Saturday, October 16, 2010

ငါးကျည်းကြော်နှပ်


ငါးကျည်းကို City Hall ကနေ ၀ယ်လာတာပါ။ ၁ထုပ်ကို ၆ကောင်ပါတယ်။ ၃ကောင်ကို ၃ပိုင်းပိုင်းပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် နှယ်ထားပြီး ဆီမြုပ်အောင်ထည့်ပြီး ကြော်ပါတယ်။ ကြက်သွန်နီ ၁လုံး ပါးပါးလှီး၊ ကြက်သွန်ဖြူ ၃မွှာ ပါးပါးလှီး၊ ဂျင်းလက်၁ဆစ် အဆင့်လုပ်ထားပါတယ်။ ငါးကျည်းကြော် အနီသန်းလာရင် ချပြီး ပန်းကန်ထဲ ထည့်ထားပါတယ်။ ကြော်ပြီးသား ဆီအနည်းငယ်ကို ပန်းကန်ထဲ ထည့်ပါတယ်။ ငါးကျည်းကြော် ကြော်ထားသော ဆီဖြင့် အသင့်လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းထည့်ပါတယ်။ အ၀ါရောင်သန်းလာရင် ငရုတ်သီး လေးစိပ်ကွဲ အနည်းငယ် ထည့်ပါတယ်။ ဆားအနည်းငယ်၊ အချိုမှုန့် အနည်းငယ် ထည့်ပါတယ်။ ထို့နောက် ငါး ကျည်းကြော်ကြော်ထားသော ပန်းကန်ပြားပေါ် အုပ်လိုက်ပါ။

2 comments:

မြူးမြူး said...

ငါးကျည်းကြော်ကြိုက်တယ်.. ဆီပေါက်တာကို မခံနိုင်လို့ တော်ယုံဆို မစားဖြစ်ဘူး.. မြန်မာဆိုင်ရောက်တိုင်း ၀ယ်စားတဲ့ဟင်းပေါ့..

Myo Mon Yee Oo said...

မွန်မွန်ကတော့ အားလုံးထည့်ပြီးတာနဲ့ အဖုံးအုပ်ပြီး မီးအေးအေးနဲ့ ကြော်လိုက်တယ်။ တစ်ဖက်လှန်မယ်ဆိုရင် မီးပိတ်လိုက်တယ်။ အဲဒီလို ကြောက်တာ