Tuesday, January 10, 2012

ရခိုင်မုန့်တီသုတ် နှင့် ရခိုင်မုန့်တီအရည် (ရခိုင် style ရှုးရှဲ)

ရခိုင်မုန့်တီ အရည် နှင့် ရခိုင်မုန့်တီ အသုတ်

အခုတလော မုန့်တီသုတ်ကို ရခိုင်လို ရှုးရှဲစားချင်နေတာနဲ့ချက်လိုက်တာပါ။ အဲဒီနေ့က တကယ့်ရှုးရှဲပါပဲ။ စားလို့လဲကောင်းမှကောင်းပါ။ မင်းလမ်းကိုတောင်သတိရမိသေးတယ်။

Seabass ငါးအသေး၁ကောင်ဝယ်ပြီးသန့်စင်အောင်၁ခါထဲဆေးခိုင်းလိုက်ပါတယ်။ Seabass ငါးကို ဓားနဲ့စောင်းစောင်းမွှန်းပါတယ်။ ဆား၊ အချို့မှုန့်နှယ်ပြီး စပါးလင်၁ချောင်းကို ၃ပိုင်းပိုင်းပါတယ်။ ဂျင်းလက် ၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာကိုထောင်းထားပါတယ်။ အိုးထဲမှာ ရေ၁၀က်ထည့်ပြီး ဆူအောင်တည် ပါ တယ်။ ရေဆူလာရင် ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ၃မွှာ ထောင်းထားတာထည့် ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ အနံပျောက်မှ Seabass ငါးထည့်ပါတယ်။ မိနစ် ၂၀လောက် ပြုတ်ပါတယ်။ ငါးအသားနွှင်ပါတယ်။ Seabass ငါးကို ၃/၄ ပုံ၊ ၁/၄ ပုံဖယ်ထားပါတယ်။

ရခိုင်မုန့်တီအရည်တည်နည်း

ရခိုင်မုန့်တီအရည် အတွက်ပြင်ထားပုံ

ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာထပ်ထောင်းပါတယ်။ဒယ်အိုးထဲတွင် ရေ၁၀က် ထည့်ပြီး ဆူအောင် တည်ပါတယ်။ ရေဆူလာရင် ဂျင်းလက်၁ဆစ်၊ ကြက်သွန်ဖြူ ၃မွှာ ထောင်းထားတာထည့်ပါတယ်။ ငါးပိစိမ်းစား အနည်းငယ်ထည့်ပါတယ်။ အနံပျောက်ရင် Seabass ငါးကို ၃/၄ ပုံထည့်ပါတယ်။ ဆား၊ အချိုမှုန့်ထည့်ပါ တယ်။ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပါတယ်။

ရခိုင်မုန့်တီသုတ် ရှူးရှဲပြင်နည်း

ရခိုင်မုန့်တီသုတ် ရှုးရှဲ အနီးကပ်


မုန့်ဟင်းခါးခြောက်ကိုရေစိမ်ထားပါတယ်။ ဒယ်အိုးထဲမှာ ရေထည့်ပြီး ရေပွက်ပွက်ဆူလာရင် ရေစိမ်ထားသော မုန့်ဟင်းခါးခြောက်ထည့်ပါတယ်။ ၈မိနစ်ဆိုရင်ဆယ် ပြီး ရေစစ်ထားပါ။

ငရုတ်သီးစိမ်းတောင့် ၃၀တောင့်လောက်ကို ဒယ်အိုး၁လုံးထဲထည့်ပြီး လှော်ပါ။

ကြက်သွန်ဖြူ ၁မွှာကို မီးဖုတ်ပါ။

လှော်ထားသော ငရုတ်သီးစိမ်းတောင့်၊ မီးဖုတ်ထားသော ကြက်သွန်ဖြူ ၁မွှာကို ထောင်းပါ။

မန်ကျည်းမှည့် အနည်းငယ်ကို ရေနွေးဖျော်ထားပါ။

ကြက်သွန်ဖြူ ၅မွှာကို ပါးပါးလှီးပြီး ကြက်သွန်ဖြူဆီချက် ချက်ထားပါ။
- နံနံပင်
- ဆား
- အချိုမှုန့်
- ပဲမှုန့်

စားမယ့်ပန်းကန်ထဲတွင် မုန့်ဖတ်ထည့်၊ Seabass ငါး ၁/၄ ပုံထည့်၊ အစပ်အနည်းငယ် (လှော်ထောင်းထားသော ငရုတ်သီးစိမ်းတောင့်၊ မီးဖုတ်ထားသော ကြက်သွန်ဖြူ ၁မွှာ)၊ (ကြိုက်တတ်ရင် ငပိထောင်း အနည်းငယ် ထည့်လို့ရပါတယ်)ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ပဲမှုန့် အနည်းငယ်၊ မန်ကျည်းမှည့် အနည်းငယ်၊ နံနံပင်အနည်းငယ်၊ ကြက်သွန်ဖြူဆီချက် အနည်းငယ်၊ ငါးဖယ်ကြော် ၁ခု (ကျွန်မက ငါးဖယ်ကြော် ထည့်ပြီးသုတ်စားပါတယ်) ထည့်ပြီး သုတ်ထားတာပါ။

အရင်ကလည်း ရခိုင်မုန့်တီ - အာပူလျှာပူ အကြောင်းရေးဖူးပါတယ်။ ဒီမှာပါ။

Blog လာလည်သူ အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....

4 comments:

khin said...

အားပါး စားချင်လိုက်တာ ညီမလေးမွန်မွန်ပြောသလို လုပ်စားကြည်.လိုက်အုန်းမယ် မမကျားသမီးက မုန်.တီဆိုသိပ်ကြိုက်တာ ကိုယ်တိုင်အခုထိချက်မကျွေးရသေးဘူး။

မမကျားကျား

Anonymous said...

ရခိုင်မုန့်တီသုပ်နဲ့အာပူလျှာပူကတော့..အကြိုက်ဆုံးအစားအစာထဲပါတယ်ဗျာ..ရန်ကုန်မှာနေတုန်းကတော့...၁၃ လမ်းထိပ်က ရခိုင်မကြီးရောင်းတဲ့ဆိုင်မှာနေ့တိုင်းသွားစားဖြစ်တယ်။ ကျောက်မဲမှာတော့...အာပူလျှာပူပဲရှိတယ်...ရခိုင်မုန့်တီသုပ်တော့မရှိပါဘူးဗျာ.....ဓာတ်ပုံကြည့်ပြီးပဲ အာသာဖြေလိုက်ပါတယ်ဗျာ......:)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဗိုက်ဆာလာပြီ
မနက်အိပ်ရာထပြီး ဘာမှ မစားရသေးဘူး
ခုတော့ ပိုဆာသွားတယ်
တစ်ခုခု စားမှ ဖြစ်တော့မယ်

Myo Mon Yee Oo said...

ကျေးဇူးတင်ပါတယ်ရှင်