Tuesday, October 26, 2010

ကြက်သား ခါးပတ်ချက်


ကြက်သားကို အသေးလေးတုံးပြီး ပဲငံပြာရည်အကြည် အနည်းငယ်၊ ဆား၊ အချိုမှုန့်တို့ဖြင့်နှပ်ထားပါ။ ကြက်သွန် ဖြူ ပါးပါးလှီး၊ ကြက်သွန်နီအကွင်းလိုက်လှီး၊ ဂျင်းလက်၁ဆစ်ခန့်ကို ပါးပါးလှီး၊ ခရမ်းချဉ်သီးအကွင်းလိုက်၊ ငရုတ် သီးစိမ်းတောင့် ထက်ခြမ်းခြမ်းထားတာ အဆင်သင့်ပြင်ထားပါ။ ဆီထည့်ပြီး ဆီကျက်လျင်ကြက်သားထည့်ပါ။ ရေ နွေးထည့်ပြီးကြက်သားနှုးအောင် တည်ပါ။ ရေခမ်းစပြုလျင် အဆင်သင့်ပြင်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ ဂျင်း၊ ငရုတ်သီးစိမ်းတောင့် ထည့်ပါ။ ဟင်းမွှေးမဆလာ အနည်းငယ်ထည့်ပါ။ ခရမ်းချဉ်သီး အကွင်းလိုက်ကို နောက်ဆုံးဆီပြန်ပြီး ချခါနီး အချိန်ကျမှထည့်ပါ။ ပူစီနံ အရွက်လေးအုပ်ပါ။ (ပူစီနံအရွက် မရှိလို့ မထည့်လိုက်ရ ပါဘူး)

No comments: