Monday, October 18, 2010

ဆိတ်ကလီစာဟင်း ဆီပြန်

ဆိတ်ကလီစာကို ဆား၊ ဆနွင်း၊ အချိုမှုန်၊့ ကုလားဆိုင်မှာ ရောင်းသော အမွေးအနံ ၂မျိုး ကိုထည့် (နာမည် မေ့နေ ပါတယ်)။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ကုလားဝေးရွက် ၃ရွက်၊ သစ်ဂျပိုးခေါက် ၃ခုတို့ဖြင့် ဆီအရင်သတ်ပါ။ မွေးလာမှ ထောင်းထားသော အရာများကို ထည့်ပါ။ နွမ်းစပြုလာလျင် နှပ်ထားသော ဆိတ်ကလီစာထည့်ပါ။ ၅မိနစ် လောက် မွေပြီးမှ ရေနွေးထည့်ပါ။ ရေနွေး ၃ရေ ထည့်ပြီး ဆီပြန်လျင် စားလို့ ရပါပြီ။

2 comments:

စန္ဒကူး said...

အရမ်းကြိုက်..တစ်အားကြိုက်တယ်..
ဆိတ်သားမရှိလို့ငြိမ်နေရတယ်..
အဲ..ရှိလဲမချက်တတ်ဘူး။။ မချက်တတ်ရင်ညှီတယ်တဲ့။ မိုးချက်ထားတာစားချင်စရာလေး..

Myo Mon Yee Oo said...

ဂျင်းများများထည့်၊ မဆလာ များများထည့်၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်ထည့်ရင် မငြီပါဘူး။ လာလည်တဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ နောက်လဲလာလည်ပါဦးနော်