Friday, February 25, 2011

ငါးကျည်းခြောက်ကြော်

ငါးကျည်းခြောက်ကို ထက်ပိုင်းပိုင်းပြီး အလယ်ကအရိုးကို ထုတ်ပါ။ ကြက်သွန်နီ ခပ်လတ်လတ် ၂ဥ၊ ကြက်သွန်ဖြူ ၅မွှာ၊ ဂျင်းလက်၁ဆစ်တို့ကိုအခွံခွာရေဆေးပြီး ပါးပါးလှီးပါ။ အကြော်ကြော်တဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပါ။ ဆီကျက် ရင် ငါးကျည်းခြောက် အခွံခွာထားတာ ထည့်ပြီးကြော်ပါ။ ကြွပ်တဲ့ အထိကြော်ပါ။ ကြွပ်လာရင် ဆယ်ပြီး ပန်းကန် ပြား ၁ခုထဲထည့်ထားပါ။ အကြော်ကြော်ထားသောဆီဖြင့် လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို နီညိုရောင် သန်းလာတဲ့ အထိကြော်ပါ။ နီညိုရောင်သန်းလာတဲ့ အချိန်မရောက်ခင်မှာ ငရုတ်သီး လေးစိပ်ကွဲ ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ အစပ်ကြိုက်တဲ့သူများအတွက်ကတော့ များများထည့်နိုင်ပါတယ်။ ကျွန်မက တော့ အနေတော်ထည့်ပါတယ်။ ပြီးရင်ဆယ်ပြီး အသင့်ကြော်ထားပြီးသော ငါးကျည်းခြောက်ပေါ် ကို အုပ်လိုက်ပါ။

ထမင်းစားရင် ဘယ်ဟာနဲ့စားစား ထမင်းစားမြိန်စေပါတယ်။ ကျွန်မတို့ ၂ယောက်ကတော့ ၂ရက်လားခံတယ်။ ၁ခါထဲကြော်လည်းရပါတယ်။ ကျွန်မငယ်ငယ်တုန်းက စကြော်ခါစ ငါးကလည်းမကျက်သေး၊ ငရုတ်သီးလေး စိပ်ကွဲကကျက်နေပီ။ မီးဖိုဆောင် ၁ခုလုံး ငရုတ်သီးအညော်နံတွေ (၁အိမ်လုံး အညော်နံရခဲ့တယ်ဆိုရင် ပိုမှန်ပါ လိမ့်မယ်) ရှိခဲ့ဖူးလို့ အဲဒီကတည်းက ကြော်မယ်ဆိုလျင် ၁ခုပြီးမှ ၁ခုကြော်ပါတယ်။ ငယ်ငယ်တုန်းက မြန်မြန်ပြီး ချင်တဲ့စိတ်ရှိတော့ ပြီးပြီးရောချက်လိုက်တာ။ အဲဒီလို ၁ခုပြီး ၁ခုထည့်ပြီးကြော်တော့ စားလို့ပိုကောင်းတယ်။

1 comment: