Sunday, December 4, 2011

ကြက်ဥဟင်း ဆီပြန် ရေကျန်


ပြင်ဆင်ထားရမှာက -
ကြက်ဥ - ၅လုံး
ကြက်သွန်နီ - ၁လုံး
ကြက်သွန်ဖြူ - ၂မွှာ
ဂျင်း - လက်၁ဆစ်
ကုလားလေး မဆလာ - လက်ဘက်ရည်ဇွန်း ၁ဇွန်း
ဂေါ်ရံကြီး မဆလာ - အနည်းငယ်
အရောင်တင် မဆလာ - အနည်းငယ်
အနံချွတ် မဆလာ - အနည်းငယ်
ခရမ်းချဉ်သီး အလတ် - ၁လုံး
ဆီ - ဟင်းခတ်ဇွန်း ၄ဇွန်းခွဲ (ဟင်းခတ်ရင် ယူသုံးလေ့ရှိတဲ့ဇွန်းမျိုး)
ဆား - အနည်းငယ်
အချိုမှုန့် - အနည်းငယ်
မန်ကျည်းမှည့် - အနည်းငယ်
အရောင်တင်မှုန့် - အနည်းငယ်

ကြက်ဥ ၅လုံးကို ပြုတ် အခွံခွာပြီး ထက်ခြမ်းခြမ်းထားပါတယ်။ ကြက်သွန်နီ ၁လုံးကို ပါးပါးလှီး၊ ကြက်သွန် ဖြူ နှင့်ဂျင်းကို ညက်ညက်ထောင်းပါ။  ခရမ်းချဉ်သီး ပါးပါးလှီးထားပါ။။ ဆီထည့်ပြီး ဆီကျက်ပြီဆိုရင် ကြက်သွန် နီ ပါးပါးလှီးထားတာ ထည့်ပါ။ ကြက်သွန်နီ နွမ်းမှ ဂျင်း ကြက်သွန်ဖြူထောင်းထားတာထည့် ပါ။ နွမ်း ရင် အရောင်တင်မှုန့် အနည်းငယ်ထည့် ပါ။ ခရမ်းချဉ်သီး ပါးပါးလှီးထားတာ ထည့်ပါ။ ခရမ်းချဉ်သီး နွမ်းပြီ ဆီပြန်လာပြီဆိုရင် ကြက်ဥ ထက်ခြမ်းခြမ်းထားတာ ထည့်ပါ။ မန်ကျည်းမှည့်ကို ရေနွေးဖျောပြီးထည့်ပါ။ ဆား၊ အချိုမှုန့်၊ မဆလာ၎မျိုးထည့်ပါ။ (မဆလာ အမည်များကို နောက်မှပြောပြပါမယ်)။ ဆီပြန်လာပြီဆို ရင် ရေနွေး ကို ကိုယ်ကြိုက်ရာအနေအထားထည့်ပြီး ပွက်ပွက်ဆူလာရင် ချလို့ပါပြီ။

2 comments:

တွတ်တွတ် said...

ဒီပို့စ်လေးဖတ်ရတော့...99 တုန်းက ရန်ကုန်မှာအဆောင်နေခဲ့တဲ့ဘ၀လေးကိုတောင် ပြန်သတိရမိတယ်ဗျာ....အဆောင်နေယောကျာ်းလေးတိုင်းတွေရဲ့ ထုံးစံအတိုင်း ဘတ်ဂျက်က အမြဲပြတ်နေတော့..ဈေးပေါ တဲ့
ကြက်ဥ ကိုပဲ...ကြော်လိုက်၊ပြုတ်လိုက် နဲ့ဖြစ်သလို စားခဲ့ရတယ်။ အခုနည်းကတော့..အိန္ဒိယဟင်းလို့တောင် ထင်ရတယ်..မဆလာသုံးမျိုးတောင်ထည့်ရတယ်ဆိုတော့..ဘာပြောပြော..တစ်ရက်တော့ ဒီအတိုင်းချက်စားကြည့်ဦး မယ်ဗျာ....:)

Myo Mon Yee Oo said...

ကျေးဇူးတင်ပါတယ် ကြက်ဥဟင်းက ကျွန်မကမစားတတ်ဘူး။ ယောင်္ကျားအတွက် special ချက်ထားတာ။ အရည်တော့ သောက်တယ်။ အရမ်းသောက်လို့ကောင်းတယ်။ မွှေးနေတာပဲ :)