Sunday, September 21, 2014

မလိုင်လုံး


Fresh milk 2 liters (မလိုင်လုံး လုပ်ရန်) ပထမအိုး
Fresh milk 1 liters ( မလိုင်လုံး စိမ်ရန်) ဒုတိယအိုး
သကြား - ဟင်းခတ်ဇွန်း ၅ဇွန်း
ရှာလကာရည် (သို့) သံပုရာသီး ၁ခြမ်း

ပထမအိုးအသေးတွင် မလိုင်လုံးစိမ်ရန် နို့ 1 liters ကို မလိုင်တက်ပြီး ပြစ်လာသည်အထိကြိုထားပါ။ မလိုင်တက်လာလျှင် မလိုင်ချည်း ဆယ်ပြီး မလိုင်လုံးကျိုထားတဲ့အိုးထဲသို့ (ဒုတိယအိုး) ပြောင်း ထဲ့ပေးပါ။ မလိုင်ဖတ်ဆက်တက်လာတိုင်း ပြောင်းထည့်ပေးရပါမယ်။ မလိုင်လုံးစိမ်ရန် ဟင်းချိုဇွန်း ၁ဇွန်းရရင် ချလိုက်ပါ။ 

ဒုတိယအိုးထဲသို့ နွားနို့ 2 liters ထဲကို သကြား ဟင်းခတ်ဇွန်း ၅ဇွန်း ထည့်ပြီး မီးအေးအေးဖြင့် ဆူလာသည် အထိကြိုပါ။ ၅ မိနစ်ခန့် ပွက် ပွက်ဆူနေပါစေ။ နို့အိုးဆူနေချိန်တွင် နို့များဝေမကြစေရန် ဂရုပြုပါ။အိုး မကပ်စေရန် သစ်သားယောင်းမဖြင့် မကြာခဏမွှေပေးပါ။ နို့အိုး တော်တော်လေးဆူလာချိန်တွင် ရှာလ ကာရည် (သို့) သံပုရာရည်ကို တဇွန်းချင်းထည့်ပါ။ တဇွန်းထဲ့ တခါမွှေပါ။ တဖြေးဖြေး နို့ရည်များ ကြဲလာပြီး နို့အဖတ်ကလေးများ ကွဲလာပါ လိမ့်မည်။ ၁နာရီခန့် မီးအေးအေးဖြင့် ကျိုပေးပါ။ မလိုင်လုံးကျိုထားသောအိုး လေးပုံ၁ပုံ ခန့်တွင် အိုးကိုမီးဖိုပေါ်မှချပါ။ ဇလုံအကြီး ၁ခုတွင် ဇကာထည့်ပြီး အဲဒီအပေါ်ကို မလိုင်လုံးကျိုထားသောအိုး လောင်းချပြီး နို့ရည် ကြည်များကိုစစ်ထုတ်လိုက်ပါ။ ရေကုန်သွားပြီဆိုလျင် အ၀တ်ပါးထဲမှ နို့ခဲကို ဘန်းတခုထဲသို့ထည့်ပြီး လက်ဖြင့်သေသေချာချာ ဖိနယ်ပေးပါ။ ခြေထားသော နို့ခဲအနည်းငယ်ကိုယူ၍ လက်ညှိုး နှင့်လက်မ ကြားတွင်ထည့်ပြီးအလုံးပုံစံရပြီဆိုလျင်မိမိ စိတ်ကြိုက် အနေ အထား အတိုင်း အလုံးလေးများပြုပါ။ နို့လုံး တင်းလာအောင် အအေးခံထားပါ။ 

 မလိုင်လုံး ရရန် ဇကာနဲ့ စစ်ထားစဉ်

မလိုင်လုံးလေးများ

မလိုင်လုံးစိမ်ရန် ကျိုထားသောအိုးထဲသို့ အအေးခံထားသော မလိုင်လုံးတွေ ပြန်ထည့်ပေးပါ။ 

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ ….

No comments: