Thursday, December 18, 2014

နေ့စဉ် အလှတရား

ဒီတစ်ခါရေးမှာ မွန်မွန်နေ့စဉ် ရုံးမသွားခင် မိတ်ကပ်လိမ်းချယ်နည်း နဲ့ အလှအပရေးရာများ ဖြစ်ပါတယ် .. မွန်မွန်အလှပြင်ရင် မကြာပါဘူး .. အတော်လေးမြန်တယ် ပြောလို့ရတယ် .. 

မိတ်ကပ်မလိမ်းခင် မျက်နှာဆေးပါတယ် ... မျက်နှာဆေးတာ Estée Lauder Facial Foam နဲ့ဖွဖွလေး သစ်ပါတယ် .. လက်သည်းနဲ့ အသုံးမပြုရပါ .. မကုတ်ရပါ .. ချွေးပေါက်ကျယ်ပြီး ဝက်ခြံထွက်လာတတ်ပါတယ် .. မျက်နှာကို အဝတ်နဲ့ ဖွဖွလေး သုတ်ပါ .. မျက်နှာမှာ ဝက်ခြံရှိရင် Dalacin T အရည် အနည်းငယ်တို့ပါတယ် .. Lancôme Toner တစ်စက် ချပြီး လိမ်းပါတယ် .. Lancôme Lotion အနည်းငယ် လက်ညှိုးပေါ်တင်ပြီး လိမ်းပါတယ် .. Suncover အနေနဲ့ Estée Lauder ကထုတ်တဲ့ SPF 50 ပါတဲ့ Cream လိမ်းပါတယ် .. မျက်နှာမှာ အမည်းစက် အနည်းအကျဉ်းရှိတဲ့ အတွက်ကြောင့် Concealer နဲ့ ဖုံးပါတယ် .. ပြီးရင် Loreal  မိတ်ကပ်ရည် အနည်းငယ်ယူပြီး လိမ်းပါတယ် .. Press Powder အနေနဲ့က ရုံးဆို Maybelline သုံးပါတယ် ..အပြင်ထွက်ရင် Chanel .. တခါတလေ Press Powder မသုံးခင် သနပ်ခါး ရေကျဲလေး လိမ်းပါတယ် ပြီးမှ Press Powder သုံးပါတယ် .. မျက်ရစ်ကို အရောင်ရင့်ရင့်သုံးပြီး အပေါ်နားလေးကို အရောင်ဖျော့ သုံးပါတယ် .. ရုံးဆိုရင်တော့ လက်ဆောင်ရထားတဲ့ Estée Lauder သုံးပြီး အပြင်ဆိုရင်တော့ Chanel သုံးပါတယ် .. အခု Chanel အရမ်းကြိုက်နေတယ် .. Chanel က တစ်နေကုန် မိတ်ကပ်မပျက်ပဲ မျက်နှာပေါ် ကြာကြာအထားခံပါတယ် .. အားလုံးပြီးရင်တော့ နှုတ်ခမ်းအတွက် Lipstick သုံးပြီး မှ Lip Linear သုံးပါတယ် .. 

မွန်မွန် သုံးတာတွေက မိတ်ကပ် အရောင်တွေချည်းပဲ .. မိတ်ကပ်လိမ်းရင် အထူချည်း မလိမ်းပဲ ပြေပြေလေးပဲ လိမ်းပါတယ် .. 


နေ့စဉ်သုံး အလှအပ အသုံးအဆောင်များ

အင်္ကျီမဝတ်ခင် ချိုင်းနံ မနံအောင် Nivea Roll-on သုံးပါတယ် .. ငယ်ငယ်ကတည်းက အမေက အင်္ကျီမဝတ်ခင် အလှပြင်ရတယ် .. ဒါမှ အပြင်ထွက်မယ့် အင်္ကျီက မပေမှာတဲ့ ... မိန်းကလေးဆိုရင် ရေချိုးပြီးရင် ထမီပတ်ရင်ပတ် ဒါမှမဟုတ် မျက်နှာသုတ်ပုဝါ အရှည်ကို ကိုယ်မှာပတ်ရင်ပတ်ရတယ် .. 

ရုံးသွားရင် ရေမွှေးမဆွတ်သွားဘူး .. အပြင်သွားရင်တော့ သားတွေနဲ့ အတူတူ ရေမွှေးအတူတူ ဆွတ်တယ် ..   

နောက်ဆုံးအနေနဲ့ လက်နဲ့ခြေထောက်ကို Hand Therapy လိမ်းပါတယ် .. Crabtree & Evelyn ပါ ..  ခြေထောက်ကော လက်ကော ကြည့်လိုက်ရင် စိုစိုလေးနဲ့ ကြည့်ကောင်းပါတယ် .. 


Crabtree & Evelyn

အပြင်ထွက်မယ့် အင်္ကျီဝတ်ပြီးသွားရင် ဆံပင်က ၁ချက် ၂ချက် ဖီးလိုက်တာနဲ့ ပြီးပြီ .. အခုအချိန်ထိ ဝါသနာပါတာ ဆံပင်ကို အမျိုးမျိုးလုပ်တာ .. အရင်က မွန်မွန်ဆံပင် ထိုင်လိုက်ရင် ကြမ်းပြင်နဲ့တောင်ထိတယ် .. ဆံပင်အုံကလဲ အတော်ကိုထူတာ .. ဆံပင်ကြောင့် လူကလဲ တအားပိန်တာ .. အခု ဒီလဲရောက် ဆံပင်က အတော့်ကိုပါးတာ .. အခု ကုတ်ဝဲညှပ်ထားတယ် .. 

ဝက်ခြံထွက်လာရင် မညစ်ရရင် မနေနိုင်ဘူး .. လက်နဲ့ ဝက်ခြံညစ်ထုတ်ပါတယ် .. ပြီးရင် Dalacin T တို့ပါတယ် .. ရန်ကုန်ပြန်ရင် အမြဲဝယ်ပါတယ် .. ပြီးရင် OXY 10 နည်းနည်းခပ်ထူထူ ဖုံးပါတယ် ...  သနပ်ခါးထူထူ အုပ်ပါတယ် .. ၁နေ့ ၃ကြိမ် ၃ရက်ဆက်တိုက် လုပ်ပေးနိုင်ရင် အမည်းစက်တောင် မကျန်ပါဘူး.. 

ဆံပင်ကို ခေါင်းမလျှော်ခင် ဆန်ဆေးရေနဲ့ ဆေးချပါ တယ် .. ထမင်းမချက်ခင် ဆန်ကို ရေနဲ့ဆေးတဲ့ အခါ မသွန်ပစ်ပဲ ပုံးတစ်ခုနဲ့ ခံထားပါတယ် .. ရေချိုး ခေါင်းလျှော်ရင် မျက်နှာကို ဆန်ဆေးရည်နဲ့ သစ်ပါတယ် .. ဆန်ဆေးရည် ခံထားတဲ့ပုံးပေါ် ခေါင်းကို ထားပြီး ရေခွက်နဲ့ ခေါင်းကို ဆန်ဆေးရည် အခါခါ လောင်းပါတယ် .. ပြီးမှသုံးနေကျ Shampoo နဲ့လျှော်ပါ .. ဆန်ဆေးရည်က ခေါင်းကို ဦးရေအေးဆေးတဲ့ အပြင် ဆံပင်အကျွတ် သက်သာစေပါတယ် .. ၁ကြိမ်ထဲ လုပ်လို့ မရပါဘူး ..  ခေါင်းလျှော်တိုင်း မပျက်မကွက် ပြုလုပ်ပေးရမှာပါ .. .. ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးခြင်းဖြင့် မျက်နှာနုပျိုစေပါတယ် .. 

မိန်းကလေ:တိုင်း ဒီထက် ပိုပြီးလှနိုင်ကြပါစေ .. 

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင် .. 

Wednesday, December 17, 2014

ကျွန်မရဲ့စိတ်အစာ

အခု တလော ရုံးမှာ အတော်လေး အားနေတော့ Mobile ကနေ စာတွေရေးဖြစ်နေပါတယ် .. အိမ်ရောက်မှ နည်းနည်း တည်းဖြတ်လိုက်တော့ သိပ်အချိန်မကုန်တော့ဘူးပေါ့ ...

မွန်မွန်အကြိုက်ဆုံးကော မကြိုက်တာကော အကုန် ရေးမယ်လို့ စိတ်ကူးထားပါတယ် .. လက်ဝတ်ရတနာထဲဆို စိန်ကို ကြိုက်တယ် .. လက်ဝတ်ရတနာ ၀ယ်မယ်ဆိုရင် စိန်ကလွဲပြပြီး ဘာမှမ၀ယ်ပါ ... စိန်ဆိုရင်လည်း အသန့်ဆုံး အနာအဆာ မပါတာမှ ဝယ်ပါတယ် .. 

အမေဆုံးတော့ သူများ စိန်နားကပ်လာရောင်းတယ် .. သားအဖ နှစ်ယောက်လုံး စိန်အကြောင်း နားမလည်တော့ နှပ်ချခံရတယ် ... ၇သောင်းပေးရတယ် .. ငွေလိုတော့ ပြန်ရောင်းတာ ၂သောင်းရအောင်တောင် မနည်းရောင်းရတယ် ... စိန်နဲ့ ပတ်သက်ရင် နားလည်တဲ့ အဖေ့ညီမ အဒေါ်ကို အကူအညီတောင်းရတယ် .. ပိုက်ဆံလက်ထဲရှိရင် မသုံးမိအောင် စုမိအောင် ရွှေဝယ်တယ် .. 

ရန်ကုန်မှာ အလုပ်လုပ်တုန်းက Bonus ရတော့ အမှတ်တရဖြစ်အောင် ငွေလိုရင် ပြန်ရောင်းရအောင် ရွှေလက်စွပ် ၁ကွင်းဝယ်တယ် .. အခုထိရှိသေးတယ် .. ပိုက်ဆံရှိရင် ရွှေဝယ်တာ မမှားဘူးလို့ထင်တယ် .. မြန်မာစကားပုံတောင်ရှိသေးတယ် .. မရှိဝမ်းစာ ရှိတန်ဆာတဲ့ .. 

နောက်ပိုက်ဆံအိတ်ရူးတယ် .. ပိုက်ဆံအိတ် အကောင်းစား Branded ၂အိတ် ဝယ်ထားတယ် .. ၂အိတ်တော့ရှိသင့်တယ် ထင်တာပဲ .. Louis Vuitton ကို 2010 မှာ ဝယ်ထားပြီး Chanel ကို 2014 မှာ မွေးနေ့လက်ဆောင်ရထားတယ် .. ရုံးသွားရင်တော့ လက်ဆောင်ရထားတာပဲ သုံးတယ် .. ရုံးအတွက်သုံးရမှာ နှမြောတယ် .. 

Cosmetics လဲရူးတဲ့အထဲပါတယ် .. ကျောင်းတက်နေစဉ် Loreal သုံးတယ် ... အလုပ်လဲလုပ် ကိုယ်တိုင် ငွေရှာနိုင်တဲ့ အခါ Lancôme or Estée Lauder Whitening Series သုံးတယ် .. အမြဲလဲ မဝယ်နိုင်ပါဘူး .. Bonus ရမှ ဝယ်နိုင်တာပါ ..

စာဖတ်တာ ဝါသနာပါတယ် .. အလှအပလဲ စိတ်ဝင်စားတယ် .. ရသ ဖတ်တာများတယ် .. ရန်ကုန်ပြန်ရောက်လို့ရှိရင် စာအုပ်ဆိုင်ရောက်ရင် ဝယ်လာတာ အများကြီး .. စာအုပ်ဈေးကလဲ အတော်ကို ဈေးကြီးလာတယ် ..

အခုနောက်ပိုင်း Hand Cream သုံးဖြစ်နေတယ် .. အရင်က သုံးရတယ်ဆိုတာ မသိဘူး .. RC မှာ လုပ်တုန်းက Marketing Manager ဆီက Christmas Present ရတာ .. သုံးရတာ ကောင်းတယ် .. အထူးသဖြင့် မွန်မွန့်လက်ချောင်းမှာ အရင်က အဖြူဖတ်လေးတွေ ရှိတယ် .. အဲဒါသုံးပြီး လုံးဝ မရှိတော့ဘူး .. အမျိုးအစားက Crabtree and Evelyn ပါ .. အနံက Lavender ဝယ်ထားတယ် .. မွန်မွန်က လက်ချောင်းရော ခြေချောင်းရော လိမ်းတယ် .. အဲဒါလိမ်းပြီး လက်သည်းခွံ ခြေသည်းခွံတွေ မာလာတယ် .. အရင်လို မကျိုးလွယ်တော့ဘူး ..


Crabtree & Evelyn

ရေမွှေးကတော့ တခါမှ မဝယ်ဘူး .. လက်ဆောင်ရတာတွေပဲ သုံးတယ် .. အင်္ကျီကောပဲ .. ရုံးသွားရင် ဝတ်ဖို့ G2000 Shirt ပဲဝယ်တယ် .. မင်္ဂလာဆောင် ရှိရင်တော့ Mark n Spencer က Dress ဝယ်တယ် .. အမြဲတမ်း ဘယ်တော့မှ ဝယ်လေ့ဝယ်ထတော့ မရှိဘူး .. အင်္ကျီတော့ အရမ်း crazy ဖြစ်တဲ့အထဲ မပါဘူး ..

