Saturday, February 4, 2012

Abalone နှင့် အစိမ်းကြော်

ကျွန်မက အပတ်တိုင်း ကြာသပတေးညဆို ၁ပတ်စာ ၀ယ်ထားပါတယ်။ အိမ်နားက 24 Hours Fair Price မှာ ၀ယ်ရတာ ရိုးနေလို့ Fair Price Extra မှာ သွားဝယ်ပါတယ်။ အသား ငါးတွေက မတူတတ်ပါဘူး။ Fair Price မှာ မရှိတဲ့ အသား Fair Price Extra မှာ ရှိတတ်ပါတယ်။ ကျွန်မက ဂဏန်းချောင်း လက်မလောက်ကြီးရှိတာ ၀ယ်ချင်လို့ သွားတာပါ။ Fair Price Extra လဲရောက်ရော အရင်က ၃၀လောက်ပဲရှိတာ 56 လောက်ပေးရ တယ်။ အထုပ်သေးလေးတော့တွေ့တယ် 18.90 ဆိုတာနဲ့ နှမြောပြီး မ၀ယ်တော့ဘူး။ အဲဒါနဲ့ Abalone ကိုတွေ့တော့ ဈေးဘယ်လောက်လဲကြည့်လိုက်တော့ 5 ကျပ်ဆိုတာနဲ့ ၀မ်းသာအားရ၀ယ်လိုက်ပါတယ်။

ဒါနဲ့ အားလုံးဝယ်ပြီးလို့ Cashier မှာ ငွေရှင်းတဲ့အခါကျတော့ အားလုံးပေါင်း 110 လောက်ကျသွားတယ်။ ကျွန်မလဲ မျက်လုံးတော်တော်ပြူးသွားတယ်။ ကျွန်မတို့ အတွက် ၂ယောက်စာဆို ၁ပတ်မှ 30 လောက်ပဲကျ တာ။ ဒီ၁ခေါက်ဆီဝယ်တာနဲ့ ကျွန်မစားချင်တာ ၀ယ်တာနဲ့ ယောင်္ကျားစားချင်တာဝယ်တာ၊ သားသား စားချင် တာဝယ်တာနဲ့ ဆိုအားလုံးကျမှ 60 ကျော်ပေါ့။ အခုဟာက အများကြီးကျနေတယ်။ Voucher လာလို့ ဖတ်လိုက်တော့ Abalone ၁ခုထဲတင် 38.90 ဆိုတော့ ယောင်္ကျားကိုတောင် ခုဏက စာဖတ်လိုက်တော့ 5 ကျပ်ဆိုလို့ ၀ယ်လိုက်တာ။ ကျွန်မ မျက်စိရှန်းသွားတာလဲ ဖြစ်ပါလိမ့်မယ်။ မျက်မှန်ကလဲ ပျောက် သွားတော့ လောလောဆယ် မျက်စိမှုန်ချင်ချင် ဖြစ်နေတာ နေမှာပါ။ ယောင်္ကျားက စောစောက ဂဏန်းအချောင်း ၀ယ်လိုက်တာကမှ ဟုတ်ဦးမယ်တဲ့။ ရက်စက်ပါ့ပေ Abalone ရယ်။ အဲဒီနေ့က ဈေးကပြန် လာပြီး တော်တော်ရင်ခံသွားတယ်။


ကဲ ဟင်းချက်ဖို့ စတော့မယ်။ ပြင်ဆင်ထားရမှာက
- Abalone ၄ခု
- ကြက်သွန်နီ ၁လုံး
- ဂျင်း လက်၁ဆစ်
- ကြက်သွန်ဖြူ ၂မွှာ
- ကော်မှုန့် ဟင်းခတ်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် အကြည် လက်ဘက်ရည်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် အနောက် လက်ဘက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ပွအကြီး၁ခု ရဲ့ ၁၀က်
- ဗိုလ်စားပဲသီး ၁၅ခု
- ရွှေပဲသီး ၁၅ခု
- မုန်လာဥနီ ၁လုံးရဲ့ ၁၀က်
- Broccoli ၁ခုရဲ့ ၁၀က်
- ဆီ ဟင်းခတ်ဇွန်း ၃ဇွန်း
- ဆား အနည်းငယ်
- အချိုမှုန့် အနည်းငယ်


