Thursday, March 17, 2011

သခွားသီးသုတ်

သခွားသီးသုတ် ဆိုပေမယ့် ကျွန်မက သဘောင်္သီး မကြိုက်လို့ သခွားသီးနဲ့သုတ်ကြည့်တာပါ။ အရမ်းစားကောင်း ပါတယ်။ ကျွန်မကချဉ်ချဉ်စပ်စပ်ဆိုရင်အရမ်းကြိုက်တာ။ ကိုယ်တိုင်လုပ်စားချင်နေတာကြာပြီ။ သခွားသီးနဲ့ သုတ် ရင်ကောင်းမှာပဲလို့ စဉ်းစားမိပါတယ်။ ကျွန်မက အဲဒီလိုပေါက်တတ်ကရတွေလည်း ၁ခါ၁လေ လုပ်တတ်တယ်။ အထူးအဆန်းပေါ့။ စားကောင်းတော့လည်း နောက်ထပ်ချက်ရမယ့်ဟင်း ၁ခွက် တိုးသွားတာပေါ့ရှင်။ အခုလဲ ကျွန်မအတွက် နောက်ဟင်း ၁ခွက် တိုးသွားပါပြီ။ စကားမစပ် ဒီနေ့ သားသား အသက် ၁နှစ် ၁လပြည့် သွားပါပြီ။

အရင်ဦးဆုံး သခွားသီး ခပ်လတ်လတ်၁လုံးကို အခွံခွာ၊ ထိပ်ပိုင်း ၂ခုကိုဖြတ်ပစ်ပါတယ်။ ရေဆေးပါတယ်။ ထက် ခြမ်း ခြမ်း ပြီး အစေ့အကုန်လုံးကို ဓားနဲ့ထုတ်ပစ်ပါတယ်။ ဓားဖြင့် သေးသေးရှည်ရှည်လှီးပါတယ်။ စိတ်တော့ အတော်ရှည်ရတယ်။ ပန်းကန်လေးထဲမှာ လှီးထားပြီးပြီဖြစ်သော သခွားသီးတွေကို ပုံထားပါတယ်။ ပဲသီးတောင့် ကိုရေဆေးပြီး အနေတော် လှီးထားပါတယ်။ လက်၂ဆစ် အရွယ်ဆိုရပါတယ်။ စိမ်းစားငပိကို မီးဖုတ်ပါတယ်။ ကြက်သွန်ဖြူ ၃မွှာကို အခွံမချွတ်ပဲ မီးဖုတ်ပါတယ်။ ငရုတ်သီးစိမ်းတောင့် ၁၀ တောင့်ကို အညာခြွေပြီး လှော်ပါ တယ်။ ငရုတ်ဆုံထဲမှာ စိမ်းစားငပိဖုတ်ပြီးသား၊ ကြက်သွန်ဖြူ ဖုတ်ပြီး အခွံနွာပြီးသား၊ ငရုတ်သီးစိမ်း တောင့် မီးဖုတ်ပြီးသားကို အားလုံး ၁ခုပြီးမှ ၁ခု ညက်နေအောင်ထောင်းပါတယ်။ ညက်ပြီးဆိုလျင် ပန်းကန်ထဲမှာထည့် ထားပါတယ်။ သံပုရာသီး ၁စိတ်လှီးပါ။ ကျွန်မက ၁ခြမ်းလုံးထည့်ချင်တာ။ မြေပဲအနည်းငယ်ကိုထောင်းပါတယ်။ မြေပဲက ထောင်းထားတာကော၊ မြေပဲကော ၂မျိုးလုံးထည့်ပါတယ်။ ခရမ်းချဉ်သီးအသေး၁လုံးကို ပါးပါးလှီးထား ပါတယ်။ အားလုံး အသင့်ဖြစ်ရင် ဆား၊ အချိုမှုန့်ထည့်ပြီး သုတ်လို့ရပါပြီ။

အစေ့လွတ် သခွားသီး မသုတ်ခင်

အစေ့လွတ် သခွားသီး သုတ်အပြီး

အားလုံးပဲ ကျန်းမာရွင်လန်းပါစေရှင် ...

3 comments:

မြူးမြူး said...

တို့ဆီမှာ သခွားသီးခြစ်တံလေးရှိတယ်.. အနေတော်အချောင်းလေးတွေထွက်လာတာ.. နောက်မှပုံလေးပြမယ်.. လှီးရသက်သာတာပေါ့.. သခွားသီးသုပ်ကြိုက်တယ်..း)

Angelhlaing(May everybody be happy and healthy! said...

ကျေးဇူးပါမမရေ...သုတ်စားလိုက်အုံးမယ်။
စားချင်စရာလေး...
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

Sunny said...

သခွားသီးသုပ်လေး လာစားပါတယ်.. :) စားကောင်းမယ့်ပုံပဲ.. ပုံကြည့်တာနဲ့တင် သွားရည်ယိုလာပြီ..