Windows Shopping တော့ အမြဲထွက်တယ် .. အိမ်မှာနေရတာ ပျင်းလို့လေ ... အလုပ်မှာချည်းပဲဆိုတော့ အပြင်ထွက်ပြီး မျက်စိ အစာကျွေးတာ .. ဓာတ်ပုံရိုက်တာ အရမ်းဝါသနာပါတယ် .. အရင်က မင်္ဂလာဆောင်တွေ လိုက်ရိုက်တယ် .. FOC ရိုက်ပေးမှာပါ .. မိသားစု အပြင်ထွက်တာလောက်ပဲ ရိုက်ဖြစ်တယ် .. ဓာတ်ပုံရိုက်ပြီးရင် ကိုယ်တွေလက်တွေ နာလို့ မရိုက်ချင်တော့တာ .. ကလေးပုံတွေဆို ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်တယ် .. ရိုက်ချင်ရင်ပြော ရိုက်ပေးမယ် .. FOC ရိုက်ပေးမှာပါ .. 

ငယ်ငယ်တုန်းက ကြိုက်တဲ့ အစားအသောက် အချို့ ကြီးလာတော့ မကြိုက်တော့ဘူး ..  ပလို့ပြောင်းဖူး အကြိုက်ဆုံးပဲ ... စေးစေးနဲ့ စားလို့ကောင်းတယ် .. Singapore Style Chili Crab from Jumbo Seafood Restaurant မန္တလေး နန်းကြီးသုတ် ကြေးအိုးအရည် ကြာဇံချည်းပဲ မုန့်ဟင်းခါး လက်ဖက်ချဉ်ငံစပ် မုန့်လင်မယား ဝက်သားတုတ်ထိုး သာကူပြင် မုန့်ဗိုင်းတောင့် မုန့်တီသုတ် ရခိုင်စတိုင် မန္တလေးမြီးရှည် ကြိတ်မုန့် ရေမုန့် ကြိုက်တယ် ..  

ဟင်းချက်ရင် မီးဖိုချောင် သန့်ရှင်းမှ ချက်တတ်တယ် … အထူးသဖြင့် ချက်မယ့် မီးဖို အောက်မှာ ဆီတွေရှိနေရင် မချက်ချင်ဘူး … ကျန်းမာမှ ဖြစ်မှာလေ … ဒီနေ့ချက်တဲ့ဟင်း ဒီနေ့ပဲစားတယ် .. အဲဒီတော့ တိုင်းချက်တာ များတယ် … နောက်နေ့ဆို ဟင်းအနံပြောင်းသွားပြီ … ၁ခုခုစားတော့မယ်ဆို နမ်းပြီးမှ စားတတ်တယ် … မသိမသာလေးပေါ့ ...

သူငယ်ချင်းဆိုလည်း အချင်းချင်း  လိုက်ပြိုင်နေတာမျိုး မကြိုက်ဘူး .. အဲဒါလိုမျိုးဆိုရင်  ၁ယောက်ထဲနေ တာ ပိုကောင်းတယ်လို့ ယူဆတယ် .. 

လူ၁ယောက်က အကူအညီလိုချင်ရင် ငွေကြေးကလွှဲပြီး ကူညီပေးလိုက်တယ် .. သူ့ဆီက ဘာမျှော်လင့်ချက်မှ မရှိပဲ ကူညီလိုက်တာနော် .. သူ့ကိုကူညီလိုက်လို့ တချိန်ချိန်မှာ ပြန်ကူညီရမယ်ဆိုတာ ဘာလုပ်ပေးရမယ်ဆိုတာ စိတ်ထဲ လုံးဝမရှိဘူး .. အဖြူထည် သန့်သန့်နဲ့ကူညီတယ် .. 

နောက်ရှိသေးတယ် .. အများက ဒါက ကောင်းတယ် လုပ်ပါလား မွန်မွန်ဘယ်တော့မှ မလုပ်ဘူး .. ကိုယ်တိုင်ကိုယ်ကျ ပြောရရင် လက်တွေ့ကျမှ ယုံတယ် .. လက်တွေ့ဆန်တယ်လို့ ပြောလို့ရတယ် .. 

