Saturday, August 13, 2011

ဝက်သားလုံး ချိုချဉ်ကြော်


ဝက်သားလုံး ချိုချဉ်ကြော်အတွက်ပြင်ဆင်ထားရမှာက

ဝက်သားကြိတ်သား ၁ထုတ်
ပန်းဂေါ်ဖီ ၁/၄ ပုံ
ခရမ်းချဉ်သီး ၁လုံး
မုန်လာဥနီ ၁လုံး
Broccoli ၁/၄ပုံ (or) ဗိုလ်စားပဲသီး ၁၀ တောင့်
ကြက်သွန်ဖြူ ၄ မွှာ
ဂျင်း လက် ၃ ဆစ်
ပဲငံပြာရည် အနောက် ဟင်းခတ်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် အကြည် ဟင်းခတ်ဇွန်း ၁ ဇွန်း
တရုတ်မဆလာ လက်ဘက်ရည်ဇွန်း ၂ ဇွန်း
သကြား လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းခွဲ
အချိုမှုန့် အနည်းငယ်
တရုတ်နံနံ ၅ပင်
Sweet and Sour Sauce ၁ထုတ်
ပြောင်းဖူးမှုန့် ဟင်းခတ်ဇွန်း ၁ ဇွန်း တို့ပါဝင်ပါတယ်။

ဇလုံ၁ခုမှာ ၀က်သားကြိတ်သား၊ (ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက် ၂ဆစ် ထောင်းထား ပြီးသား)၊ ပဲငံပြာရည် အနောက် ဟင်းခတ်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အကြည် ဟင်းခတ်ဇွန်း ၁ ဇွန်း၊ တရုတ်မဆလာ လက်ဘက်ရည်ဇွန်း ၂ ဇွန်း၊ သကြား လက်ဘက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ အချိုမှုန့် အနည်း ငယ်၊ ပြောင်း ဖူးမှုန့် ဟင်းခတ်ဇွန်း ၁ ဇွန်း ကို လက်ဖြင့် သမအောင်နှယ်ပြီး နာရီဝက် နှပ်ထား ပါတယ်။ နှပ်ထားပြီးလျင် ၀က် သား ကြိတ်သား ကို လုံးပါ။

ဝက်သားလုံးနှပ်ထားချိန်မှာ မုန်လာဥနီ ၁လုံးကို အခွံခွာပြီး ပါးပါးလှီးပါ။ ခရမ်းချဉ်သီး ၁လုံးကို ၄စိတ်စိတ်ထားပါ။ ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက်၁ဆစ်ကို ထောင်းထားပါ။ ပန်းဂေါ်ဖီကို လှီးထားပါ။ Broccoli ကိုလည်း လှီး ထားပါ။ (or) ဗိုလ်စားပဲသီး ၁၀ တောင့်ကို ၁တောင့်ချင်းဆီကို စောင်းစောင်းလှီးထားပါ။

ဒယ်အိုးထဲမှာ ဆီ ထည့်ပါ။ ဆီကျက်လျင် လုံးထားသော ၀က်သားများကို မီးအေးအေးဖြင့်ကြော်ပါ။ နီလာလျင် ဆယ်ပြီး ပန်းကန်ထဲထည့်ထားပါ။

နောက်ထပ် ဒယ်အိုး ၁လုံးထဲ ဆီထည့်ပါ။ ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက်၁ဆစ် ထောင်းထားပြီးသားကို ဆီသတ်ပါ။ brocoli ထည့်ပါ။ ပန်းဂေါ်ဖီထည့်ပါ။ မုန်လာဥနီထည့်ပါ။ ကြော်ထားပြီးသော ၀က်သားထည့်ပါ။ Sweet and Sour Sauce ထည့်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ ချခါနီး အချိန်မှ တရုတ်နံနံ အုပ်ပါ။

4 comments:

Mon Petit Avatar said...

Thank you so much for sharing this delicious dish, cheers!

ချော(အစိမ်းရောင်လွင်ပြင်) said...

စားချင်စဖွယ်လေး
အရောင်လေးကလည်း လှတယ်နော်

Myo Mon Yee Oo said...

စားပါ.. ၂ပွဲတောင်ပြင်ထားတယ်

Anonymous said...

အမ ပန်းဂေါ်ဖီတွေ ပဲသီးတွေက မကြော်ပဲနဲ့ ဒီအတိုင်း စားရတာ လား