Saturday, September 5, 2009

Singapore မှာဘာကြောင့်မွေးလဲဆိုတာ

ကျွန်မ ကိုယ်ဝန် ၃လကျော်လို့ ၄လထဲမှာပါ။ ဒီမှာ မွေးကြရာမှာ ၂မျိုး ၂စားရှိပါတယ်။ ၁ချို့တွေက ရန်ကုန်ပြန်ပြီး မွေးကြတယ်။ ၁ချို့က ဒီမှာပဲ မွေးကြတယ်။ တွေ့တဲ့သူတိုင်းက မေးကြလွန်းလို့ ဖြေရတာမောတယ်။ ဒီကနေပဲ ဖြေပေးလိုက်ပါတယ်။ ကျွန်မက ဒီမှာပဲမွေးမှာပါ။ ကျွန်မ Full-Time အလုပ်လဲမလုပ်ပါဘူး။ Part-Time တော့လုပ်ပါတယ်။ Full-Time လုပ်ရင် ကလေး ၁ခုခု ဖြစ်သွားမှာ စိုးရိမ်လို့ပါ။ ကျွန်မရဲ့ Professional လမ်းကြောင်းက Programmer ပါ။ ၂၀၁၁မှFull-Time အလုပ် လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အဖေကတော့ ပြောပါတယ်။ Idleness ဖြစ်နေဦးမယ်တဲ့။ အလုပ်ပြန်စတဲ့အချိန် ကျတော့ အများတကာထက် ၂ဆတော့ ပိုလုပ်ရမှာပေါ့။ ၂ဆလည်း ပိုပင်ပန်းမှာပါပဲ။ အဓိက အလုပ်ဆက် မလုပ်ရတဲ့ အကြောင်းရင်းက STRESS ဒဏ်ကြောင့် ကလေးပျက်ကျမှာ စိုးရိမ်လို့ပါ။ ကလေးဆိုတာ လိုချင်တိုင်းလည်းမရပါဘူး။ ကျွန်မ အဖေပြောသလို ကလေးကလည်း ကိုယ်တို့နဲ့ ကံပါမှ၊ ထိုက်မှလည်းရတာပါ။

ဘာကြောင့်အလုပ်မလုပ်ရသလဲ၊ ဒီမှာပဲမွေးရတာလဲဆိုတာ ဒီနေရာကနေအားလုံးကို ကျွန်မရဲ့ ခံစားချက်လေးကို ရှင်းပြချင်ပါ တယ်။ ကျွန်မ မွေးတဲ့အချိန် ဘယ်သူမှဒီကိုလာပြီး မကူပါဘူး။ မထိန်းပေးနိုင်ပါဘူး။ အဖေက ငယ်ငယ်ထဲက ကိုယ့်အားကိုယ်ကိုး နိုင်အောင် သင်ထားပေးတယ်။ ပြီးတော့ ခုချိန်မှာအဖေခဏခဏပြောတဲ့စကားလေး၁ခွန်းက "ခံနိုင်ရည်ရှိအောင် အားမွေးထားပါ" တဲ့။ ဒီမှာမွေးတာ ပိုက်ဆံအရမ်းကုန်ပါတယ်။ဒါတောင် NUH မှာပြလို့။ PR လည်းဖြစ်နေလို့။ ၁ခါပြ ၁လကို ၁၅၀ ၀န်းကျင်။ ဒါ တောင်မမွေးရသေးဘူး။ မွေးပြီးရင်ဘယ်လောက်ကုန်မလဲဆိုတာ စဉ်းတောင်မစဉ်းစားရဲပါဘူး။ ကျွန်မတို့ရဲ့ကလေးပဲဟာ။ ပိုက်ဆံ ကုန်ချင်သလောက်ကုန်ပါစေ။ ပိုက်ဆံရှိနေလို့လဲမဟုတ်ပါဘူး။ အရာအားလုံးထက် အကောင်းတကာ အကောင်းဆုံးဖြစ်ချင်တာပါ။ အဖေကိုလည်း ရန်ကုန်ပြန်ပြီး ကိုယ်ကြောင့်အလုပ်တွေပိုလာမှာ၊ အမျိုးတွေလည်း ကိုယ်ကြောင့်အလုပ်ပိုလာမှာ၊ ဟိုဖက်ကလည်း ကိုယ်ကြောင့်အလုပ်တွေပိုလာမှာကိုလည်း မလိုလားပါဘူး။ ကိုယ်မွေးတဲ့အချိန် ယောက်ျားကို ဘေးနားမှာရှိချင်တာလည်း ပါတာ ပေါ့နော်။ ကိုယ်မွေးတဲ့အချိန် Singapore ရဲ့ထုံးစံအတိုင်း အလုပ်လုပ်နေတဲ့သူတိုင်း ခွင့်၁ခါယူဖို့အရေး အတော်ကိုခက်ပါတယ်။

