Sunday, February 13, 2011

ABC Pork Ribs Soup - Singapore Style

ဟင်းအသစ်မတင်ဖြစ်တာ တော်တော်တောင်ကြာသွားပြီ။ ဖြေးဖြေးချင်း တင်ပါမယ်နော်။

ဂျင်း လက်၁ဆစ်အခွံခွာ၊ ကြက်သွန်ဖြူ ၅မွှာလောက်ကို အခွံခွာ၊ ၀က်နံရိုးကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည် အနည်းငယ်ထည့်ပြီး မချက်ခင် ၁ည နှပ်ထားပါတယ်။ ဒယ်အိုး၁လုံးမှာ ရေတ၀က်ထည့်ပြီး ရေပွက်ပွက်ဆူမှ အခွံခွာထားပြီးသား ဂျင်း၊ ကြက်သွန်ဖြူထည့်ပါတယ်။ ၃မိနစ်လောက်ဆိုရင် အနံပျောက်ပါပြီ။ အနံပျောက်လျင် နှပ်ထားသော ၀က်နံရိုးထည့်ပါ။ ပြောင်းဖူး ၂ဖူးကို ၆ပိုင်း ပိုင်းပါတယ်။ အခွံပါချွတ်ပါတယ်။ အားလူး အခွံခွာ၊ ဥနီ အခွံခွာပြီး အားလုံးကို ၁ချိန်ထဲထည့်ပြုတ်ပါတယ်။ ၁နာရီနီးနီးပြုတ်ပါတယ်။ ၀က်နံရိုးနူးအိလျင်ရပါပြီ။

2 comments:

မြူးမြူး said...

ပျောက်နေတာကြာပြီနော်.. သားသားလေးနေကောင်းလား.. စွပ်ပြုတ်လေးက ကောင်းမယ့်ပုံပဲ..

Myo Mon Yee Oo said...

သားသားကနေကောင်းပါတယ်။ အလုပ်ရှာနေတာရယ်၊ သားသားကိုထိန်းမယ့်သူရှာမရသေးလို့ Stress တွေများနေလို့ blog တောင်မရေးနိုင်တော့ဘူး။ interview ရပီး ထိန်းမယ့်သူမရှိလို့ မသွားနိုင်တာတွေအများကြီး