Saturday, September 4, 2010

ငါးထမင်း

Seabass ငါး ၁ကောင်ကို ပါးဟက်ထုတ်၊ အကြေးခွံဖယ်၊ ဓားနဲ့မွှန်းပြီး ဆား အချိုမှုန့်နယ်ပြီး ၁ညသိပ်ပါ။ မနက် ရောက်ရင် စပါးလင် ပါထည့်ပြီး ငါးပြုတ်ပါ။ မိနစ် ၃၀ ခန့်ကြာအောင် ပြုတ်ပါတယ်။ ငါးကို အအေးခံပြီး ငါးအသား ချည်းပဲ နွှင်ပါ တယ်။ ငါးအသားချည်းပဲကို သတ်သတ်ပန်းကန်ထဲမှာထည့်ထားပါ။ ခရမ်းချဉ်သီး ၅လုံးကို ကြေ သည် အထိ ဆားအနည်း ငယ် ထည့်ပြီး ပြုတ်ပါ (အခွံကျွတ်သည် အထိပြုတ်ရပါတယ်)။ ထမင်း (၅လုံးချက်) ကို အနည်းငယ် ပျော့အောင် ချက်ပါတယ်။ အာလူးကို အခွံနွှာပြီး နှုးအောင်ပြုတ်ပါ။ ဒယ်အိုး အကြီးကြီး ၁လုံးထဲမှာ ထမင်းထည့်၊ ပြုတ်ထား သော ခရမ်းချဉ်သီး ထည့်၊ အာလူးထည့်၊ ငါးအသား နွင်ထားပြီး သားထည့်၊ ဆား၊ အချို မှုန့် ထည့်ပြီး အားလုံးကို သမအောင်နယ်ပြီး အနေတော်အရွယ် လုံးပါ။ လုံးပြီးပြီဆိုလျင် အပေါ်ကနေလှအောင် ကြက်သွန်ဖြူ ကြော် ဖြူး၊ ပဲပုတ်ကြော် ဖြူးပြီး နံနံပင်လေးနဲ့ လှအောင် အလှဆင်ပါတယ်။ ဂျူးမြစ်နဲ့ဆိုရင် ပိုပြီး စားကောင်းမှာပါ။ အလိုက် ဖက်ဆုံး ဆိုလျင် ပိုမှန်ပါတယ်။

2 comments:

Pwint Myue said...

တနေ့တမျိုးချက်ပြီး နှိပ်စက်နေပါတယ်ဗျို့... အလုပ်ဝင်ရင်တော့မချက်နိုင်တော့ဘူ မမွန်ရေ.. ကိုယ်တွေ့.. :)

ဆောင်း said...

အဲဒါ ရှမ်းထမင်းချဉ် မဟုတ်ဘူးလား