ကျွန်မ ၄နှစ်မှာ အဖေက ပညာတော်သင်အနေနဲ့ UK ကိုသွားရတယ်။ ကျွန်မ ၅တန်းတက်ခါနီးအချိန်ကျမှ ပြန်လာတာ။ အဲဒီ အတော်အတွင်းကျောင်းကသူငယ်ချင်းတွေက "နင့်အဖေဘယ်မှာလဲ။ နင်က အဖေမရှိပဲမွေးလာတာမဟုတ်လား" ဆိုပြီး ကျွန်မကို အမြဲတမ်း စကားလုံးတွေနဲ့ထိုးနှက်ကြတယ်။ တစ်ချို့ဆို ကျွန်မကိုဆွဲဆိတ်ကြတယ်။ ကျွန်မလက်၂ဖက်လုံးမှာကျောင်းကပြန်လာရင် ဆိတ်ရာတွေချည်းပဲ။ ကျောင်းကပြန်လာတိုင်း ကျောင်းပြောင်းပေးဖို့ အမေကိုပြောရတာလည်းခဏခဏပဲ။ အမေဆို အဲဒီလိုပြော လာရင် တအားစိတ်ညစ်တာ။ ကျွန်မ ဒီကျောင်းကိုရအောင် ခက်ခက်ခဲခဲထားခဲ့ရတာဆိုတော့ ကျောင်းပြောင်းရမယ်ဆိုအမေလန့် နေပြီ။ အဖေ ပြန်လာတော့ ကျွန်မ ၁လလောက်နေမှ အဖေအနားကပ်တာ။ အဖေပြန်ရောက်တော့ ကျွန်မမှာ အဖေဆိုပြီး အဖေကို လာလာ ချောင်းရတာအမော။ မွေးလာမယ့် ကလေးကို ကျွန်မတို့နဲ့ ရင်အုပ်မကွာအမြဲထားမှာပါ။ ကျွန်မ ကလေးကို မွေးပြီး ၂ဖက်အိမ်မှာ (ရန်ကုန်မှာ)ပစ်ထားပြီး ပိုက်ဆံ၁ခု အတွက်နဲ့ ဒီကိုပြန်ပြီး အလုပ်လာလုပ်တာလည်း မလိုချင်ပါဘူး။ ကျွန်မ ငယ်ငယ်ကခံစားခဲ့ ရသလို ကျွန်မကလေးကို အဖေကော၊ အမေကော၊ မိစုံဖစုံရှိရဲ့ သားနဲ့တနယ်တကျေးမှာ ပစ်ထားတာ မျိုး ဘယ်တော့မှမလုပ်ဘူး။ ငယ်ငယ်လေးကထဲက နုနယ်လှတဲ့ ကလေးရဲ့စိတ်ဓာတ်ကို သိမ်ငယ်စိတ်ဝင်အောင် မိဘများက မလုပ်သင့်ပါဘူး။ ကျွန်မတောင် အမေနဲ့ အတူတူနေတာတောင် ဒီလို အပြောခံခဲ့ရင် မိစုံဖစုံရှိရဲ့သားနဲ့ ခွဲနေရမယ်ဆိုရင် စဉ်းစား ကြည့်ပေါ့ရှင်။ မိစုံဖစုံနေခဲ့ရတဲ့ ကလေးနဲ့ အဖိုးအဖွားတွေနဲ့နေခဲ့ ရတဲ့ကလေးကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် စိတ်ဓာတ်ရေးရာမှာ အတော်ကွာပါတယ်။ ကျွန်မ ရှင်းပြတာထက် ၁ချိန်လက်တွေ့မှာ မြင်လာမှာပါ။ ကျွန်မရဲ့ခံစားချက်ကို သဘောပေါက်လောက်ပြီ ထင်ပါတယ်။

