Friday, May 27, 2011

ပဲပုတ်ချက်

City Hall ကနေ ပဲပုတ်တွေ့လို့ ပဲပုတ်ချက်စားရအောင် ၀ယ်လာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ညက်နေအောင်ထောင်းပြီးဆီသတ်ပါတယ်။ အရောင်လှချင်တယ်ဆိုရင်တော့ အရောင်တင်မှုန့် အနည်းငယ်ထည့်ပါ။ နွမ်းလာပြီဆိုလျင် ခရမ်းချဉ်သီး၁လုံးပါးပါးလှီးပြီး ထည့်ပါ။ ခရမ်းချည် သီးကြေပြီ ဆိုလျင် ပဲပုတ်ထည့်၊ ငပိစိမ်းစား အနည်းငယ်ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ထက်ခြမ်းခြမ်းပြီး ထည့်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်ပါတယ်။ ဆီပြန်လာရင် ရပါပြီ။


အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....

ပဲပုတ် (အနီးကပ်)

3 comments:

JuneOne said...

အိမ်မှာတော့ မေမြို့ သွားတုန်းကဝယ်လာတဲ့ ပဲပုပ်ခြောက် အချပ်လိုက်ကလေးတွေ ရှိတယ်။ဘယ်လိုလုပ်စားရရင်ကောင်းမလဲ မသိလို့ ထုတ်ကြည့်လိုက်၊ပြန်သွင်းလိုက်နဲ့ အခုထိဒီအတိုင်းပဲ။ဒီလိုချက်လို့ရမလားမသိဘူး။

Myo Mon Yee Oo said...

မီးအေးအေးနဲ့ကြော်ပြီး ဆား အချိုမှုန့်နယ်လိုက်ရင် အရမ်းစားကောင်းပါတယ်။ အိမ်မှာတောင် ၁ထုပ်ရှိတယ်။ အခုတလော တက်စားတွေချည်းပဲ ဖြစ်နေလို့ ဘရိတ်အုပ် နေရတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

အိမ်မှာ ပဲပုတ်ရှိတယ် ချက်စားဦးမယ်
သတိရသွားပြီး)