ထမင်းစားရင် ဘယ်ဟာနဲ့စားစား ထမင်းစားမြိန်စေပါတယ်။ ကျွန်မတို့ ၂ယောက်ကတော့ ၂ရက်လားခံတယ်။ ၁ခါထဲကြော်လည်းရပါတယ်။ ကျွန်မငယ်ငယ်တုန်းက စကြော်ခါစ ငါးကလည်းမကျက်သေး၊ ငရုတ်သီးလေး စိပ်ကွဲကကျက်နေပီ။ မီးဖိုဆောင် ၁ခုလုံး ငရုတ်သီးအညော်နံတွေ (၁အိမ်လုံး အညော်နံရခဲ့တယ်ဆိုရင် ပိုမှန်ပါ လိမ့်မယ်) ရှိခဲ့ဖူးလို့ အဲဒီကတည်းက ကြော်မယ်ဆိုလျင် ၁ခုပြီးမှ ၁ခုကြော်ပါတယ်။ ငယ်ငယ်တုန်းက မြန်မြန်ပြီး ချင်တဲ့စိတ်ရှိတော့ ပြီးပြီးရောချက်လိုက်တာ။ အဲဒီလို ၁ခုပြီး ၁ခုထည့်ပြီးကြော်တော့ စားလို့ပိုကောင်းတယ်။
Friday, February 25, 2011
ငါးကျည်းခြောက်ကြော်

Labels:
စားကြမယ်
Wednesday, February 23, 2011
သားသား ဓာတ်ပုံပြိုင်ပွဲ အကြောင်း
Blog ပေါ်က သူငယ်ချင်းတို့ရေ ...
အကူအညီ ၁ခု တောင်းချင်လို့ပါ။ သားသားရဲ့ အထက်ပါပုံလေးကို Facebookမှာ ပြိုင်ပွဲ ၀င်ပြိုင်ထားပါတယ်။ သားသားကို ချစ်တယ်ဆိုရင် သားသားပုံအောက်ကိုသွားပြီ Like ဆိုတာလေးကို Click ပေးပါ။
ပြုလုပ်ပုံ အဆင့် ဆင့်ကတော့
၁။ အရင်ဦးဆုံး SingaporeMummy ကိုသွားပါ။
၂။ SingaporeMummy Fun Page မှာရှိတဲ့ Like ကို Click လုပ်ပါ။
(SingaporeMummy ကို Like လုပ်ပြီးမှ သားသားပုံကို Like လုပ်လို့ရမှာပါ)
၃။ ပြီးရင် SingaporeMummy Baby Photo Contest Jan 2011 (Part 5) ပုံနံပါတ် 35 မှာ သားသားကို တွေ့ရ ပါမယ်။
၎။ သားသားပုံအောက်ခြေမှာရှိတဲ့ Like ကို Click လုပ်ပေးပါ။
စည်းမျဉ်းအရ Like လုပ်တဲ့ အရေအတွက်များတဲ့ ၄၇ယောက်က အနိုင်ရရှိမှာပါ။ ၁ယောက်ကတော့ ပထမဆုပါ။ အားလုံးကို အတင်းချည်းလဲ မတိုက်တွန်းပါဘူး။ သားသားကို ချစ်တယ်။ သားသားက ချစ်စရာကောင်းတယ်လို့ ထင်မြင်ယူဆရင် Like ပေးပါလို့။
နောက်ဆုံးနေ့က ၂၈ ရက်နေ့ ၂လပိုင်း ၂၀၁၁ ည ၁၂ နာရီ အထိ ပါ။
Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ

အချစ်ရဆုံး သားလေးများ
Friday, February 18, 2011
ပဲစောင်းလျားသီးသုတ်
အလှူနေ့က လုပ်ဖြစ်ခဲ့တဲ့ ပဲစောင်းလျားသီးသုတ်ပုံသုတ်နည်း အကြောင်းပြောပြမယ်နော်။ ပဲစောင်းလျားသီးကို ပထမဦးစွာ အလယ်က အစင်းကြောင်းကို ခွာပါတယ်။ ဒါမှမဟုတ်ရင်လဲ လက်နဲ့ထက်ပိုင်းပိုင်းရင် အစလေးတွေ ထွက်လာမှာပါ။ ပြီးရင် ရေစင်အောင်ဆေးပြီး ၁၀ မိနစ်ခန့်ပြုတ်ပါတယ်။ ပြုတ်ပြီးသား ပဲစောင်းလျားသီးကို