အလုပ် ပြန်လုပ်ရတော့မယ်။ ပြန်လုပ်ရမယ်ဆိုတော့ ကြောက်သား။ ကျွန်မက Stress ရှိရင် ဘယ်လောက် လခ ကောင်းကောင်းမလုပ်ချင်။ အေးအေးလူလူ ထိုင်ခုံမှာ ထိုင်ပြီး Program စဉ်းစားရတဲ့ ဘ၀ကို ကျွန်မ ကြောက် တယ်။ လူပင်ပန်းတဲ့ ဒဏ်ကို ကျွန်မ ခံနိုင်ရည်ရှိပေမယ့် စိတ်ပင်ပန်းတဲ့ဒဏ် ကျွန်မ မခံနိုင်ပါ။ ထိုင်ခုံမှာ အေးအေး လူလူ ထိုင်နေရပေမယ့် ဦးနှောက်စားတဲ့အလုပ် ကျွန်မ မုန်းတယ်။ မနက် မနက် အလုပ်သွားရမှာ အတော်စိတ် ညစ်တယ်။ နောက်ဆုံး လုပ်ခဲ့ရတဲ့ အလုပ်က အဆိုးဆုံး။ လူလဲပင်ပန်း၊ စိတ်လဲပင်ပန်းတယ်။ မနက် ရ:၂၀ ဆို အိမ်က ထွက်ပြီ။ Bus ကားဂိတ်က အိမ်အောက်တင်။ ၂မှတ်တိုင်လောက်စီးရင် ရုံးရောက်ပြီ။ ရး၄၅ ဆို ရုံး ရောက်ပြီ။ ၁ခါ၁လေ ရုံးတောင် မရောက်သေး ဖုံးကရောက်လာပြီ။ ကျွန်မရဲ့တာဝန်က 24/7 ပြသာနာပေါင်းစုံ ဖြေရှင်းရတာ။ 24/7 ပြသာနာဆိုတာ စက်ပျက်ရင် အရေးပေါ်ပြင်ပေးရတာ။ ဖုံးခေါ်ထား ရင် နေရာတောင် မရောက်သေးဘူး။ ပြသာနာရှိတဲ့နေရာသွား ပြသာနာ ဖြေရှင်း။ ပြီးမှ ကိုယ့်နေရာ ရောက်တယ်။ ရောက်တာနဲ့ ရုံး e-mail စစ်ရတယ်။ ၁ခါ၁လေ ပြသာနာတွေက e-mail ထဲမှာလဲ လာတတ်တယ်။ ၈း၂၀ ဆိုရင် ရုံးကလူတွေ စုရပ်သွားပြီး ၅ မိနစ် meeting တက်ရသေးတယ်။ ၁မိနစ် နောက်ကျတဲ့သူတွေက အဲဒီမှာ အကုန်အဆူခံရတယ်။ ကျွန်မတို့က Time Card နဲ့ ဆိုတော့ ညာလို့မရဘူး။ ၁မိနစ် နောက်ကျတဲ့သူတွေ အပြစ်ပေးပုံက မိနစ် ၃၀ ပိုလုပ်ရတယ်။ ပိုက်ဆံတော့ မဖြတ်ဘူး။ ဥပမာ ကျွန်မရဲ့ အချိန်က ၈ - ၆ ဆိုရင် ၁၂-၁ ကထမင်းစားချိန်၊ နာရီ ၀က် ပိုလုပ်ရတာကို ထမင်းစားချိန် နာရီဝက်ပဲစားမလား ဒါမှမဟုတ် ၆း၃၀ မှ ပြန်မလား။ ၁ခါမှ တော့ ကျွန်မ နောက် မကျဘူးပါ။
