတ်ကပ်မလိမ်းခင် မျက်နှာဆေးပါတယ် ... မျက်နှာဆေးတာ Estée Lauder Facial Foam နဲ့ဖွဖွလေး သစ်ပါတယ် .. လက်သည်းနဲ့ အသုံးမပြုရပါ .. မကုတ်ရပါ .. ချွေးပေါက်ကျယ်ပြီး ဝက်ခြံထွက်လာတတ်ပါတယ် .. မျက်နှာကို အဝတ်နဲ့ ဖွဖွလေး သုတ်ပါ .. မျက်နှာမှာ ဝက်ခြံရှိရင် Dalacin T အရည် အနည်းငယ်တို့ပါတယ် .. Lancôme Toner တစ်စက် ချပြီး လိမ်းပါတယ် .. Lancôme Lotion အနည်းငယ် လက်ညှိုးပေါ်တင်ပြီး လိမ်းပါတယ် .. Suncover အနေနဲ့ Estée Lauder ကထုတ်တဲ့ SPF 50 ပါတဲ့ Cream လိမ်းပါတယ် .. မျက်နှာမှာ အမည်းစက် အနည်းအကျဉ်းရှိတဲ့ အတွက်ကြောင့် Concealer နဲ့ ဖုံးပါတယ် .. ပြီးရင် Loreal  မိတ်ကပ်ရည် အနည်းငယ်ယူပြီး လိမ်းပါတယ် .. Press Powder အနေနဲ့က ရုံးဆို Maybelline သုံးပါတယ် ..အပြင်ထွက်ရင် Chanel .. တခါတလေ Press Powder မသုံးခင် သနပ်ခါး ရေကျဲလေး လိမ်းပါတယ် ပြီးမှ Press Powder သုံးပါတယ် .. မျက်ရစ်ကို အရောင်ရင့်ရင့်သုံးပြီး အပေါ်နားလေးကို အရောင်ဖျော့ သုံးပါတယ် .. ရုံးဆိုရင်တော့ လက်ဆောင်ရထားတဲ့ Estée Lauder သုံးပြီး အပြင်ဆိုရင်တော့ Chanel သုံးပါတယ် .. အခု Chanel အရမ်းကြိုက်နေတယ် .. Chanel က တစ်နေကုန် မိတ်ကပ်မပျက်ပဲ မျက်နှာပေါ် ကြာကြာအထားခံပါတယ် .. အားလုံးပြီးရင်တော့ နှုတ်ခမ်းအတွက် Lipstick သုံးပြီး မှ Lip Linear သုံးပါတယ် .. 

မွန်မွန် သုံးတာတွေက မိတ်ကပ် အရောင်တွေချည်းပဲ .. မိတ်ကပ်လိမ်းရင် အထူချည်း မလိမ်းပဲ ပြေပြေလေးပဲ လိမ်းပါတယ် .. 


နေ့စဉ်သုံး အလှအပ အသုံးအဆောင်များ

အင်္ကျီမဝတ်ခင် ချိုင်းနံ မနံအောင် Nivea Roll-on သုံးပါတယ် .. ငယ်ငယ်ကတည်းက အမေက အင်္ကျီမဝတ်ခင် အလှပြင်ရတယ် .. ဒါမှ အပြင်ထွက်မယ့် အင်္ကျီက မပေမှာတဲ့ ... မိန်းကလေးဆိုရင် ရေချိုးပြီးရင် ထမီပတ်ရင်ပတ် ဒါမှမဟုတ် မျက်နှာသုတ်ပုဝါ အရှည်ကို ကိုယ်မှာပတ်ရင်ပတ်ရတယ် .. 

ရုံးသွားရင် ရေမွှေးမဆွတ်သွားဘူး .. အပြင်သွားရင်တော့ သားတွေနဲ့ အတူတူ ရေမွှေးအတူတူ ဆွတ်တယ် ..   

နောက်ဆုံးအနေနဲ့ လက်နဲ့ခြေထောက်ကို Hand Therapy လိမ်းပါတယ် .. Crabtree & Evelyn ပါ ..  ခြေထောက်ကော လက်ကော ကြည့်လိုက်ရင် စိုစိုလေးနဲ့ ကြည့်ကောင်းပါတယ် .. 


Crabtree & Evelyn

အပြင်ထွက်မယ့် အင်္ကျီဝတ်ပြီးသွားရင် ဆံပင်က ၁ချက် ၂ချက် ဖီးလိုက်တာနဲ့ ပြီးပြီ .. အခုအချိန်ထိ ဝါသနာပါတာ ဆံပင်ကို အမျိုးမျိုးလုပ်တာ .. အရင်က မွန်မွန်ဆံပင် ထိုင်လိုက်ရင် ကြမ်းပြင်နဲ့တောင်ထိတယ် .. ဆံပင်အုံကလဲ အတော်ကိုထူတာ .. ဆံပင်ကြောင့် လူကလဲ တအားပိန်တာ .. အခု ဒီလဲရောက် ဆံပင်က အတော့်ကိုပါးတာ .. အခု ကုတ်ဝဲညှပ်ထားတယ် .. 

ဝက်ခြံထွက်လာရင် မညစ်ရရင် မနေနိုင်ဘူး .. လက်နဲ့ ဝက်ခြံညစ်ထုတ်ပါတယ် .. ပြီးရင် Dalacin T တို့ပါတယ် .. ရန်ကုန်ပြန်ရင် အမြဲဝယ်ပါတယ် .. ပြီးရင် OXY 10 နည်းနည်းခပ်ထူထူ ဖုံးပါတယ် ...  သနပ်ခါးထူထူ အုပ်ပါတယ် .. ၁နေ့ ၃ကြိမ် ၃ရက်ဆက်တိုက် လုပ်ပေးနိုင်ရင် အမည်းစက်တောင် မကျန်ပါဘူး.. 

ဆံပင်ကို ခေါင်းမလျှော်ခင် ဆန်ဆေးရေနဲ့ ဆေးချပါ တယ် .. ထမင်းမချက်ခင် ဆန်ကို ရေနဲ့ဆေးတဲ့ အခါ မသွန်ပစ်ပဲ ပုံးတစ်ခုနဲ့ ခံထားပါတယ် .. ရေချိုး ခေါင်းလျှော်ရင် မျက်နှာကို ဆန်ဆေးရည်နဲ့ သစ်ပါတယ် .. ဆန်ဆေးရည် ခံထားတဲ့ပုံးပေါ် ခေါင်းကို ထားပြီး ရေခွက်နဲ့ ခေါင်းကို ဆန်ဆေးရည် အခါခါ လောင်းပါတယ် .. ပြီးမှသုံးနေကျ Shampoo နဲ့လျှော်ပါ .. ဆန်ဆေးရည်က ခေါင်းကို ဦးရေအေးဆေးတဲ့ အပြင် ဆံပင်အကျွတ် သက်သာစေပါတယ် .. ၁ကြိမ်ထဲ လုပ်လို့ မရပါဘူး ..  ခေါင်းလျှော်တိုင်း မပျက်မကွက် ပြုလုပ်ပေးရမှာပါ .. .. ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးခြင်းဖြင့် မျက်နှာနုပျိုစေပါတယ် .. 

မိန်းကလေ:တိုင်း ဒီထက် ပိုပြီးလှနိုင်ကြပါစေ .. 

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင် .. 

2 comments:

Ma Ma Ei Ei said...

Hi Sis ,I would like to ask where can I buy Dalacin T at Singapore ?

Myo Mon Yee Oo said...

I bought via ioffer online
https://www.ioffer.com/i/3-x-dalacin-t-brand-clindamycin-1-free-ship-534238318

Sing dollar 42, free delivery