Wednesday, February 16, 2011

ကြာဇံကြော် နှင့် ၀က်သားတုတ်ထိုး




ရန်ကုန်ရောက်လျင် ဗိုလ်ချုပ်ဈေး တံတားအောက်က ကြာဇံကြော် နှင့် ၀က်သားတုတ်ထိုး သွားစားနေကျဆိုင် လေးပါ။ ရောက်တိုင်းစားဖြစ်ပါတယ်။ နောက်ဆုံး၁ခေါက်က အစ်မ၁ယောက်က သူ့ဆိုင်လာလို့ဆိုပြီး လိုက်ကျွေး တာ။ ၁ပွဲကို ၁၀၀၀နဲ့တူတယ်။ ဗိုလ်ချုပ်ဈေး တံတားအောက်ကဆိုင် အလွမ်းပြေပေါ့။ စားဖူးတဲ့သူတိုင်းတော့ သိကြမှာပါ။ နာမည်ကြီးပါတယ်။ ကျွန်မကတော့ ဆိုင်နာမည်တွေ ဘာတွေအမှုမဲ့ အမှတ်မဲ့ပါပဲ။

အရင်ဦးဆုံး ၀က်သားတုတ်ထိုး (သရက်ရွက်၊ အူချို၊ အသည်း၊ နှလုံး) အတွက် ရေအထပ်ထပ်ဆေးပါတယ်။ Wet Market က၀ယ်လာတာပါ။ သရက်ရွက်၊ အူချို နှင့် အသည်း ၁ကျပ်ဖိုး ဆီဝယ်လာခဲ့တာပါ။ ၁ကျပ်ဖိုးပေမယ့် အများကြီးရပါတယ်။ နှလုံးကတော့ ဈေးမမှတ်မိတော့ဘူး။ ၁ခါ၁လေ ဆိုင်ရှင်ကသဘောကောင်းတာနဲ့ကြုံရင် နို့အုံသားပါ အဆစ်ရတတ်ပါတယ်။ ရေသေချာအထပ်ထပ်ဆေးပြီး ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အနောက် အနည်းငယ်၊ ပဲငံပြာရည် အကြည် အနည်းငယ်၊ သကြား ဇွန်းဝက်စာကိုထည့်နှယ်ပြီး မချက်ခင်ညမှာ ၁ညသိပ်ပြီး နှပ်ထားပါတယ်။ ဆီထည့်ပြီး ဆီအနည်းငယ်ပူလာလျင် ဖလာ ၂စေ့၊ လေညင်းပွင့် ၂စေ့၊ သစ်ဂျပိုးခေါက် ၄ရွက် ကိုထည့်ပြီး ဆီသတ်ပါတယ်။ နှပ်ထားသော ၀က်ကလီစာများကိုထည့်ပါတယ်။ ၁နာရီနီးပါးလောက်တည်ပြီး နူးပြီဆိုလျင် အအေးခံပြီး အနေတော်လှီးပါ။

ကြာဇံ၁ထုတ်လုံးကို ၁ညရေစိမ်ထားပါတယ်။ မနက်ရောက်ရင် ရေစိမ်ထားသောကြာဇံကို ကတ်ကြေးဖြင့်ဖြတ်ပါ တယ်။ ဂေါ်ဖီ ၁၀က်ကို ပါးပါးလှီးပြီး ရေဆေးပါ။ ကြက်သွန်နီ၁ခြမ်းကို ပါးပါးလှီးထားပါ။ ဆီထည့်ပြီး ပါးပါးလှီးထားသောကြက်သွန်နီကို ဆီသတ်ပါတယ်။ အ၀ါရောင်သန်းစပြုလာရင် လှီးထားသော ဂေါ်ဖီထည့်ပါ တယ်။ ရေစိမ်ထားသော ကြာဇံထည့််ပါတယ်။ ပဲငံပြာရည် အနောက် အနည်းငယ်၊ ပဲငံပြာရည် အကြည် အနည်း ငယ်၊ ဆား နှင့် အချိုမှုန့် ထည့်ပါတယ်။ ရေနွေးအနည်းငယ်ထည့်ပါတယ်။ အိုးမကပ်အောင် လက်နဲ့ အတော် မွေယူရပါတယ်။ လက်ဖြင့် အသာဆိတ်ကြည့်ပြီး နှုးပြီဆိုလျင်ရပါပြီ။

4 comments:

မြူးမြူး said...

သွားရည်တမြားမြားကျသွားပါတယ်.. ကြာဇံကြော်လေးကလဲ စားချင်စရာနော်..

Nay Nay Naing said...

ကြာဇံကြော်နဲ့  ၀က်သားတုတ်ထိုး သိပ်ကြိုက်
စောစောစီးစီးကြည့်မိတာ ဗိုက်ဆာသွားတယ်..

Tun Tun said...

look so delicious.

Anonymous said...

စားချင်လိုက်တာနော်။
Iora