Monday, November 30, 2009

ရန်ကုန်ပြန် အတွေ့အကြုံ

Blog ကိုပစ်ထားတာ အတော်ုကာနေပြီ။ ရန်ကုန်ပြန် အတွေ့အကြုံလေးတွေ၊ ကိုယ်ချင်းစာမှုမရှိသောသူများကို သိစေချင်လို့ အားလုံးကိုမျှဝေလိုက် ပါတယ်။

ကျွန်မ ရန်ကုန်ပြန်တဲ့အချိန် ကိုယ်ဝန် 22 weeks ပါ။ အဖေက NUH ရဲ့ Recommend Letter ယူလာခဲ့ဆိုလို့ လေယာဉ်စီးလို့ရအောင် တောင်းလာခဲ့ပါတယ်။ Just in case ပါ။ ၁ယောက်ကိုမှ Silk Air က ကီလို ၃၀ ပဲရတာ။ ဗိုက်နဲ့ ၁ယောက်ထဲပြန်ရတော့ ပါဆယ်ရန်ေုကာက်လို့ ဘယ်သူမှမသိကြပါဘူး။ အရမ်းခင်တဲ့သူတွေပဲသိကြတာပါ။ စိတ်ဆိုးတဲ့သူတောင်ရှိသေး။ ကိုယ်လိုဖြစ်လာတဲ့အချိန်မှ ကိုယ်ချင်းစာလာ မှာပါ။ ဒီကနေသယ်သွားတာအားလုံး 30 KG ပါ။ Silk Air က Immigration ကိုမျက်နှာချိုသွေးပြီး Business Class အနောက်က Seat ကို Request လုပ်ပါတယ်။ အသွားကော၊ အပြန်ကော Economy Class ရဲ့ ရှေ့ဆုံး ထိပ်ထောင့်ကိုရပါတယ်။ ရန်ကုန်ရောက်တော့ Immigration နဲ့ အရင်ဆုံးတွေ့ရပါတယ်။ လိုအပ်တဲ့စာရွက် စာတမ်းတွေကို အဆင်သင့်လုပ်ထားပြီး မှီခိုဖြင့်ပြန်လာသူ များနေရာမှာ တန်းစီပါတယ်။ ကျွန်မအလှည့် ရောက်တော့ လိုအပ်တဲ့စာရွက်စာတမ်း အကုန်ပေးလိုက် ပါတယ်။ အကုန်ပြီးသွားတော့ ကျွန်မကို အကုန် ပြန်ပေးပါ တယ်။ ပြီးတော့ပြောလိုက်ပါ သေးတယ်။ လက်ဆောင်လေးများပါရင် ပေးခဲ့ပါဦးတဲ့။ တောင်းတာ ပေါ်တင်ကြီးနော်။ ကျွန်မရဲ့ စိတ်က အဲဒီလိုလူမျိုးဆို တအားအမြင်ကတ်တာ။ ပြီးပြီလားလို့ ၁ခွန်းမေးပြီး လှည့်ထွက်လာခဲ့တာပါပဲ။ စိတ်ထဲမှာတော့ ပြန်ရင်ဘာမှမပြည့်စုံ ရင်ပြသာနာပဲဆိုပြီး တွေးမိပါသေးတယ်။

ရန်ကုန်မှာ စားချင်တာတွေစားခဲ့တာ။ ကိုယ်အလေးချိန်တောင် တော်တော်တက်လာတာ။ ကျွန်မ ကိုယ်အလေးချိန် ဗိုက်မကြီးခင် ပေါင် ၉၀ တောင်မရှိ ဘူး။ ကျွန်မ ထမီဝတ်ရင် ၃တောင်မိုက်လျောပဲ ၀တ်တာ။ ရီစရာက စွတ်လို့ပဲ ရတယ်။ ကြည့်မကောင်းဘူး။ ၄တောင်မိုက်လျော့ကလည်း ၁ထည်မှမရှိဘူး ကျွန်မ ရွှေတိဂုံဘုရား မသွားခင် အရင်ဆုံးဝတ်ကြည့်လိုက်ပါသေးတယ်။ ရွှေတိဂုံဘုရားမှာLift က မီးမလာလို့ခြေကျင် တက်လာခဲ့ရပါသေးတယ်။ စိတ်အေးချမ်းသာစွာနဲ့ ဘုရားဖူးပြီးလှည့်ထွက်လာတော့ တာဝန်လို့ လက်မောင်းမှာပတ်ထားတဲ့ မိန်းမကြီး၁ယောက်က ၀တ်ထားတာ အရမ်းတိုတယ်နော်တဲ့။ သြော်... ပြသာနာပဲ။ အရှည်က ခြေမျက်စိ နဲ့ဒူးခေါင်းကြားရှိပါတယ်။ ထမီတော့ မဟုတ်ဘူးပေါ့။ ကျွန်မဗိုက်ကြီးသည်လေ ဗိုက်ဖုံးဂါဝန်ပဲဝတ်လို့ ရမှာပေါ့လို့ပြန်ပြောလိုက်ပါတယ်။ လာပြောတဲ့သူဝတ်ထားတာ ကျွန်မ ထက်တောင်တိုသေးတယ်။ ဒါပေမယ့် ထမီပါ။ ကျွန်မဒီကနေပြောချင်တာက သူများကိုလက်ညိုးမထိုးခင် ကိုယ်ကိုကိုယ်အရင်ဆုံးပြန်ကြည့်သင့်ပါတယ်။ ဖြစ်သင့်တာက ကိုယ်ဝတ်ထားတာ ခြေမျက်စိထိဖုံးနေပြီး အများကိုပြန်ပြောတဲ့အခါမှလည်း အများကလည်းကိုယ့်ကိုလေးစားမှာပေါ့။ ကိုယ်ပြောတဲ့စကားကိုလည်း လိုက်နာမှာပေါ့။ အခုတော့ .... ကျွန်မမှာဘုရားဖူးပြီး ပြန်ထွက်လာတဲ့ ကြည်နူးစိတ်လေးတောင် ပျောက်ဆုံးသွားတယ်။

