Tuesday, April 20, 2010

မြိတ်ကတ်ကြေးကိုက်


ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်ပွတို့ကို ညက်နေအောင်ထောင်းပြီး ဆီသတ်ပါတယ်။ နွမ်းပြီဆိုလျင် အရောင်တင်မှုန့် အနည်းငယ် ထည့်ပါ တယ်။ သိပ်မကြာခင်မှာ ကြက်သား၊ ပုဇွန်၊ ပြည်ကြီးငါး လှီးထားတာ ထည့် ပါတယ်။ နှုးပြီဆိုမှ ရေစိမ်ထားသော ခေါက်ဆွဲပြားထည့်ပါတယ်။ ခေါက်ဆွဲ အပြား အနည်းငယ်ပျော့ပြီဆိုလျင် ပဲပင်ပေါက်ထည့်ပါတယ်။ ခဏအကြာ မှာ ပဲပြုတ် ထည့်ပါတယ်။

အချဉ်အတွက်ကိုတော့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း ပါးပါးလှီး၊ ဆား၊ အချိုမှုန့်၊ နံနံပင် ထည့်ပြီးနယ်ပါတယ်။

No comments: