Thursday, June 17, 2010

၎လပြည့် သားသား


သားသား (၄)လ ပြည့်ပြီဗျ။ မေမေ ကတော့ ဒီကောင် ဆိုးလာပြီတဲ့။ သားသားရေကူးကန်မှာ ရေလည်းကူးပြီးပြီ။ အံမယ် ဘိုးဘိုးကြီးတို့ လို massage တောင်အနှိပ် ခံ လိုက်သေးတယ်။ သားသားကို မေမေက အာလူးကျွေးတယ်။ သားသားကြိုက်တယ်။ဒါပေမဲ့ မေမေက ခဏ ခဏမကျွေးဘူး။ ဗိုက်နာမှာစိုးလို့တဲ့။ ဖေဖေ နဲ့ဆိုရင် သားသား ဆော့လို့ ကောင်းတယ်။ ဖေဖေက သားသား စိတ်လှုပ်ရှားအောင် လုပ်တတ်တယ်။ မေမေက သားသားကို မှောက်ခိုင်းလို့ မရရင် အီးပေါလောတဲ့။ ဘိုးဘိုးက ပြောတယ်။ မေမေတုံးက ၅လမှ မှောက် တာတဲ့။ သားသား Passport ရပြီ။ ဒါကြောင့် လူလေး ဖြစ်လာပြီလို့ ဘိုးဘိုးက ပြောတယ်။

ဘာပဲပြောပြော မေမေ ကိုကော ဖေဖေ ကိုကော သားသား ချစ်တယ် .....

----- သားသားရဲ့ ဖိုးဖိုးက သားသားအတွက် ၄လပြည့် အမှတ်တရ ရေးပေးထားတာ -----

3 comments:

Life is for Success said...

very cute ur son, time passing is very fast... happy to hear that you no need to carry ur son long hrs, for me can't at least 3 hrs my self not including his mother carrying...

The Queen said...

what adorable baby! Be happy and healthy with long success life.

ညယံ said...

ချစ်စရာသားသားလေးတောင် လေးလပြည့်ပြီ..အချိန်တွေကလည်းကုန်တာ မြန်လိုက်တာ...