ကြက်သွန်နီ ၁လုံးကို ခွာပြီး ၄စိတ်စိတ်ထားပါ။ ကြက်သွန်ဖြူ ၂မွှာကို ဓားပြားရိုက်ပါ။ ဂျင်းလက်၁ဆစ်နွှာ ထားပါ။ ဆီထည့်ပြီး ကြက်သွန်နီ လေးစိတ်စိတ်ထားတာရယ်၊ ကြက်သွန်ဖြူ ၂မွှာ ဓားပြားရိုက်ထားတာ၊ ဂျင်းလက်၁ဆစ်ထည့်ပြီး ဆီသတ်ပါတယ်။ အနံမွှေးလာရင် Abalone ထည့်ပြီး ရေနွေးအနည်းငယ် ထည့်ပြီး နှုးအောင် အရင်လုပ်ပါတယ်။ ဆီပြန်ခါနီးအချိန်ရောက်ရင် မုန်လာဥနီ ထည့်ပါတယ်။ Broccoli ထည့်ပါတယ်။ ရွှေပဲသီး၊ ဗိုလ်စားပဲသီးထည့်ပါတယ်။ ငရုတ်ပွကိုနောက်ဆုံးမှထည့်ပါတယ်။ ၁ခုချင်းဆီကို ဖြည်းဖြည်းချင်းထည့်ပါတယ်။ နူး လာအောင် စောင့်နေတုန်းမှာ ကော်ရည်ဖျော်ပါမယ်။ ပန်းကန်၁ခုထဲ မှာ ကော်မှုန့် ဟင်းခတ်ဇွန်း၁ဇွန်း၊ ပဲငံပြာရည် အကြည် လက်ဘက်ရည်ဇွန်း ၁ဇွန်၊ ပဲငံပြာရည် အနောက် လက်ဘက်ရည်ဇွန်း ၁ဇွန်း၊ ဆား၊ အချိုမှုန့်ထည့်ပြီး ကော်ရည်ဖျော်ပါတယ်။ ကော်ရည်ဖျော် ပြီးတာနဲ့  လောင်းထည့်ပြီး ဇွန်းနဲ့ မွေပြီးရင် ရေနွေး အနည်းငယ်လောင်းထည့်ပြီး ရေနည်းနည်းချန်ပြီးရင် ချလို့ရပါပြီ။

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

6 comments:

စံပယ်ချို said...

စားချင်စဖွယ်လေးမို့စားခဲ့ပါတယ်
အရသာရှိလိုက်တာ

Candy said...

စားမယ် ၀ါးမယ် အားလုံးစားပစ်လိုက်မယ်.. ဟီး
ရင်မခံပါနဲ့ မမရယ်.. စားချင်တာ စားလိုက်ရတယ် ဆိုပြီးပဲ တွေးပြီး အမုန်းဆွဲလိုက် ဟိဟိ :P

Myo Mon Yee Oo said...

jasmine : ကျေးဇူးတင်ပါတယ်
candy : အားပေးတဲ့အတွက် ကျေးဇူးပါ ညီမလေး candy ရေ

ချော(အစိမ်းရောင်လွင်ပြင်) said...

အိ.. ဈေးကြီးလိုက်တာ
ဟုတ်ပ စားရတာတောင် စိတ်ထဲ နှမြောစရာ
ဒါပေမဲ့ ကြော်ထားတာလေးက စားချင်စရာလေး
ကြည့်ပြီးတော့ သွားရည်ကျချင်လာတယ်။

Unknown said...

ဒေါင်းလုပ်လုပ်လို့မရဘူးဖြစ်နေတယ်
ကူညီပေးပါအုံး
ကျေးဇူးတင်လျှက်

ilainagagnier said...

Rules of Poker | 2021 Top 6 Games by Herbison
The 바카라 Poker table deccasino is a fairly small and straightforward type of poker that has two fixed payoffs to ensure you can 1xbet korean win. The standard standard payout is in 100