Tuesday, October 19, 2010

ကြက်သား နှင့် ကုလားပဲ ဟင်းဆီပြန်

ကုလားပဲကို ၁ည ရေစိမ်ထားပါတယ်။ ကြက်သားကိုလည်း ဆား၊ ဆနွင်း၊ အချိုမှုန့်ဇြင့် နှယ်ပြီး နှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက် လျင် ကုလားဝေးရွက် ၃ရွက်၊ သစ်ဂျပိုးခေါက် ၃ခုတို့ဖြင့် ဆီအရင် သတ်ပါ။ မွေးလာမှ ထောင်းထားသော အရာ များကို ထည့်ပါ။ နွမ်းစပြုလာလျင် နှပ်ထားသော ကြက်သားထည့်ပါ။ ၅မိနစ်ထားပြီး ယောင်းမဇြင့် မွေပေးနေပါ။ ကုလားပဲထည့်ပါ။ ကုလားပဲကို အိုးမကပ် အောင် ယောင်းမဖြင့်မွေပါ။ ရေနွေးထည့်ပါ။ ကုလားပဲနှုးပြီး ဆီပြန်ပြီ ဆိုလျင် စားလို့ရပါပြီ။

5 comments:

မြူးမြူး said...

ပလာတာလေးနဲ့ စားရရင်ကောင်းမယ်..

Myo Mon Yee Oo said...

အဲဒီနေ့ နေ့လယ်ကတော့ ပလာတာ ၂ချပ်ကြော်ပြီး စားလိုက်တယ်။ ပလာတာကတော့ ဓာတ်ပုံမရိုက်လိုက်မိဘူး။

Myo Mon Yee Oo said...

ကျန်ခဲ့လို့။ ဒီနေ့ချက်တာ ဂျပန်ငါးဥကြော် နှင့် မန်ကျည်းသီးချက်

Min said...

ဂျပန်ငါးဥကြော်
Can I buy as Japan Fish Roe, any other name? and just fry with oil + turmeric or onion or garlic?
Thanks,

Unknown said...

ပြန်လည်မျှဝေခွင့်ပြုပါရှင်
ရိုသေလေးစားစွာဖြင့်ကျေးဇူးတင်ပါတယ်ရှင်