Monday, March 8, 2010

ကလေးမမွေးခင် ကုန်ကျစရိတ်

အားလုံးကိုသိစေချင်သော ရည်ရွယ်ချက်ဖြင့် ရေးရခြင်းဖြစ်ပါတယ်။ PR Approved ဖြစ်လို့ ဆေးစစ်ရမယ့်အချိန်မှာ ဆရာဝန်က ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အတွက် X-Ray ရိုက်ဖို့မလိုကြောင်း ထောက်ခံချက်ရေးပေးလိုက်ပါတယ်။ Co., ဆေးခန်းမှာ ပြတာဖြစ်တဲ့ အတွက် ပိုက်ဆံမပေးလိုက်ရပါဘူး။ ဒီလိုနဲ့ ၁ပတ်ကျော်ကြာတဲ့အခါ အန်ချင်သလို ရှိလာတဲ့အတွက် Poly Clinic မှာ ၁ခါ ပြခဲ့ပါတယ်။ Poly Clinic က ဆရာဝန်က ဘယ်ဆေးရုံသွားချင်လဲလို့ မေးပါတယ်။ NUH လို့ပြောတဲ့အတွက် Appointment Date နှင့်အတူ Letter ၁စောင် ပေးလိုက်ပါတယ်။ Poly Clinic မှာပြတာ ကုန်ကျစရိတ်က 19.80 ပါ။ ဒီနေရာမှာ Poly Clinic မသွားခင် ဘယ်ဆေးရုံကို သွားမလဲဆိုတာ ရွေးချယ်သင့်ပါတယ်။

Poly Clinic ကညွှန်းလိုက်ရင် PR ဆိုရင် Government Subsidized ရပါတယ်။ ကိုယ့်သဘောနဲ့ကိုယ်ဒီအတိုင်း ကြိုက်တဲ့ ဆေးရုံကိုသွားမယ်ဆိုရင် Government Subsidized မရပါဘူး။ Foreigner ဈေးအတိုင်းပေးရမှာ ဖြစ်ပါတယ်။ စရိတ် ပိုကုန်ပါတယ်။ Government Subsidized ဆိုတာက ကုန်ကျစရိတ်မှန်သမျှကို အစိုးရက ၁/၄ (လေးပုံ ၁ပုံ) ပြန်ပေး ပါတယ်။ သက်သာတာပေါ့။

၁။ ၂၀-၇-၂၀၀၉ NUH မှာပထမဆုံးပြတဲ့အတွက် ရောဂါအကုန်စစ်ရပါတယ်။ ၂ဖက်မိဘ မှာရှိသော ရောဂါအမျိုးအစားများ ကိုလည်း ဆရာဝန်ကို ပြောပြရပါတယ်။ Hepatitis B, HIV, သွေးအုပ်စုအမျိုးအစား (B မှန်းသိပေမယ့် - လား + လားဆိုတာ စစ်ရတာပါ), Thalassemia (Thalassemia Minor ပဲဖြစ်ဖြစ်၊ Major ပဲဖြစ်ဖြစ် မိန်းမရှိခဲ့ရင် ယောက်ျားပါစစ်ရပါတယ်။ မိန်းမမှာ မရှိခဲ့ရင် ယောက်ျားစစ်ဖို့ မလိုပါဘူး)။ ကုန်တာက 203.95 ဒါပေမယ့် Government Subsidized ရတဲ့အတွက် အမှန်တကယ် ကုန်ကျစရိတ်က 137.30 ပါ။ ကျွန်မရဲ့ Result က အားလုံး Negative ပါ။

၂။ ၁၃-၈-၂၀၀၉ Down Syndrome ရှိ၊ မရှိ နဲ့ ပထမဆုံးအကြိမ် ကလေးကို Full Screening လုပ်ပါတယ်။ ကိုယ့်ကလေးကို ပထမဆုံးအကြိမ် မြင်လိုက်ရတဲ့ပီတိက ဘာနဲ့မှလဲလို့မရပါဘူး။ ဆရာဝန်က မှာလိုက်တာ Phone စောင့်နေပါ။ Phone ခေါ်ရင် မနက်ဖြန်ပြန်လာခဲ့ပါတယ်။ ထပ်ပြီးစစ်ရမယ်တဲ့။ Phone မခေါ်ပါစေနဲ့လို့ပဲ ၁နေ့လုံးဆုတောင်းနေရတာ။ Phone လဲမခေါ်ခဲ့ပါဘူး။ ကုန်ကျစရိတ်က 243.10 ပါ။ အမှန်တကယ် ကုန်တာက 148.00 ပါ။ Down Syndrome လည်း Negative ပါ။ Positive ဖြစ်ရင် ဘာဖြစ်မလဲဆိုတာ ကျွန်မလည်း မသိဘူးရှင့်။ ရေးလိုက်ရင် မှားနေမှာမို့လို့ မရေးတော့ ဘူးနော်။

၃။ ၁၀-၉-၂၀၀၉ ၃၂ပတ်မတိုင်ခင် ၁လ ၁ကြိမ်ဆေးရုံသွားရပါတယ်။ ဒီ၁ခါတော့ ဆရာဝန်က Pressure တိုင်း၊ ဟိုမေး ဒီမေး ဆိုတော့ ကုန်တာက 28.00 ပဲ။ Government Subsidized မရဘူးဆိုရင်တော့ 52.62 ပေးရလိမ့်မယ်။

