Friday, December 24, 2010

သာယာသော ညနေခင်းလေးမှာ


ကျွန်မ Blog လာလည်သူ အားလုံး Christmas ပါ။ Christmas အကြို အတွက် လုပ်စားဖြစ်တာပါ။ Singapore မလာခင် December လရဲ့နောက်ဆုံးရက်မှာ အဖေနဲ့ကော၊ အိမ်သား အားလုံးနဲ့ ကော New Year ကြိုတဲ့ အနေ နဲ့ လုပ်စားဖြစ်ကြပါတယ်။ New Year တောင် မကြိုနိုင်ဘူး။ Barbecue ပုံစံလို လုပ်စားကြတာ။ ည ၇နာရီမှာ စလိုက်တာ ၉ နာရီမထိုးခင် ကုန်သွားရော။ New Year တောင် မရောက်သေးဘူး။ ကျွန်မက အိပ်ပျော်သွားပြီ။ ကျွန်မက New Year, Christmas ဆိုရင် အရမ်းပျော်တယ်။ အဲဒီလိုလုပ်စားလိုက်ရတာကို ပျော်တာ။ လုပ်နည်း ပြောပြမယ်နော်။ လွယ်လွယ်လေးပါ။

အရင်ဆုံး ကြက်သားကို ၂ခြမ်းခြမ်းပါ။ ကျွန်မ ၀ယ်လာတာ ကြက်၁ကောင်လုံး ဒါပေမယ့် ခေါင်း မပါ၊ လည်ပင်းရိုး မပါ၊ ကလီစာ မပါပါ။ ပေါလဲပေါတယ်။ Wet Market ကနေ၀ယ်တာ။ Small Chicken လို့ ပြောပြီးဝယ်လိုက် တာ။ ဘယ်အချိန်ဝယ်ဝယ် 2.20 ပဲပေးရမယ်။ ကြက်သား ခြမ်းပြီးသား ၂ပိုင်းကို ရေဆေး၊ အချို မှုန့်၊ ဆား၊ တရုတ် မဆလာ၊ ဒိန်ချဉ်၊ ထောပတ်၊ ကြက်ကင် ကင်တဲ့အမှုန့် တို့နဲ့နယ်ပါတယ်။ ကြက်ကင် ကင်တဲ့ အမှုန့်က ကုလား ဆိုင်က၀ယ်လာတာ။ 1 ပဲပေးရတယ်။ အများကြီးရတယ်။ Satay Powder လို့ပြောပြီး ၀ယ်လို့ ရပါတယ်။ ၁ည သိပ်ထားပါတယ်။

နောက်နေ့မှာ မုန်လာဥနီ ၁ဥ၊ အခွံနွှာ၊ လေးစိပ် စိပ်ပြီးပြုတ်ပါတယ်။ အားလူး ၂လုံးကိုလည်း အခွံနွှာ၊ လေးစိပ် စိပ် ပြီး ဆားဖြင့်နယ်ပြီးပြုတ်ပါတယ်။ ၂ရည် တည်ပြီးရင် ရပါပြီ။ အားလူးကို ထောပတ်အနည်းငယ်ထည့်၊ ဆား အနည်းငယ်ထည့်ပြီး ငရုတ်ဆုံထဲမှာ ထည့်ထောင်းပါတယ်။ ကြက်သွန်နီဥ ၁လုံးကို အခွံခွာ၊ အကွင်းလိုက်လှီး ထားပါတယ်။ ကြက်သွန်နီ ထိပ်ဖက် ၂ခုကို လွှင့်ပစ်လိုက်ပါတယ်။ ခရမ်းချဉ်သီး အကွင်းလိုက်လှီးပါတယ်။ ခရမ်းချဉ်သီး ထိပ် ဖက် ၂ခုကို လွှင့်ပစ်လိုက်ပါ တယ်။

အိုး ၁လုံးထဲမှာ ရေထည့်ပြီးတည်ထားပါတယ်။ ရေဆူလာရင် ဘိုစားပဲသီး ၁၀တောင့်ကိုထည့်ပါတယ်။ ၅မိနစ်နေ ရင်ရပါပြီ။ နှပ်ထားကို ကြက်သားကို oven ထဲထည့််ပါတယ်။ မိနစ် ၄၀ထားရင်ရပါပြီ။ ထောပတ်နံ သင်းနေတဲ့ ကြက်သားကင်လေးရပါပြီ။

ပန်းကန်ထဲမှာ ကြက်ကင်၊ ခရမ်းချဉ်သီး အကွင်းလိုက် ၂ခု၊ မုန်လာဥနီ ၂ခု၊ ဘိုစားပဲသီး ၅တောင့်၊ အချဉ်၊ ကြက် သွန်နီ အကွင်းလိုက် ၂ခု၊ Mashed Potatoes။

Could you join?

MERRY CHRISTMAS

2 comments:

rose said...

မမွန်ရေ... အလည်ရောက်ခဲ့ပါတယ်ရှင်။ ကြက်ကင်လေး စားသွားပြီ။ Merry Christmas and Happy New Year :)

rose of sharon said...

ပျော်စရာကြီးနော်...