Thursday, September 9, 2010

မုန်လာဥ ချဉ်ရည်ဟင်း

မုန်လာဥကို အနေတော်လှီးပြီး ရေဆေးထားပါ။ ပုဇွန် အနေတော် ၃ကောင်လောက်ကို ဆား၊ ဆနွင်း၊ အချိုမှုန့် ထည့်ပါ တယ်။ ဆီထည့်ပြီး ဆီကျက်မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်ပွ ညက်ညက်ထောင်း ထားတာ ထည့်ပါတယ်။ နွမ်းစပြုလာလျင် ခရမ်းချဉ်သီး ပါးပါးလှီး ထည့်ပါ တယ်။ ခရမ်းချဉ်သီး နွမ်းလာလျင် ပုဇွန် ထည့်ပါ တယ်။ မုန်လာဥ ထည့်ပါ တယ်။ ၅မိနစ်လောက် နေမှ ရေနွေးအနည်းငယ်ထည့်ပါ။ ငပိစိမ်းစား အနည်းငယ် ထည့် ပါ။ မန်ကျည်းမှည့် အနည်းငယ်ကို ရေနွေးဖျော်ပြီး ထည့်ပါ။ ကိုယ်လိုချင်တဲ့အနေအထားရောက်ရင် နံနံပင် အနည်း ငယ်အုပ်ပြီး ချလို့ရပါပြီ။

1 comment:

စန္ဒကူး said...

စားချင်စရာလေး..
ဗိုက်တောင်ဆာလာပီ..း)