Sunday, October 24, 2010

ကျွန်မရဲ့ ဟင်းချက်နည်း


ကျွန်မရဲ့ဟင်းချက်နည်းကတော့ ချက်မယ့်အချိန်ရောက်ရင် မြန်မြန်ချက်နိုင်အောင် ပြင်ဆင်ထားတာပါပဲ။ ကျွန်မက မချက်ခင်ညမှာ နောက်နေ့ချက်ဖို့အတွက် ပြင်ဆင်ထားလေ့ရှိပါတယ်။ ပန်းကန်ထဲမှာ အစီအရီ ထည့် ထားလိုက်ပါတယ်။ နောက်နေ့ ချက်မယ့် အချိန်ရောက်တော့ ကောက်ပြီးထည့်လိုက်ရုံပါပဲ။ ပိုမြန်တာပေါ့။

ကြက်သွန်နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကိုထောင်းထားပြီး ၁ပတ်စာ ပြင်ဆင်ထားတာပါ။ ၁ပတ်စာ ဆိုပေမယ့် ၁ခါ၁လေ ၁ပတ်မပြည့်ခင်လည်းကုန်တတ်ပါတယ်။ ကိုယ်ချက်တဲ့အပေါ်မှာမူတည်ပါတယ်။ အသား၊ ငါးကို ချက်မယ့်နေ့ မတိုင်ခင် ညမှာ ဟင်းချက်မယ်ဆိုရင် ဆား၊ ဆနွင်း၊ အချိုမှုန့်ထည့်၊ အချိုချက်မယ် ဆိုရင် ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ ခရုဆီထည့်ပြီး နှပ်ထားလိုက်တာပါပဲ။

ကြိတ်စက်နဲ့ ကြက်သွန်နီ အကြီးကြီး ၆ခုခွာ ပါးပါးလှီး၊ ကြက်သွန်ဇြူ ၁ဥခွာ ပါးပါးလှီး၊ ဂျင်း လက် ၃ဆစ် ပါးပါးလှီး၊ ငရုတ်ပွခြောက်ကို ရေစိမ်၊ အခွံချွတ်၊ အစေ့ထုတ် ပြီးရင် အားလုံးကိုကြိတ်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း တွေ့ရ မှာပါ။

ငရုတ်ဆုံကတော့ ငပိရည်ဖျော်တဲ့ အခါ၊ မန်ကျည်းသီးစိမ်းထောင်းတဲ့ အခါပဲသုံးဖြစ်တယ်။ ၁ခါ၁လေ မလုပ်ချင်ရင် Blander နဲ့ ကြိတ်လိုက်တာပဲ။

ဆီသတ်ချက်မယ် ဆိုရင် ကြက်သွန် နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ထောင်းထားပြီးသား ထည့်လိုက် တာပါပဲ။ ဥပမာ - ကြက် သားဟင်း၊ ၀က်သားဟင်း။ ဆိတ်သား၊ အမဲသား ချက်မယ်ဆိုရင်တော့ မွေးအောင် ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ ဖလာစေ့ ဟင်းမွှေးမဆလာ ထည့်လိုက်တာပါပဲ။ အဲဒီဟင်းတွေချက်မယ်ဆိုရင် ဂျင်းကတော့ ပုံမှန်ထက် ပိုထည့်ပေးရင်ကောင်းပါတယ်။

မြစ်ချဉ် နှင့်ဝက်သားဟင်း၊ ပုဇွန်ဟင်း၊ ငါးခြောက်ဟင်း၊ ငါးနှင့်ပတ်သက်တာ မှန်သမျှတွေကို ကြက်သွန်နီ၊ ကြက် သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ထောင်းထားပြီးသား အပြင် ခရမ်းချဉ်သီး စိပ်ပြီး ဆီသတ်ထည့်တာပိုကောင်းပါ တယ်။ ငရုတ်သီးစိမ်းတောင့်ခြမ်းပြီးသားပါ ထည့်ပေးပါ။ ဆီပြန်ပြီ ဆိုလျင် အပေါ်ကနေ နံနံပင် အုပ်ပါ။

