
ရှောက်သီး ၁လုံးရဲ့ ၄ပုံ ၁ပုံပဲကို ရှောက်သီးဖတ်လေးပဲခွာပါ။ ပြီးရင် ကြက်သွန်နီပါးပါးလှီး၊ ပုဇွန်ခြောက်မှုန့်၊ စိမ်းစားငပိ မီးဖုတ်ပြီးသား အနည်းငယ်၊ ငရုတ်သီးမှုန့်၊ ဆား၊ အချိုမှုန့်၊ ပဲမှုန့်၊ ငရုတ်သီးစိမ်းပါးပါးလှီး


ကြာဇံကို ညကတည်းက ရေစိမ်ထားပါ။ ရေထည့်ပြီး ရေဆူလာလျင် ကြက်သွန်ဇြူ ဓားပြားရိုက်ထားတာထည့်၊ ပုဇွန်ခြောက်မှုန့်၊ စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ အနံပျောက်မှ ဗူးသီး စိပ်ထားတာ ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဗူးသီးနှုးပြီဆိုလျင် ငရုတ်ကောင်းမှုန့်ထည့်ပါ။
1 comment:
စားချင်လိုက်တာ သရေယိုနေပြီ.. ကြာဇံချက်လေးနဲ့ ကောင်းမှကောင်းပဲ.. ညနေကျရင် လုပ်စားဦးမယ်.
Post a Comment