ပြီးတာနဲ့ ကိုယ့်နေရာ ကိုယ်သွားပြီး လုပ်စရာရှိတာလုပ်၊ ၁ခါ၁လေ ကိုယ့်နေရာပြန်တဲ့ လမ်းမှာ လာခေါ်လို့ လိုက်သွားရတာ ရှိသေးတယ်။ ဘယ်ဟာကို အရင်ဦးစားပေးသင့်လဲဆိုတာ ကိုယ့်က စဉ်းစားရတယ်။ ၁ခါ၁လေ ပြသာနာက ၄ ၅ခု ဆင့်လာတာ ရှိတယ်။ အဲဒီတော့ ဘာပြီး ဘာဆိုတာ တောက်လျောက်စဉ်းစားရတယ်။ မေ့လို့ မရဘူး။ မေ့တာနဲ့ အရေးကြီးတာ ကိုယ်နာမည်ပျက်တယ်။ ဒုတိယက ကိုယ့် Dept နာမည်ပျက်တယ်။ ကိုယ့်နေ ရာ ရောက်ပြန်ရင် Marketing က pamphlet လုပ်ခိုင်းတယ်။ Magazine မှာထည့်ဖို့ Design ဘယ်လို လိုချင် လဲဆိုတာ ရောက်ချင်ရောက်နေတတ်ပြန်တယ်။ နာရီဝက်အတွင်း ပြီးအောင် လုပ်ပေးရတယ်။ ၁ခါ၁ရံ ပြသာနာ ဖြေရှင်းတာ နောက်ကျနေပြီး e-mail ပို့တာ စောနေရင်း တောင်းပန်စာရေးရသေးတယ်။ ဘယ်နေ့နောက်ဆုံး ဆိုတာ ပါပြီးသား။ ၂ရက်တော့ ကြိုပေးပါတယ်။ ဒါပေမယ့် အရမ်းဂျီများတယ်။ ရေမချိုးပဲ ရုံးလာတယ်နဲ့တူတယ်။ ၁ခါ၁ လေ ဒီကလည်း အရေးကြီး ဟိုဟာကလည်း အရေးကြီး လူကို ၂ကိုယ်တောင် ခွဲထားချင်တယ်။
၁ချိန်တည်း ၁ပြိုင်နက် Program ပြင်ပေးပါ။ အသစ်ရေးပေးပါဦး။ ဒါလေးလိုချင်ပါတယ် ဆိုပြီး ထပ်လာသေး တယ်။ ပြီးတယ် မထင်ပါနဲ့။ ကလေးတွေကို Passport Photo ကို အခန်းထဲထိ သွားရိုက်ရတယ်။ ၁ခါထဲ ကျောင်းသား ကဒ်ပါထုတ်ပေးရတယ်။ ကလေးက နံပါတ်၁ဦးစားပေး၊ ပြီးတော့ ဆရာမ၊ ပြီးမှ ကိုယ့်ရုံးကလူ တွေဆိုတော့ ကျန်တာ အသာချပြီး သူတို့ကို ဦးစားပေးရတယ်။ ၁လကို အနည်းဆုံး ပွဲ ၁ပွဲရှိတယ်။ အဲဒါဆိုရင် Professional Camera ကိုင်ပြီး ဓာတ်ပုံရိုက်ရသေးတယ်။ အရမ်း အရေးကြီး နေပြီး ကိုယ် ၁ယောက်ထဲပဲရှိရင် Video ပါပြေးရိုက်ရသေးတယ်။ အရမ်း အလုပ်များနေရင် Marketing ကသူဟာ မပြီးသေးလို့ဆိုပြီး ကိုယ့်ကို လာခဲ့ပါဦးဆိုပြီး Marketing Dept ကိုသွား၊ သွားတော့လူရှေ့သူရှေ့ အဆဲခံရတယ်။ အပြင်ရောက်တာနဲ့ ကျွန်မ ငိုပြီ။ ကျန်တာ အရေးကြီးလည်းပစ်ထားပြီး သူ့ဟာကို အရင်လုပ်ပေးရတယ်။ ဒါပေမယ့် တခဏပါ။ ကျွန်မ လုပ်ထား တဲ့ Design ထွက်လာလို့ Magazine မှာ မြင်လိုက်ရရင် အရာအားလုံးမေ့ပျောက်သွားပြီး ကျွန်မ အရမ်းပျော်ပါတယ်။
