Thursday, June 2, 2011

ဆိတ်သားခြောက် ဆီပြန်ဟင်း

ဆိတ်သားခြောက်ကို လက်ဖြင့်ဖဲ့ပြီး ဆီ၊ ဆား၊ အချိုမှုန့်နှယ်ပြီး ကြာရှည်စားလို့ရသလို ချက်ပြီးလည်းစားလို့ရ ပါတယ်။ ကျွန်မချက်ထားတာ ၁ထုတ်ရဲ့ ၃/၄ ပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက်အားလုံး ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက် ရင်ထောင်းထားသောအရာများကိုထည့်ပါ။ ခရမ်းချဉ်သီး၁လုံးကို ပါးပါးလှီးပြီးထည့်ပါ။ ခရမ်းချဉ်သီးကြေပြီ ဆို လျင်ဆိတ်သားခြောက်ကို လက်ဖြင့်ခြေပြီးထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါတယ်။ ခဏလောက်ထားပြီးမှ ငရုတ် သီးစိမ်းတောင့်ထည့်ပါတယ်။ ဆီပြန်ရင် ရပါပြီ။

1 comment:

Angelhlaing(May everybody be happy and healthy! said...

စားချင်စရာလေး သရေတောင်ကျတယ်..မမ:)