အအေးခံပြီး ဓားဖြင့် ပါးပါးလှီးပါ။ ပန်းကန်ထဲမှာထည့်ထားပါ။ မြေပဲ ထမင်းစားဇွန်း ၁ဇွန်းဝက်ခန့်ကို မညက်တညက် ထောင်းထားပါ။ ကြက်သွန်နီ ၁ဥ ခပ်လတ်လတ် အရွယ်ပါးပါးလှီးထားပါ။ ဇလုံ၁ခုထဲမှာ လှီးထား ပြီးသော ပဲစောင်း လျားသီး၊ လှီးထားပြီးသော ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ နှမ်း ထမင်းစားဇွန်း ၁ဇွန်း၊ သံပုရာသီး ၁စိတ်ညစ်ပြီး ထည့်ရန်၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီး အမှုန့် ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
Labels:
စားကြမယ်
Thursday, February 17, 2011
၁နှစ်ပြည့် သားသား
ကျွန်မအိမ်ရဲ့ ဘုရားစင်ပါ။
(ဘုရားအနေကဇာတင်တာ ညာဘက်)
(ဘုရားအနေကဇာတင်တာ ညာဘက်)
သားသားမွေးနေ့ မနက်မှာ အိပ်နေလိုက်တာ တော်တော်နဲ့နိုးမရဘူး။ အတင်းနိုးယူရတယ်။ အခုဒီပုံလေးက အတင်းနိုးပြီး ည၀တ်အကျီချွတ်ပြီး အိမ်မှာနေရင်း အကျီ လဲပေးလိုက်ရတာ
ဆိတ်သားဟင်း
ပဲစောင်းလျားသီးသုတ်
ကြက်သားဟင်း
ဒီနေ့ဟာ သားသား အသက် ၁နှစ်တင်းတင်းပြည့်ပါပြီ။ သားသားအတွက် မွေးနေ့ အလှူရယ်၊ ဘုရားအနေကဇာ တင်ရယ် ၂ခုပေါင်းပြီး ဘုန်းကြီး ၃ပါးကိုဆွမ်းကျွေးဖြစ်ပါတယ်။ မနက် ၆နာရီခွဲထချက်ပါတယ်။ ပဲထောပတ် ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ ပဲစောင်းလျားသီးသုတ်၊ ချဉ်ပေါင်အရည်ထည်၊ ငပိရည်တို့စရာ အစုံ နှင့်ပါ။ အချိုပွဲကောပါ။ သားသားမွေးနေ့ပါတီပွဲလေးကို စနေနေ့မှာလုပ်ဖို့ စီစဉ်ထားပါတယ်။ သားသား မွေးနေ့ အလှူနှင့် သားသားဓာတ်ပုံလေးကို မွေးနေ့ အမှတ်တရ အနေနဲ့တင်ပေးလိုက်ပါတယ်။
မေမေနဲ့ တူတူရေ ၀ါးဆော့နေတဲ့ပုံလေးလေ
သားသားကအခု လမ်းကောင်းကောင်းလျှောက်တတ်နေပြီလေ။ သားသားလမ်းလျှောက်တတ်တော့ ကျွန်မပို မောရတာပေါ့။ သားသားမွေးနေ့မှာ မေမေက ... ပညာထူးချွန်ထက်မြက်တဲ့ သားလိမ်မာလေး ၁ယောက် ဖြစ်ပါ စေလို့ဆုတောင်းပေးလိုက်တယ်နော်။
သားသား၁နှစ်မပြည့်ခင်အချိန်အထိ သားသားရဲ့ ပြုမူနေထိုင်တတ် တဲ့အမူအရာလေးတွေ အကြောင်းရေးပါဦး မယ် ...
Blog လာလည်သူအားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေလို့ ...
သားသား၁နှစ်မပြည့်ခင်အချိန်အထိ သားသားရဲ့ ပြုမူနေထိုင်တတ် တဲ့အမူအရာလေးတွေ အကြောင်းရေးပါဦး မယ် ...
Blog လာလည်သူအားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေလို့ ...