ကျွန်မ Singapore မှာဘာကြောင့်မွေးလဲဆိုတာ ...
- ၂ဖက်မိဘကို ကိုယ်ကြောင့်အလုပ်မပိုစေချင်ပါဘူး
- ကလေးကို မိဘနဲ့ ရင်အုပ်မကွာ အတူရှိနေချင်ပါတယ်
- အကောင်းတကာ အကောင်းဆုံးဖြစ်အောင်ပေးချင်ပါတယ်

၁ချို့တွေဆို ကျွန်မကို ရန်ကုန်မှာပဲ ပြန်မွေးဖို့ကို အတင်းကာရော တိုက်တွန်းကြပါတယ်။ ကျွန်မပြောချင်တာက ကျွန်မတို့ ၂ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဘ၀ကိုဖြတ်သန်းခွင့်ပြုပါ။ ဘ၀ခရီးကို ၂ယောက်အတူ လျှောက်လှမ်းနေတဲ့အချိန်မှာ ကြမ်းချင်လည်း ကြမ်းမယ်။ ဒါတွေကိုလည်း ကြိုတွေးပြီးသားပါ။ ဘ၀ခရီးကိုခံနိုင်ရည်ရှိအောင် ကြိုးစားနေပါတယ်ဆိုတာ

5 comments:

Balloon said...

Great !!!! carry on with ur own decision ,,,, and take care of u ,,,,,

ThuHninSee said...

ကျွန်မပြောချင်တာက ကျွန်မတို့ ၂ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဘ၀ကိုဖြတ်သန်းခွင့်ပြုပါ။ ဘ၀ခရီးကို ၂ယောက်အတူ လျှောက်လှမ်းနေတဲ့အချိန်မှာ ကြမ်းချင်လည်း ကြမ်းမယ်။ ဒါတွေကိုလည်း ကြိုတွေးပြီးသားပါ။ ဘ၀ခရီးကိုခံနိုင်ရည်ရှိအောင် ကြိုးစားနေပါတယ်ဆိုတာ .....အဲဒီစာသားလေးကို သဘောကျတယ်။ ကိုယ်ချင်းလဲစာပါတယ်။ စေတနာနဲ့ပြောတာကို နားလည်သော်လည်း တစ်ခါတစ်ခါ ကိုယ့်အကြောင်းကိုယ်ပဲသိ. ကိုယ်ပဲဖြေရှင်းနိုင်တာတွေရှိလို့။

Anonymous said...

နောက်ဆုံး စာပိုဒ်ကို အကြိုက်ဆုံးဘဲ....တချို့တွေက ဒီလိုဘဲ အတင်းတိုက်တွန်းတတ်ကြတယ်..

Peter said...

Good. I fully support your decision. You alone shall decide what is best for you and your family. Don't be bothered by other's suggestions and comments. Personally, I am glad you've decided to deliver in Singapore. I plan to be in Singapore around the time. Ba Gyi.

Anonymous said...

You R Great Mom. Cheers