၎။ ၈-၁၀-၂၀၀၉ ဆရာဝန်ကို ခေါင်းအရမ်းကိုက်တာ မခံနိုင်အောင်ပဲလို့ အရင်လက လျှာရှည်လိုက်လို့ Neuro ဘက်ကိုသွားဖို့ Reference Letter ပေးလိုက်လို့ သွားပြရသေးတယ်။ ကုန်တာ 31.00 ပါ။ တကယ်တမ်းပေးရမှာက 66.90 ပါ။ ဘာဇြစ်လို့သွားရလဲဆိုတော့ မျိုးရိုးရှိလို့ပြရတာပါ။ အမေက ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးခဲ့တယ်ဆိုတာ Record ထဲမှာရှိလို့ပါ။

၅။ ၁၅-၁၀-၂၀၀၉ ကိုယ်ဝန် ၂၂ပတ်မှာ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာ သိရပါပြီ။ ယောက်ျားလေးပါ။ ကိုယ်ဝန် ၂၂ပတ်ကစပြီး Package ယူလို့ရပါပြီ။ PR ဆိုရင် 450 ပေးရပါတယ်။ နေမကောင်းဖြစ်ရင်၊ အရေးပေါ်လာလို့ ပြန်စစ်ရရင် ဒါတွေ အားလုံး Package ထဲမှာ မပါပါဘူး။ ထပ်ပြီးပိုက်ဆံပေးရမှာပါ။ ဒီ Package ကမမွေးခင် အထိပဲပါ။ တကယ်တမ်း ကုန်တာ 630 ပါ။ Government Subsidized 180 နှုတ်ပြီးပေးရတဲ့စရိတ်က 450 ပါ။

၆။ ၂၄-၁၂-၂၀၀၉ ကိုယ်ဝန် ၃၂ပတ်ကစပြီး ၂ပတ် ၁ကြိမ် ဆရာဝန်နဲ့တွေ့ရပါတယ်။ ကိုယ်ဝန် ၃၂ပတ်မှာ Scan ထပ်ရိုက် ရပါတယ်။ ဒီမှာပြသာနာက အားလုံး Normal ပေမယ့် ရေမြွှာရေနည်းနေတာ နဲ့ ကလေး အနည်းငယ်သေးနေတာပါ။ ဆရာဝန်က အချိန် ၃ပတ်ပေးပါတယ်။ များများစားဖို့လည်း ပြောပါတယ်။ အဲဒီကစပြီး ရေများများ ၁၅မိနစ် ၁ကြိမ်သောက် ပါတယ်။ Package ထဲပါနေတဲ့အတွက် ပိုက်ဆံမပေးရပါဘူး။ ကျွန်မက ကိုယ်ဝန် ၃၂ပတ်ကျော်မှ တအားစားတာ။

၇။ ၁၄-၁-၂၀၁၀ ကိုယ်ဝန် ၃၅ပတ်မှာ Scan ရိုက်ရတော့ အားလုံး Normal ပြန်ဖြစ်သွားပါပြီ။ ကလေးကတော့ နည်းနည်း သေးနေသေးတယ်။ Package ထဲမပါသောကြောင့် ပိုက်ဆံ ထပ်ပေးရပါတယ်။ 58.00 ပါ။ 90-32=58 ကိုယ်ဝန် ၃၆ပတ်က စပြီး ၁ပတ် ၁ကြိမ် ဆရာဝန်နဲ့တွေ့ရပါတယ်။

၈။ ၂၉-၁-၂၀၁၀ ကိုယ်ဝန် ၃၇ပတ်မှာ ဆရာဝန်က ထပ်ပြီး Scan ရိုက်ပါဦးဆိုလို့ နောက်ဆုံးရိုက်ရပါသေးတယ်။ ပြီးတော့ Test ၁ခုလည်းစစ်ရပါသေးတယ်။ ဘာလဲဆိုတော့ မွေးလာရင် ကလေးကျန်းမာရေးကောင်း၊ မကောင်းပါ။ Result က Negative ပါ။ ပေးရတာက 91.00 ပါ။

NUH ကကုန်ကျစရိတ် အားလုံးပေါင်းလိုက်ရင် ကလေးမမွေးခင် ကုန်ကျစရိတ်က 943.30 ပါ။ Government Subsidized ရလို့ ဒီလောက်ပဲ ကုန်တာပါ။ ဒါဆိုရင် ပြည့်စုံပြီလို့ ထင်ပါတယ်။ ကျန်တဲ့ဆေးရုံမှာပေးရတဲ့ ကုန်ကျစရိတ်ကိုတော့ မသိပါဘူး။ ကျွန်မက NUH မှာပဲ အကုန်လုပ်ခဲ့တာဆိုတော့ ကျွန်မသိသလောက် တတ်သလောက် အားလုံးကို ဖြန့်ဝေပါတယ်။

NUH မှာ ကလေးမွေးခဲ့တဲ့ ကုန်ကျစရိတ်နဲ့ ရိုးရိုးမွေးခဲ့တဲ့ ကျွန်မ ကိုယ်တွေ့ကို ဆက်ပြီးတော့ ရေးပြပါ့မယ်။ စောင့်မျှော်ကြပါဦးနော် ...

3 comments:

Nay Nay Naing said...

မွေးဖွားလာမယ့် ကလေးရော မိခင်ဖြစ်သူရော ကျန်းမာပြီး အစစရာရာ အားလုံးအဆင်ပြေပါစေ။

Nay Nay Naing said...

အိုးးးး.. မွေးပြီးပြီးပြီ.. ကလေးရော မိခင်ရော ကျန်းမာတယ် မဟုတ်လား...
သားလေး အကြောင်းတွေလည်း ရေးပါအုံး။

Myo Mon Yee Oo said...

ရေးမယ်နော်။ ကလေးအိပ်မှ ရေးရတာမို့လို့ပါ။