Labels:
အချစ်ရဆုံး သားလေးများ
Wednesday, February 16, 2011
ကြာဇံကြော် နှင့် ၀က်သားတုတ်ထိုး
အရင်ဦးဆုံး ၀က်သားတုတ်ထိုး (သရက်ရွက်၊ အူချို၊ အသည်း၊ နှလုံး) အတွက် ရေအထပ်ထပ်ဆေးပါတယ်။ Wet Market က၀ယ်လာတာပါ။ သရက်ရွက်၊ အူချို နှင့် အသည်း ၁ကျပ်ဖိုး ဆီဝယ်လာခဲ့တာပါ။ ၁ကျပ်ဖိုးပေမယ့် အများကြီးရပါတယ်။ နှလုံးကတော့ ဈေးမမှတ်မိတော့ဘူး။ ၁ခါ၁လေ ဆိုင်ရှင်ကသဘောကောင်းတာနဲ့ကြုံရင် နို့အုံသားပါ အဆစ်ရတတ်ပါတယ်။ ရေသေချာအထပ်ထပ်ဆေးပြီး ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အနောက် အနည်းငယ်၊ ပဲငံပြာရည် အကြည် အနည်းငယ်၊ သကြား ဇွန်းဝက်စာကိုထည့်နှယ်ပြီး မချက်ခင်ညမှာ ၁ညသိပ်ပြီး နှပ်ထားပါတယ်။ ဆီထည့်ပြီး ဆီအနည်းငယ်ပူလာလျင် ဖလာ ၂စေ့၊ လေညင်းပွင့် ၂စေ့၊ သစ်ဂျပိုးခေါက် ၄ရွက် ကိုထည့်ပြီး ဆီသတ်ပါတယ်။ နှပ်ထားသော ၀က်ကလီစာများကိုထည့်ပါတယ်။ ၁နာရီနီးပါးလောက်တည်ပြီး နူးပြီဆိုလျင် အအေးခံပြီး အနေတော်လှီးပါ။
Labels:
မြန်မာ့ရိုးရာ စားစရာ
Tuesday, February 15, 2011
ငါးဖယ်ဟင်းဆီပြန်
ဂျင်း လက်၁ဆစ်၊ ကြက်သွန်ဖြူ ၅မွှာကို အခွံခွာပြီး ညက်နေအောင်ထောင်းပါတယ်။ ငါးဖယ်ကို မွနေအောင် ထောင်းပါတယ်။ ထောင်းထားပြီးသား ငါးဖယ်ကို ဆား၊ ဆနွင်း အချိုမှုန့်၊ ညက်အောင်ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူဖြင့်နံအောင်နှယ်ပါတယ်။ စီးလာလျင် လက်ဖြင့် အလောတော်လုံးပြီး ငါးဖယ်အ၀ိုင်းလေးများ ဖြစ်အောင်လုပ်ပါတယ်။ ခရမ်းချဉ်သီး ၁လုံးပါးပါးလှီးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေ အောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီပူလာလျင် အသင့်ပြင်ထားသော ငါးဖယ်အ၀ိုင်းလေးများ ကိုကြော်ပါ။ ငါးဖယ်ကို မီးပူရုံ ဟိုဖက် ဒီဘက်လှန်ပြီးဆယ်ထားပါ။ ငါးဖယ်ကြော်ထားသောဆီဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ဆီသတ်ပါ။ နွမ်းလာ ပြီဆိုလျင် ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့်ပါ။ ငါးဖယ်ကြော်ထည့်ပါ။ ရေနွေးထည့်ပါ။ ငရုတ်သီးစိမ်းတောင့် ၁၀တောင့်ကို ထက်ခြမ်းခြမ်းပြီးထည့်ပါ။ ဆီပြန်လာလျင် နံနံပင်လေးအုပ်ပါ။
Labels:
စားကြမယ်
Sunday, February 13, 2011
ABC Pork Ribs Soup - Singapore Style
ဂျင်း လက်၁ဆစ်အခွံခွာ၊ ကြက်သွန်ဖြူ ၅မွှာလောက်ကို အခွံခွာ၊ ၀က်နံရိုးကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည် အနည်းငယ်ထည့်ပြီး မချက်ခင် ၁ည နှပ်ထားပါတယ်။ ဒယ်အိုး၁လုံးမှာ ရေတ၀က်ထည့်ပြီး ရေပွက်ပွက်ဆူမှ အခွံခွာထားပြီးသား ဂျင်း၊ ကြက်သွန်ဖြူထည့်ပါတယ်။ ၃မိနစ်လောက်ဆိုရင် အနံပျောက်ပါပြီ။ အနံပျောက်လျင် နှပ်ထားသော ၀က်နံရိုးထည့်ပါ။ ပြောင်းဖူး ၂ဖူးကို ၆ပိုင်း ပိုင်းပါတယ်။ အခွံပါချွတ်ပါတယ်။ အားလူး အခွံခွာ၊ ဥနီ အခွံခွာပြီး အားလုံးကို ၁ချိန်ထဲထည့်ပြုတ်ပါတယ်။ ၁နာရီနီးနီးပြုတ်ပါတယ်။ ၀က်နံရိုးနူးအိလျင်ရပါပြီ။
Labels:
စားကြမယ်
Subscribe to:
Posts (Atom)