၁၂ နာရီဒေါင်ထိုးတာနဲ့ ကျွန်မ ထမင်းစားပြီ။ နည်းပါတယ်။ ၁ခါ၁လေ ကျော်သွားတာလဲ ရှိတယ်။ စားနေရင် အရေးကြီးလို့ဆိုပြီး စားတာပစ်ပြီး အလုပ်သွားလုပ်ရသေးတယ်။ ပြီးသွားလို့ ပြန်ရောက်ရင် ကျွန်မ ထမင်းစားချင် စိတ်ကို မရှိတော့။ ၁နာရီ မထိုးခင်ပြန်တက် လုပ်စရာရှိတာ ကျန်တာတွေကို ဆက်လုပ်။ ကျွန်မ ဘယ်လောက် တောင် အလုပ်များလည်းဆိုရင် ကိုယ်ရေးကိုယ်တာ ဖုံးလာရင်တောင် ဖုံးမပြောနိုင်။ ကိုယ်ပိုင် Gmail မစစ်နိုင်။ Facebook မ၀င်နိုင်။ ဘာဆိုဘာမှ မ၀င်နိုင်ပါ။
ဓာတ်ပုံလည်း ကောင်းကောင်းရိုက်တတ်တယ်။ ဘောလုံးကန်တဲ့ကွင်း ၂ကွင်းရှိတာ ဟိုကွင်းပြေးလိုက် ဒီကွင်း ပြေးလိုက်နဲ့လည်း ရိုက်ဖူးတယ်။ နေ့လည်ဘက် ခြစ်ခြစ်တောက် ပူနေတဲ့ နေရာမှာ ကလေးရေကူး ပြိုင်တာကို ရိုက်ရတယ်။ နောက်နေ့ ဖျားတောင်ဖျားလိုက်သေးတယ်။ ကျောင်းမှာ အလုပ်လုပ်တာလေ။ အရမ်း အရမ်းကို အလုပ်များပါတယ်။ ရှိတာမှ ၃ယောက်ထဲ။ IT Vice President က ဒီမှာ မရှိဘူး။ အဲဒီတော့ ၂ယောက်ပဲရှိတယ်။ ခွင့်တောင် မယူရဲဘူး။ Senior က Bully လုပ်တာ အမြဲခံရတယ်။ ခွင့်များ ၁ရက်ယူလို့ကတော့ နောက်နေ့ သေပြီပဲ။ ထိုင်တောင် မထိုင်နိုင်ဘူး။ တောက်လျောက် လုပ်နေရတာ။ အဲဒီမှာ လုပ်တုန်းကဆိုရင် ၁လ ဖိနပ် ၁ရံ ၀ယ်ရတယ်။ ၂ပတ်ဆိုရင် ဖိနပ်က တော်တော်ရွဲနေပြီ။ Formal လိုပုံစံ ရုံးတက်ရတာ။ ကိုယ့်ရုပ်က ၁၁ နာရီဆိုရင် တော်တော် စုတ်ပြတ်နေပြီ။ ထိုင်ခုံမှာ ထိုင်ရတာ ၁နာရီတောင် မပြည့်ဘူး။
အရမ်းရီရတဲ့ ကျွန်မ။ ရုံးပိတ်လို့ အပြင်သွားရင်တောင် ၁ခါ၁လေ Program ဘယ်လိုရေးရင်ကောင်းမလဲဆိုတာ စဉ်းစားနေ ဒါမှမဟုတ် Design ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ အမြဲ ခေါင်းထဲမှာ ရှိနေတာ လမ်းတွေ့ရင် ကျွန်မကို ရှေ့လာပြီးပြုံးပြ ပြူးပြ လာလုပ်ရင်တောင် လုံးဝ မမြင်ရေးချ မမြင်။ စိတ်က အဲဒီထဲပဲရောက်နေတာ။ အဲဒီရုံးမှာ ၁နှစ်နီးနီးလုပ်လာခဲ့တာလေ။ အလုပ်က ဘာပြီး ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေရတော့ ကျွန်မ မှတ်ဥာဏ် လုံးဝ ကို မကောင်းတော့တာ။ ဒါပေမယ့် ကျွန်မအတွက် ကောင်းတာ ၁ခု၊ ဆိုးတာ ၁ခုရှိတယ်။ ဆိုးတာက Senior က ကျွန်မကို Bully အမြဲတမ်းလုပ်တာ။ Manager & VP က ကျွန်မအပေါ် အရမ်းကောင်း တာ။ ကျွန်မက Manager နေရာမှာ အစားဝင်လာတာ။ Manager ကကျွန်မကို Training ၁လပေးပြီး ထွက်သွားတာ။ ဒါပေမယ့် e-mail နဲ့လှမ်းမေးလို့ ရတယ်။ ကျွန်မက Manager Post မဟုတ်ပါဘူး။ Manager လစာလည်း မရပါဘူး။ ကောင်းတာ ၁ခုက ကျွန်မ လုပ်ငန်းအတွေ့ အကြုံအများကြီး ရတယ်။ ပျော်တယ်။ ကိုယ်ရေး ကိုယ်တာကြောင့် စိတ်ညစ်ရင် အလုပ်ထဲမှာ နစ်ထားလို့ရတယ်။ အဲဒီအလုပ်က ကျွန်မကို ထောက်ခံ ချက် ရေးပေးထားတယ်။ ကျွန်မ အလုပ်ရှာရင် လွယ်အောင်လို့ပါ။
ကြုံတုန်းကြွားလိုက်ဦးမယ်။ ကျွန်မ အဲဒီအလုပ်မှာရေးခဲ့တာ website ၆ခု ရှိတယ်။ နည်းတယ် မထင်နဲ့နော်။ ကိုယ့်ဟာကိုယ် ဖတ်ပြီးရေးရတာ။ သူများလည်း မေးလို့မရဘူး။
၆နာရီဒေါင်လို့ထိုးတာနဲ့ ရုံးဆင်းလို့ရပြီ။ အဓိက က အိမ်ပြန်ရောက်ရင် ရုံးအကြောင်း မစဉ်းစားချင်တော့တာ။ မနက်ဖြန် ဘာချက်ရင် ကောင်းမလဲပဲ စဉ်းစား တယ်။ ဒါလည်းပဲ ဦးနှောက်ခြောက်တဲ့ အထဲမှာပါတယ်။ ကျွန်မရဲ့ မကောင်းတဲ့ အကျင့်က IT သမား လုပ်နေပြီး စာလုံးဝ မဖတ်တာ။ ပြသာနာ လာပြီ ဆိုရင် မဖြေရှင်းတတ်ဘူးလို့ မထင်ပါနဲ့။ နာရီဝက် အတွင်း ဦးနှောက် ခြောက် ရလောက်အောင် အသဲအသန် ရှာရတာ။ အဖြေလည်း ရှာတွေ့ ပါတယ်။ ကျွန်မ ဦးနှောက်ထဲ လည်း တစ်သက်လုံး စွဲသွားပါတယ်။ အဲဒီလို တစ်သက်လုံး စွဲသွားချင်လို့ လေ။ ဟီးးးးးးးးးးးးး
ကျွန်မ စဉ်းစားထားတာ IT အလုပ်ပဲလုပ်ရင် ကောင်းမလား။ လူပင်ပန်းချင် ပင်ပန်းပါစေ။ Program တော့ ထပ်မရေးပါရစေနဲ့တော့။ ဦးနှောက်မစားချင်ဘူးးးးးးးးးးး IT Support အလုပ်လေး ရရင်ကောင်းမယ်။ စိတ်ကူးကြည့်တာပါ။ Stress ဒဏ်နဲ့ ကင်းဝေးတဲ့ အလုပ်ကလေး။ ဘာလုပ်ရင်ကောင်းမလဲ .....