ကိုယ်တိုင် ပြန်တာဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့အရာကို စိတ်ကြိုက်သယ်လို့ရတယ်လေ။ Luggage အကြီး ၁အိတ်၊ စားစရာပုံး ၁ပုံး၊ Computer Bag ၁လုံး ၊ ပါဆယ်ပေးလိုက်လို့ သယ်လာရတဲ့ အိတ် ၁အိတ်၊ ဟင်း၁အိတ်၊ Hand Bag ၁လုံး အားလုံး ၆မျိုး တောင်နော်။ အဲဒါသာကြည့်တော့ ဗိုက်ကြီးသည် သယ်လာရတာ ၆အိတ်တောင်။ 35 KG ကျော်တယ်။ အဲဒီတော့ Luggage အကြီး ၁အိတ် နှင့် စားစရာပုံး ၁ပုံး ကိုပဲအပ်လိုက် တော့တယ်။ ကိုယ်ဟာကိုယ် အပင်ပန်း ခံပြီး Hand Carry ပဲ လုပ်လိုက်တော့တယ်။ တော်ကြာ အဖေပိုက်ဆံထပ်ကုန်နေဦးမယ်။ စိတ်လည်းတော်တော် ညစ်တယ်။ ပြန်ခါနီး Immigration ကရစ်လိုက်သေးတယ်။ Immigration မ၀င်ခင် ဗိုက်ကြီးနေပါတယ်ဆိုမှကျွန်မကို Scan ဖတ်လိုက်သေးတယ်။ သြော် ... မပြန်ခင်တော်တော်နှိပ်စက်တာပဲနော်။ ဗိုက်ကြီးနဲ့မို့လို့လေယာဉ်ပေါ်တက်ခွင့်မပေးနိုင်ဘူးတဲ့။ NUH ကစာကိုပြလိုက်မှ အဆင်ပြေသွားတော့တယ်။ လေယာဉ် မတက်ခင်မှာ Scan ဖတ်မယ် အလုပ်မှာ ဗိုက်နဲ့ဆိုတာသိသွားတော့ Scan ဖတ်ရခြင်းမှ ကင်းဝေးသွားပါတယ်။ တော်ပါသေးရဲ့။ ပြီးပြီ အောင်းမေ့တာ မပြီးသေးဘူးရှင်။ လေယာဉ်အ၀င်မှာ ဗိုက်နဲ့မို့လို့ လေယာဉ် ပေါ်တက်လို့မရဘူးတဲ့။ လက်မှတ်ထိုးပြီးပြီလားတဲ့။ ဘာလက်မှတ်မှ ကျွန်မ မထိုးရသေးပါ။ ကျွန်မလည်း ပြီးပြီရောဆိုပြီး ထိုးပြီးပြီလို့ပြောလိုက်တယ်။ သြော် ... စိတ်ညစ်စရာကောင်းလောက်အောင် တော်တော်ရစ်ကြတာပဲ။