အချိုချက်မယ်ဆိုရင် ကြက်သွန်နီ လေးစိပ်စိပ်၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ ဂျင်း လက်၁ဆစ် ပါးပါးလှီးပြီး ချက်မယ် နေ့ မတိုင်ခင်ညမှာ ပြင်ဆင်ထားလိုက်ပါတယ်။ အသား၊ ငါးတွေကိုတော့ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ ခရုဆီထည့်ပြီး ၁ညနှပ်ထားပါတယ်။

ဟင်းရွက်တွေကိုတော့ ကြက်သွန်ဇြူ ဓားပြားရိုက်ပြီးတော့လည်း ကြော်ပါတယ်။ ကြက်သွန်နီ ပါးပါးလှီး ပြီးတော့ လည်းကြော်ပါတယ်။

အရည်သောက်ကိုတော့ ကြက်သွန်ဖြူ၃မွှာလောက်ဓားပြားရိုက်၊ငပိစိမ်းစားထည့်၊ ပုဇွန်ခြောက်မှုန့်ထည့်ပါ တယ်။

ချဉ်ရည်ဟင်းကျတော့ ထုံးစံအတိုင်း ကြက်သွန်နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ဆီသတ်၊ ခရမ်းချဉ်သီး စိပ်ထားပြီးသားထည့်၊ ခရမ်းချဉ်သီး နွမ်းပြီဆိုလျင် ငါးခေါင်းထည့် (ကိုယ်ကြိုက်တာ ထည့်လို့ရပါ တယ်)။ ၅မိနစ်လောက်ထား၊ ပြီးမှ ရေနွေးထည့်ပါ။ ငပိစိမ်းစား အနည်းငယ်ထည့်၊ မန်ကျည်းမှည့်လေး အရည်ဖျော်ထည့်တော့ ချဉ်ရည်ဟင်း ၁ခွက်ရရော။

ကျွန်မဟင်းချက်ရင် ရေထပ်ထည့်ဖို့လိုရင် ကျိုထားပြီး ပူနေသော ရေနွေးပဲ ထည့်ပါတယ်။ ရေအေးထည့်လိုက် တာနဲ့မတူပါဘူး။ ရေအေးထည့်ပြီးချက်ရင် အသားကဆိတ်တောက်တောက် ဖြစ်တတ်ပါတယ်။ တနည်းအားဖြင့် စားမကောင်းပါဘူး။

ဒါတွေကကျွန်မဟင်းချက်ရင်ဘယ်လိုချက်သလဲဆိုတာအားလုံးကို သိစေချင်သောရည်ရွယ်ချက်ဇြင့်ဝေမျှတာပါ။

4 comments:

KhinU Khine said...

thanks very much for sharing your cooking techniques.

May said...

အမ ကြက်သွန်နီကိုကြိုခွါထားတာ မကောင်းဘူးလို့  ကြားဖူးတယ်..သူကလေထုထဲမှာရှိတဲ့ bacteria တွေကို စုပ်ယူလို့ တဲ့...အိမ်ကအမဆိုရင် ကြက်သွန်နီခွါပြီးသားကို fridge ထဲမထည့်ဘူး သေချာသွားအောင် google မှာ browse လုပ်ကြည့်လိုက်ပါအုံး..

Anonymous said...

ဒီပို့စ်က ကြာပြီဆိုတော့ ဖြေမှ ဖြေပါတော့မလား။ ကျနော့ အခက်အခဲက ကြက်သွန်နီကို မမွှန်အောင် ဘယ်လို လုပ်ရသလဲ ပြောပြပါခင်ဗျာ။ ကျနော် အသုပ်လုပ်တိုင်း မွှန်စပ်နေလို့ပါ။ ကျေးဇူးတင်ပါတယ်။

Anonymous said...

အမသူများတွေပြောတာကတောကြက်သွန်နီကိုခွာပြီးတညသိပ်ပြီးမှဆိုလုံးဝမစားသင့်ဘူးလို့ပြောကြတယ်