အလုပ်ခွင်မှာလဲ ဘယ်သူ့ကိုမှ ဒါလေးပေးလိုက်တာတို့ မလုပ်တတ်ဘူး .. ၁ခုခု ပေးလိုက်ရလို့ ရာထူးတက်သွားတယ် ဆိုတာမျိုးထက် ကြိုးစားလိုက်လို့ရတာမျိုးပဲ လိုချင်ပါတယ် .. စကားကတော့ ချိုချိုသာသာ ပြောဆိုဆက်ဆံပါတယ် .. လူ့အောက်ကျို့လိုက်လို့ ကိုယ်က ဘာမှ မဖြစ်သွားပါဘူး .. 

"စ" လုံးမှာနေရင် သည်းခံရပါတယ် အတော်လေး စိတ်ရှည်သည်းခံရပါတယ် .. အရင်က မွန်မွန် အလုပ်မှာဆို တော်တော် သည်းမခံတာနော် ... ၁နှစ် ၁ခုပဲ .. အခု လုပ်နေတာ ၃နှစ်ခွဲ သွားပြီ .. ရောမရောက် ရောမလိုကျင့်ကြံရတတ်တယ် .. 

နောက်အမုန်းဆုံးရှိသေးတယ် .. အဲဒါပြောရရင် ရှက်ဖို့တော်တော်ကောင်းပါတယ် .. နိုင်ငံခြားတိုင်းပြည်မှာ လုပ်နေတဲ့ ဗမာအချင်းချင်း မြင်ရင်အောင် စကားမပြောချင်တာ အဖက်မတန် သလိုလုပ်နေတာ .. အရင်တုန်းက သိနေရင်တောင် မခေါ်မပြော လုပ်ချင်တာ အဲဒီလို လူမျိုးလဲ မုန်းပါတယ် ..  

နောက်ရှိသေးတာ တချို့သော မိန်းကလေးတွေ ယောင်္ကျားလေးတွေနဲ့ စကားပြောရင် ခေါင်းပုတ်လိုက် ဖင်ပုတ်လိုက် ကြည့်ရတာ လူမြင်ကွင်းမှာ မတင့်တယ်ပါဘူး .. ဗမာလူမျိုး မိန်းကလေး ဖြစ်လျက် အကျင့်သိက္ခာတော့ ရှိသင့်တယ် ထင်တယ် .. ခြွင်းချက်အနေနဲ့ နိုင်ငံခြားသား ၁ယောက်နဲ့ ဗမာ ဆက်ဆံရေး ဒါ တိုင်းတပါး ယဉ်ကျေးမှုအရ လက်ခံလို့ရတယ် ..

နောက်အဆိုးဆုံး မကြိုက်တာ ၁ခုက မွန်မွန်က လူ၁ယောက်ကို ချစ်တယ် ခင်တယ် ဆိုရင် အဲဒီလူအပေါ် သူ့အကြောင်း မကောင်းတာ သူ့ကို Bully လုပ်တာမျိုး မွန်မွန့်ရှေ့မှာလာပြောလို့ကတော့ အဲဒီလူက မွန်မွန်နဲ့ ဘယ်လောက်သိနေပါစေ ပိုးစိုးပက်စက် ပြောဖို့ ဝန်မလေးတတ်ဘူး .. အထူးသဖြင့် အဖေ ခင်ပွန်း သားတွေအပေါ်မှာပေါ့ ..

ပစ္စည်း၁ခုဝယ်ရင် အကောင်းသုံးတယ် .. ခဏခဏ ဝယ်နေရတာ မကြိုက်ဘူး .. ခဏခဏဝယ်ရတော့ ပိုက်ဆံပိုကုန်တယ် ...

နောက်လုံးဝမကြိုက်တာရှိသေးတယ် .. "ပိုက်ဆံရှိမှ အပေါင်းအသင်း လုပ်တယ် မရှိရင် လမ်းတွေ့ ရှောင်သွားတယ်" အဲဒီလို စိတ်ထားမျိုးရှိရင် အစကတည်းက မခင်ချင်ပါနဲ့ လာမရောချင်ပါနဲ့ .. မွန်မွန်သည် အစကတည်းက ပိုက်ဆံမရှိဘူးလို့ သဘောထားလိုက်ပါ .. အဲဒါဆို ၂ဦး၂ဖက် ပြေလည်သွားပါလိမ့်မယ် .. မွန်မွန်ခံယူထားတာ မိတ်ဆွေဆိုတာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ မိတ်ဆွေဟာ မိတ်ဆွေပါပဲ .. ဒါကိုမှ မိတ်ဆွေစစ်လို့ခေါ်တယ်လို့ ယူဆပါတယ် .. 

စကားဆို ပွင့်ပွင့်လင်း ပြောတာ ကြိုက်တယ် မသိုမဝှက် မြုံစိစိလဲ မနေတတ်ဘူး .. ပွင့်ပွင့်လင်းလင်း နေတော့ စိတ်ထဲ ပေါ့သွားသလို ခံစားရတယ် .. စကားပြော ပွင့်လင်းတော့ လူတွေနဲ့ ဆက်ဆံတာ သိပ်တော့ အဆင်မပြေတတ်ဘူး .. တုံးတိ ရှေ့နောက် မစဉ်းစားပဲ ပြောတာများတယ် .. ပြောရရင် စကားပြော ပရိယာယ် မကြွယ်ဘူး .. 

ဘုရားတရားအနေနဲ့ကတော့ သရဏဂုံကို မပြတ်ရွတ်နေတယ် .. သရဏဂုံရွတ်နေတာ စလုပ်တဲ့ အလုပ်တိုင်းရွတ်နိုင်အောင် ကြိုးစားနေတယ် .. နေ့စဉ်ကတော့ သရဏဂုံကို ပုတီး ၁ပတ် စိတ်ဖြစ်ပါတယ် ..   ဒီနှစ် မွေးနေ့ကစပြီး ကိုးန၀င်း အချိန်တိုင်း ပုတီးစိတ်မယ်လို့ ဆုံးဖြတ်ထားတယ် .. 

နောက်ဆုံးပြောချင်တာ မွန်မွန်ရဲ့ စိတ်နေ စိတ်ထားကိုသာ ရေးသားထားခြင်း ဖြစ်ပါတယ် .. မည်သူ၁ဦး၁ယောက်ကိုမှ ရည်မှန်းပြီး ရေးသားထားတာ မဟုတ်ပါ

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင်

Tuesday, December 16, 2014

သားကြီး နှင့် သားငယ်

ဒီနေ့ဟာ သားငယ်လေး ၇လပြည့်ပါပြီ .. သားငယ် အခုစာရေးနေချိန် အောက်သွား ၁ချောင်း စထွက်လာပြီ ... သားငယ်ကို  ကိုယ်တိုင် မထိန်းခဲ့ရတော့ သားကြီးလောက် သိပ်မသိပါဘူး .. သားကြီးကော သားငယ်ရော ပြတဲ့ ကလေးဆရာဝန် အတူတူပါပဲ .. NUH မှာ သားငယ်မွေးတုန်းက ကလေးဆရာဝန် လှည့်လည်စစ်ဆေးတော့ သားကြီးပြတဲ့ ဆရာဝန် လှမ်းတွေ့တော့  သားကြီးအတိုင်း သားငယ်ကို ဆက်ယူပါဆိုပြီး အကူအညီ လှမ်းတောင်းရတယ် .. သားငယ်ရဲ့ ကိုယ်အလေးချိန်က 10 kg သားငယ်က overweight ဖြစ်နေတယ် ... သားငယ်ရဲ့ ကိုယ်အလေးချိန်က ၁နှစ်ကလေး ပုံမှန်ကိုယ်အလေးချိန်နဲ့တူတူဲူ ...?ကလေးဆရာဝန်နဲ့ တွေ့တုန်းကပြောတယ် ..



သားငယ်က နို့သိပ်မကြိုက်ဘူး .. မနက်ဆို ကြက်ဥ ၁လုံး biscuits ၄ချပ် စားတယ် .. ဆန့်မှုန့် ဟင်းသီးဟင်းရွက် ကြက်သားကျွေးတယ် ..  သူများစားနေတာ မြင်ရင် အရမ်းစားချင်တယ် .. စားဖို့ ပါးစပ်ကပြင်နေပြီ .. ပြောင်းဖူးလဲကြိုက်တယ် .. အမေလုပ်သူစားတာမြင်ရင် စားချင်တယ် ... ပြောင်းဖူးကို ဝါးပြီးကျွေးတယ် .. ကုတင်ပေါ်ချထားလှိမ့်တော့တာပဲ ... ဘောလုံးလှိမ့်သလိုကို လှိမ့်တော့တာ .. 

သားကြီးက အကြောက်အလန့်လုံးဝ မရှိဘူး .. သားငယ်က ကြောက်တတ်တယ် .. သားကြီး က တအားဆော့ သလောက် သားငယ်က အေးတယ် ... 

