Thursday, December 3, 2009

Tom Yum Paste နဲ့ချက်တဲ့ ဟင်းချို


ဒီနေ့ညနေချက်တဲ့ ဟင်းချိုပါ။ Fair Price တံဆိပ် Tom Yum Paste နဲ့ချက်ထားတာပါ။ ဒီနေ့ စားမကောင်းလို့ နေ့လည်စာကို အပြင်မှာ ၀ယ်စားဖြစ်တယ်။ ကိုယ်ဟာကိုယ်ချက်ပြီး စားမကောင်းတာ။ ကိုယ်ချက်တဲ့ဟင်းဆို စားချင်စိတ်မရှိဘူးဖြစ်နေတယ်။

ရန်ကုန်သွားလည်တုန်းက ဘာစားကောင်းသလဲမမေးနဲ့။ တစ်ညနေထဲစားတာတွေအများကြီးပဲ။ အခုတော့ စားချင်ပေမယ့်လည်း ကြက်၊ ၀က်၊ ပုဇွန် နှင့် ပြည်ကြီးငါးဘ၀ထဲမှာ Life Cycle လိုပဲကျင်လည်နေရတယ်။

ကျွန်မချက်ထား ဘယ်လောက်မှမကြာဘူး။ ချက်မယ့်အိုးထဲကို စပါးလင်၊ ကြက်သွန်နီပါးပါးလှီးထားတာ၊ Tom Yum Paste ဟင်းခတ်ဇွန်း ၁ဇွန်း၊ ကြက်ရိုး၊ ပြည်ကြီးငါး၊ ပုဇွန်၊ မှို၊ ပန်းဂေါ်ဖီ၊ ပဲပြား၊ ခရမ်းချဉ်သီး ၄စိပ်စိပ်ထားတာ၊ ငရုတ်သီးစိမ်းတောင့်ကိုခြမ်းပြီးထည့်ထားတာ၊ အချိုမှုန့်၊ ဆား၊ ချခါနီး အချိန်ကျမှ နံနံပင်လေးအုပ်လိုက်နော်။

အခုချိန်ထိတော့ မစားရသေးဘူး။ လာစားလို့ရတယ်နော် ......

2 comments:

subuueain said...

လာစားပါတယ် :)

Margaret Joe said...

အိုးလိုက်သယ်သွားဘီနော်..