Saturday, October 23, 2010

တို့ဖူးသုတ် နှင့် တို့ဖူးကြော်


တို့ဖူးကျိုအပြီး
မွှေးတံဆိပ် ကုလားပဲ ပဲအစိမ်းမှုန့် ၁ထုပ် လုံးသုံးထားပါတယ်။ ဆန်ချင်ခွက် နဲ့ ၂ခွက်ပဲရပါတယ်။ ၂ခွက်ကို ရေက ၅ခွက်ခွဲပါ။ ရေအချိုးအစားက အရမ်း အရေးကြီးပါတယ်။ ပြီးရင် ပလပ်စတစ်ဇလုံထဲမှာ ပဲအစိမ်းမှုန့် ဆန်ချင်ခွက် နဲ့ ၂ခွက်၊ ရေက ဆန်ချင်ခွက်နဲ့ ၅ခွက်ခွဲ၊ ဆနွင်းမှုန့် အနည်းငယ်၊ ဆား အနည်းငယ်၊ အချိုမှုန့် အနည်းငယ် ထည့် ပါ။ ပဲအစိမ်းမှုန့် လုံးမသွား အောင် ကြက်ဥခေါက်တဲ့အတံနဲ့ နာနာမွေပေးပါ။ ပြီးရင် ဒယ်အိုးထဲကို အားလုံး လောင်းထည့်လိုက်ပါ။ မီးဖွင့်ပြီး ယောင်းမဖြင့် အိုးကပ်မသွားအောင် နာနာ မွေပေးပါ။ လက်အတော်ညောင်း လောက်အောင်ကို မွေရပါတယ်။ ၁၅မိနစ် လောက် မွေပြီးရင် ရပါပြီ။ ထို့နောက် ပန်းကန်ပြားပြား၊ အ၀ကျယ် ကျယ် ၁ခုထဲကို လောင်း ထည့် လိုက်ပါ။ ၁နာရီလောက် အအေးခံပြီးရင် ရပါပြီ။
တို့ဖူးသုတ် အတွက် ပြင်ဆင်ထားတာ

တို့ဖူး၊ ဂေါ်ဖီ ပါးပါးလှီး၊ နံနံပင်၊ ကြက်သွန်ဖြူ ဆီချက်၊ ရှောက်ရွက် ပါးပါးညှပ်ထားတာ၊ ငရုတ်သီးမှုန့်၊ ပဲအကျက် မှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ငံပြာရည်၊ မန်းကျည်းအနှစ်ကို ဖျော်ထားပြီးသား၊ (ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်နီ ပါးပါးလှီးထား တာ ကြိုက်တတ်ရင် ထည့်စားလို့ရပါတယ်)

တို့ဖူး မသုတ်ခင်

တို့ဖူးသုတ်

တို့ဖူးကြော်

4 comments:

ဆောင်း said...

တို့ ဟူး ရေထွက်တာ ရေအများကြီး ထည့်လို့ လားဟင်။ ကျမက ပဲကို ညထဲက စိမ်ထားတယ် ကြိုတော့ ၁နာရီကြာအောင် ပြစ်သွားအောင် ကြိုပါတယ်။ ဒါပေမဲ့ တရက်ကျော်တာနဲ့  တို့ ဟူးထဲက ရေထွက်လာတာ။
ဘာကြောင့် ရေထွက်တာလဲ ဆိုတာ ပြောပြပေးပါနော် ကျေးဇူးပါ
saundoo@gmail.com

Myo Mon Yee Oo said...

ကျိုတဲ့အခါမှာ ရေကျန်နေလို့ ဖြစ်ပါလိမ့်မယ်။ တို့ဖူးကို ၁နာရီကြာအောင် ကျိုစရာ မလိုပါဘူး။ အလွန် အလွန်ဆုံးမှ ၁၅ မိနစ်ထဲပါ။ မီးကို စဖွင့်လိုက်ပြီ ဆိုကတည်းက အဆက်မပြတ် မွေပေးနေရပါတယ်။ ပစ်လာပြီး အရမ်းဆူပွက်လာရင် ရပါပြီ။ ထည့်တဲ့ ပန်းကန်ကိုလည်း ရေစင်ပြီး ခြောက်အောင်သုတ်ထားဖို့ လိုပါလိမ့်မယ်။

May said...

စားချင်လိုက်တာနော် :D

Mie Lay said...

တို့ဖူးသုတ်ကိုတော့ကြိုက်ပါတယ်။
တို့ဖူးကြော်တော့မကြိုက်ဘူး။