သားငယ်က အကို လုပ်သူဆော့ရင် သူလဲဆော့ချင်တယ် .. တခါတလေ အကိုလုပ်သူက လာနမ်းရင် သားငယ်က တအားအသည်းယားပြီး အကိုလုပ်သူကို ဆံပင်ဆွဲပြီး နမ်းတော့တာ .. သားငယ်က သွားရည်က တောက်လျောက်ကျနေတော့ သားငယ်နမ်းရင် သားကြီးမျက်နှာပေါ် ပေကုန်ရော .. သားကြီးလဲ ငိုပါလေရော .. သားကြီးက အရမ်း အသန့်ကြိုက်တယ် .. အငယ် လုပ်လိုက်လို့ အကြီးငိုရတာချည်းပဲ ..


သားငယ်က အိမ်နာမည်တွေ အများကြီးပဲ .. ဖိုးပြုံးချိုတဲ့ လူတကာကို မြင်ရင် ပထမဆုံး တွေ့ဖူးတဲ့သူဆို တောက်လျောက် မျက်တောင်မခတ်ပဲ ပါးစပ်ဟပြီး ကြည့်နေတာ .. သားငယ်ကို ရယ်ပြရင် သူကလည်း လိုက်ပြီးရယ်ပြတယ် .. ဖက်တီးလို့လဲ ခေါ်တယ် ... ဖက်တီးလို့ ခေါ်တာ များပြီး အပြင်းဖျားလိုက်သေးတယ် .. အဲဒါကြောင့် အဖျားဆွတ်ပြီး တီးတီးလို့ခေါ်တယ် .. အဖေလုပ်သူက ညီ လို့ခေါ်တယ် ... သားငယ် နာမည်က သက်ညီအောင် ပါ .. Passport မှာလဲ ဒီနာမည်ပါပဲ .. အိမ်နာမည်က Nicky .. သောကြာနေ့မှာ မွေးတဲ့ သောကြာသားလေးမို့ သားငယ်က စကား အရမ်းများတယ် .. နို့ဗူးကို ပိုင်ပိုင်နိုင်နိုင် ကိုင်စို့တတ်နေပြီ ... အပြင်ထွက်တိုင်း Pass Motion လုပ်တယ် ... အကျင့်လို ဖြစ်နေတယ် ... ညညဆို အရင်က အစောကြီး အိပ်တယ် .. မနက် ၆နာရီဆို နိုးပြီ ... အခု ကြီးလာတော့ အကို လုပ်သူနဲ့ဆော့ချင်လို့ တော်ရုံ မအိပ်ဘူး .. လက်ရွေးတယ် .. အဖေ အမေ သိပ်လို့ မရဘူး .. ကလေးထိန်း သိပ့်မှ အိပ်တယ် .. 9 နာရီဝန်းကျင် ပုံမှန် အိပ်ပါတယ် .. မနက်ဆို ၆ နာရီလောက်ဆို ဘာမှ မဂျီကျပဲ နိုးနေပြီ 

သူ့ဟာသူ တစ်ယောက်ထဲ ဆော့နေလေရဲ့ ...  အကိုလုပ်သူက တခါတလေ လက်ညှိုး ပါးစပ်ထဲ ထိုးထည့်ရင် အတင်းကိုက်တော့တာပဲ .. အငယ်လုပ်လို့ အကြီး ငိုရတာချည်းပဲ ... သားငယ်က ကိုယ်လုံးက ထွားတော့ သားကြီးထက် မှောက်တာ နည်းနည်းနောက်ကျတယ် .. အပြင်တွေ ဘာတွေ ထွက်ရင် တအားငြိမ်တယ် .. မမြင်ဖူးတာတွေ အထူးအဆန်းအနေနဲ့ ပါးစပ်ဟပြီး ကြည့်ချင်တာ .. ထိုင်ကလဲ ထိုင်ချင်နေပြီ .. ထိုင်ဖို့အတွက် ကိုယ်မထိန်းနိုင်သေးဘူး ... 

သားကြီးက မေးစေ့ ၂ခွ နဲ့ သားငယ်က ပြုံးလိုက်ရင် ပါးချိုင့်လေး ၂ဖက်ပါတယ် 

သားကြီး နှင့် သားငယ် ဘယ်သူ့ ပိုချစ်လဲလို့ မေးရင် အားလုံး အတူတူပါပဲ .. ဘယ်သူကိုမှ မျက်နှာ မလိုက်ပဲ တန်းတူချစ်ပါတယ် ..

မွန်မွန့်ရှေ့မှာရော သား၂ယောက်လုံးရှေ့မှာရော စိတ်ဝမ်းကွဲစေမယ့် စကားမျိုး မမေးကြပါနဲ့လို့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ် .. 

