Tuesday, September 7, 2010

ငါးသလောက်ဥ ပြုတ်ကြော်ချက်

ငါးသလောက်ဥကို အရင်ဆုံး ဆား၊ အချိုမှုန့် နှယ်ပြီး ပြုတ်ပါတယ်။ (၁၀ မိနစ်ခန့်)။ ဆီထည့်ပြီး ဆနွင်း အနည်း ငယ်ထည့်ပါတယ်။ ဂျင်း၊ ကြက်သွန်ဇြူ ထောင်းပြီးဆီသတ်ပါတယ်။ နွမ်းလာရင် ပြုတ်ထားသော ငါးသလောက် ဥထည့််ပါတယ်။ ပဲငံပြာရည် အနောက် /အကြည် ကြိုက်တာ ထည့်လို့ရပါတယ်။

2 comments:

Pwint Myue said...

အား.. စားချင်လိုက်တာ.. ငါးသလောက်ဥဆို အသေကြိုက်ပဲ.. မစားရတာအတော်ကြာပြီ.. ရန်ကုန်မှာတောင် ရှားနေပြီတဲ့.. မမွန်ဘယ်က၀ယ်လဲ.. တခါတလေတော့ ငါးသလောက်ဝယ်ရင် ဗိုက်ထဲမှာပါလာတတ်တယ်.. မပါတာများပါတယ်..

Myo Mon Yee Oo said...

ရန်ကုန်ကနေ ရေခဲရိုက်ပြီး ယူလာတာပါ။ ရန်ကုန်မှာ တောင် အခုချိန် မပေါ်သေးဘူး။ ကြိုမှာထားပြီး ၀ယ်လာတာပါ။