Thursday, December 1, 2011

Happy Birthday & Happy Sweet December

ဒီနေ့ Sweet December ကျွန်မ မွေးနေ့ပါ။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့စနေနေ့က Marche' Restaurant မှာ သွားစားဖြစ်တယ်။ အမှန်က ကျွန်မ မွေးနေ့ရောက်မှ သွားစားချင်တာပါ။ မအားတာနဲ့ပဲ အားတဲ့နေ့ကို ရွေးလိုက်တာ။

... စားသောပန်းကန်

ကျွန်မစားသောပန်းကန်

မွေးနေ့မှာ ခွင့်ယူပစ် လိုက်တယ်။ ကျွန်မရဲ့ စိတ်ကို အေးချမ်းစွာနဲ့ နေချင်လို့။ ကျန်တဲ့အချိန်က အရေး မကြီးဘူး။ ကျွန်မရဲ့ အယူကမွေးနေ့မှာ စိတ်ချမ်းသာရင် နောက်နှစ်မွေးနေ့အထိ စိတ်ချမ်းသာချင်လို့ပါ။ ကျွန်မမွေးနေ့ အတွက် ကျွန်မရဲ့ Customers တွေကို ရုံးနဲ့နီးတဲ့ Boon Tone Kee Restaurant မှာကျွေးဖြစ်တယ်။ အဲဒီ့ဆိုင်က Chicken Rice ကောင်းတယ်ဆိုပြီး Singapore မှာ နာမည်ကြီးတယ်။ Main ကကျွန်မနဲ့ လုပ်ဖော် ကိုင်ဖက်တွေတောင် အခုထိမကျွေးရသေးဘူး။ Main သွားဖြစ်တယ် ဆိုရင် ကျွေးဖို့ အစီအစဉ် ရှိပါတယ်။

ဘာသာရေးအတွက်ကတော့ မွေးနေ့ကစပြီး သရဏဂုံကို စပြီးကျင့်တော့မယ်လို့ ရည်မှန်းထားတယ်။ အရင် ကလည်းရေးဖူးပါတယ်။ ဒီမှာပါ။

ဒီ၁ခေါက် မွေးနေ့ အထိမ်းအမှတ် လက်ဆောင် အဖြစ် သူ့ဆီက ကတိ ၁ခုပဲတောင်းတယ်။ ကျွန်မရဲ့ အဖေက Lancome Cosmetics ၀ယ်ပေးတယ်။ ဒီ၁ခါ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းက ကျွန်မကို Coach Hand Bag ၁လုံး လက်ဆောင်ပေးတယ်။ ကျေးဇူးတင်ပါတယ် ... အချစ်ဆုံးသူငယ်ချင်းလေးရေ

Sweet December မှာ Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

9 comments:

Nay Nay Naing said...

ပျော်ရွှင်ချမ်းမြေ့ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်ရွှင်သော လိုရာဆန္ဒပြည့်စုံစိတ်ချမ်းမြေ့သော မွေးနေ့ဖြစ်ပါစေ...

Myo Mon Yee Oo said...

ကျေးဇူးတင်ပါတယ်ရှင်

Cameron said...

ပျော်ရွှင်ကြည်နူးဖွယ်မွေးနေ့လေးဖြစ်ပါစေ........း)

Myo Mon Yee Oo said...

thank u

mstint said...

ပျော်ရွှင်ဖွယ်မွေးနေ့ရက်မြတ်လေးကအစပြုလို့ လိုအင်ဆန္ဒများပြည့်ဝတဲ့ မွေးနေ့ပေါင်းများစွာကို
ဖြတ်သန်းနိုင်ပါစေ မွန်မွန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Myo Mon Yee Oo said...

thank u, aunty

:P said...

Happy Birthday again !!! :)))

Anonymous said...

Your father is smart. Usually guys do not understand how to buy cosmetic.