Saturday, December 12, 2009

ဒန့်သလွန်ု ငါးခူခေါင်း ချဉ်ရည်ဟင်းချို


ဒီနေ့ချက်တာ ငါးခူ ငါးဆုတ် ဆီပြန်ဟင်း နှင့် ဒန့်သလွန်ုငါးခူ ခေါင်းချဉ်ရည်ဟင်းချိုပါ။ အရင်ဆုံး ဒန့်သလွန်ုငါးခူ ခေါင်းချဉ်ရည်ဟင်းချို ဘယ်လို ချက်လဲဆိုတာ ပြောပြပါ့မယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်အပွခြောက်ကိုညက်နေအောင်ထောင်းပါ။ ဆီထည့်ပြီး ပျဉ်တော်သိမ်ရွက်ကို ဆီသတ်ပါတယ်။ ထောင်းထားသောအရာများကိုထည့်ပါတယ်။ နွမ်းသွားပြီဆိုလျင် ခရမ်းချဉ်သီး၁လုံးကို ပါးပါးလှီးပြီးထည့်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုမှ ငါးခူခေါင်း ကိုထည့် ပါတယ်။ ငါးငြီနံပျောက်ပြီဆိုမှ လှီးထားသောဒန့်သလွန်ကိုထည့်ပါတယ်။ (ဒန့်သလွန်တောင့်ကို ဓားဖြင့်ခြစ်ပါတယ်)။ ငါးခူပြုတ်ထားသော အရည်ကိုထည့်ပါတယ်။ ငါးခူနွင်ပြီးသား ငါးခူရိုးကိုပါ ထည့်ပါတယ်။ ပိုပြီးချိုအောင်လို့ပါ။ ငပိစိမ်းစားအနည်းငယ်၊ မန်ကျည်းမှည့်ကို အရည်ဖျော်ပြီး ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဒန့်သလွန်နှုးပြီဆိုလျင် ချလို့ရပါပြီ။

2 comments:

Pwint Myue said...

မစားရတာကြာပြီ.. စားချင်လိုက်တာ.. ဗိုက်တောင်ဆာလာပြီ..

Admin said...

Today, We cook your meal, because you teach us through Internet.
Thank Dear Teacher .