Friday, February 18, 2011

ပဲစောင်းလျားသီးသုတ်


အလှူနေ့က လုပ်ဖြစ်ခဲ့တဲ့ ပဲစောင်းလျားသီးသုတ်ပုံသုတ်နည်း အကြောင်းပြောပြမယ်နော်။ ပဲစောင်းလျားသီးကို ပထမဦးစွာ အလယ်က အစင်းကြောင်းကို ခွာပါတယ်။ ဒါမှမဟုတ်ရင်လဲ လက်နဲ့ထက်ပိုင်းပိုင်းရင် အစလေးတွေ ထွက်လာမှာပါ။ ပြီးရင် ရေစင်အောင်ဆေးပြီး ၁၀ မိနစ်ခန့်ပြုတ်ပါတယ်။ ပြုတ်ပြီးသား ပဲစောင်းလျားသီးကို အအေးခံပြီး ဓားဖြင့် ပါးပါးလှီးပါ။ ပန်းကန်ထဲမှာထည့်ထားပါ။ မြေပဲ ထမင်းစားဇွန်း ၁ဇွန်းဝက်ခန့်ကို မညက်တညက် ထောင်းထားပါ။ ကြက်သွန်နီ ၁ဥ ခပ်လတ်လတ် အရွယ်ပါးပါးလှီးထားပါ။ ဇလုံ၁ခုထဲမှာ လှီးထား ပြီးသော ပဲစောင်း လျားသီး၊ လှီးထားပြီးသော ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ နှမ်း ထမင်းစားဇွန်း ၁ဇွန်း၊ သံပုရာသီး ၁စိတ်ညစ်ပြီး ထည့်ရန်၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီး အမှုန့် ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။


3 comments:

JuneOne said...

ပဲစောင်းလျားသီးကို မပြုတ်ပဲ ဇလုံထဲမှာထည့် ရေနွေးပူပူ လောင်းပြီး အဖုံးအုပ်ထား အစိမ်းနံ့ကုန်အောင် ၃မီးနစ်လောက်။ပြီးရင်
ပါးပါးလှီးသုပ်။ကြွပ်ကြွပ်နဲ့ စားလို့ ကောင်းတယ်။
အရောင်က လဲ ညို မသွားပဲ စိမ်းစိမ်းလေး။

Anonymous said...

ဟုတ်တယ်။ ကျွန်မလဲ ပဲစောင်းလျားဆို ရေဆူဆူထဲ ထည့်ပြီး ချက်ချင်းပြန်ထုတ်၊ ပြီးတော့ရေအေးထဲ စိမ်လိုက်တော့ စိမ်းစိမ်းလေးနဲ့ ကျွတ်ကျွတ်လေး ဖြစ်တာကို ပိုကြိုက်တယ်၊ မမွန်မွန်က ဆယ်မိနစ်တောင် ပြုတ်တယ်ဆိုတော့ နူးနူးလေးကြိုက်လို့ဖြစ်မယ်။ တယောက် အကြိုက်က်တမျိုးစီပေါ့။

Myo Mon Yee Oo said...

အဲဒီနေ့က သုတ်မယ်လို့စီစဉ်ကာမှ city hall ၁ခုလုံးမှာမှ ၁ဆိုင်ပဲရတယ်။ အရမ်းရင့်တယ်လေ။ မွန်မွန် အဖွားက ပဲစောင်းလျားသီးဆိုရင် ပြုတ်တာပဲများတယ်လေ။ အဲဒါကြောင့်မို့လို့ပါ။ နုနုလေးဆိုရင်တော့ ၁မျိုးပေါ့