
သန့်စင်ပြီးသား ရေခူကိုပြုတ်ပြီး ကတ်ကြေးနဲ့ အနေတော် ဖြတ်ပါတယ်။ ပန်းကန်ပြားထဲမှာ ပြုတ်ပြီးသား ရေခူ၊ ကြက်သွန်နီ ပါးပါးလှီးထားတာ၊ ငရုတ်တောင်း (ငရုတ်သီးစိမ်း ၅တောင့်၊ ကြက်သွန်ဖြူ ၁တောင့်ကို မီးဖုတ်ပြီး ထောင်းထားတာ)၊ စိမ်းစားငပိ မီးဖုတ်ပြီးသား၊ နံနံပင် လှီးထားတာ၊ ပုဇွန်ခြောက်မှုန့်၊ ဆား၊ အချိုမှုန့်၊ သံပုရာသီး ၁စိတ်၊ (ဆီချက် လက်ဖက်ရည်ဇွန်း ၁၀က် - ရခိုင်သုတ်မှာ ဆီချက်မပါ ပါဘူး)။ ကျွန်မက စိုစိုလေး စားချင်လို့ အနည်းငယ် ပါတယ်ဆိုရုံလေး ထည့်ထားတာပါ။
လာစားကြရအောင် - မင်းလမ်း အလွမ်းပြေ ရေခူသုတ်လေးနော် .....
ရေခူသုတ် သုတ်ပြီး
လာစားကြရအောင် - မင်းလမ်း အလွမ်းပြေ ရေခူသုတ်လေးနော် .....

5 comments:
ရေခူက ဘယ်လိုအကောင်မျိုးလဲဟင်..
မမ
ရေခူဆိုတာ ရုံလေးလည်း မမြင်ဖူးလို့ ပါ
ဖြစ်နိုင်မယ် ဆိုရင်ပေါ့ ပုံလေးနဲ့ပြပေးပါလားဟင်
ကျေးဇူးနော် မမ
ရေခူဆိုတာ jellyfish ကိုပြောတာထင်တယ်..ဟုတ်လား :P
စူးနွယ်လေး
yes. it's called jellyfish. u can read at http://en.wikipedia.org/wiki/Jellyfish
ရေခူသုတ်ပြီးတော့ နှင်းခူသုတ်လေးရှိရင် တင်ပါဦး အစ်မ :P
Post a Comment