Computer Bag ၁လုံး ၊ ပါဆယ်ပေးလိုက်လို့ သယ်လာရတဲ့ အိတ် ၁အိတ်၊ ဟင်း၁အိတ်၊ Hand Bag ၁လုံး ကိုအနောက်ကလူကို အကူအညီ တောင်းပြီး အပေါ်ကို တင်ခိုင်းလိုက်ပါတယ်။ ကူတင်ပေးလို့တော်သေးတယ်။ လေယာဉ်အဆင်းမှာ အန်လိုက်သေးတယ်။ ဘေးနားက Singaporean အဘွားကြီး ၁ယောက် လေယာဉ်မယ်ကို ခေါ်ပေးတယ်။ လေယာဉ်က အမြင့်ကြီးကနေ အောက်ကိုဆင်းတဲ့အခါ ဖြည်းဖြည်းဆင်းရမယ့် ဟာကို တအားနိမ့်ဆင်းလိုက်တော့ ကျွန်မလည်းအန်တော့တာပဲ။ Right time 2:45 PM မှ ဆင်းရမှာ 2:20 PM လေယာဉ်ဆိုက်တယ်။ ကျွန်မလည်း နောက်ကလူကို အိတ်ချပေးဖို့ အကူအညီတောင်းရတယ်။ ချပေးပါတယ်။ အဲဒီမှာ ပြသာနာစတာပဲ။ ပါဆယ်ထည့်လာတဲ့အိတ် နှင့် Computer Bag ညှိပြီးတော်တော် အချိန်ကြာသွားတယ်။ အဲဒီအချိန် ကျွန်မကို နာမည်ကြီး Model ၁ယောက် မျက်ထောက်နီကြီးနဲ့ ကြည့်နေတယ်။ သူက ကျွန်မ အနောက်ကလေ။ ၁၅ မိနစ်လောက်ကြာသွားတယ်။ ကျွန်မ ဘယ်လိုလုပ်ပြီး မ နိုင်မှာလဲ။ မ မနိုင်ဘူးလေ။ မကူညီတဲ့အပြင် အဲဒီလိုပြန်ကြည့်တော့ ကျွန်မလည်း စိတ်ဆိုးလွန်းလို့ ပြန်ပြီး မျက်ထောက်နီ နဲ့ဘုကြည့် ကြည့်ပေးလိုက်ပါတယ်။ သြော် ... ပြသာနာ

ကျွန်မရဲ့အိတ်တွေကလည်း အစောကြီးထွက်လာတယ်။ အိတ်ချဖို့အကူအညီတောင်းတော့ မကူညီနိုင်ဘူးတဲ့။ အဲဒီတော့ Trolley ကို ဘေးနားကပ်ပြီး အိတ်တွေကိုဆွဲချရတော့တယ်။ အိတ်ပျက်သွားတာက အရေးမကြီးဘူး။ ဗိုက်ထဲက ကလေးဘာမှမဖြစ်တာပဲတော်သေးတယ်။ ကျွန်မ ကလေးကလည်း တော်တော်သန်ပါတယ်။ အမေက အကြမ်းပတမ်း ဘယ်လောက်လုပ်လုပ် ယနေ့အချိန်ထိ ဘာမှမဖြစ်သေးပါ။

ဒီကြားထဲကိုယ့်ဟာကိုယ်သယ်လာတာ ပြောတဲ့သူရှိသေးတယ်။ ဘာလို့စာအုပ်တွေအလေးခံပြီးသယ်လာတာလဲ။ ဒါကြောင့်လေးနေတာတဲ့။ ကိုယ်ပြန်တဲ့အချိန်မှသယ်ရတာလေ။ ကျွန်မက စာဖတ်အရမ်းပါသာနာပါတာ။ ဒီမှာဝယ်လို့မရတဲ့ စာအုပ်တွေသယ်လာတာပါ။ လူတွေရဲ့ပါးစပ်က သူများ Private ကိုတော်တော်စပ်စုချင်ကြတာပဲ။ အတင်းတော်တော်ပြောချင်ကြတာပဲ။ ကိုယ်ထမင်းကိုယ်စား နေတာ ကျေးဇူးပြုပြီး ပါးစပ်ပေါက်လေးတွေ ပိတ်ပေးကြပါ။ Plsssssss ....

သြော် ... ပြောဖို့မေ့နေတာ။ ကျွန်မကလေးက ယောက်ျားလေးပါ။ အိမ်နာမည်က MICKEY ပါ။

ရန်ကုန်ပြန်တော့ ဘာအလုပ်မှ လုပ်စရာမလိုပါဘူး။ အေးအေးဆေးဆေး စားချင်တာတွေကို ထိုင်စားနေယုံပဲ။ အဖေကတော့ Singapore ကိုမပြန်ခင် ပြောလိုက်ပါသေးတယ်။ ကိုယ့်အားကိုယ်ကိုရတော့မယ်တဲ့။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ Blog လေးကိုရောပေါ့။ ကျွန်မရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခွင့်ရလို့လေ ....

1 comment:

rose of sharon said...

တော်တော်ပင်ပန်းသွားမှာဘဲနော်.... ကိုယ်ဝန်သည်ကိုတောင် မကူညီချင်ကြဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး