
ဂွေးတောက်ရွက် ၁၀က်ကို ၂ခြမ်းပိုင်း လိုက်ပါတယ်။ မချက်ခင်ရေဆေးထားပါ။ ကြက်သားကိုလည်း ဆား၊ ဆနွင်း၊ အချိုမှုန့်ဇြင့် နှယ်ပြီး နှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ် ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ထောင်းထားသော အရာများကို ထည့်ပါ။ အရည်သောက် ချက်မှာ ဖြစ်တဲ့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အနည်းငယ်ပဲ ထည့်ပါတယ်။ ထည့် ထား သောအရာများ နွမ်းလာလျင် နှပ်ထားသော ကြက်သားထည့်ပါ တယ်။ ဆီပြန်လာ သည်အထိ ယောင်းမဇြင့် မွေပါ။ ဆီပြန်စပြုလျင် ရေနွေးထည့်ပြီး ကြက်သားနှုးလာသည်အထိစောင့်ပါ။ ကိုယ်လို ချင်တဲ့ အနေအထား လည်းရောက်ပြီ၊ ကြက်သားလည်း နှုးပြီဆိုလျင် ဂွေးတောက်ရွက်အုပ်ပါ။ ၅မိနစ်နေရင် အရသာမြည်းပြီး ချလို့ ရပါပြီ။
3 comments:
အသိထဲမှာ အဲဒီဟင်းကိုအရမ်းကြိုက်လို့ ကြက်ဂွေးလို့တောင် နာမည်ပြောင်ပေးထားရတဲ့သူရှိတယ်..း)
Can someone tell me how do you call [ဂွေးတောက်ရွက်] in Enlgish, plz.
ဂွေးတောက်ရွက်
Post a Comment