မိဘဆိုတာ သားသမီးကို တန်းတူ ချစ်ရမယ် ဆိုတာ မွန်မွန်ကတော့ ခံယူထားပါတယ် .. အခုအချိန် သားကြီးကို မလိမ်မာလို့ ဆိုဆုံးမတဲ့ အခါ သားငယ်ကို ပိုချစ်တာလို့ မမြင်စေချင်ဘူး .. သားကြီးကိုလဲ လိမ်မာစေချင်တယ်.. သားငယ်ကိုလဲ လိမ်မာစေချင်တယ် ...

အခု သားကြီးဆံပင်ညှပ်ရင် အရင်ကလောက် မငိုတော့ဘူး .. ငြိမ်ငြိမ်လေးခံတယ် .. ဆံပင်ညှပ်ခါနီးဆို သားဆံပင်ကို ညီလေးက လှမ်းဆွဲရင် နာနာနော်ဆိုရင် ခေါင်းညိမ့်ပြီး ဆံပင်ညှပ်ဆိုင် အလွယ်တကူ ခေါ်လို့ရသွားပြီ .. သားငယ်လေး မွေးတော့ သားကြီးကို J ၀င်မှာစိုးလို့ လိုချင်တာဆို အကုန်ဝယ်ပေးတယ် .. သားကြီး ၁ခုဆို သားငယ်က အစားဆိုတော့ မုန့်ဝယ်ပေးတယ် .. သားကြီးက အလိုလိုက်ပါများတော့ ဆိုးတယ် .. တအိမ်လုံးမှာ အမေပဲကြောက်တယ် .. 


သားကြီးက သူများကို bully ဘယ်တော့မှ မလုပ်ဘူး .. သားကြီးကို တစ်ယောက်ယောက်က ဆော့ရင် အသားလွတ် ရိုက်သွားတာ တွန်းလိုက်တာဆိုရင် အိမ်ရောက်ရင် အဖေ လုပ်သူကိုလာလာ တိုင်တယ် ... ပြီးခဲ့အပတ်က သားကြီး သူများမျက်နှာတံထွေးထွေးလို့ ဆူရတယ် .. ဆူတော့ ခေါင်းထဲမရောက်ဘူး .. အဲဒီတော့ သူများထွေးသလို သြူ့ပန်လုပ်လိုက်တော့ သူမကြိုက်တော့ .. အဲဒီကတည်းက လုံးဝ မလုပ်တော့ဘူး .. သားကြီးကို ငယ်ငယ်ကတည်းက အပြင်ထွက်ရင် အခြားသူတွေကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ အိမ်က မထွက်ခင် အပြီး ကျွေးထားတယ် .. သားကြီးက အပြင်စာ လုံးဝ မစားဘူး .. သားငယ်ကောပဲ .. 

သားကြီးက မဆလာအနံသင်းသင်း ချက်ထားတဲ့ ဘယ် အစားအစာမဆို ကြိုက်တယ် .. သားကြီးက နောက်နှစ်ဆို K1 တက်တော့မှာ .. သားကြီးက iPad သုံးတော့ English ကို သူကိုယ်တိုင် self study လုပ်တယ် ... Phonetics ဆို အကုန်သိတယ် .. စာလုံးတော်တော်များများ ပေါင်းတတ်နေပြီ .. Dictionary ဆော့ရင် စိတ်ပါဝင်စားသွားတယ် .. Dictionary က အသံထွက်ပါတယ်လေ ...


သားကြီးကို နောင်နှစ် English & Chinese tuition ထားရင်ကောင်းမလား .. ကျောင်းက ဖွင့်တဲ့ Enrichment Class ကတော့ English  ပြီးခဲ့တဲ့နှစ်ကထားတယ် ... ဒီနှစ်တော့ Chinese ထည့်မယ် .. Tuition ထားရင်ကောင်းမလား စဉ်းစားနေတာ .. Kumon or Mind Stretcher အဲဒီ ၂ခုကတည်းက ဘယ်ဟာထားရင် ကောင်းမလဲ .. Kumon ကတော့ စာအရမ်းများပြီး ကလေး stress ရှိတယ်ဆိုလို့ သိပ်မကြိုက်ဘူး .. ဒါမှမဟုတ် BC က English Teacher အိမ်ခေါ်သင်ရင်ကောင်းမလား .. Chinese Teacher ရောပဲ .. ဘာမှကို မစဉ်းစားတတ်တာ အကြံလေး ဘာလေး ပေးပါဦး

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင်