Showing posts with label My Life. Show all posts
Showing posts with label My Life. Show all posts

Thursday, December 18, 2014

နေ့စဉ် အလှတရား

ဒီတစ်ခါရေးမှာ မွန်မွန်နေ့စဉ် ရုံးမသွားခင် မိတ်ကပ်လိမ်းချယ်နည်း နဲ့ အလှအပရေးရာများ ဖြစ်ပါတယ် .. မွန်မွန်အလှပြင်ရင် မကြာပါဘူး .. အတော်လေးမြန်တယ် ပြောလို့ရတယ် .. 

မိတ်ကပ်မလိမ်းခင် မျက်နှာဆေးပါတယ် ... မျက်နှာဆေးတာ Estée Lauder Facial Foam နဲ့ဖွဖွလေး သစ်ပါတယ် .. လက်သည်းနဲ့ အသုံးမပြုရပါ .. မကုတ်ရပါ .. ချွေးပေါက်ကျယ်ပြီး ဝက်ခြံထွက်လာတတ်ပါတယ် .. မျက်နှာကို အဝတ်နဲ့ ဖွဖွလေး သုတ်ပါ .. မျက်နှာမှာ ဝက်ခြံရှိရင် Dalacin T အရည် အနည်းငယ်တို့ပါတယ် .. Lancôme Toner တစ်စက် ချပြီး လိမ်းပါတယ် .. Lancôme Lotion အနည်းငယ် လက်ညှိုးပေါ်တင်ပြီး လိမ်းပါတယ် .. Suncover အနေနဲ့ Estée Lauder ကထုတ်တဲ့ SPF 50 ပါတဲ့ Cream လိမ်းပါတယ် .. မျက်နှာမှာ အမည်းစက် အနည်းအကျဉ်းရှိတဲ့ အတွက်ကြောင့် Concealer နဲ့ ဖုံးပါတယ် .. ပြီးရင် Loreal  မိတ်ကပ်ရည် အနည်းငယ်ယူပြီး လိမ်းပါတယ် .. Press Powder အနေနဲ့က ရုံးဆို Maybelline သုံးပါတယ် ..အပြင်ထွက်ရင် Chanel .. တခါတလေ Press Powder မသုံးခင် သနပ်ခါး ရေကျဲလေး လိမ်းပါတယ် ပြီးမှ Press Powder သုံးပါတယ် .. မျက်ရစ်ကို အရောင်ရင့်ရင့်သုံးပြီး အပေါ်နားလေးကို အရောင်ဖျော့ သုံးပါတယ် .. ရုံးဆိုရင်တော့ လက်ဆောင်ရထားတဲ့ Estée Lauder သုံးပြီး အပြင်ဆိုရင်တော့ Chanel သုံးပါတယ် .. အခု Chanel အရမ်းကြိုက်နေတယ် .. Chanel က တစ်နေကုန် မိတ်ကပ်မပျက်ပဲ မျက်နှာပေါ် ကြာကြာအထားခံပါတယ် .. အားလုံးပြီးရင်တော့ နှုတ်ခမ်းအတွက် Lipstick သုံးပြီး မှ Lip Linear သုံးပါတယ် .. 

မွန်မွန် သုံးတာတွေက မိတ်ကပ် အရောင်တွေချည်းပဲ .. မိတ်ကပ်လိမ်းရင် အထူချည်း မလိမ်းပဲ ပြေပြေလေးပဲ လိမ်းပါတယ် .. 


နေ့စဉ်သုံး အလှအပ အသုံးအဆောင်များ

အင်္ကျီမဝတ်ခင် ချိုင်းနံ မနံအောင် Nivea Roll-on သုံးပါတယ် .. ငယ်ငယ်ကတည်းက အမေက အင်္ကျီမဝတ်ခင် အလှပြင်ရတယ် .. ဒါမှ အပြင်ထွက်မယ့် အင်္ကျီက မပေမှာတဲ့ ... မိန်းကလေးဆိုရင် ရေချိုးပြီးရင် ထမီပတ်ရင်ပတ် ဒါမှမဟုတ် မျက်နှာသုတ်ပုဝါ အရှည်ကို ကိုယ်မှာပတ်ရင်ပတ်ရတယ် .. 

ရုံးသွားရင် ရေမွှေးမဆွတ်သွားဘူး .. အပြင်သွားရင်တော့ သားတွေနဲ့ အတူတူ ရေမွှေးအတူတူ ဆွတ်တယ် ..   

နောက်ဆုံးအနေနဲ့ လက်နဲ့ခြေထောက်ကို Hand Therapy လိမ်းပါတယ် .. Crabtree & Evelyn ပါ ..  ခြေထောက်ကော လက်ကော ကြည့်လိုက်ရင် စိုစိုလေးနဲ့ ကြည့်ကောင်းပါတယ် .. 


Crabtree & Evelyn

အပြင်ထွက်မယ့် အင်္ကျီဝတ်ပြီးသွားရင် ဆံပင်က ၁ချက် ၂ချက် ဖီးလိုက်တာနဲ့ ပြီးပြီ .. အခုအချိန်ထိ ဝါသနာပါတာ ဆံပင်ကို အမျိုးမျိုးလုပ်တာ .. အရင်က မွန်မွန်ဆံပင် ထိုင်လိုက်ရင် ကြမ်းပြင်နဲ့တောင်ထိတယ် .. ဆံပင်အုံကလဲ အတော်ကိုထူတာ .. ဆံပင်ကြောင့် လူကလဲ တအားပိန်တာ .. အခု ဒီလဲရောက် ဆံပင်က အတော့်ကိုပါးတာ .. အခု ကုတ်ဝဲညှပ်ထားတယ် .. 

ဝက်ခြံထွက်လာရင် မညစ်ရရင် မနေနိုင်ဘူး .. လက်နဲ့ ဝက်ခြံညစ်ထုတ်ပါတယ် .. ပြီးရင် Dalacin T တို့ပါတယ် .. ရန်ကုန်ပြန်ရင် အမြဲဝယ်ပါတယ် .. ပြီးရင် OXY 10 နည်းနည်းခပ်ထူထူ ဖုံးပါတယ် ...  သနပ်ခါးထူထူ အုပ်ပါတယ် .. ၁နေ့ ၃ကြိမ် ၃ရက်ဆက်တိုက် လုပ်ပေးနိုင်ရင် အမည်းစက်တောင် မကျန်ပါဘူး.. 

ဆံပင်ကို ခေါင်းမလျှော်ခင် ဆန်ဆေးရေနဲ့ ဆေးချပါ တယ် .. ထမင်းမချက်ခင် ဆန်ကို ရေနဲ့ဆေးတဲ့ အခါ မသွန်ပစ်ပဲ ပုံးတစ်ခုနဲ့ ခံထားပါတယ် .. ရေချိုး ခေါင်းလျှော်ရင် မျက်နှာကို ဆန်ဆေးရည်နဲ့ သစ်ပါတယ် .. ဆန်ဆေးရည် ခံထားတဲ့ပုံးပေါ် ခေါင်းကို ထားပြီး ရေခွက်နဲ့ ခေါင်းကို ဆန်ဆေးရည် အခါခါ လောင်းပါတယ် .. ပြီးမှသုံးနေကျ Shampoo နဲ့လျှော်ပါ .. ဆန်ဆေးရည်က ခေါင်းကို ဦးရေအေးဆေးတဲ့ အပြင် ဆံပင်အကျွတ် သက်သာစေပါတယ် .. ၁ကြိမ်ထဲ လုပ်လို့ မရပါဘူး ..  ခေါင်းလျှော်တိုင်း မပျက်မကွက် ပြုလုပ်ပေးရမှာပါ .. .. ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးခြင်းဖြင့် မျက်နှာနုပျိုစေပါတယ် .. 

မိန်းကလေ:တိုင်း ဒီထက် ပိုပြီးလှနိုင်ကြပါစေ .. 

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင် .. 

Wednesday, December 17, 2014

ကျွန်မရဲ့စိတ်အစာ

အခု တလော ရုံးမှာ အတော်လေး အားနေတော့ Mobile ကနေ စာတွေရေးဖြစ်နေပါတယ် .. အိမ်ရောက်မှ နည်းနည်း တည်းဖြတ်လိုက်တော့ သိပ်အချိန်မကုန်တော့ဘူးပေါ့ ...

မွန်မွန်အကြိုက်ဆုံးကော မကြိုက်တာကော အကုန် ရေးမယ်လို့ စိတ်ကူးထားပါတယ် .. လက်ဝတ်ရတနာထဲဆို စိန်ကို ကြိုက်တယ် .. လက်ဝတ်ရတနာ ၀ယ်မယ်ဆိုရင် စိန်ကလွဲပြပြီး ဘာမှမ၀ယ်ပါ ... စိန်ဆိုရင်လည်း အသန့်ဆုံး အနာအဆာ မပါတာမှ ဝယ်ပါတယ် .. 

အမေဆုံးတော့ သူများ စိန်နားကပ်လာရောင်းတယ် .. သားအဖ နှစ်ယောက်လုံး စိန်အကြောင်း နားမလည်တော့ နှပ်ချခံရတယ် ... ၇သောင်းပေးရတယ် .. ငွေလိုတော့ ပြန်ရောင်းတာ ၂သောင်းရအောင်တောင် မနည်းရောင်းရတယ် ... စိန်နဲ့ ပတ်သက်ရင် နားလည်တဲ့ အဖေ့ညီမ အဒေါ်ကို အကူအညီတောင်းရတယ် .. ပိုက်ဆံလက်ထဲရှိရင် မသုံးမိအောင် စုမိအောင် ရွှေဝယ်တယ် .. 

ရန်ကုန်မှာ အလုပ်လုပ်တုန်းက Bonus ရတော့ အမှတ်တရဖြစ်အောင် ငွေလိုရင် ပြန်ရောင်းရအောင် ရွှေလက်စွပ် ၁ကွင်းဝယ်တယ် .. အခုထိရှိသေးတယ် .. ပိုက်ဆံရှိရင် ရွှေဝယ်တာ မမှားဘူးလို့ထင်တယ် .. မြန်မာစကားပုံတောင်ရှိသေးတယ် .. မရှိဝမ်းစာ ရှိတန်ဆာတဲ့ .. 

နောက်ပိုက်ဆံအိတ်ရူးတယ် .. ပိုက်ဆံအိတ် အကောင်းစား Branded ၂အိတ် ဝယ်ထားတယ် .. ၂အိတ်တော့ရှိသင့်တယ် ထင်တာပဲ .. Louis Vuitton ကို 2010 မှာ ဝယ်ထားပြီး Chanel ကို 2014 မှာ မွေးနေ့လက်ဆောင်ရထားတယ် .. ရုံးသွားရင်တော့ လက်ဆောင်ရထားတာပဲ သုံးတယ် .. ရုံးအတွက်သုံးရမှာ နှမြောတယ် .. 

Cosmetics လဲရူးတဲ့အထဲပါတယ် .. ကျောင်းတက်နေစဉ် Loreal သုံးတယ် ... အလုပ်လဲလုပ် ကိုယ်တိုင် ငွေရှာနိုင်တဲ့ အခါ Lancôme or Estée Lauder Whitening Series သုံးတယ် .. အမြဲလဲ မဝယ်နိုင်ပါဘူး .. Bonus ရမှ ဝယ်နိုင်တာပါ ..

စာဖတ်တာ ဝါသနာပါတယ် .. အလှအပလဲ စိတ်ဝင်စားတယ် .. ရသ ဖတ်တာများတယ် .. ရန်ကုန်ပြန်ရောက်လို့ရှိရင် စာအုပ်ဆိုင်ရောက်ရင် ဝယ်လာတာ အများကြီး .. စာအုပ်ဈေးကလဲ အတော်ကို ဈေးကြီးလာတယ် ..

အခုနောက်ပိုင်း Hand Cream သုံးဖြစ်နေတယ် .. အရင်က သုံးရတယ်ဆိုတာ မသိဘူး .. RC မှာ လုပ်တုန်းက Marketing Manager ဆီက Christmas Present ရတာ .. သုံးရတာ ကောင်းတယ် .. အထူးသဖြင့် မွန်မွန့်လက်ချောင်းမှာ အရင်က အဖြူဖတ်လေးတွေ ရှိတယ် .. အဲဒါသုံးပြီး လုံးဝ မရှိတော့ဘူး .. အမျိုးအစားက Crabtree and Evelyn ပါ .. အနံက Lavender ဝယ်ထားတယ် .. မွန်မွန်က လက်ချောင်းရော ခြေချောင်းရော လိမ်းတယ် .. အဲဒါလိမ်းပြီး လက်သည်းခွံ ခြေသည်းခွံတွေ မာလာတယ် .. အရင်လို မကျိုးလွယ်တော့ဘူး ..


Crabtree & Evelyn

ရေမွှေးကတော့ တခါမှ မဝယ်ဘူး .. လက်ဆောင်ရတာတွေပဲ သုံးတယ် .. အင်္ကျီကောပဲ .. ရုံးသွားရင် ဝတ်ဖို့ G2000 Shirt ပဲဝယ်တယ် .. မင်္ဂလာဆောင် ရှိရင်တော့ Mark n Spencer က Dress ဝယ်တယ် .. အမြဲတမ်း ဘယ်တော့မှ ဝယ်လေ့ဝယ်ထတော့ မရှိဘူး .. အင်္ကျီတော့ အရမ်း crazy ဖြစ်တဲ့အထဲ မပါဘူး ..

Windows Shopping တော့ အမြဲထွက်တယ် .. အိမ်မှာနေရတာ ပျင်းလို့လေ ... အလုပ်မှာချည်းပဲဆိုတော့ အပြင်ထွက်ပြီး မျက်စိ အစာကျွေးတာ .. ဓာတ်ပုံရိုက်တာ အရမ်းဝါသနာပါတယ် .. အရင်က မင်္ဂလာဆောင်တွေ လိုက်ရိုက်တယ် .. FOC ရိုက်ပေးမှာပါ .. မိသားစု အပြင်ထွက်တာလောက်ပဲ ရိုက်ဖြစ်တယ် .. ဓာတ်ပုံရိုက်ပြီးရင် ကိုယ်တွေလက်တွေ နာလို့ မရိုက်ချင်တော့တာ .. ကလေးပုံတွေဆို ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်တယ် .. ရိုက်ချင်ရင်ပြော ရိုက်ပေးမယ် .. FOC ရိုက်ပေးမှာပါ .. 

ငယ်ငယ်တုန်းက ကြိုက်တဲ့ အစားအသောက် အချို့ ကြီးလာတော့ မကြိုက်တော့ဘူး ..  ပလို့ပြောင်းဖူး အကြိုက်ဆုံးပဲ ... စေးစေးနဲ့ စားလို့ကောင်းတယ် .. Singapore Style Chili Crab from Jumbo Seafood Restaurant မန္တလေး နန်းကြီးသုတ် ကြေးအိုးအရည် ကြာဇံချည်းပဲ မုန့်ဟင်းခါး လက်ဖက်ချဉ်ငံစပ် မုန့်လင်မယား ဝက်သားတုတ်ထိုး သာကူပြင် မုန့်ဗိုင်းတောင့် မုန့်တီသုတ် ရခိုင်စတိုင် မန္တလေးမြီးရှည် ကြိတ်မုန့် ရေမုန့် ကြိုက်တယ် ..  

ဟင်းချက်ရင် မီးဖိုချောင် သန့်ရှင်းမှ ချက်တတ်တယ် … အထူးသဖြင့် ချက်မယ့် မီးဖို အောက်မှာ ဆီတွေရှိနေရင် မချက်ချင်ဘူး … ကျန်းမာမှ ဖြစ်မှာလေ … ဒီနေ့ချက်တဲ့ဟင်း ဒီနေ့ပဲစားတယ် .. အဲဒီတော့ တိုင်းချက်တာ များတယ် … နောက်နေ့ဆို ဟင်းအနံပြောင်းသွားပြီ … ၁ခုခုစားတော့မယ်ဆို နမ်းပြီးမှ စားတတ်တယ် … မသိမသာလေးပေါ့ ...

သူငယ်ချင်းဆိုလည်း အချင်းချင်း  လိုက်ပြိုင်နေတာမျိုး မကြိုက်ဘူး .. အဲဒါလိုမျိုးဆိုရင်  ၁ယောက်ထဲနေ တာ ပိုကောင်းတယ်လို့ ယူဆတယ် .. 

လူ၁ယောက်က အကူအညီလိုချင်ရင် ငွေကြေးကလွှဲပြီး ကူညီပေးလိုက်တယ် .. သူ့ဆီက ဘာမျှော်လင့်ချက်မှ မရှိပဲ ကူညီလိုက်တာနော် .. သူ့ကိုကူညီလိုက်လို့ တချိန်ချိန်မှာ ပြန်ကူညီရမယ်ဆိုတာ ဘာလုပ်ပေးရမယ်ဆိုတာ စိတ်ထဲ လုံးဝမရှိဘူး .. အဖြူထည် သန့်သန့်နဲ့ကူညီတယ် .. 

နောက်ရှိသေးတယ် .. အများက ဒါက ကောင်းတယ် လုပ်ပါလား မွန်မွန်ဘယ်တော့မှ မလုပ်ဘူး .. ကိုယ်တိုင်ကိုယ်ကျ ပြောရရင် လက်တွေ့ကျမှ ယုံတယ် .. လက်တွေ့ဆန်တယ်လို့ ပြောလို့ရတယ် .. 

အလုပ်ခွင်မှာလဲ ဘယ်သူ့ကိုမှ ဒါလေးပေးလိုက်တာတို့ မလုပ်တတ်ဘူး .. ၁ခုခု ပေးလိုက်ရလို့ ရာထူးတက်သွားတယ် ဆိုတာမျိုးထက် ကြိုးစားလိုက်လို့ရတာမျိုးပဲ လိုချင်ပါတယ် .. စကားကတော့ ချိုချိုသာသာ ပြောဆိုဆက်ဆံပါတယ် .. လူ့အောက်ကျို့လိုက်လို့ ကိုယ်က ဘာမှ မဖြစ်သွားပါဘူး .. 

"စ" လုံးမှာနေရင် သည်းခံရပါတယ် အတော်လေး စိတ်ရှည်သည်းခံရပါတယ် .. အရင်က မွန်မွန် အလုပ်မှာဆို တော်တော် သည်းမခံတာနော် ... ၁နှစ် ၁ခုပဲ .. အခု လုပ်နေတာ ၃နှစ်ခွဲ သွားပြီ .. ရောမရောက် ရောမလိုကျင့်ကြံရတတ်တယ် .. 

နောက်အမုန်းဆုံးရှိသေးတယ် .. အဲဒါပြောရရင် ရှက်ဖို့တော်တော်ကောင်းပါတယ် .. နိုင်ငံခြားတိုင်းပြည်မှာ လုပ်နေတဲ့ ဗမာအချင်းချင်း မြင်ရင်အောင် စကားမပြောချင်တာ အဖက်မတန် သလိုလုပ်နေတာ .. အရင်တုန်းက သိနေရင်တောင် မခေါ်မပြော လုပ်ချင်တာ အဲဒီလို လူမျိုးလဲ မုန်းပါတယ် ..  

နောက်ရှိသေးတာ တချို့သော မိန်းကလေးတွေ ယောင်္ကျားလေးတွေနဲ့ စကားပြောရင် ခေါင်းပုတ်လိုက် ဖင်ပုတ်လိုက် ကြည့်ရတာ လူမြင်ကွင်းမှာ မတင့်တယ်ပါဘူး .. ဗမာလူမျိုး မိန်းကလေး ဖြစ်လျက် အကျင့်သိက္ခာတော့ ရှိသင့်တယ် ထင်တယ် .. ခြွင်းချက်အနေနဲ့ နိုင်ငံခြားသား ၁ယောက်နဲ့ ဗမာ ဆက်ဆံရေး ဒါ တိုင်းတပါး ယဉ်ကျေးမှုအရ လက်ခံလို့ရတယ် ..

နောက်အဆိုးဆုံး မကြိုက်တာ ၁ခုက မွန်မွန်က လူ၁ယောက်ကို ချစ်တယ် ခင်တယ် ဆိုရင် အဲဒီလူအပေါ် သူ့အကြောင်း မကောင်းတာ သူ့ကို Bully လုပ်တာမျိုး မွန်မွန့်ရှေ့မှာလာပြောလို့ကတော့ အဲဒီလူက မွန်မွန်နဲ့ ဘယ်လောက်သိနေပါစေ ပိုးစိုးပက်စက် ပြောဖို့ ဝန်မလေးတတ်ဘူး .. အထူးသဖြင့် အဖေ ခင်ပွန်း သားတွေအပေါ်မှာပေါ့ ..

ပစ္စည်း၁ခုဝယ်ရင် အကောင်းသုံးတယ် .. ခဏခဏ ဝယ်နေရတာ မကြိုက်ဘူး .. ခဏခဏဝယ်ရတော့ ပိုက်ဆံပိုကုန်တယ် ...

နောက်လုံးဝမကြိုက်တာရှိသေးတယ် .. "ပိုက်ဆံရှိမှ အပေါင်းအသင်း လုပ်တယ် မရှိရင် လမ်းတွေ့ ရှောင်သွားတယ်" အဲဒီလို စိတ်ထားမျိုးရှိရင် အစကတည်းက မခင်ချင်ပါနဲ့ လာမရောချင်ပါနဲ့ .. မွန်မွန်သည် အစကတည်းက ပိုက်ဆံမရှိဘူးလို့ သဘောထားလိုက်ပါ .. အဲဒါဆို ၂ဦး၂ဖက် ပြေလည်သွားပါလိမ့်မယ် .. မွန်မွန်ခံယူထားတာ မိတ်ဆွေဆိုတာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ မိတ်ဆွေဟာ မိတ်ဆွေပါပဲ .. ဒါကိုမှ မိတ်ဆွေစစ်လို့ခေါ်တယ်လို့ ယူဆပါတယ် .. 

စကားဆို ပွင့်ပွင့်လင်း ပြောတာ ကြိုက်တယ် မသိုမဝှက် မြုံစိစိလဲ မနေတတ်ဘူး .. ပွင့်ပွင့်လင်းလင်း နေတော့ စိတ်ထဲ ပေါ့သွားသလို ခံစားရတယ် .. စကားပြော ပွင့်လင်းတော့ လူတွေနဲ့ ဆက်ဆံတာ သိပ်တော့ အဆင်မပြေတတ်ဘူး .. တုံးတိ ရှေ့နောက် မစဉ်းစားပဲ ပြောတာများတယ် .. ပြောရရင် စကားပြော ပရိယာယ် မကြွယ်ဘူး .. 

ဘုရားတရားအနေနဲ့ကတော့ သရဏဂုံကို မပြတ်ရွတ်နေတယ် .. သရဏဂုံရွတ်နေတာ စလုပ်တဲ့ အလုပ်တိုင်းရွတ်နိုင်အောင် ကြိုးစားနေတယ် .. နေ့စဉ်ကတော့ သရဏဂုံကို ပုတီး ၁ပတ် စိတ်ဖြစ်ပါတယ် ..   ဒီနှစ် မွေးနေ့ကစပြီး ကိုးန၀င်း အချိန်တိုင်း ပုတီးစိတ်မယ်လို့ ဆုံးဖြတ်ထားတယ် .. 

နောက်ဆုံးပြောချင်တာ မွန်မွန်ရဲ့ စိတ်နေ စိတ်ထားကိုသာ ရေးသားထားခြင်း ဖြစ်ပါတယ် .. မည်သူ၁ဦး၁ယောက်ကိုမှ ရည်မှန်းပြီး ရေးသားထားတာ မဟုတ်ပါ

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင်

Saturday, July 21, 2012

ကျွန်မဘ၀ရဲ့ ကျေးဇူးရှင်များ

ကျေးဇူးရှင် လို့ ခေါင်းစဉ်တပ်ပြီး ရေးချင်စိတ်ပေါ်လာတာ။ ကျွန်မ ဘ၀ရဲ့ ကျေးဇူးရှင်တွေပါ။ ကျွန်မကို ဒီလို အခြေအနေထိရောက်အောင် စိတ်ဓာတ်တွေ ခွန်အားတွေ ပံပိုးပေးခဲ့တာပါ။ ကျွန်မ ဘ၀မှာ မမေ့ပါဘူး။ ကျွန်မရေးခဲ့တာ မှားခဲ့ရင် မသိ မနားလည်သူမို့ ခွင့်လွှတ်ပေးပါ။ မိဘ ကတော့ ထိပ်ဆုံးမှာ ရှိနေတာမို့ မရေးတော့ဘူးနော်။

ဆရာ ဦးထွန်းထွန်းနိုင်

ကျွန်မဘ၀မှာ ဆရာ့ ကို ၁သက် မမေ့ပါဘူး ဆရာ။ ဆရာကို စသိတာ IAD ကျတုန်းက သိတာပါ။ သူငယ်ချင်း ၂ယောက်က BM ကျကြတယ်။ BM ကို ၃ကြိမ်ကျတာ။ အရမ်းခက်တယ်။ BM က Business Management လေ။ SAD က System Analysis & Design. သူငယ်ချင်း ၁ယောက်က MCC မှာ ဆရာဦးထွန်းထွန်းနိုင်ရှိတယ်။ ငါတို့ကို SAD သင်ပေးမယ်တဲ့။ SAD ဆိုတာ ကျွန်မအတွက် အရမ်းခက်ခဲတဲ့ ဘာသာပါ။ ဆရာအိမ်မှာ Tution လိုသွားသင်တာပါ။ IAD စတက်တုန်းက UCST မှာ စတက်တာ။ အဲဒီတုန်းက MCC မှာ IAD Course မစ သေးပါဘူး။ ကျွန်မ ၁နှစ်လောက် ငွေကုန် အချိန်ကုန်သွားတယ်။ SAD ၁သာသာကို ၃ကြိမ်ဖြေတာ ၃ကြိမ်လုံးကျတယ်။ ကျန်တဲ့ ဘာသာတွေကျတော့ အမှတ်ကောင်းကောင်း နဲ့ အောင် တယ်။ နောက်ဆုံး ဘယ်လိုလုပ်ရမလဲ စဉ်းစားကြ တယ်။ MCC မှာ IAD Course စနေပြီဆိုတော့ သင်တန်းတက်ဖို့ စာရင်းပေးတာ လက်မခံဘူး။ လူပြည့်သွားလို့။ အဲဒါနဲ့ KMD မှာ အပ်လိုက်တယ်။ သင်တန်းက ၁၀က်ကျိုးနေပြီ။ IAD System က ၁ဘာသာကို ၃ကြိမ်ကျရင် အစအဆုံး ပြန်တက်ရတယ်။ အဲဒီအချိန် Exam Result ထွက်တုန်းက ဆိုရင် ငိုချင်လိုက်တာ။ လမ်းသွားရင် လမ်းလျောက်ရင်တောင် ငူတူတူကြီး။ အဲဒီတုန်းက September လ။ စာမေးပွဲက December ဖြေရမှာ။ KMD ကို အကျိုးအကြောင်းပြောပြီး December ၄ဘာသာ ဖြေမယ်ပေါ့။ အားလုံး ၆ဘာသာရှိတာ။ သူတို့က ဖြစ်ရဲ့လား။ ကျွန်မတို့ကလဲဖြစ်ပါတယ်ဆိုပြီး December မှာ ၄ဘာသာဖြေဖို့ အတည်ဖြစ်သွားတယ်။ ကျွန်မ စိတ်အညစ်ဆုံး က အောင်ပြီးသားဘာသာတွေကိုပါ ထပ်ပြန်ဖြေရတာ။ ဆရာက အလုပ်မအားတဲ့ ကြားထဲကနေ သင်ပေး တာ။ ပိုက်ဆံ ၁ပြားမှ မယူပဲ သင်ပေးတာ။ ဆရာ စာသင်တော့ ဆရာက ကျွန်မအား နည်းချက် ကိုတွေ့သွားတာ။ ကျွန်မ စဉ်းစားတဲ့နည်းလမ်းက အများနဲ့မတူဘူးမှားနေတယ်။ ရအောင်ပြင်ပေး တယ်။ စာတွေလဲ မေးတယ်။ ကျွန်မတို့ Dipolma Course တွေက ဒါမေး ဒါဖြေ မဟုတ်ဘူး။ unseen တွေချည်းပဲ။ ကိုယ့်အယူအဆကို ရေးရတာ။ အယူအဆလွဲရင် သွားရော။ SAD က ပထမအပိုင်းက အမှတ်ပေးကြမ်းတယ်။ ၁ပုဒ်ကို ၃၀ ၂ပုဒ် ၆၀ ပေးတာ။ System ၁ခုပေးထားပြီး DFD, ERD, Normalization ဆွဲရတာ။ အဲဒီမှာ ၁၀ မှတ်ရလဲ ကျတယ် သတ်မှတ်တယ်။ System က ဘာSystem လာမယ်ဆိုတာ မသိဘူး။ Example, Computer Sales System ကို ဘယ်လိုစလုပ်မလဲ။ အဲဒီလို စဉ်းစားရတာ နောက်မှာ ၄၀ဖိုးရှိသေးတယ်။ ၃နာရီအတွင်း အဖြေရအောင် စဉ်းစားရတာ။ ဆရာက အသင်အပြကောင်းတယ်။ ဆရာက အတန်းထဲမှာ ပြောဘူးတယ်။ သမီး Idea လေးတွေလွှဲနေတယ်တဲ့။ အဲဒီစကား ၁ခွန်းကြောင့်  အတန်းထဲမှာ ထိုင်ငိုတာ။ ဆရာလဲ Idea လွှဲနေ တာကိုပြင်ခိုင်းတယ်။ ဒီလိုနဲ့ December စာမေးပွဲဖြေတော့ SAD ကို Credit နဲ့အောင်တယ်။ ၆၀ ကျော်လာ ပဲ။ ပျော်လိုက်တာဆိုတာ မပြောနဲ့။ ဆရာ့ကျေးဇူးကြောင့် IAD Diploma Course အောင်ပြီး M.Sc ဘွဲ့အထိရလာခဲ့တာပါ။ ဆရာ့ကျေးဇူးတွေ သမီးအပေါ်မှာ အများကြီးရှိပါတယ်။ ဆရာ့နာမည် ဆရာ့ ကျေးဇူး သမီး ၁သက် မမေ့ပါဘူး။

ဆရာ ဦးညီညီ

ဆရာ့ကို BCIS Course စတက်တုန်းက သိတာပါ။ ဆရာက ကျွန်မကို စာ အရမ်းလုပ်လို့ First Class Hons နဲ့အောင်မယ်ဆိုပြီးမှန်းထားတာ။ December စာမေးပွဲဖြေတော့ ကျွန်မ စိတ်အရမ်းညစ်နေတာ စိတ်လေနေတာနဲ့ (မမေးနဲ့နော်။ ပြောမပြဘူး) Software Engineering ဘာသာ အမှတ်အများဆုံး Double ပေးတာ 16 Grade ပေါ့  ၂ဆဆိုတော့ 32။ Result ထွက်လာတော့ 9 ပဲရတယ်။ ၂ဆဆိုတော့ 18။ အရမ်းအမှတ်နည်းသွားတယ်။ သေချာတာက First Class Hons မမှီတော့ဘူး။ ဆရာက အရမ်းဆူတာ။ ဆရာက ကျွန်မ စာအရမ်းလုပ်လုပ် မယုံတော့ဘူး။ ဆရာက ကျွန်မအပေါ်ယုံကြည်မှုနည်းသွားတာပေါ့။ ကျွန်မ စာကို အရင်ကထက် ၂ဆ ပိုလုပ်ခဲ့တယ်။ အောင်စာရင်းထွက်လာတော့ 2nd Upper Class Hons နဲ့အောင်တယ်။ ဖြစ်ချင်တော့ Reason နဲ့လာတာ။ ကျွန်မ Grade က မများဘူး ဒါပေမယ့် Percentage နဲ့တွက်လိုက်တော့ 2nd Upper ထဲဝင်နေတယ်ဆိုလို့ ဒီကျောင်းသူကို 2nd Upper Class Hons နဲ့အောင်ပါတယ်ဆိုပြီး Result ထွက်လာတယ်။ အဲဒီတုန်းက ကျွန်မ နာမည်တောင် ကြီးသွားသေးတယ်။ ကျွန်မ အောင်စာရင်းသွားကြည့်တော့ ဆရာနဲ့တွေ့တယ်။ ဆရာက ကျွန်မကို မနှိမ်ခဲ့ရင် ဒီလိုတောင် ဖြစ်လာမှာ မဟုတ်ဘူးတဲ့။ ဆရာဆီမှာ ကျွန်မအတွက် ၀မ်းသာနေတယ်ဆိုတဲ့ အပြုံး ကျွန်မ တွေ့ခဲ့ရတယ်။ ဆရာ ယုံကြည်မှုကို ကျွန်မ ပြန်ရခဲ့တယ်။ ဆရာက ဒီလို မလုပ်ခဲ့ဘူးဆိုရင်ကျွန်မ နောက်ဆက်တက်လဲ တက်လို့ရမှာ မဟုတ်ဘူး။ 2nd Upper ထိဆို ဒီကျောင်းသူ/ကျောင်းသား စာလုပ်တယ်ဆိုပြီး သတ်မှတ်ထား လို့ ကျောင်းဆက်တက်ဖို့လျောက်ရင် လက်ခံ တာများတယ်။

ဆရာ ဦးအောင်ကျော်မြင့်

ကျွန်မဘ၀မှာ စေတနာ၊ အနစ်နာ၊ ၀ါသနာ နာ၃နာနဲ့ပြည့်ဝတဲ့ ဆရာလို ဆရာမျိုး ကျွန်မ ၁ခါမှ မတွေ့ဖူးပါဘူး။ ဆရာက လူ့လောကကြီးထဲမှာ ကြာကြာ မနေရပါဘူး။ ကျွန်မတို့ IDCS Course အပြီး ၁နှစ်အကြာမှာ ဆုံးသွားခဲ့ပါတယ်။ ဆရာက စာ အသင်အပြလဲ ကောင်းတယ်။ ဆရာက Computer Programming သင်တဲ့ ဆရာလေ။ ဆရာက စာသင်ရင် စိတ်ဝင်စားအောင် ကျောင်းသားနားလည်အောင် သင်တတ်တယ်။ ဆရာက သင်ခန်းစာ ၁ခု သင်ပြီးတိုင်း စာမေးတယ်။ စာမေးတိုင်း အဖွဲ့လိုက်ပြိုင်ခိုင်းတယ်။ သူက စာမေးလို့ စာမရရင် မတ်တပ်ရပ်ခိုင်းပြီး နောက်ကျောင်းသားကိုမေးတယ် နောက်ကျောင်းသားက မရရင် ဆက်မတ်တပ် ရပ် နောက်ကျောင်းသား ဆက်မေး ဆရာစိတ်ကျေနပ်တဲ့အဖြေရပြီဆိုရင် ဘာကြောင့်လဲဆိုတာ ရှင်းပြပြီး ထိုင်ခိုင်းတယ်။ ဆရာမေးရင် ကျောင်းသားတိုင်း ကြောက်တာ ၁ခုရှိတယ်။ ဒီအကြောင်းအရာက ဖြစ်သင့်လား မဖြစ်သင့်ဘူးလား ဖြစ်သင့်တယ်ဆိုရင် ဘာကြောင့်ဖြစ်သင့်တာလဲ မဖြစ်သင့်ဘူးဆိုရင် ဘာကြောင့် မဖြစ်သင့်တာလဲ ဆိုတာ အကျိုးအကြောင်းပြရတယ်။ ကျောင်းသားတွေက ဆရာ့အကြောင်းသိလို့ ဆရာပြောတဲ့ အတိုင်းလိုက်ပြောရင် ဆရာက ပြုံးစစနဲ့ ရီတယ်။ ဆရာစာသင်နေတုန်း မရှင်းတာရှိရင် ထမေးလို့ရတယ်။ အထက်တန်းကျောင်းနဲ့ မတူဘူး။ ဆရာ့ကိုလဲ ကျောင်းသားတိုင်း ချစ်ကြောက် ရိုသေကြတယ်။ ဆရာ့ကိုတွေ့တိုင်း Good Morning မင်္ဂလာပါ လို့ နှုတ်မဆက်ဘူး။ ကျောင်းသားတိုင်း IPO (အိုက်ပို) လို့နှုတ်ဆက်ကြတယ်။ IPO ဆိုတာ Input Process Output ပါ။ စာမေးပွဲနားနီး ၂လ အလို ကျောင်းသား အကုန်လုံး ဆရာ့အိမ်မှာ အိပ် စားပြီး မသိတဲ့စာတွေကို ရှင်းပြဖို့ ကျောင်းသားတွေ သွား အိပ်ကြတယ်။ ကျောင်းသား အယောက် ၂၀ လောက်ရှိမယ်။ ဆရာက အားလုံးကို အလကားကျွေးထား တာ။ ယောင်္ကျားလေး ၁ခန်း မိန်းကလေး ၁ခန်း အိပ်ကြတာ။ မနက် ၃နာရီအထိ စာလုပ်ကြရတာ။ Exam Result ထွက်တော့ Distinction က အများဆုံး။ ၁ယောက်ပဲလား ကျတယ်။ အောင်ချက် အရမ်းကောင်းတယ်။ ကျွန်မက IDCS (NCC, UK) - Section 6 ကပါ။

Uncle U Aung Khin

ကျွန်မ Singapore မှာ စ ရောက်ရောက် ချင်း အခက်အခဲအများကြီး ရင်ဆိုင်ရတယ်။ ကျွန်မကို အခက်အခဲ ၁ခုရှိတိုင်း အမြဲ ဖြေရှင်းပေးတတ်တဲ့ Uncle ကို ကျေးဇူးတင်ပါတယ်။ Student Visa အခက်အခဲ ဖြစ်လို့ Malay က Uncle သူငယ်ချင်းအိမ်ကို Uncle ကိုယ်တိုင်လိုက်ပို့ ပေးခဲ့တာ။ Uncle ကြောင့် လဲ Singapore မှာ ဒီလို အခြေအနေထိ ရောက်အောင် နေနိုင်ခဲ့တာပါ။

Uncle U Zaw Win Oo

Student Pass Approved ဖြစ်အပြီး နောက် အိမ်ခန်းပြသာနာပေါ်လာရော။ အိမ်ခန်းမရခင်အထိ ကျွန်မကို Uncle အိမ်မှာ ပေးနေခဲ့ တဲ့ ကျေးဇူးတွေကလဲ အများကြီးပါ။

ကျွန်မဘ၀ရဲ့ကျေးဇူးရှင်များကို နာမည်နဲ့ တကွ မှတ်တမ်းတင်ထားပါတယ်။ ကျွန်မ ဘ၀ ၁သက် မမေ့ပါဘူး။ ကျွန်မစာရေးတာ အမှား ပါခဲ့ရင် ခွင့်လွှတ်ကြပါလို့

Blog လာလည်သူအားလုံး ကျန်းမာရွင်လန်းပါစေရှင် .....

Saturday, March 17, 2012

၁နေ့တာ အကြောင်းများ

Blog ရေးချင်နေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ၅ပုဒ်လောက်တော့ ရှိမယ်ထင်ပါတယ်။ ဖြည်းဖြည်းချင်း ရေးသွားပါမယ်။ အခုရေးချင်တာက Singapore မှာ မိသားစု ၃ဦး ဘယ်လိုရုန်းကန် ရသလဲ ဆိုတာကိုပါ။ February ကစပြီး အလုပ် အရမ်းများပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ Maid ကို အလုပ်ထုတ်ပစ် လိုက်တယ်။ အဲဒီအကြောင်းတွေလဲ နောက်ဆက်ရေးပါမယ်။ အဖေကတော့ သမီးပိုပင်ပန်းမယ်တဲ့။ သမီးပိုပင်ပန်းမယ်ဆိုတာ မှန်ပေမယ့် ရုံးက ပြန်လာလို့ရှိရင် Maid ကိုပြောပြီး ရင် ပြောနေရတာက ပိုပင်ပန်းပါတယ်။ ပိုက်ဆံလဲကုန် လူလဲပိုပင်ပန်းတယ်လေ။ ထားတော့ နောက် မှပြောကြတာပေါ့။ 

၁ပတ်မှာ ၇ ရက်ရှိတာ Monday ကစပြီးပြောကြတာပေါ့။ Monday ဆိုတော့ ကျွန်မရဲ့ Job Assign က Main Office ပေါ့။ များသောအားဖြင့် Outsource Co., မှာ ထိုင်ရတာ များတယ်။ Main Office ထိုင်တဲ့နေ့ဆိုရင် အိမ်က 8:00 AM မှထွက်လဲရတယ်။ Outsource ထိုင်ရတဲ့နေ့ဆိုရင် 7:30 AM ထွက်မှရတယ်။ Outsource IT Manager က အပျိုကြီးပေမယ့် ကလေးရှိထားမှန်းသိလို့ ကျွန်မအလုပ်ချိန်ကိုပြောင်းထားတယ်။ 8:30 - 5:30 တဲ့။ အဲဒီတော့ 8:30 AM မတိုင်မီအရောက်သွားရတယ်။ ကျွန်မအတွက် စဉ်းစားပေးထားတဲ့ အတွက်ကြောင့် ကျွန်မက ပြန်ပြီး သိတတ်ရမယ်။

မနက် ၆နာရီနိုးစက်မြည်တာနဲ့ အိပ်ရာကထရပါတယ်။ အိပ်ရာက နိုးရင် မနေ့ညက ဆန်ဆေးထားတဲ့ ထမင်းအိုးကို ခလုတ်ဖွင့်လိုက်ရုံပါပဲ၊ ရေနွေးအိုးထဲက ရေကျက်အေးကို ဖြည့်၊ သားသား ရေနွေးကျိုဖို့ အတွက် ရေထည့်ပြီး မီးခလုတ်ဖွင့်၊ ရေနွေးအိုး ၁အိုးတည်။ မနေ့ညက အဆင့်သင့် ပြင်ထားတာတွေကို Fridge ထဲကနေထုတ်။ သားသားအတွက် ဆန်ပြုတ်ပြုတ်ဖို့ ဆန်ပြုတ်အိုးတည်။ ပြီးတော့မှ ကျွန်မတို့ ၂ယောက် စားဖို့ အတွက် ဟင်းချက်၊ မနက်ဟင်းချက်ဖို့ အတွက် ညကတည်းက ပြင်ဆင်ပြီး Fridge ထဲထည့်ထားပြီး မနက်ရောက် ကောက်ထည့်လိုက်ရုံပါပဲ။ တည်ထားတဲ့ ရေနွေးအိုဆူတော့ သားသားအတွက် မနက်စာ Biscuit မုန့်ကို နို့မှုန့် ရေနွေးဆူဆူထည့်ပြီး ချေလိုက်ရုံပါပဲ။ မနေ့ညကတည်းက ပေါင်းထားသော နို့ဗူးထဲက ၁ဗူးကိုထုတ်ပြီး သားသား ကျောင်းမှာသောက်ဖို့အတွက် နို့ဗူးထဲ နို့မှုန့်ထည့်ပေးလိုက်တယ်။ ပြီးတော့ရေဗူး ထဲရေ ထည့်။ အဲဒီ၂ခုပြီးရင် သားသားကျောပိုးအိတ်ထဲ ထည့်လိုက်ရုံပဲ။ အဲဒီအချိန်က အသားနူးအောင် စောင့်နေချိန်ဖြစ်လို့ အချိန်ရတယ်လေ။ အားလုံးပြီးမှ ကျွန်မမှာ မျက်နှာသစ် သွားတိုက်နိုင်တယ်။ မျက်နှာသစ်မယ့် ရေကို ကြည့်ပြီး သရဏဂုံရွတ်ပါတယ်။ သရဏဂုံရွတ်ကြည့်ပါ။ ထူးခြားပါတယ်။  ပြီးတာနဲ့ ဘုရား ပန်းအိုးလဲ၊ ဘုရားရှစ်ခိုးပြီးတော့ ဟင်း ဆီပြန်မပြန်ကြည့် ဟင်းရလို့ နာရီကြည့်လိုက်ရင် 6:40 AM ၀န်းကျင် ဖြစ်နေပြီ။ အဲဒီအချိန် သားသား ဆန်ပြုတ်ကတော့ မရသေးပါဘူး။ မီးဖိုမီး ပိတ်လိုက်ပါတယ်။ ယောင်္ကျားအတွက် ထမင်းဗူးထည့်ပြီး ကျွန်မက မထည့်ပါဘူး။ ၁နေ့နေ့ ရုံးသွားရတာ အမှန်မရှိဘူးလေ။ ကြုံတဲ့နေရာ ကြုံ သလိုစားရတာဆိုတော့ မထည့်ဖြစ်တာများတယ်။ ပြီးတော့ ပြန်အိပ်ပါတယ် :)

Outsource သွားရမယ့်နေ့ဆိုရင် 7:10 AM, Main Office သွားရမယ့်နေ့ဆိုရင် 7:30 AM ပြန်ထပါတယ်။ ပြီးတော့ မီးခလုတ်ပြန်ဖွင့်ပြီး သားသား ဆန်ပြုတ်ပြန်တည်ပါတယ်။ ကျွန်မရေမိုးချိုးပြီး ရုံးသွားဖို့ပြင်ဆင်ပါ တယ်။ အိမ်ကမထွက်ခင်မှာ သားသား ဆန်ပြုတ်အိုးရလို့ မီးပိတ်ပါတယ်။ မနက်ဆိုရင် များသောအားဖြင့် MRT မှာ နေရာမရပါဘူး။ နေရာရရင်တော့ အိပ်ငိုက်ပြီး လိုက်သွားပါတယ်။ ၁ခါ၁လေ MRT ပျက်ရင် စိတ်ညစ်ရတယ်။ Manager ကို SMS ပို့ပြီး ပြောရတယ်။ ကျွန်မ ဘယ်တုန်းကမှ နောက်မကျပါဘူး။ ရုံးခ်ျိန်အတိ ရောက်သွားတတ်ပါတယ်။ အဲဒီအချိန်ကတော့ ၀ရုန်းသုန်း ကား နိုင်တာပေါ့။ Outsource သွားထိုင်ရင် ကျွန်မက ရုံးချိန်အမှီရောက်ဖို့ အလျင်လိုနေပေမယ့် Users တွေ မရောက်သေးလို့ အပေါက်ဝမှာ စောင့်နေခဲရတာ အကြိမ်ပေါင်း မနည်းပါဘူး။ ကျွန်မ မှာ 24 Hours Access Card ရှိပါတယ်။ ကျွန်မရုံးမဟုတ်ပဲ အခြားရုံးမှာထိုင်ရတဲ့ အတွက်ကြောင့် User ၁ယောက်ရောက်လာမှသာ ကျွန်မ၀င်ပါတယ်။ Main Office မှာထိုင်ရင် အမြဲတမ်း အားလုံးထက်စောတယ်။ ၁ခါ၁လေလဲ Customer Site ထဲ ၁ခါထဲတန်းသွားရတာတွေရှိတယ်။ ညနေရောက်လို့ Customer Site မှာ ၁ခါ၁လေ အလုပ်ပြီးလို့ Boss ကိုပြောရင် ၅နာရီထိုးပေမယ့် Boss က ပြန်လို့ ရပြီလို့ အမြဲပြောပါတယ်။ ကျွန်မမှာ သားသား ရှိတော့ ကျောင်း ကြိုရအောင် ပြန်လွှတ်တာပါ။ Customer Site မသွားရတဲ့နေ့တွေဆိုရင် 5:30 PM ဆိုပြန်လွှတ်ပေးပါတယ်။ Boss ကိုအားနာလို့ အမြဲတမ်းရုံးကို 8:30 AM ဆိုရောက်ပြီ။

ယောင်္ကျားနဲ့သားသားက 8:00 AM မှ အိပ်ရာကထပါတယ်။ ကျွန်မသားသားအတွက် ပြင်ဆင်ထားတဲ့ Breakfast ကိုကျွေးပြီး ကျောင်းဝတ်စုံလဲပြီး ကျောပိုးအိတ်လွှဲပြီး 8:30 AM သားသားကိုကျောင်းလိုက်ပို့ပါတယ်။ သားသားကိုကျောင်းပို့ အိမ်ပြန်လာပြီး မှရုံးသွားပါတယ်။

5:30 PM ရုံးဆင်းပြီဆိုတာနဲ့ အမြန်ပြေးပြီး သားသားကို ကြိုရပါတယ်။ 6:15 PM ၀န်းကျင်ဆို သားသားကျောင်း ကိုရောက်ပါတယ်။ သားသားကိုကျောင်းစကြိုကတည်းက အကျင့်လုပ်ထားမိတာ သားသားက Chocolate တောင်းစားတတ်ပါတယ်။ သားသားကို အမြဲပေးရတယ်။ အိမ်ပြန်ရောက်ရင် ၂ယောက်သား အကျီတောင်မလဲနိုင်ဘူး။ ကျွန်မက သားသားကို ဆန်ပြုတ်ကျွေးရတယ်။ သားသားက IPad ဆော့ရင် ဆန်ပြုတ်စားတာ။ အဲဒီအချိန် သားသားက အရမ်း ဆာနေပြီ လေ။ ဇောက်ပန်းကန် အပြည့်နီးနီးကိုစားတာ။ ၁ခါ၁လေ ထပ်ကျွေးချင်ပေမယ့် သားသားက အန်တတ်တော့ ၁ပန်းကန် အပြည့် ပဲကျွေးပါတယ်။ စားပြီးရင်သားသားကို သန့်ရှင်းရေးလုပ်ပေးပြီး ည၀တ်အကျီ လဲပေးလိုက်ပါတယ်။ သားသား က IPad ၁လုံးနှင့် သူ့ဟာသူ အလုပ်ရှုတ်နေတတ်ပါတယ်။ သားသားအတွက်ပြီးမှ ကျွန်မက အရင်ဆုံး ၁အိမ်လုံး တံမြက်စည်း လှည်းပါ တယ်။ ပြီးတော့ မနက်က ဟင်း၁ခွက်ပဲချက်သွားတဲ့ အတွက် ဟင်းချို ဒါမှမဟုတ် ငပိရည် တို့စရာ ဒါမှမဟုတ် အသုတ် ၁ခုခု လုပ်ပြီး ညစာ အတွက် ပြင်ဆင်ထားပါတယ်။ ပြီးတော့ မနက် ဘာချက်မလဲဆိုတာ စဉ်းစားရင် Fridge ကနေ အသား၁ခုခုထုတ်ပါတယ်။ ၁ချက်၁ချက် သားသားကိုချောင်းရပါတယ်။ ကျွန်မတို့ ၂ယောက်စားဖို့ အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းပါးပါးလှီးပါ တယ်။ သားသားဆန်ပြုတ်ပြုတ်ဖို့ အတွက် ကြိတ်သားနည်းနည်း ထုတ်၊ ဂျင်းလက်၁ဆစ်နှင့် ကြက်သွန်ဖြူ ၂မွှာကို ဓားပြားရိုက်ထားပါတယ်။ ပြီးတာနဲ့ ပန်းကန်ဆေး၊ မီးဖိုချောင် သန့်ရှင်းရေးလုပ် အဲဒီအချိန် 7:30 ~ 8:00 ၀န်းကျင်ယောင်္ကျားပြန်လာပါပြီ။

ထမင်းစား၊ ပန်းကန်ဆေး သားသားနေ့လည်က သောက်ထားတဲ့ နို့ဗူးတွေကို ပေါင်းရပါ တယ်။ နောက်၁နေ့ စားမယ့် ဆန်ကို ၁ခါထဲ ဆန်ဆေးပြီး ပြင်ဆင်ထားပါတယ်။ ရေမိုးချိုးပြီး နာရီကြည့်လိုက်ရင် 8:30 PM ပါပြီ။ ရေမိုးချိုးပြီးရင် မနက် သားသားကျောင်းသွားဖို့ အတွက် ပြင်ဆင်ရပါတယ်။ ကျွန်မရဲ့ Daily Duty ပေါ့။ ကျွန်မရေးပြသွားတာတွေ အတိုင်းပါ။ အဆင့် ၁ခုမှမကျော်ပါဘူး။ Monday ဆိုရင်တော့ နားရတယ်။ Monday ည အ၀တ်လျော်ပါတယ်။ Tuesday ဆိုရင်တော့ ရေချိုးပြီးတာနဲ့ မီးပူတိုက်ရတယ်။ Wednesday ဆိုရင်နားရတယ်။ Thursday ဆိုရင်တော့ သားသားအတွက် ဆန်ပြုတ်အိုးတည်တာက လွှဲလို့ ဟင်းမချက်ပါ ဘူး။ ရေမိုးမချိုးခင်မှာ ၁အိမ်လုံး အိမ်သန့်ရှင်းရေးလုပ်ရတယ်။ ကြမ်းတိုက်ရတယ်။ ရေချိုးခန်းဆေး၊ အိမ်သာဆေးရပါတယ်။ ၁၀က်ပြီးရင် ၁ပတ်စာ ဈေးဝယ်ရပါတယ်။ ဈေးသိမ်းပြီးရင် ကျန်နေသေးတာတွေ ဆက်လုပ်ရတယ်။ နာရီကြည့်လိုက်ရင် 9:30 ~ 10:00 ၀န်းကျင်ဖြစ်နေပါပြီ။ ၁နာရီလောက် Internet ကြည့်ပြီး တာနဲ့ 11 PM ထိုးတာနဲ့ အိပ်ဖို့ပြင်ဆင်ရပါ တယ်။ မအိပ်ခင်မှာ ပြန်ရောက်ရောက်ချင်း ထုတ်ထား တဲ့အသားတွေကို ဆား၊ ဆနွင်း၊ အချိုမှုန့်နဲ့နယ်ပြီး နှပ်ထားပြီး Fridge ထဲပြန်ထည့်ထားပါတယ်။ သားသားကို ၂ယောက် သိပ်နေတုန်း ကျွန်မက အရင် အိပ်ပျော်သွားတတ်ပါတယ်။

ကျွန်မရဲ့ အကျင့်က ဒီနေ့ချက်တဲ့ ဟင်းဒီနေ့ပဲစားတယ်။ နောက် ၁နေ့ကူးသွားရင်လုံးဝ မစားပါဘူး။ အနံတောင်ခံမရဘူး။ မနေ့က အကျန်ချည်းလာထားထားရင် အရမ်းအန်ချင်တယ်။ ၁ပတ်စာချက်ထားပြီး ကိုယ်စားချင်တဲ့အချိန် Fridge ထဲက ထုတ်ပြီးလဲ ယူမစားတတ်ပါဘူး။ အဲဒီတော့ ဟင်းချက်ရင် ၂ယောက်စာ ကွက်တိချက်တယ်။ နောက် ၁နေ့အတွက် ပိုတာ ကျန်တာ မရှိပါဘူး။ 

Friday ညရောက်ရင်တော့နားပါတယ်။ Saturday ဆိုရင် ဟင်းကို အနည်းဆုံး ၂မျိုး ၁ခါ၁လေ ၃မျိုး၊ ၁ခါ၁လေ ၁ခုခု လုပ်စားပါတယ်။ သူငယ်ချင်း ၁ယောက်ယောက်က ဖိတ်ထားရင် အဲဒီနေ့ ဟင်းမချက်ပါဘူး။ အပြင်မှာ ၀ယ်စားလိုက်တယ်။ ၂ယောက်ထဲဆိုတော့ အပြင်ထွက်စားမှ ၃၀ လောက်ပဲကျတာလေ။ သားသားကို အပြင်စာ မကျွေးပါဘူး။ သားသားကို အိမ်ကနေ အ၀ ကျွေးပြီးမှ အပြင်ထွက်ပါတယ်။ ယောင်္ကျားက မီးပူကူတိုက်ပါတယ်။ ၁ပတ်ကို ၃ကြိမ်အ၀တ်လျော်တယ်။ အဲဒီတော့ Tuesday ၁ရက်ထဲ မီးပူတိုက်လို့ မရဘူး။ မောင် ၁ထမ်း မယ်၁ရွက်ပေါ့။ Saturday Morning ဆိုရင်တော့ မုန့်ဟင်းခါး ၁ပွဲကို ၃ယောက်စားပါ တယ်။ ထတဲ့ အချိန်က ထမင်းစားချိန်နဲ့ နီးနေတော့ နည်းနည်းပဲစားတဲ့ သဘောပါ။ သားသားက မုန့်ဟင်းခါး အရမ်းကြိုက်တယ်။ အရင်က ကျွန်မ ၈နာရီထိုးရင် နိုးပေမယ့် အခု ၉နာရီထိုးမှပဲနိုးတော့တယ်။ ၁၀နာရီဆို ဟင်းအားလုံးကျက်ပြီ။ အဲဒီအချိန်ရောက်မှ သားသားနဲ့ယောင်္ကျားက ထတာ။ အဲဒီတော့ သူတို့ကို မနက်စာ ဆင်းဝယ်ခိုင်းရတယ်။ Saturday ညရောက်ရင် ၁ခါ၁လေ အပြင်သွားပါတယ်။  Sunday ဆိုရင်တော့ အမြဲတမ်း ၁နေရာရာ သွားကြပါတယ်။ သားသားကို ပျော်အောင် လိုက်ပို့ပေးတာပါ။ Sunday ည ရောက်ရင် ကျွန်မ ငြီးလေ့ရှိတာ မနက်ဖြန်ဆို ဘ၀ စရတော့မယ်။ ၅ရက်ဆိုရင် ဆိုသလောက် အရမ်းသိသာပါတယ်။ ၁ခါ၁လေ ကျွန်မ ပင်ပန်းရင် ငြီးလေ့ရှိတာက This is called my LIFE ...

ကျွန်မ နေမကောင်းရင်တောင် ရုံးကို Taxi နဲ့သွား Taxi နဲ့ ပြန်ပါတယ်။ ယောင်္ကျားကို ညနေစောစော ဆင်းခိုင်းပြီး သူ့ကိုအားလုံးလုပ်ခိုင်းပါတယ်။ နောက်၁နေ့ ဖျားလဲရုံးသွား တယ်။ ဆေးသောက် ပြီးတောင် ရုံးသွားတာ။ ဆေးကို ၄နာရီ ခြား၁ခါသောက်ပြီး ရုံးမှာထိုင်နေတာ။ Outsource သွားရမယ့်နေ့ဆိုရင်တော့ နေ မကောင်းလဲဆေးသောက်ပြီး သွားတယ်။ Main သွားရမယ်ဆိုရင်တော့ အိမ်မှာ နေပြီး Medical Leave ယူလိုက်တယ်။ Main မှာက ဆေးသောက်ပြီး သွားလို့မရဘူး။ Customer Phone ခေါ်ရင် ခေါ်တဲ့ နေရာသွား ရတာဆိုတော့ ရာသီဥတုကောင်းရင် အကြောင်းမဟုတ်ဘူး။ မိုးရွာနေရင် ဖျားနေတာ ပိုဆိုးမယ်ဆိုပြီး မသွားတာပါ။

ကျွန်မ Blog ကိုဖတ်ပြီး ကလေး ယူဖို့ လန့်မသွားနဲ့နော်။ သားသမီးဆိုတာ ရတနာ ၁ပါးပါ။ အိမ်ထောင်၁ခုဆို တာ သားသမီးရှိမှ တင့်တယ်တာပါ။ ဘ၀ဆိုတာ ဒီလိုပဲဖြတ်သန်းရတာပါ ပဲ။ ရောမရောက် ရောမလိုကျင့်ဆို သလိုပါပဲ Singapore ရောက်တော့ Singapore လိုကျင့်ပေါ့။ ဖတ်လိုက်ရလို့မောသွားပြီလား :)

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Friday, December 2, 2011

မွေးနေ့လက်ဆောင်

ကျွန်မမွေးနေ့လက်ဆောင်အဖြစ် ကျွန်မ ခင်ပွန်းဆီက ဒီပန်းစည်းလေးပေးပါတယ်။ တန်ဖိုးမရှိပေမယ့် ဒီပန်းစည်းထဲမှာ အဓိပ္မာယ်ပေါင်းများစွာ ပါဝင်ပါတယ်။ Romantics ဆန်ဆန်လေးဆို ကျွန်မက အရမ်း ကြိုက်တယ်။ ၁ခါထဲမေ့လို့မရအောင်စွဲသွားတာမျိုး။ နှလုံးသားထဲမှာ အမြဲအမှတ်တရဖြစ်နေမှာပါ။ ကျွန်မ ကိုမေးစဉ်က နှင်းဆီပန်းအနီက အချစ်ကို ကိုယ်စားပြုတာဆိုတော့ ဒီပန်းစည်းလေးက အချစ်တွေ အမုန်းတွေ မပါပါဘူးတဲ့။ အရင် စဉ်းစားကြည့်ကြပါလား။ ပြီးမှအဖြေကိုဖတ်နော်။

သူရေးပေးထားတဲ့ အတိုင်းပြန်ရေးပေးလိုက်တယ်နော် .....

ဒီပန်းစည်းလေးက ကိုတို့ရဲ့ မိသားစုဘ၀ကိုကိုယ်စားပြုတာ။ ပန်းစည်းထဲမှာပါတဲ့ ပန်း၃ပွင့်က ကိုရယ်၊ မွန်မွန်ရယ်၊ သားသားရယ်ပေါ့။ ကျန်တဲ့ အလှဆင်ထားတဲ့ ပန်းတွေ အခက်တွေက ကိုယ်တို့ရဲ့ နှစ်ဖက် မိဘသားချင်း၊ ဆွေမျိုး၊ သူငယ်ချင်းတွေကို ကိုယ်စားပြုတာ။ ပန်းစည်းလေးကို ကာထားတဲ့ အစိမ်းနုရောင် စက်ကူလို အရာလေးကကျတော့ စည်း သို့မဟုတ် ကျင့်ဝတ်ကို ကိုယ်စားပြုတာ။  ပန်းစည်းကို ကျစ်လစ် သပ်ရပ်အောင်စည်းထားတဲ့ အဖြူရောင် ဖဲပြားလေးကတော့ ကိုယ်ကျင့်တရားကို ကိုယ်စားပြုတာ။

ဒီပန်းလေး ၃ပွင့် ရှိရုံနဲ့ လှပတဲ့ ပန်းစည်း၁ခုဖြစ်မလာနိုင်ပါဘူး။ လှပတဲ့ ပန်းစည်းလေးဖြစ်ဖို့ဆိုရင် အခြား ပန်းပွင့်လေးတွေ၊ အခက်လေးတွေ၊ အရွက်လေးတွေနဲ့ ပြည့်စုံနေမှ၊ ပြီးတော့ အပြင်က စက်ကူဖတ်လေးက လည်း ၀န်းရံထားဦးမှ ဖဲကြိုးလေး မပါရင် ပန်းစည်းက လျော့တိလျော့ရဲနဲ့ မလှမပ မသပ်မရပ် ဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုပဲ လူ၃ယောက် (ကိုယ်တို့ မိသားစုဝင် ၃ယောက်) ရှိရုံနဲ့ ပြီးပြည့်စုံ လှပတဲ့ မိသားစုဘ၀ဖြစ်ပြီးလို့ တထစ်ချမပြောနိုင်ပါဘူး။ 'ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ' ဆိုတဲ့စကားလို ၁ဦးကို၁ဦး အပြန်အလှန် ခံစားနား လည်ပေး၊ ကူညီပေး၊ ၁ဦးရဲ့ လိုအပ်ချိန်တိုင်းမှာ နောက် ၁ဦးက အဆင်သင့်ရှိနေသလိုမျိုး ဆွေမျိုးသားချင်း၊ သူငယ်ချင်းများလည်းရှိမှ မိသားစုဘ၀ကပိုပြည့်စုံတာ၊ နောက်ဒီမိသားစုလေး လိုအပ်ချိန်တိုင်း ကိုယ် စိတ်နှလုံး ၃ပါးစလုံးနဲ့ စောင့်ရှောက်ပေးနေတဲ့ နှစ်ဖက်မိဘ၊ ဘကြီး၊ ဦးလေး၊ အဒေါ် တွေရှိနေခြင်းက လည်း ကိုယ်တို့ မိသားစုလေးကို ပိုပြည့်စုံစေပါတယ်။

ကိုတို့မှာတော့ လိုအပ်တိုင်းကူညီဖို့ အသင့်ရှိတဲ့  နှစ်ဖက်မိဘ၊ ဘကြီး၊ ဦး၊ ဒေါ် ညီအစ်ကို မောင်နှမ ဆွေမျိုး သားချင်းနှင့် သူငယ်ချင်းတွေအားလုံးကို ရယူပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့် ဒီပန်းစည်းလေးထဲမှာ အခြား ပန်းအရွက်လေးတွေ အနေနဲ့ ကိုယ်စားပြုပြီးထည့်ထားတာ။

အဲဒီလိုပဲ မြန်မာဓလေ့ထုံးစံအရ ယောင်္ကျားကျင့်ဝတ်၊ မိန်းမကျင့်ဝတ်၊ မိဘ၀တ်၊ သား၊ သမီးဝတ် အစရှိသဖြင့် လူကျင့်ဝတ်လေးတွေကြောင့် မြန်မာလူမျိုးတို့ရဲ့ မိသားစုဘ၀ဆိုတာ နွေးထွေးမှု၊ စည်းလုံးမှု၊ စာနာနားလည် မှုတွေနဲ့ ပြည့်စုံနေတာပါ။ အဲဒါတွေမရှိရင်ပြီးပြည့်စုံတဲ့  မိသားစုဘ၀လို့ ခေါ်လို့မရနိုင်သေးဘူး။ ဒါကြောင့် ပန်းပွင့် အခက်အားလုံးကို ကာထားတဲ့ စက်ကူဖျော့ဖတ်လေးကတော့ ကိုယ်တို့ရဲ့ မြန်မာလူနေမှုထုံးစံအရ 'ကျင့်ဝတ်' ကိုကိုယ်စားပြုတာ။ အဲဒီကျင့်ဝတ်တွေကိုလိုက်နာဖို့ ကိုယ်ကျင့်တရားက အရေးကြီးသွားပြီ။ ဒါကြောင့် ပန်းစည်းလေး သပ်ရပ်လှပဖို့ အတွက် ချည်နှောင်ထားတဲ့ ဖဲပြားလေးက အရေးကြီးသလို ကိုယ်တို့ရဲ့ မိသားစုဘ၀လေးပြည့်စုံလှပဖို့ အတွက် လည်းကိုယ်ကျင့်တရားက အရေးအကြီးဆုံးပဲ။

အချုပ်အနေနဲ့ပြောရရင် ဒီပန်းစည်းလေး နောက်ဆုံးကြွေနွမ်းပျက်စီးသည်အထိ သပ်ရပ်လှပဖို့ လိုအပ်သလို ကိုယ်တို့ရဲ့ မိသားစုလေးလည်း နောက်ဆုံးထွက်သက်အထိ ရိုသေလေးစားရသော မိဘဆွေမျိုးသားချင်းများ၊ ချစ်ခင်ရပါသော မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများနဲ့ မြန်မာဓလေ့လူကျင့်ဝတ်တွေကိုလိုက်နာပြီး ကိုယ်ကျင့်တရားကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးအဖြစ် ကြိုးစား ကြရအောင် .....

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Thursday, December 1, 2011

Happy Birthday & Happy Sweet December

ဒီနေ့ Sweet December ကျွန်မ မွေးနေ့ပါ။ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့စနေနေ့က Marche' Restaurant မှာ သွားစားဖြစ်တယ်။ အမှန်က ကျွန်မ မွေးနေ့ရောက်မှ သွားစားချင်တာပါ။ မအားတာနဲ့ပဲ အားတဲ့နေ့ကို ရွေးလိုက်တာ။

... စားသောပန်းကန်

ကျွန်မစားသောပန်းကန်

မွေးနေ့မှာ ခွင့်ယူပစ် လိုက်တယ်။ ကျွန်မရဲ့ စိတ်ကို အေးချမ်းစွာနဲ့ နေချင်လို့။ ကျန်တဲ့အချိန်က အရေး မကြီးဘူး။ ကျွန်မရဲ့ အယူကမွေးနေ့မှာ စိတ်ချမ်းသာရင် နောက်နှစ်မွေးနေ့အထိ စိတ်ချမ်းသာချင်လို့ပါ။ ကျွန်မမွေးနေ့ အတွက် ကျွန်မရဲ့ Customers တွေကို ရုံးနဲ့နီးတဲ့ Boon Tone Kee Restaurant မှာကျွေးဖြစ်တယ်။ အဲဒီ့ဆိုင်က Chicken Rice ကောင်းတယ်ဆိုပြီး Singapore မှာ နာမည်ကြီးတယ်။ Main ကကျွန်မနဲ့ လုပ်ဖော် ကိုင်ဖက်တွေတောင် အခုထိမကျွေးရသေးဘူး။ Main သွားဖြစ်တယ် ဆိုရင် ကျွေးဖို့ အစီအစဉ် ရှိပါတယ်။

ဘာသာရေးအတွက်ကတော့ မွေးနေ့ကစပြီး သရဏဂုံကို စပြီးကျင့်တော့မယ်လို့ ရည်မှန်းထားတယ်။ အရင် ကလည်းရေးဖူးပါတယ်။ ဒီမှာပါ။

ဒီ၁ခေါက် မွေးနေ့ အထိမ်းအမှတ် လက်ဆောင် အဖြစ် သူ့ဆီက ကတိ ၁ခုပဲတောင်းတယ်။ ကျွန်မရဲ့ အဖေက Lancome Cosmetics ၀ယ်ပေးတယ်။ ဒီ၁ခါ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းက ကျွန်မကို Coach Hand Bag ၁လုံး လက်ဆောင်ပေးတယ်။ ကျေးဇူးတင်ပါတယ် ... အချစ်ဆုံးသူငယ်ချင်းလေးရေ

Sweet December မှာ Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, November 26, 2011

From Yangon to Singapore

ကျွန်မရဲ့ Blog လေးကို ပစ်ထားတာ လနဲ့ချီနေပါပြီ။ ရေးစရာအကြောင်းအရာများလည်းရှိပါတယ်။ အလုပ် မအားတာက၁ကြောင်း၊အလုပ်ဒဏ်ပိနေတာက ၁ကြောင်း အကြောင်းကြောင်းသော အကြောင်း တွေကြောင့် မရေးဖြစ်တာပါ။

Yangon ကနေ Singapore ကိုလာလည်တဲ့သူတိုင်း အိမ်က ကျွန်မစားချင်သော အစားအစာများထည့်ပေးတတ် ပါတယ်။ အမျိုးအရင်းတွေဆိုရင် အသားတွေကို ရေခဲရိုက်ပြီးယူလာပါတယ်။ ကျွန်မအဖေလာတယ်ဆိုရင် သားစိမ်းငါးစိမ်းတွေအပြင် ဒီ၁ခေါက်က မနက်လေယာဉ်စီးလာရလို့ Mandalay နန်းကြီးမုန့်တီ၊ Mandalay မြီးရှည် ယူလာပါတယ်။ ညနေလေယာဉ်ဆိုရင်တော့ YKKO က ကြေးအိုးဆီချက်သယ်လာပါတယ်။

ကျွန်မအကြိုက်ဆုံး မပါမဖြစ်ယူလာရတာကတော့ ငါးရံအူ၊ ငါးသလောက်ဥ၊ ပုဇွန်ထုတ်၊ ငါးပုဏား၊ ငါးဖယ်တွေပါ ပဲ။ နောက် ငါးကြင်းပါယူလာပါတယ်။ ကျွန်မက ဒီက ပုဇွန်တွေကိုမစားပါဘူး။ ရန်ကုန်က ပုဇွန်လောက်အရသာ မရှိဘူးလို့ ခံစားရတယ်။ ကျွန်မ မမှာလဲ အဖေကသူ့ဟာသူ ထပ်သယ် လာသေး တာတွေရှိသေးတယ်။ အဖေ့ကို မနည်း ဘရိတ်အုပ်ထားရတယ်။ ကျွန်မက ဒီမှာဝယ် လို့မရတဲ့ အရာတွေ စားရရင် ပြီး တာပါပဲ။ 


အဖေယူလာတွေ


ဒီ၁ခါ ဆောင်းဦးစမို့လို့ Mandalay က သဲပုရစ်တွေအပိုပါလာပါတယ်။ အမတွေပါ။ အမတွေက ဥတွေနဲ့ပိုပြီး စားကောင်းပါတယ်။ ဦးလေးက Mandalay မှာနေလို့ နှစ်စဉ်နှစ်တိုင်း အမျိုးတွေစားဖို့ မိသားစုပုံးကြီးနဲ့ အပြည့်ပို့နေကြ။ ကျွန်မအတွက်ဝေစုက အကောင် ၁၂၀။ စားလိုက်ရင်မွှေးပြီးစိမ့်နေတာပါပဲ။ အဒေါ်တွေက ပုရစ်တွေကို ကောင်းကောင်းကြော်တတ်တယ်။ ဂျင်း ကြက်သွန်ဖြူ အနံမွေးမွေးလေးနဲ့ တအားစားကောင်းပါ တယ်။ အဖေနောက် ၁ခေါက်ထပ်လူကြုံရှိရင် ထည့်ပေးဦးနော်ဆိုတော့ တော်လောက်ပြီတဲ့။ ပုရစ်က စားကောင်းပေမယ့် သွေးတက်ပါတယ်။ ကျွန်မက အဖေရှေ့မှာ ၁၀ကောင်လောက် ပန်းကန်ထဲထည့်ပြီး စားတတ်ပေမယ့် အဖေလစ်ရင် Fridge ဖွင့်ပြီး ၃ကောင်လောက်နှိုက်စားလိုက်နဲ့ ပုရစ်အကောင် ၁၂၀ က ၄ရက်ထဲနဲ့ပြုတ်ကော။

အဖေကို ဒီ၁ခေါက် စားသောက်ဆိုင်ကောင်းကောင်းလေးတွေခေါ်ပြီးကျွေးဖြစ်တယ်။ Jumbo Seafood, East Coast သွားပြီးစားကြသေးတယ်။ ဆိုင်ကို ၅နာရီခွဲလောက်ရောက်တယ်လေ။ အဲဒီအချိန် အကောင်းဆုံးပဲ။ လူလဲသိပ်မများသေးဘူး။ Jumbo မှာ မမှာမဖြစ်တာကတော့ Chilli Crab ပဲလေ။ Cereal Prawn ကလဲချိုပြီး စားကောင်းတယ်။ အဲဒီအထဲမှာပါတဲ့ ပျဉ်တော်သိမ်ရွက်က မွေးပြီးစားလို့ကောင်းတယ်။ Seafood Fried Rice လဲအတော်လေးစားကောင်းတယ်။ နောက်ပြီး ဒီက Singaporean တွေနဲ့ သွားစားရင် မမှာမဖြစ်မှာစားကြတာ အဲဒီအရွက်ပဲလေ။ ဘယ်လိုခေါ်လဲတော့ မသိဘူး။


Jumbo မှာ မှာစားဖြစ်ခဲ့တာတွေ

Marche' Restaurant, Vivo City မှာလည်းသွားစားဖြစ်တယ်။ အဖေအကြိုက်ပေါ့။ အစားငမ်းနေတာနဲ့ ဓာတ်ပုံ ရိုက်ဖို့မေ့သွားတယ်။ ဆိုင်အပြင်အဆင်လေးကိုကြိုက်တယ်။ အဲဒီနေ့က အဖေမှာစားတာ အကောင်းဆုံးပဲ။ အဖေက ကောင်းကောင်းမှာစားတတ်တယ်။ အဲဒီဆိုင်က ၁ယောက် ၁ Card ပေးပြီး ကိုယ်စားချင်တာ မှန် သမျှ အဲဒီ Card ထဲရောက်တာ။ ပြီးမှ Card အားလုံးပေါင်းရှင်းတာ။ ကျွန်မတို့ သိပ်ပြီးမှာမစားတတ်တော့ စား လို့ သိပ်မကောင်းဘူး။ နောက် ၁ကြိမ် ကျွန်မမွေးနေ့မှာ သွားစားဦးမယ်လို့ စိတ်ထဲကနေ ကြုံးဝါးထား တယ်။  Golden Miles က ယိုးဒယား ဆိုင်မှာ သွားစား ဖြစ်ကြတယ်။ အဲဒီဆိုင်မှာ စားရင် အရမ်းစားကောင်းတယ်။ ကျွန်မတို့ရဲ့ ၃နှစ်ပြည့် မင်္ဂလာ နှစ်ပတ် လည် အနေနဲ့သွားစားဖြစ်တာ။ အဖေ နောက် ၁ကြိမ်လာရင် ဒီဆိုင်တွေအပြင်နောက် ဆိုင်တွေမှာ  ထပ်စား ဦးမယ်။

Weekend ဆို အပြင်ထွက်စားဖြစ်တယ်။ အဖေက သူယူလာတွေ မစားချင်ဘူး။ ကျွန်မတို့ အတွက်ကတော့ မစားရတာကြာလို့ စားကောင်းပေမယ့် အဖေ့ အတွက်က စားနေကြဆိုတော့ ရိုးနေပြီလေ။ အဖေက ၄ရက် ထမင်း ဟင်းချက်ကျွေးသေးတယ်။ အဲဒီချက်ကျွေးတဲ့နေ့တွေက ကျွန်မရုံးမှာ ပင်ပန်းနေမှန်း သိလို့ အဖေချက် ကျွေးခဲ့တာ။ အဖေချက်တာ ပုံစံ မတူတော့ စားကောင်းတယ်။

Birthday Present from My Daddy

1st December က ကျွန်မ မွေးနေ့လေ။ အဲဒီအတွက် အဖေက Birthday Present ဆိုပြီး Lancome ၀ယ်ပေးခဲ့ တယ်။ ကျွန်မ Crazy အဖြစ်ဆုံးက Cosmetics မှာ ဆိုရင် Lancome, ဖိနပ်၊ အိတ်၊ ကုန်ပြီနဲ့တူတယ်နော် ဟီးးးးး ဟီးးးးးးး။ ကျန်တာ ဒီလောက် Crazy မဖြစ်ဘူး။ နောက်မှ ကျွန်မ အကြိုက်များဆိုပြီး ခေါင်းစဉ်တပ်ပြီး ရေး ဦးမယ်။
Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, September 4, 2010

ဘာအလုပ် လုပ်ရင်ကောင်းမလဲ

အလုပ် ပြန်လုပ်ရတော့မယ်။ ပြန်လုပ်ရမယ်ဆိုတော့ ကြောက်သား။ ကျွန်မက Stress ရှိရင် ဘယ်လောက် လခ ကောင်းကောင်းမလုပ်ချင်။ အေးအေးလူလူ ထိုင်ခုံမှာ ထိုင်ပြီး Program စဉ်းစားရတဲ့ ဘ၀ကို ကျွန်မ ကြောက် တယ်။ လူပင်ပန်းတဲ့ ဒဏ်ကို ကျွန်မ ခံနိုင်ရည်ရှိပေမယ့် စိတ်ပင်ပန်းတဲ့ဒဏ် ကျွန်မ မခံနိုင်ပါ။ ထိုင်ခုံမှာ အေးအေး လူလူ ထိုင်နေရပေမယ့် ဦးနှောက်စားတဲ့အလုပ် ကျွန်မ မုန်းတယ်။ မနက် မနက် အလုပ်သွားရမှာ အတော်စိတ် ညစ်တယ်။ နောက်ဆုံး လုပ်ခဲ့ရတဲ့ အလုပ်က အဆိုးဆုံး။ လူလဲပင်ပန်း၊ စိတ်လဲပင်ပန်းတယ်။ မနက် ရ:၂၀ ဆို အိမ်က ထွက်ပြီ။ Bus ကားဂိတ်က အိမ်အောက်တင်။ ၂မှတ်တိုင်လောက်စီးရင် ရုံးရောက်ပြီ။ ရး၄၅ ဆို ရုံး ရောက်ပြီ။ ၁ခါ၁လေ ရုံးတောင် မရောက်သေး ဖုံးကရောက်လာပြီ။ ကျွန်မရဲ့တာဝန်က 24/7 ပြသာနာပေါင်းစုံ ဖြေရှင်းရတာ။ 24/7 ပြသာနာဆိုတာ စက်ပျက်ရင် အရေးပေါ်ပြင်ပေးရတာ။ ဖုံးခေါ်ထား ရင် နေရာတောင် မရောက်သေးဘူး။ ပြသာနာရှိတဲ့နေရာသွား ပြသာနာ ဖြေရှင်း။ ပြီးမှ ကိုယ့်နေရာ ရောက်တယ်။ ရောက်တာနဲ့ ရုံး e-mail စစ်ရတယ်။ ၁ခါ၁လေ ပြသာနာတွေက e-mail ထဲမှာလဲ လာတတ်တယ်။ ၈း၂၀ ဆိုရင် ရုံးကလူတွေ စုရပ်သွားပြီး ၅ မိနစ် meeting တက်ရသေးတယ်။ ၁မိနစ် နောက်ကျတဲ့သူတွေက အဲဒီမှာ အကုန်အဆူခံရတယ်။ ကျွန်မတို့က Time Card နဲ့ ဆိုတော့ ညာလို့မရဘူး။ ၁မိနစ် နောက်ကျတဲ့သူတွေ အပြစ်ပေးပုံက မိနစ် ၃၀ ပိုလုပ်ရတယ်။ ပိုက်ဆံတော့ မဖြတ်ဘူး။ ဥပမာ ကျွန်မရဲ့ အချိန်က ၈ - ၆ ဆိုရင် ၁၂-၁ ကထမင်းစားချိန်၊ နာရီ ၀က် ပိုလုပ်ရတာကို ထမင်းစားချိန် နာရီဝက်ပဲစားမလား ဒါမှမဟုတ် ၆း၃၀ မှ ပြန်မလား။ ၁ခါမှ တော့ ကျွန်မ နောက် မကျဘူးပါ။

ပြီးတာနဲ့ ကိုယ့်နေရာ ကိုယ်သွားပြီး လုပ်စရာရှိတာလုပ်၊ ၁ခါ၁လေ ကိုယ့်နေရာပြန်တဲ့ လမ်းမှာ လာခေါ်လို့ လိုက်သွားရတာ ရှိသေးတယ်။ ဘယ်ဟာကို အရင်ဦးစားပေးသင့်လဲဆိုတာ ကိုယ့်က စဉ်းစားရတယ်။ ၁ခါ၁လေ ပြသာနာက ၄ ၅ခု ဆင့်လာတာ ရှိတယ်။ အဲဒီတော့ ဘာပြီး ဘာဆိုတာ တောက်လျောက်စဉ်းစားရတယ်။ မေ့လို့ မရဘူး။ မေ့တာနဲ့ အရေးကြီးတာ ကိုယ်နာမည်ပျက်တယ်။ ဒုတိယက ကိုယ့် Dept နာမည်ပျက်တယ်။ ကိုယ့်နေ ရာ ရောက်ပြန်ရင် Marketing က pamphlet လုပ်ခိုင်းတယ်။ Magazine မှာထည့်ဖို့ Design ဘယ်လို လိုချင် လဲဆိုတာ ရောက်ချင်ရောက်နေတတ်ပြန်တယ်။ နာရီဝက်အတွင်း ပြီးအောင် လုပ်ပေးရတယ်။ ၁ခါ၁ရံ ပြသာနာ ဖြေရှင်းတာ နောက်ကျနေပြီး e-mail ပို့တာ စောနေရင်း တောင်းပန်စာရေးရသေးတယ်။ ဘယ်နေ့နောက်ဆုံး ဆိုတာ ပါပြီးသား။ ၂ရက်တော့ ကြိုပေးပါတယ်။ ဒါပေမယ့် အရမ်းဂျီများတယ်။ ရေမချိုးပဲ ရုံးလာတယ်နဲ့တူတယ်။ ၁ခါ၁ လေ ဒီကလည်း အရေးကြီး ဟိုဟာကလည်း အရေးကြီး လူကို ၂ကိုယ်တောင် ခွဲထားချင်တယ်။

၁ချိန်တည်း ၁ပြိုင်နက် Program ပြင်ပေးပါ။ အသစ်ရေးပေးပါဦး။ ဒါလေးလိုချင်ပါတယ် ဆိုပြီး ထပ်လာသေး တယ်။ ပြီးတယ် မထင်ပါနဲ့။ ကလေးတွေကို Passport Photo ကို အခန်းထဲထိ သွားရိုက်ရတယ်။ ၁ခါထဲ ကျောင်းသား ကဒ်ပါထုတ်ပေးရတယ်။ ကလေးက နံပါတ်၁ဦးစားပေး၊ ပြီးတော့ ဆရာမ၊ ပြီးမှ ကိုယ့်ရုံးကလူ တွေဆိုတော့ ကျန်တာ အသာချပြီး သူတို့ကို ဦးစားပေးရတယ်။ ၁လကို အနည်းဆုံး ပွဲ ၁ပွဲရှိတယ်။ အဲဒါဆိုရင် Professional Camera ကိုင်ပြီး ဓာတ်ပုံရိုက်ရသေးတယ်။ အရမ်း အရေးကြီး နေပြီး ကိုယ် ၁ယောက်ထဲပဲရှိရင် Video ပါပြေးရိုက်ရသေးတယ်။ အရမ်း အလုပ်များနေရင် Marketing ကသူဟာ မပြီးသေးလို့ဆိုပြီး ကိုယ့်ကို လာခဲ့ပါဦးဆိုပြီး Marketing Dept ကိုသွား၊ သွားတော့လူရှေ့သူရှေ့ အဆဲခံရတယ်။ အပြင်ရောက်တာနဲ့ ကျွန်မ ငိုပြီ။ ကျန်တာ အရေးကြီးလည်းပစ်ထားပြီး သူ့ဟာကို အရင်လုပ်ပေးရတယ်။ ဒါပေမယ့် တခဏပါ။ ကျွန်မ လုပ်ထား တဲ့ Design ထွက်လာလို့ Magazine မှာ မြင်လိုက်ရရင် အရာအားလုံးမေ့ပျောက်သွားပြီး ကျွန်မ အရမ်းပျော်ပါတယ်။

၁၂ နာရီဒေါင်ထိုးတာနဲ့ ကျွန်မ ထမင်းစားပြီ။ နည်းပါတယ်။ ၁ခါ၁လေ ကျော်သွားတာလဲ ရှိတယ်။ စားနေရင် အရေးကြီးလို့ဆိုပြီး စားတာပစ်ပြီး အလုပ်သွားလုပ်ရသေးတယ်။ ပြီးသွားလို့ ပြန်ရောက်ရင် ကျွန်မ ထမင်းစားချင် စိတ်ကို မရှိတော့။ ၁နာရီ မထိုးခင်ပြန်တက် လုပ်စရာရှိတာ ကျန်တာတွေကို ဆက်လုပ်။ ကျွန်မ ဘယ်လောက် တောင် အလုပ်များလည်းဆိုရင် ကိုယ်ရေးကိုယ်တာ ဖုံးလာရင်တောင် ဖုံးမပြောနိုင်။ ကိုယ်ပိုင် Gmail မစစ်နိုင်။ Facebook မ၀င်နိုင်။ ဘာဆိုဘာမှ မ၀င်နိုင်ပါ။

ဓာတ်ပုံလည်း ကောင်းကောင်းရိုက်တတ်တယ်။ ဘောလုံးကန်တဲ့ကွင်း ၂ကွင်းရှိတာ ဟိုကွင်းပြေးလိုက် ဒီကွင်း ပြေးလိုက်နဲ့လည်း ရိုက်ဖူးတယ်။ နေ့လည်ဘက် ခြစ်ခြစ်တောက် ပူနေတဲ့ နေရာမှာ ကလေးရေကူး ပြိုင်တာကို ရိုက်ရတယ်။ နောက်နေ့ ဖျားတောင်ဖျားလိုက်သေးတယ်။ ကျောင်းမှာ အလုပ်လုပ်တာလေ။ အရမ်း အရမ်းကို အလုပ်များပါတယ်။ ရှိတာမှ ၃ယောက်ထဲ။ IT Vice President က ဒီမှာ မရှိဘူး။ အဲဒီတော့ ၂ယောက်ပဲရှိတယ်။ ခွင့်တောင် မယူရဲဘူး။ Senior က Bully လုပ်တာ အမြဲခံရတယ်။ ခွင့်များ ၁ရက်ယူလို့ကတော့ နောက်နေ့ သေပြီပဲ။ ထိုင်တောင် မထိုင်နိုင်ဘူး။ တောက်လျောက် လုပ်နေရတာ။ အဲဒီမှာ လုပ်တုန်းကဆိုရင် ၁လ ဖိနပ် ၁ရံ ၀ယ်ရတယ်။ ၂ပတ်ဆိုရင် ဖိနပ်က တော်တော်ရွဲနေပြီ။ Formal လိုပုံစံ ရုံးတက်ရတာ။ ကိုယ့်ရုပ်က ၁၁ နာရီဆိုရင် တော်တော် စုတ်ပြတ်နေပြီ။ ထိုင်ခုံမှာ ထိုင်ရတာ ၁နာရီတောင် မပြည့်ဘူး။

အရမ်းရီရတဲ့ ကျွန်မ။ ရုံးပိတ်လို့ အပြင်သွားရင်တောင် ၁ခါ၁လေ Program ဘယ်လိုရေးရင်ကောင်းမလဲဆိုတာ စဉ်းစားနေ ဒါမှမဟုတ် Design ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ အမြဲ ခေါင်းထဲမှာ ရှိနေတာ လမ်းတွေ့ရင် ကျွန်မကို ရှေ့လာပြီးပြုံးပြ ပြူးပြ လာလုပ်ရင်တောင် လုံးဝ မမြင်ရေးချ မမြင်။ စိတ်က အဲဒီထဲပဲရောက်နေတာ။ အဲဒီရုံးမှာ ၁နှစ်နီးနီးလုပ်လာခဲ့တာလေ။ အလုပ်က ဘာပြီး ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေရတော့ ကျွန်မ မှတ်ဥာဏ် လုံးဝ ကို မကောင်းတော့တာ။ ဒါပေမယ့် ကျွန်မအတွက် ကောင်းတာ ၁ခု၊ ဆိုးတာ ၁ခုရှိတယ်။ ဆိုးတာက Senior က ကျွန်မကို Bully အမြဲတမ်းလုပ်တာ။ Manager & VP က ကျွန်မအပေါ် အရမ်းကောင်း တာ။ ကျွန်မက Manager နေရာမှာ အစားဝင်လာတာ။ Manager ကကျွန်မကို Training ၁လပေးပြီး ထွက်သွားတာ။ ဒါပေမယ့် e-mail နဲ့လှမ်းမေးလို့ ရတယ်။ ကျွန်မက Manager Post မဟုတ်ပါဘူး။ Manager လစာလည်း မရပါဘူး။ ကောင်းတာ ၁ခုက ကျွန်မ လုပ်ငန်းအတွေ့ အကြုံအများကြီး ရတယ်။ ပျော်တယ်။ ကိုယ်ရေး ကိုယ်တာကြောင့် စိတ်ညစ်ရင် အလုပ်ထဲမှာ နစ်ထားလို့ရတယ်။ အဲဒီအလုပ်က ကျွန်မကို ထောက်ခံ ချက် ရေးပေးထားတယ်။ ကျွန်မ အလုပ်ရှာရင် လွယ်အောင်လို့ပါ။

ကြုံတုန်းကြွားလိုက်ဦးမယ်။ ကျွန်မ အဲဒီအလုပ်မှာရေးခဲ့တာ website ၆ခု ရှိတယ်။ နည်းတယ် မထင်နဲ့နော်။ ကိုယ့်ဟာကိုယ် ဖတ်ပြီးရေးရတာ။ သူများလည်း မေးလို့မရဘူး။

၆နာရီဒေါင်လို့ထိုးတာနဲ့ ရုံးဆင်းလို့ရပြီ။ အဓိက က အိမ်ပြန်ရောက်ရင် ရုံးအကြောင်း မစဉ်းစားချင်တော့တာ။ မနက်ဖြန် ဘာချက်ရင် ကောင်းမလဲပဲ စဉ်းစား တယ်။ ဒါလည်းပဲ ဦးနှောက်ခြောက်တဲ့ အထဲမှာပါတယ်။ ကျွန်မရဲ့ မကောင်းတဲ့ အကျင့်က IT သမား လုပ်နေပြီး စာလုံးဝ မဖတ်တာ။ ပြသာနာ လာပြီ ဆိုရင် မဖြေရှင်းတတ်ဘူးလို့ မထင်ပါနဲ့။ နာရီဝက် အတွင်း ဦးနှောက် ခြောက် ရလောက်အောင် အသဲအသန် ရှာရတာ။ အဖြေလည်း ရှာတွေ့ ပါတယ်။ ကျွန်မ ဦးနှောက်ထဲ လည်း တစ်သက်လုံး စွဲသွားပါတယ်။ အဲဒီလို တစ်သက်လုံး စွဲသွားချင်လို့ လေ။ ဟီးးးးးးးးးးးးး

ကျွန်မ စဉ်းစားထားတာ IT အလုပ်ပဲလုပ်ရင် ကောင်းမလား။ လူပင်ပန်းချင် ပင်ပန်းပါစေ။ Program တော့ ထပ်မရေးပါရစေနဲ့တော့။ ဦးနှောက်မစားချင်ဘူးးးးးးးးးးး IT Support အလုပ်လေး ရရင်ကောင်းမယ်။ စိတ်ကူးကြည့်တာပါ။ Stress ဒဏ်နဲ့ ကင်းဝေးတဲ့ အလုပ်ကလေး။ ဘာလုပ်ရင်ကောင်းမလဲ .....

Saturday, August 28, 2010

ရည်မှန်းချက် ၁ခု သာကျန်တော့သည်

ကျွန်မ Singapore ကိုမလာခင် ကတည်းက ဘာပြီးရင် ဘာဖြစ်ရမယ်ဆိုပြီး စိတ်ထဲမှာရှိခဲ့တာပါ။ အခုအချိန်မှာ အားလုံး ပြီးပြည့်စုံ ပါပြီ။ ၁ခုပဲ ကျန်တော့တယ်။ အဲဒီ ၁ခုက မိသားစု ကိုယ်ပိုင်တိုက်ခန်း ပိုင်ဆိုင်ပြီး ကျွန်မ အဖေကို ဒီမှာ ကျွန်မတို့ မိသားစုနဲ့ အတူ တူ ခေါ်ထားဖို့ပဲဖြစ်တယ်။ ကိုယ်ပိုင်တိုက်ခန်းမှာ နေရပြီဆိုလျင် မိသားစု နေရတာကိုပဲ ကြိုက်တယ်။ မိသားစုနဲ့နေချင်လို့ ကိုယ်ပိုင် တိုက်ခန်း ၀ယ်တာပါ။ ကိုယ်ပိုင်တိုက်ခန်း ၀ယ်ဖို့ဆိုရာမှာ ခုအချိန်မှာ Singapore Sweep ပေါက်မှ ဒါမှမဟုတ် ၁နေရာရာ ကနေ ပိုက်ဆံဝင်မှ ဖြစ်မယ်။ အဖေကတော့ လာနေဖို့ပြောပေမယ့် အလုပ်သံယောဇဉ် မပြတ် နိုင်တော့ နောက် ၃နှစ် စောင့်ရဦးမယ်။ ၁ချို့တွေကပြောကြတယ်။ အဖေကိုဘာလို့မခေါ်သေးတာလဲ၊ ကျွန်မ အဖေကို ကျွန်မ ခေါ်တာပေါ့။ မခေါ်ပဲ ဘယ်နေပါ့မလဲ။ အဖေက ခုအချိန် မလာချင်သေးဆိုတော့ ကျွန်မ ဘာများတတ်နိုင်ဦးမှာလဲ။

ကျွန်မရဲ့ရည်မှန်းချက်လေး ၁ချိန်မှာပြည့်ခဲ့မယ်ဆိုရင် အရင်က ပင်ပန်းခဲ့ရတာတွေ၊ ကြိုးစားခဲ့ရတာတွေ အနှိမ်ခံခဲ့ရတာတွေ လွတ်မြောက်ပြီပေါ့။

Sunday, December 27, 2009

Singapore မှာ မိဘမေတ္တာတွေ ပျောက်ဆုံးနေပြီလား

ဒီ Post ကိုရေးသင့်၊ မရေးသင့် အချိန်ယူပြီး တော်တော်စဉ်းစားယူရပါတယ်။ ကျွန်မရေးထားတာကိုဖတ်ပြီး ကျွန်မကို တော်တော်အမြင်ကတ်ကြ မှာပါ။ ဒါပေမယ့် မရေးလို့ကလည်း မဖြစ်ပြန်ပါဘူး။

Singapore မှာရှိသော လင်မယားတိုင်း ကိုယ်ဝန်ရှိလာရင် များသောအားဖြင့် စဉ်းစားကြတာကို ပြောချင်တာပါ။ သူများကိုယ်ရေးကိုယ်တာ ကိုလည်း ၀င်ရောက်စွက်ဖက်ခြင်း မဟုတ်ပါဘူး။ သိစေချင်တာလေး ၁ခုထဲပါ။ ဒီအချက်ကလေးကို စဉ်းစားမိရဲ့လားဆိုတာ သိစေချင်တာပါ။

များသောအားဖြင့် ကိုယ်ဝန်ရှိလာပြီဆိုလျင် ၉၅% က ရန်ကုန်ကိုပြန်ပြီး ကလေးပြန်မွေးကြတာများပါတယ်။ ဒီမှာမွေးပြီး ကိုယ်တိုင်ထိန်းတဲ့ မိခင်ဆိုတာ အတော့်ကိုရှားပါးပါတယ်။ ကလေးမွေးပြီးပြီဆိုလျင် ကလေးကို ကလေးထိန်းအပြင် အဖိုး၊ အဖွား၊ ဆွေမျိုးတွေနဲ့ထားခဲ့ပြီး ဒီကိုပြန်လာပြီး အလုပ်ပြန်လုပ်ပါတယ်။ ကလေးထိန်းနှင့်ထားခဲ့ရပြီဆိုကတည်းက ဘယ်လောက်စိတ်ချရမှာမို့လဲ။ ကျွန်မ မောင်လေးဆို မွေးကတည်းက နာနီ နဲ့ပဲနေခဲ့ရတာ။ အဖွားရှေ့မှာ နာနီကထိန်းပေါ့။ နာနီက ကလေးကိုဆိတ်ဆွဲ၊ ရိုက်နေလည်း အဖွားက မြင်ချင်မှ မြင်တာ၊ အဖိုးကတော့ သူဟာသူအေးဆေး နေတာ။ ကျွန်မဆို ဒီလိုနေရာမျိုးမှာဆိုရင် ကိုယ်ဟာကိုယ်ပဲထိန်းတော့မယ်။ ကိုယ်ကလေးကို သူများက နှိပ်စက်နေတာ မမြင်ရက်ပါဘူး။ ကိုယ်က ယောက်ျားလည်း ယူသေးတယ်။ အသက်ကြီးနေပြီဖြစ်သော ၂ဖက် မိဘတွေကို ကိုယ်ကပြန်ပြီးဒုက္ခပေးသင့်ပါသလား။ သူတို့မှာ ဇရာကထောက်လာသောကြောင့် ကျန်းမာရေးက စကားပြောလာပြီလေ။ ဒီအချိန်မှာ လူမမယ် မွေးကာစ ကလေးလေးကို လက်လွတ်စပယ် အဖိုး၊ အဖွားတွေနဲ့ပစ်ထားပြီး ဒီကိုပြန်လာသင့်ပါသလား။ ဒီကလေးလေးအပေါ်မှာ ထားရှိရမယ့် မိဘမေတ္တာကကော ဘယ်မှာပါလဲ။ ကျွန်မ Blog ၁ခုမှာဖတ်ရပါတယ်။ ကလေးကို အဖိုး၊ အဖွားတွေနဲ့ထားခဲ့ပြီး ရေးထားတာ လွမ်းကြောင်း၁ တဲ့။ ကျွန်မထင်တာ နောက်ဆို လွမ်းကြောင်း ၃၆၅ တောင်ဖြစ်မလားပဲ။ နောက်၁ခုက ကိုယ်က အဖိုး၊ အဖွားတွေနဲ့ ပစ်ထားပြီး ဒီကိုလာပြီး အလုပ်ကိုကောဖြောင့်အောင်လုပ်နိုင်ပါ့မလား။ ပိုက်ဆံတွေရပြီး စိတ်ချမ်းသာမှုကောရပါရဲ့လား။ လူတိုင်း ပိုက်ဆံ လိုချင်လို့ ရန်ကုန်ကနေလာပြီး Singapore မှာ အလုပ်လာလုပ်နေကြတာပဲ။ ၁ချို့တွေကပြောကြတယ်။ ဆင်ခြေပေါ့လေ။ ဒီလောက် မွေးကာစ ကလေးလေးကို ဘယ်လိုထိန်းတတ်မှာလဲ။ အဖိုး၊ အဖွားတွေ ထိန်းတော့ပိုကောင်းတာပေါ့တဲ့။ ကောင်းရော။ ဒါလား မိဘမေတ္တာ။ ကိုယ့်ကလေးကြီးလာတဲ့အချိန်ကျွန်တော်၊ ကျွန်မကိုဘယ်လိုထိန်းခဲ့သလဲ၊ ဘယ်လိုပူပန်ခဲ့သလဲလို့ ပြန်မေးတတ်တဲ့ အချိန်ရောက်ရင် ဘယ်လိုပြန်ဖြေကြမလဲ။ ဖြေကော ဖြေတတ်ကြရဲ့လား။

ကျွန်မဒီ Post ကိုဖတ်တဲ့သူတိုင်းမေးလာကြရင် ကျွန်မမှာ အကောင်းဆုံးအဖြေရှိပြီသားပါ။ ကျွန်မ ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမွေးလာတဲ့ကလေးကို ကိုယ်တိုင်ပဲထိန်းမှာပါ။ ဘယ်သူမှလည်း လာမထိန်းပေးပါဘူး။ ကျွန်မ မွေးကင်းစကလေးကို ထိန်းလည်းမထိန်းတတ်ပါဘူး။ ငယ်ငယ်ကဆို မွေးကာစ ကလေးကိုချီရမှာ အရမ်းကြောက်တာ။ ချီတောင်မချီရဲဘူး။ အခု မမွေးခင်အချိန်မှာ ဘာလုပ်ရလဲဆိုတော့ ရန်ကုန်ပြန်တဲ့အချိန်က ၀ယ်လာတဲ့စာအုပ်တွေကို ထပ်ခါတလဲလဲ ဖတ်ရတယ်။ Website တွေမှာရှာပြီး ဖတ်ရတယ်။ မွေးပြီးတဲ့သူတွေကို ပြန်ပြီးမေးရတယ်။ ကလေးအတွက်လိုမယ့်အရာတွေကို ခုချိန်ကတည်းက စုဆောင်းရတယ်။ မွေးပြီးရင်တောင် ဘယ်လိုထိန်းရပါ့မလဲဆိုတာ တွေးတောင်မတွေးရဲဘူး။

ကျွန်မ Singapore မှာအများတကာ လုပ်သလိုလုပ်ဖို့ အချိန်ယူပြီး တော်တော်စဉ်းစားပါသေးတယ်။ ကျွန်မ အဖေက ၆၃နှစ်၊ ယောက်ခမက ၇၀ကျော်၊ သူတို့ဆီမှာ ကလေးကိုပစ်ထားပြီး ဒီကိုအလုပ်ပြန်လုပ်မယ်ဆိုရင် ကျွန်မတို့လောက် မွေးရကျိုးနပ်တဲ့ သား၊ သမီးတွေဖြစ်လာပါ့မလား၊ ဒါမှမဟုတ် ကိုယ့်ကလေးကို နွေးထွေးမှု မပေးနိုင်တဲ့၊ မိခင်စိတ်၊ ဖခင်စိတ်ကင်းမဲ့နေကြပြီလားဆိုတာပါပဲ။ သူများတွေသုံးသလို၊ ရှာသလို ကျွန်မလည်း Full-Time အလုပ်လုပ်ပြီး သုံးချင်တာပေါ့။ အခုချိန်မှာ ငွေမျက်နှာနောက်ကိုလိုက်နေလို့ မဖြစ်သေးပါဘူး။ကျွန်မရဲ့ စိတ်ကိုက လက်မခံနိုင်တာ။ ကျွန်မအမေဆို ကျွန်မ၃နှစ်အထိ ကိုယ်တိုင်ထိန်းခဲ့တာ။ ၃နှစ်ပြည့်တော့မှ အလုပ်ပြန် စလုပ်တာ။ မနက်ဆို အဖိုး၊ အဖွားတွေဆီမှာ ထားခဲ့ပြီး ညနေ အလုပ်ကပြန်လာမှ ပြန်လာခေါ်တာ။ ကျွန်မကလေးကို Day Care Centre လည်းပို့ဖို့စိတ်မကူးပါဘူး။ ကလေး ၁နှစ်ပြည့်မှ အလုပ်ပြန်လုပ်မှာပါ။ မလုပ်လို့ကလည်းမဖြစ်ပြန်ပါဘူး။ PR ဖြစ်ကတည်းက အခုအချိန်ထိ CPF ၁ပြားမှမရှိသေးပါဘူး။ အဲဒီအချိန်မရောက်ခင် ရှေ့ဆက်ဘာလုပ်သင့်သလဲ ဆိုတာ ကလေး၆လ ပြည့်မှပဲ ဆုံးဖြတ်တော့မယ်။ ရန်ကုန်ကိုပြန်ပို့ဖို့ဆိုတဲ့ စိတ်ကူးကိုဆုံးဖြတ်ချက်ချမယ့်အထဲမှာ မပါပါဘူး။

Singapore မှာ ၁ချိန်မှာ မိခင်ဖြစ်လာမည့်သူတွေ၊ ဖခင်ဖြစ်လာမည့်သူတွေ မိဘမေတ္တာကို ကိုယ်မွေးလာမယ့် သား၊ သမီးအပေါ်မှာ အကောင်းဆုံး နွေးထွေးမှုများကို ကိုယ်ထိလက်ရောက်ပေးနိုင်ကြပါစေ။ ကိုယ်မွေးလာမည့်သား၊ သမီး အပေါ် ပိုက်ဆံတွေပို့ပေးနေယုံမျှဖြင့် ဒါကို မိဘမေတ္တာလို့ မခေါ်သင့်ပါဘူး။ အပေါ်ယံငွေကြေးပစ္စည်းထက် နွေးထွေးတဲ့ မိဘရဲ့မေတ္တာအရိပ် ဘယ်ဟာက ပိုမြတ်ပါသလဲရှင် .....

Wednesday, December 9, 2009

သရဏံဂုံတည်ခြင်း အကျိုးကျေးဇူး

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ

ကျွန်မရွတ်ခဲ့တာသိပ်မကြာသေးပါဘူး။ လွန်ခဲ့တဲ့ ၆နှစ်ကျော်ကတည်းက ရွတ်ခဲ့တာ။ ကျွန်မနဲ့သိတဲ့သူတိုင်းကို ဓမ္မလက်ဆောင်ပေးဝေခဲ့ပါ တယ်။ ဒါပေမယ့် ဘယ်သူမှ ယနေ့အချိန်ထိ မရွတ်ခဲ့ကြပါဘူး။ များသောအားဖြင့် ကျွန်မနဲ့သိတဲ့ပတ်ဝန်းကျင်မှာ ၉န၀င်းရွတ်ကြတာ များပါတယ်။

ကျွန်မဒီလက်ဆောင်ကို အဒေါ်ဝမ်းကွဲရဲ့ယောက်ျားဆီက ရခဲ့တာပါ။ သူနဲ့တွေ့တော့ ဘုရား တရားကော လုပ်ဖြစ်ရဲ့လားလို့ မေးပါတယ်။ ကျွန်မက လုပ်ဖြစ်ပါတယ်။ ၉န၀င်းအဓိဌာန်ပုတီးစိပ်ဖြစ်ပါတယ်ဆိုတော့ သူကဘုရားရှစ်ခိုးတယ်ဆိုတာ ကိုယ်လိုချင်တာကို ဆုတောင်းပြီးမလုပ်ရဘူး။ သမီးဒါလေး ရွတ်ကြည့်ပါလား။ သမီးအနေနဲ့ရွတ်ရတာလည်း လွယ်တယ်။ ၁မိနစ်တောင်မကြာပါဘူး၊ အချိန်တိုင်းရွတ်ပါတဲ့။ ဒါပဲပြောသွားတာ။ သူက စီးပွားရေးလုပ်ငန်းရှင် တရုတ်လူမျိုးပါ။ အခုချိန်မှာ သိန်းပေါင်းထောင်ချီပြီးချမ်းသာပေမယ့် ကြွားကြွားဝါ၀ါမရှိ။ နေတာက သာမန်လူတန်းစားလိုပဲ နေပါတယ်။

ကျွန်မလည်းသူနဲ့ဆုံပြီး ၁လလောက်နေမှ စရွတ်ဖြစ်တယ်။ ကျွန်မ ခေါင်းထဲမှာ မနက်ဖြန်စရွတ်မယ်ဆိုပြီး နောက်နေ့ည အိပ်ခါနီးမှ သတိရတယ်။ ဒီလိုနဲ့ပဲ ၂ပတ်လောက်ကြာတယ်။ မနက်မိုးလင်းအိပ်ရာထချိန်ကစလို့ ညအိပ်ရာဝင်တဲ့အချိန်ထိ အချိန်တိုင်းရွတ်ရတာ။

မနက်အိပ်ရာထချိန်၊ မျက်နှာမသစ်ခင်၊ မျက်နှာသစ်နေစဉ်၊ မျက်နှာသစ်ပြီး၊ ခေါင်းမဖြီးခင်၊ ခေါင်းဖြီးနေစဉ်၊ သနပ်ခါးမလိမ်းခင်၊ သနပ်ခါး လိမ်းနေစဉ်၊ သနပ်ခါးလိမ်းပြီးစဉ်၊ အက်ျီမလဲခင်၊ လဲနေစဉ်၊ ထမင်းမစားခင်၊ ထမင်းစားနေစဉ်၊ ထမင်းစားပြီး အစရှိသဖြင့် ယုတ်စွအဆုံး အိမ်သာတက် တာကအစ ရွတ်ရပါတယ်။ အဲဒီလိုအချိန်ပြည့် ထိထိမိမိရွတ်နိုင်အောင် အချိန်အတော်ကြာအောင်လေ့ကျင့်ယူရပါတယ်။ အနည်းဆုံး၁လ ကျော်ကြာပါတယ်။ လိုချင်တဲ့ ဆုတောင်း၁ခုမှ မပါရပါဘူး။ သရဏဂုံရွတ်ရခြင်းအကျိုးကျေးဇူးကတော့ မြတ်စွာဘုရားကို ကိုယ်လုပ်တဲ့အလုပ်တိုင်း ကို မလုပ်ခင်မှာ သတိရလိုက်ခြင်းပါ။ ရွတ်ကြည့်ပါ။ အရမ်းထူးခြားပါတယ်။ ရွတ်ခဲ့တဲ့ အကြိမ်စိတ်လာခဲ့လို့ရှိရင် ပထမဦးစွာ ကံဆိုးတာတွေကို ရင်ဆိုင်ရပါမယ်။ ပြီးရင် ကံကောင်းတာများ ဘယ်သူမှတောင်လိုက်မမှီပါဘူးရှင်။ ပြီးတော့ ကိုယ်ဆီကိုကောင်းတာတွေ ရောက်လာမယ်ဆိုရင် ကိုယ်ရဲ့စိတ်က အလိုလိုပျော်ရွှင်နေပါတယ်။ ၁ရက်၊ ၂ရက်နေရင် သတင်းကောင်းကြားရတော့တာပါပဲ။ မကောင်းတဲ့သတင်းကြားရမယ်ဆိုရင် ကျွန်မရဲ့စိတ်က အလိုလို မကြည်တော့ပဲ စိတ်ထဲမှာလေးနေသလို ခံစားရပါတယ်။ ကျွန်မရွတ်လာတာ ၂နှစ်နီးပါးပါ။ ဒီ Singapore ရောက်ပြီးမှပဲ ပျက်သွားတာ။ အခုပြန်ရွတ်နေပါတယ်။ ဒါပေမယ့် အချိန်ပြည့်ရွတ်နိုင်အောင်ကြိုးစားနေဆဲပါ။

သူငယ်ချင်းတို့လည်း ရွတ်ကြည့်ကြပါ။ ကျွန်မရဲ့ ဓမ္မလက်ဆောင်ပေါ့နော် ...

Wednesday, December 2, 2009

နောင်တမျှော်လင့်

အိမ်ထောင် ၁ခုမှာ သား၊ သမီးဆိုတာ ရတနာ ၁ပါးပါ။ ကလေးသံယောဇဉ်ကြောင့် အိမ်ထောင်ကို ပိုပြီးပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။ အိမ်ထောင်ကို ပိုပြီးခိုင်မြဲစေနိုင်တယ်။ ကျွန်မချစ်သောသူများ နောင်မှတရသော နောင်တ မျိုး မဖြစ်ရလေအောင် ဒီနေရာကနေ ရေးသားလိုက်ရပါတယ်။

အိမ်ထောင်ပြုပြီးတဲ့သူတိုင်း များသောအားဖြင့် ကလေး ချက်ချင်းမယူကြသေးပါဘူး။ ဒါဟာ မှားယွင်းတဲ့ အယူအဆပါ။ ကလေးဆိုတာကိုယ်လိုချင်တဲ့ အချိန်မှာ ရနိုင်၊ မရနိုင်ဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ ကလေး ဆိုတာ မိဘနဲ့ကံပါမှလည်းရတာပါ။ ကျွန်မဆို November မှာ အိမ်ထောင်ကျပြီး June မှ ကလေးရတာပါ။ ယူပြီးကတည်းက ကလေးဆိုတာ ချက်ချင်းလိုချင်ခဲ့တာပါ။ အဲဒီအချိန် အလုပ်ကလည်း Under Pressure and Stress အောက်မှာ အလုပ်လုပ်နေရတဲ့ အချိန်လည်းပါမှာပေါ့လေ။ အဖေကလည်းပြောပါတယ်။ ကံပါမှရမှာပေါ့တဲ့။ ကိုယ်ဝန်ရှိနေလို့ သိလိုက်ရတဲ့အချိန်မှာ ကျွန်မ အလုပ်လုပ်ချင်စိတ် မရှိတော့ပါဘူး။

ကျွန်မအလုပ်က In-charge ၈ခုကို ၁ယောက်ထဲ Handle လုပ်နေရတာလေ။ EIS Australian International School မှာလုပ်နေရတော့ ကိုယ်လုပ်တဲ့နေရာမှာ ထိုင်ရတဲ့အချိန်က ၁နေ့ကို ၁၅ မိနစ်တောင် မရှိခဲ့ပါဘူး။ မနက် ၇:၄၅ ဆိုရုံးရောက်ပြီ။ ကျွန်မအလုပ်ချိန်က ၈ - ၆ပါ။ ၁၀ နာရီလုပ်ရတာ။ လုပ်ခဲ့တဲ့ ၁နှစ်တာကာလအတွင်း Late Record စာရင်းထဲမပါခဲ့ပါဘူး။ အဲဒီအလုပ်သာ ဆက်လုပ်နေမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျမှာ အမှန်ပါပဲ။

ကလေးယူဖို့အတွက် ပိုက်ဆံစုနေကြသူတွေ ဒါမှမဟုတ် HDB/Condo ၀ယ်ပြီးမှ ယူမယ့်သူများ အားလုံး ဒါတွေဟာ ဘ၀မှာ အရေးကြီးတဲ့ အထဲမှာ မပါဝင်ပါဘူး။ ဒါတွေဟာ Singapore မှာ အိမ်ထောင်ရှင်တိုင်း စဉ်းစားကြလေ့ရှိတဲ့ အချက်တွေပါ။ ကလေးရဲ့ ကံပါရင် ရှာစရာတောင် မလိုပါဘူး။ အလိုလိုဖြစ်လာမှပါ။ ပိုက်ဆံဆိုတာ ပင်စင်မယူခင် အချိန်ထိရှာလို့ရပါတယ်။ ကျွန်မရှေ့မှာ သာဓကတွေအများကြီးကို လက်တွေ့မြင်ခဲ့ ရတော့ ကျွန်မ အိမ်ထောင်ကျတဲ့အချိန် ကလေးမရမှာ အရမ်းကြောက်ပါတယ်။ ဥပမာတွေကတော့ - ကိုယ်တကယ်ယူတဲ့အချိန်မှာ ကလေးလုံးဝမရတော့ပါဘူး။ ဆေးပညာစာအုပ်တွေကိုလည်း အခုအချိန်မှာ ဗဟုသုတ ရအောင်ဖတ်သင့်ပါတယ်။

ကျွန်မက အမှန်ကို တည့်တိုးမြင်အောင် ပြောတတ်တဲ့သူမျိုးဆိုတော့ မုန်းချင်မုန်းကြလိမ့်မယ်။ ကျွန်မကို အခုချိန်မှာ မုန်းလည်း ဂရုမစိုက်ပါ။ ၁နေ့နေ့ ၁ချိန်ချိန်မှာ ကျွန်မရဲ့ စေတနာ နဲ့ အမှန်တရား ကိုမြင်လာပြီဆိုရင် ကျွန်မကျေနပ်နေမှာပါ။

ကျွန်မချစ်သောသူများ နောင်တမျှော်လင့်မှုများဖြစ်မလာကြပါစေနဲ့လို့ ဒီနေရာကနေရေးသားရင်း -----

Tuesday, December 1, 2009

Happy Birthday & Happy Sweet December

ဒီနေ့ ကျွန်မရဲ့ မွေးနေ့မှာ လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ။

ကျွန်မ အကြိုက်ဆုံး Mickey-Mouse & Minnie-Mouse ပုံလေးကို ပေးထားတယ်နော်။ အခုတော့Mickey-Mouse & Minnie-Mouse ပဲနော်။ နောက်ဆိုရင် Baby Mickey လေးပါ ပါတော့မှာ ...


Source : Google ကနေရှာပြီး ကူးထားတာ။

Monday, November 30, 2009

ရန်ကုန်ပြန် အတွေ့အကြုံ

Blog ကိုပစ်ထားတာ အတော်ုကာနေပြီ။ ရန်ကုန်ပြန် အတွေ့အကြုံလေးတွေ၊ ကိုယ်ချင်းစာမှုမရှိသောသူများကို သိစေချင်လို့ အားလုံးကိုမျှဝေလိုက် ပါတယ်။

ကျွန်မ ရန်ကုန်ပြန်တဲ့အချိန် ကိုယ်ဝန် 22 weeks ပါ။ အဖေက NUH ရဲ့ Recommend Letter ယူလာခဲ့ဆိုလို့ လေယာဉ်စီးလို့ရအောင် တောင်းလာခဲ့ပါတယ်။ Just in case ပါ။ ၁ယောက်ကိုမှ Silk Air က ကီလို ၃၀ ပဲရတာ။ ဗိုက်နဲ့ ၁ယောက်ထဲပြန်ရတော့ ပါဆယ်ရန်ေုကာက်လို့ ဘယ်သူမှမသိကြပါဘူး။ အရမ်းခင်တဲ့သူတွေပဲသိကြတာပါ။ စိတ်ဆိုးတဲ့သူတောင်ရှိသေး။ ကိုယ်လိုဖြစ်လာတဲ့အချိန်မှ ကိုယ်ချင်းစာလာ မှာပါ။ ဒီကနေသယ်သွားတာအားလုံး 30 KG ပါ။ Silk Air က Immigration ကိုမျက်နှာချိုသွေးပြီး Business Class အနောက်က Seat ကို Request လုပ်ပါတယ်။ အသွားကော၊ အပြန်ကော Economy Class ရဲ့ ရှေ့ဆုံး ထိပ်ထောင့်ကိုရပါတယ်။ ရန်ကုန်ရောက်တော့ Immigration နဲ့ အရင်ဆုံးတွေ့ရပါတယ်။ လိုအပ်တဲ့စာရွက် စာတမ်းတွေကို အဆင်သင့်လုပ်ထားပြီး မှီခိုဖြင့်ပြန်လာသူ များနေရာမှာ တန်းစီပါတယ်။ ကျွန်မအလှည့် ရောက်တော့ လိုအပ်တဲ့စာရွက်စာတမ်း အကုန်ပေးလိုက် ပါတယ်။ အကုန်ပြီးသွားတော့ ကျွန်မကို အကုန် ပြန်ပေးပါ တယ်။ ပြီးတော့ပြောလိုက်ပါ သေးတယ်။ လက်ဆောင်လေးများပါရင် ပေးခဲ့ပါဦးတဲ့။ တောင်းတာ ပေါ်တင်ကြီးနော်။ ကျွန်မရဲ့ စိတ်က အဲဒီလိုလူမျိုးဆို တအားအမြင်ကတ်တာ။ ပြီးပြီလားလို့ ၁ခွန်းမေးပြီး လှည့်ထွက်လာခဲ့တာပါပဲ။ စိတ်ထဲမှာတော့ ပြန်ရင်ဘာမှမပြည့်စုံ ရင်ပြသာနာပဲဆိုပြီး တွေးမိပါသေးတယ်။

ရန်ကုန်မှာ စားချင်တာတွေစားခဲ့တာ။ ကိုယ်အလေးချိန်တောင် တော်တော်တက်လာတာ။ ကျွန်မ ကိုယ်အလေးချိန် ဗိုက်မကြီးခင် ပေါင် ၉၀ တောင်မရှိ ဘူး။ ကျွန်မ ထမီဝတ်ရင် ၃တောင်မိုက်လျောပဲ ၀တ်တာ။ ရီစရာက စွတ်လို့ပဲ ရတယ်။ ကြည့်မကောင်းဘူး။ ၄တောင်မိုက်လျော့ကလည်း ၁ထည်မှမရှိဘူး ကျွန်မ ရွှေတိဂုံဘုရား မသွားခင် အရင်ဆုံးဝတ်ကြည့်လိုက်ပါသေးတယ်။ ရွှေတိဂုံဘုရားမှာLift က မီးမလာလို့ခြေကျင် တက်လာခဲ့ရပါသေးတယ်။ စိတ်အေးချမ်းသာစွာနဲ့ ဘုရားဖူးပြီးလှည့်ထွက်လာတော့ တာဝန်လို့ လက်မောင်းမှာပတ်ထားတဲ့ မိန်းမကြီး၁ယောက်က ၀တ်ထားတာ အရမ်းတိုတယ်နော်တဲ့။ သြော်... ပြသာနာပဲ။ အရှည်က ခြေမျက်စိ နဲ့ဒူးခေါင်းကြားရှိပါတယ်။ ထမီတော့ မဟုတ်ဘူးပေါ့။ ကျွန်မဗိုက်ကြီးသည်လေ ဗိုက်ဖုံးဂါဝန်ပဲဝတ်လို့ ရမှာပေါ့လို့ပြန်ပြောလိုက်ပါတယ်။ လာပြောတဲ့သူဝတ်ထားတာ ကျွန်မ ထက်တောင်တိုသေးတယ်။ ဒါပေမယ့် ထမီပါ။ ကျွန်မဒီကနေပြောချင်တာက သူများကိုလက်ညိုးမထိုးခင် ကိုယ်ကိုကိုယ်အရင်ဆုံးပြန်ကြည့်သင့်ပါတယ်။ ဖြစ်သင့်တာက ကိုယ်ဝတ်ထားတာ ခြေမျက်စိထိဖုံးနေပြီး အများကိုပြန်ပြောတဲ့အခါမှလည်း အများကလည်းကိုယ့်ကိုလေးစားမှာပေါ့။ ကိုယ်ပြောတဲ့စကားကိုလည်း လိုက်နာမှာပေါ့။ အခုတော့ .... ကျွန်မမှာဘုရားဖူးပြီး ပြန်ထွက်လာတဲ့ ကြည်နူးစိတ်လေးတောင် ပျောက်ဆုံးသွားတယ်။

ကိုယ်တိုင် ပြန်တာဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့အရာကို စိတ်ကြိုက်သယ်လို့ရတယ်လေ။ Luggage အကြီး ၁အိတ်၊ စားစရာပုံး ၁ပုံး၊ Computer Bag ၁လုံး ၊ ပါဆယ်ပေးလိုက်လို့ သယ်လာရတဲ့ အိတ် ၁အိတ်၊ ဟင်း၁အိတ်၊ Hand Bag ၁လုံး အားလုံး ၆မျိုး တောင်နော်။ အဲဒါသာကြည့်တော့ ဗိုက်ကြီးသည် သယ်လာရတာ ၆အိတ်တောင်။ 35 KG ကျော်တယ်။ အဲဒီတော့ Luggage အကြီး ၁အိတ် နှင့် စားစရာပုံး ၁ပုံး ကိုပဲအပ်လိုက် တော့တယ်။ ကိုယ်ဟာကိုယ် အပင်ပန်း ခံပြီး Hand Carry ပဲ လုပ်လိုက်တော့တယ်။ တော်ကြာ အဖေပိုက်ဆံထပ်ကုန်နေဦးမယ်။ စိတ်လည်းတော်တော် ညစ်တယ်။ ပြန်ခါနီး Immigration ကရစ်လိုက်သေးတယ်။ Immigration မ၀င်ခင် ဗိုက်ကြီးနေပါတယ်ဆိုမှကျွန်မကို Scan ဖတ်လိုက်သေးတယ်။ သြော် ... မပြန်ခင်တော်တော်နှိပ်စက်တာပဲနော်။ ဗိုက်ကြီးနဲ့မို့လို့လေယာဉ်ပေါ်တက်ခွင့်မပေးနိုင်ဘူးတဲ့။ NUH ကစာကိုပြလိုက်မှ အဆင်ပြေသွားတော့တယ်။ လေယာဉ် မတက်ခင်မှာ Scan ဖတ်မယ် အလုပ်မှာ ဗိုက်နဲ့ဆိုတာသိသွားတော့ Scan ဖတ်ရခြင်းမှ ကင်းဝေးသွားပါတယ်။ တော်ပါသေးရဲ့။ ပြီးပြီ အောင်းမေ့တာ မပြီးသေးဘူးရှင်။ လေယာဉ်အ၀င်မှာ ဗိုက်နဲ့မို့လို့ လေယာဉ် ပေါ်တက်လို့မရဘူးတဲ့။ လက်မှတ်ထိုးပြီးပြီလားတဲ့။ ဘာလက်မှတ်မှ ကျွန်မ မထိုးရသေးပါ။ ကျွန်မလည်း ပြီးပြီရောဆိုပြီး ထိုးပြီးပြီလို့ပြောလိုက်တယ်။ သြော် ... စိတ်ညစ်စရာကောင်းလောက်အောင် တော်တော်ရစ်ကြတာပဲ။

Computer Bag ၁လုံး ၊ ပါဆယ်ပေးလိုက်လို့ သယ်လာရတဲ့ အိတ် ၁အိတ်၊ ဟင်း၁အိတ်၊ Hand Bag ၁လုံး ကိုအနောက်ကလူကို အကူအညီ တောင်းပြီး အပေါ်ကို တင်ခိုင်းလိုက်ပါတယ်။ ကူတင်ပေးလို့တော်သေးတယ်။ လေယာဉ်အဆင်းမှာ အန်လိုက်သေးတယ်။ ဘေးနားက Singaporean အဘွားကြီး ၁ယောက် လေယာဉ်မယ်ကို ခေါ်ပေးတယ်။ လေယာဉ်က အမြင့်ကြီးကနေ အောက်ကိုဆင်းတဲ့အခါ ဖြည်းဖြည်းဆင်းရမယ့် ဟာကို တအားနိမ့်ဆင်းလိုက်တော့ ကျွန်မလည်းအန်တော့တာပဲ။ Right time 2:45 PM မှ ဆင်းရမှာ 2:20 PM လေယာဉ်ဆိုက်တယ်။ ကျွန်မလည်း နောက်ကလူကို အိတ်ချပေးဖို့ အကူအညီတောင်းရတယ်။ ချပေးပါတယ်။ အဲဒီမှာ ပြသာနာစတာပဲ။ ပါဆယ်ထည့်လာတဲ့အိတ် နှင့် Computer Bag ညှိပြီးတော်တော် အချိန်ကြာသွားတယ်။ အဲဒီအချိန် ကျွန်မကို နာမည်ကြီး Model ၁ယောက် မျက်ထောက်နီကြီးနဲ့ ကြည့်နေတယ်။ သူက ကျွန်မ အနောက်ကလေ။ ၁၅ မိနစ်လောက်ကြာသွားတယ်။ ကျွန်မ ဘယ်လိုလုပ်ပြီး မ နိုင်မှာလဲ။ မ မနိုင်ဘူးလေ။ မကူညီတဲ့အပြင် အဲဒီလိုပြန်ကြည့်တော့ ကျွန်မလည်း စိတ်ဆိုးလွန်းလို့ ပြန်ပြီး မျက်ထောက်နီ နဲ့ဘုကြည့် ကြည့်ပေးလိုက်ပါတယ်။ သြော် ... ပြသာနာ

ကျွန်မရဲ့အိတ်တွေကလည်း အစောကြီးထွက်လာတယ်။ အိတ်ချဖို့အကူအညီတောင်းတော့ မကူညီနိုင်ဘူးတဲ့။ အဲဒီတော့ Trolley ကို ဘေးနားကပ်ပြီး အိတ်တွေကိုဆွဲချရတော့တယ်။ အိတ်ပျက်သွားတာက အရေးမကြီးဘူး။ ဗိုက်ထဲက ကလေးဘာမှမဖြစ်တာပဲတော်သေးတယ်။ ကျွန်မ ကလေးကလည်း တော်တော်သန်ပါတယ်။ အမေက အကြမ်းပတမ်း ဘယ်လောက်လုပ်လုပ် ယနေ့အချိန်ထိ ဘာမှမဖြစ်သေးပါ။

ဒီကြားထဲကိုယ့်ဟာကိုယ်သယ်လာတာ ပြောတဲ့သူရှိသေးတယ်။ ဘာလို့စာအုပ်တွေအလေးခံပြီးသယ်လာတာလဲ။ ဒါကြောင့်လေးနေတာတဲ့။ ကိုယ်ပြန်တဲ့အချိန်မှသယ်ရတာလေ။ ကျွန်မက စာဖတ်အရမ်းပါသာနာပါတာ။ ဒီမှာဝယ်လို့မရတဲ့ စာအုပ်တွေသယ်လာတာပါ။ လူတွေရဲ့ပါးစပ်က သူများ Private ကိုတော်တော်စပ်စုချင်ကြတာပဲ။ အတင်းတော်တော်ပြောချင်ကြတာပဲ။ ကိုယ်ထမင်းကိုယ်စား နေတာ ကျေးဇူးပြုပြီး ပါးစပ်ပေါက်လေးတွေ ပိတ်ပေးကြပါ။ Plsssssss ....

သြော် ... ပြောဖို့မေ့နေတာ။ ကျွန်မကလေးက ယောက်ျားလေးပါ။ အိမ်နာမည်က MICKEY ပါ။

ရန်ကုန်ပြန်တော့ ဘာအလုပ်မှ လုပ်စရာမလိုပါဘူး။ အေးအေးဆေးဆေး စားချင်တာတွေကို ထိုင်စားနေယုံပဲ။ အဖေကတော့ Singapore ကိုမပြန်ခင် ပြောလိုက်ပါသေးတယ်။ ကိုယ့်အားကိုယ်ကိုရတော့မယ်တဲ့။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ Blog လေးကိုရောပေါ့။ ကျွန်မရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခွင့်ရလို့လေ ....

Saturday, September 5, 2009

Singapore မှာဘာကြောင့်မွေးလဲဆိုတာ

ကျွန်မ ကိုယ်ဝန် ၃လကျော်လို့ ၄လထဲမှာပါ။ ဒီမှာ မွေးကြရာမှာ ၂မျိုး ၂စားရှိပါတယ်။ ၁ချို့တွေက ရန်ကုန်ပြန်ပြီး မွေးကြတယ်။ ၁ချို့က ဒီမှာပဲ မွေးကြတယ်။ တွေ့တဲ့သူတိုင်းက မေးကြလွန်းလို့ ဖြေရတာမောတယ်။ ဒီကနေပဲ ဖြေပေးလိုက်ပါတယ်။ ကျွန်မက ဒီမှာပဲမွေးမှာပါ။ ကျွန်မ Full-Time အလုပ်လဲမလုပ်ပါဘူး။ Part-Time တော့လုပ်ပါတယ်။ Full-Time လုပ်ရင် ကလေး ၁ခုခု ဖြစ်သွားမှာ စိုးရိမ်လို့ပါ။ ကျွန်မရဲ့ Professional လမ်းကြောင်းက Programmer ပါ။ ၂၀၁၁မှFull-Time အလုပ် လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အဖေကတော့ ပြောပါတယ်။ Idleness ဖြစ်နေဦးမယ်တဲ့။ အလုပ်ပြန်စတဲ့အချိန် ကျတော့ အများတကာထက် ၂ဆတော့ ပိုလုပ်ရမှာပေါ့။ ၂ဆလည်း ပိုပင်ပန်းမှာပါပဲ။ အဓိက အလုပ်ဆက် မလုပ်ရတဲ့ အကြောင်းရင်းက STRESS ဒဏ်ကြောင့် ကလေးပျက်ကျမှာ စိုးရိမ်လို့ပါ။ ကလေးဆိုတာ လိုချင်တိုင်းလည်းမရပါဘူး။ ကျွန်မ အဖေပြောသလို ကလေးကလည်း ကိုယ်တို့နဲ့ ကံပါမှ၊ ထိုက်မှလည်းရတာပါ။

ဘာကြောင့်အလုပ်မလုပ်ရသလဲ၊ ဒီမှာပဲမွေးရတာလဲဆိုတာ ဒီနေရာကနေအားလုံးကို ကျွန်မရဲ့ ခံစားချက်လေးကို ရှင်းပြချင်ပါ တယ်။ ကျွန်မ မွေးတဲ့အချိန် ဘယ်သူမှဒီကိုလာပြီး မကူပါဘူး။ မထိန်းပေးနိုင်ပါဘူး။ အဖေက ငယ်ငယ်ထဲက ကိုယ့်အားကိုယ်ကိုး နိုင်အောင် သင်ထားပေးတယ်။ ပြီးတော့ ခုချိန်မှာအဖေခဏခဏပြောတဲ့စကားလေး၁ခွန်းက "ခံနိုင်ရည်ရှိအောင် အားမွေးထားပါ" တဲ့။ ဒီမှာမွေးတာ ပိုက်ဆံအရမ်းကုန်ပါတယ်။ဒါတောင် NUH မှာပြလို့။ PR လည်းဖြစ်နေလို့။ ၁ခါပြ ၁လကို ၁၅၀ ၀န်းကျင်။ ဒါ တောင်မမွေးရသေးဘူး။ မွေးပြီးရင်ဘယ်လောက်ကုန်မလဲဆိုတာ စဉ်းတောင်မစဉ်းစားရဲပါဘူး။ ကျွန်မတို့ရဲ့ကလေးပဲဟာ။ ပိုက်ဆံ ကုန်ချင်သလောက်ကုန်ပါစေ။ ပိုက်ဆံရှိနေလို့လဲမဟုတ်ပါဘူး။ အရာအားလုံးထက် အကောင်းတကာ အကောင်းဆုံးဖြစ်ချင်တာပါ။ အဖေကိုလည်း ရန်ကုန်ပြန်ပြီး ကိုယ်ကြောင့်အလုပ်တွေပိုလာမှာ၊ အမျိုးတွေလည်း ကိုယ်ကြောင့်အလုပ်ပိုလာမှာ၊ ဟိုဖက်ကလည်း ကိုယ်ကြောင့်အလုပ်တွေပိုလာမှာကိုလည်း မလိုလားပါဘူး။ ကိုယ်မွေးတဲ့အချိန် ယောက်ျားကို ဘေးနားမှာရှိချင်တာလည်း ပါတာ ပေါ့နော်။ ကိုယ်မွေးတဲ့အချိန် Singapore ရဲ့ထုံးစံအတိုင်း အလုပ်လုပ်နေတဲ့သူတိုင်း ခွင့်၁ခါယူဖို့အရေး အတော်ကိုခက်ပါတယ်။

ကျွန်မ ၄နှစ်မှာ အဖေက ပညာတော်သင်အနေနဲ့ UK ကိုသွားရတယ်။ ကျွန်မ ၅တန်းတက်ခါနီးအချိန်ကျမှ ပြန်လာတာ။ အဲဒီ အတော်အတွင်းကျောင်းကသူငယ်ချင်းတွေက "နင့်အဖေဘယ်မှာလဲ။ နင်က အဖေမရှိပဲမွေးလာတာမဟုတ်လား" ဆိုပြီး ကျွန်မကို အမြဲတမ်း စကားလုံးတွေနဲ့ထိုးနှက်ကြတယ်။ တစ်ချို့ဆို ကျွန်မကိုဆွဲဆိတ်ကြတယ်။ ကျွန်မလက်၂ဖက်လုံးမှာကျောင်းကပြန်လာရင် ဆိတ်ရာတွေချည်းပဲ။ ကျောင်းကပြန်လာတိုင်း ကျောင်းပြောင်းပေးဖို့ အမေကိုပြောရတာလည်းခဏခဏပဲ။ အမေဆို အဲဒီလိုပြော လာရင် တအားစိတ်ညစ်တာ။ ကျွန်မ ဒီကျောင်းကိုရအောင် ခက်ခက်ခဲခဲထားခဲ့ရတာဆိုတော့ ကျောင်းပြောင်းရမယ်ဆိုအမေလန့် နေပြီ။ အဖေ ပြန်လာတော့ ကျွန်မ ၁လလောက်နေမှ အဖေအနားကပ်တာ။ အဖေပြန်ရောက်တော့ ကျွန်မမှာ အဖေဆိုပြီး အဖေကို လာလာ ချောင်းရတာအမော။ မွေးလာမယ့် ကလေးကို ကျွန်မတို့နဲ့ ရင်အုပ်မကွာအမြဲထားမှာပါ။ ကျွန်မ ကလေးကို မွေးပြီး ၂ဖက်အိမ်မှာ (ရန်ကုန်မှာ)ပစ်ထားပြီး ပိုက်ဆံ၁ခု အတွက်နဲ့ ဒီကိုပြန်ပြီး အလုပ်လာလုပ်တာလည်း မလိုချင်ပါဘူး။ ကျွန်မ ငယ်ငယ်ကခံစားခဲ့ ရသလို ကျွန်မကလေးကို အဖေကော၊ အမေကော၊ မိစုံဖစုံရှိရဲ့ သားနဲ့တနယ်တကျေးမှာ ပစ်ထားတာ မျိုး ဘယ်တော့မှမလုပ်ဘူး။ ငယ်ငယ်လေးကထဲက နုနယ်လှတဲ့ ကလေးရဲ့စိတ်ဓာတ်ကို သိမ်ငယ်စိတ်ဝင်အောင် မိဘများက မလုပ်သင့်ပါဘူး။ ကျွန်မတောင် အမေနဲ့ အတူတူနေတာတောင် ဒီလို အပြောခံခဲ့ရင် မိစုံဖစုံရှိရဲ့သားနဲ့ ခွဲနေရမယ်ဆိုရင် စဉ်းစား ကြည့်ပေါ့ရှင်။ မိစုံဖစုံနေခဲ့ရတဲ့ ကလေးနဲ့ အဖိုးအဖွားတွေနဲ့နေခဲ့ ရတဲ့ကလေးကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် စိတ်ဓာတ်ရေးရာမှာ အတော်ကွာပါတယ်။ ကျွန်မ ရှင်းပြတာထက် ၁ချိန်လက်တွေ့မှာ မြင်လာမှာပါ။ ကျွန်မရဲ့ခံစားချက်ကို သဘောပေါက်လောက်ပြီ ထင်ပါတယ်။

ကျွန်မ Singapore မှာဘာကြောင့်မွေးလဲဆိုတာ ...
- ၂ဖက်မိဘကို ကိုယ်ကြောင့်အလုပ်မပိုစေချင်ပါဘူး
- ကလေးကို မိဘနဲ့ ရင်အုပ်မကွာ အတူရှိနေချင်ပါတယ်
- အကောင်းတကာ အကောင်းဆုံးဖြစ်အောင်ပေးချင်ပါတယ်

၁ချို့တွေဆို ကျွန်မကို ရန်ကုန်မှာပဲ ပြန်မွေးဖို့ကို အတင်းကာရော တိုက်တွန်းကြပါတယ်။ ကျွန်မပြောချင်တာက ကျွန်မတို့ ၂ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဘ၀ကိုဖြတ်သန်းခွင့်ပြုပါ။ ဘ၀ခရီးကို ၂ယောက်အတူ လျှောက်လှမ်းနေတဲ့အချိန်မှာ ကြမ်းချင်လည်း ကြမ်းမယ်။ ဒါတွေကိုလည်း ကြိုတွေးပြီးသားပါ။ ဘ၀ခရီးကိုခံနိုင်ရည်ရှိအောင် ကြိုးစားနေပါတယ်ဆိုတာ

Friday, August 14, 2009

တောင့်တမိသော အစားအသောက်များ

အခုတလော စားချင်နေတာတွေ အရမ်းများ နေတယ်။ ကိုယ်ချက်တဲ့ဟင်း မစားချင်ပဲ အပြင်က အစား ဆန်းဆန်း တွေ စားချင်ပါတယ်။ ရန်ကုန်ရောက်မှပဲ တစ်ဝတစ်ပြဲ စားတော့မယ်။ ဒီမှာက ကြက်သား၊ ၀က်သား၊ ပုဇွန်၊ ပြည်ကြီးငါး ဒါတွေနဲ့ပဲအပတ်တိုင်းစားနေရတာ ၃နှစ်ကျော်ပါပြီ။
  • မုန့်ဟင်းခါး(အများကသိကြတာ အင်းယားလမ်းမဖြူ မုန့်ဟင်းခါး)ကို ပဲကြော်၊ ငါးဖယ်ကြော်ဖြင့် ပဲသီး အစိမ်းတောင့် အနည်းငယ်၊ သံပုရာသီးအနည်းငယ်ညစ်ပြီး ၂ပွဲလောက် တစ်ထိုင်တည်းစားချင်နေတာ။ ပါဆယ်တစ်ပွဲ ထပ်ထည့် နေ့လယ်စာပါ စားလို့ရတယ်လေ။ လူကသေးသေးလေးပေမယ့် အရမ်းအစား ကြီးပါတယ်။
  • ဆီချက်ကိုဆီချက်မထည့်ပဲ၁ပွဲ၊ ဘဲဆီဗူးသုတ်၊ ဘဲအရည်ခွံသုတ်၊ ဘဲခြေထောက်သုတ်ထိုင်ပြီး တစ်ထိုင် တည်း စားချင်လိုက်တာ။ တစ်ထိုင်တည်း စားလို့ကုန်ပါတယ်။ အဲဒီလောက်တောင် အစားပုတ်တာ။ လူက ပေါင်၉၀ လောက်ပဲရှိတာ။ မယုံနိုင်စရာကြီးနော်။
  • အဲဒီလမ်း၂၀ကပဲ ၀က်သားပေါင်းကို ဂျင်းပါးပါးလှီးပြီး အချဉ်ရည်နဲ့တို့စားချင်ပါရဲ့။
  • Oriental House က Dim Sum ကိုလည်းစားချင်တယ်။ ၀က်နံရိုး၊ ပုဇွန်ဖက်ထုတ်၊ နိုင်လွန်ပုဇွန်၊ အစရှိသဖြင့်
  • အများကြီးပဲ။ အရင်တုန်းကဆိုရင် အရင်ဈေးနဲ့ ၂၀၀၀ဖိုးလောက်ကို ပါဆယ်ဆွဲပြီး တစ်ယောက်ထဲ စား တာ။ ဟီး..ဟီး...။
  • စမ်းချောင်းကမင်းလမ်း မဟုတ်ဘူးနော်။ ရခိုင်တွေဖွင့်တာ။ ရေခူသုပ်စပ်စပ်လေး၂ပွဲ၊ ပုဇွန်ကင်... ရှိသမျှ အကင်ပေါင်းစုံစားချင်လိုက်တာ။
  • ဆာတေး၂ပွဲလောက်ကတော့ အသာလေးပဲ။ ပြီးတော့ ကြက်ကင်၊ အဆီဗူးကင်က ၅ကင်လောက်၊ရုံးပတေသီးကင်၊ ဟူး...။
  • ကုလားကြက်သားသုတ်။
  • ရွှေဇင်ယော်က Mandalay နန်းလတ်၊ အကြွပ်ရှောင် ၁ပွဲ။
  • စိန်ပန်းပြာက Mandalay မြီးရှည်၊ အဲဒါထက် Mandalay ဗထူးကွင်းနားကမြီးရှည်။
  • လမ်းဘေးဆိုင်က ၀က်သားတုတ်ထိုးကို စိမ်ပြေနပြေထိုင်စားချင်၏။
  • ကောက်ညင်းပေါင်းကို အဖြူနဲ့ငချိတ်ကို နှမ်းထောင်းများများ၊ အုန်းသီးဖတ်အပေါ်ကဖြူးလို့။
  • ခေါပုတ်မဲမဲကိုကြော်ပြီး သကြားလေးနဲ့တို့စားချင်လှ၏။
  • ရန်ကုန်က တောသည်တွေရောင်းတဲ့ဆီက ဂဏန်းကို ကိုယ်တိုင်ချက်ပြီး ဂဏန်းရေပြန်ဆီကျန် စားချင် တယ်။
  • ငါးသလောက်ဥကြော်စားချင်တယ်။
  • ငါးရံအူဟင်းစားချင်တယ်။
  • ကြာဇံချည်းပဲကိုအရည်နဲ့ဝက်သားကြေးအိုး၊ ဒီကကြေးအိုးတွေက ၁ခုခုလိုနေသလိုပါပဲ။
  • ဆိတ်ဦးနှောက်ဟင်း။
  • အမှတ်တရဆိုင်က ရှမ်းငါးထမင်းနယ်ကို ဂျုးမြစ်ကိုက်ပြီးစားချင်တယ်။
  • ခေါက်ဆွဲသုတ်ကို ဟင်းခါးပူပူလေးနဲ့စားချင်လိုက်တာ။
  • ပုဇွန်ခွက်ကြော်သုတ်လည်းစားချင်တယ်။
  • ရွှေရင်အေး၊ မုန့်လက်ဆောင်းသောက်ချင်တယ်။
  • ရွှေပုဇွန်က ကူဖီးရေခဲမုန့်၊ ချောကလက်ကိတ် (ချောကလက်ကိတ်ပဲသိတာ။ ဘယ်လိုခေါ်မှန်းမသိ၊ ဘေး နားမှာမြေပဲပါတယ်)။
  • ပလို့ပြောင်းဖူးစားချင်တယ်။ စီးစီးလေး။ တစ်ထိုင်တည်းစားလို့ကတော့ ၅ဖူးလောက်က အသာလေးပဲ။
  • ငါးရံဆန်လောဟင်းချို သောက်ချင်လိုက်တာ။
  • ပုဇွန်ထုတ်အကြီးကြီးကို ကင်ပြီး သံပုရာသီးလေးညစ်ပြီး စားချင်တယ်။
  • ပူစီနံချပ်တနီးထောင်းစားချင်တယ်။
  • မဂိုလမ်း ဗလီအောက်က ဆိတ်ခါးပတ်စားချင်တယ်။
  • ငပိရည်ကျိုတောင်မှ ရှောင်နေရတယ်။ စားရင်သွေးတိုးလို့။ ငပိရည်ကျိုကိုလည်း ၁နှစ်လောက်ရှောင်ရ ဦးမယ်။
  • မြစ်ပြုတ်၊ ကန်စွန်းရွက်ပြုတ်၊ တမာချဉ်၊ ပဲတီချဉ်တို့ဖြင့် တို့စားလိုက်ရရင်။
    သြော် ... ကျွန်မဘ၀ကသနားစရာ.. ဟင်းးးးးးးး
ချဉ်ခြင်းတပ်နေတာတွေပါ။ ဘယ်မှာရှာရမလဲနော်။ သတိရရင်ကျန်တာတွေ ထပ်ဖြည့်ဦးမယ်။ ရန်ကုန်ရောက်ရင် အစားအသောက် အရမ်းသောင်းကျန်းတာ။ အောင့်ထားရဦးမယ်။ ရန်ကုန်ပြန်ဖို့ ၂လလောက်တောင် လိုသေးတယ် ...

အစားအသောက်မီးလိုတောက် ... ဟီးးးးးးးးးးး

Saturday, July 25, 2009

Singapore ရဲ့အိမ်သူကြီးတာဝန်

Singapore မှာနေလာတာ ၃နှစ်ကျော်ပါပြီ။ စရောက်ကတည်းက အိမ်သူကြီးလုပ်လာတာပါ။ အိမ်သူကြီးဆိုတာ အရာအားလုံး ကို၁ယောက်တည်း တာဝန်ယူ ဖြေရှင်းပေးရတာပါ။ အိမ်ရှင်စည်းကမ်းအတိုင်း နေတယ်။ စာချုပ်ပါ စည်းကမ်း အတိုင်းလိုက်နာ တယ်။ ၁ပတ်၁ခါ အလှည့်နဲ့ သန့်ရှင်းရေးလုပ်ရပါတယ်။ မလုပ်လို့ကတော့ ကျွန်မ အမြဲတမ်းပွစိပွစိပဲ။ အိမ်လာ အိပ်တဲ့သူတွေကို လည်း တာဝန်ဘယ်တော့မှမယူပါဘူး။ ကိုယ်ဟာကိုယ် တာဝန်ယူနိုင်ရင်တော့ ရပါတယ်။ မည်သူ၁ဦး၁ယောက်မှ အိမ်သူကြီး တာဝန်ကို ယူလေ့မရှိ။ အိမ်သူကြီးက လူမုန်းများ တတ်ပါတယ်။ အိမ်လာလည်တဲ့သူတွေ ၁ချို့ဆို စည်းကမ်း၁စက်မှမရှိပါဘူး။ စားပြီးသားပန်းကန်တွေ မဆေး၊ ပိုနေသော ထမင်းကျန်၊ ဟင်းကျန်တွေကို ဒီအတိုင်းလွင့်ပစ်၊ ရေကို ဗုန်းဗောလအော၂နာရီ ကြာ၊၃နာရီကြာအောင်ချိုးတဲ့သူတွေ၊ သူများ ချက်ပြီးသားဟင်းတွေ အလကားအချောင်ရလိုစိတ်နဲ့ စားချင်မှုတွေ၊ အမှိုက်ပုံးသွန်ရ မှာရွံတဲ့သူတွေ ဒီ Singapore မှာ Apartment မှာစုပေါင်းနေတဲ့သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြသာနာတွေပါပဲ။ အလုပ်က ပြန်လာလို့မောလာတိုင်း ဒီပြသာနာတွေနဲ့ နေ့စဉ်ကြုံတွေ့ ဖြေရှင်းနေရတာ။

ကျွန်မတရားမျှတစွာနဲ့ပဲကျင့်သုံးပါတယ်။ ဘာလုပ်လုပ် Sharing ပါပဲ။ Divided by ပါ။ အိမ်ငှားတဲ့ ဈေးကိုလာငှားတဲ့သူ တွေကိုအမှန်ဈေးပဲပြောပါတယ်။ PUB ကတော့လစဉ်မမှန်ပါဘူး။ လာတဲ့ Bill အပေါ်မူတည်ပြီး Bill ပြပြီး Divided ပါ။

၁ချို့အိမ်သူကြီးတွေဆိုငှားတဲ့အိမ်ဈေးကိုအမှန်မပြောပါဘူး ၁ယောက်ချင်းဆီကို အပြတ်ဈေးပြောလိုက်ပါတယ်။ အဲဒီတော့အိမ်သူကြီး ကို လုပ်ကျွေးရာကျမနေဘူးလား။ အိမ်သူကြီးက ငှားတဲ့စရိတ်ပေးစရာမလိုတော့ပဲ အလကားနေအချောင်ရလိုက်ခြင်းပါ။ ဒါကတော့ ကျွန်မအမြင်ပြောရရင် ခေါင်းပုံဖြတ်ခြင်း (သို့မဟုတ်) အမြတ်ကြီးစားခြင်းပါပဲ။ ဗမာအချင်းချင်းပဲဗျာ။ ပင်ပင်ပန်းပန်းပိုက်ဆံရှာ၊ under pressure and stress တွေနဲ့ နေနေရသူတွေအပေါ်မှာ ကိုယ်ချင်းစာနာစိတ်ကလေး မထားသင့်ဘူးလားရှင်။

Friday, July 24, 2009

လူတိုင်းရဲ့အနှိမ်ခံနေရသောကျွန်မဘဝ

ကျွန်မ PR ရထားပေမယ့် လူအများစုထင်တာ Dependent PR လို့ပဲထင်ထားကြတာ။ ကျွန်မရထားတာ Professional Skilled Worker PR ပါ။ ကိုယ်ဟာကိုယ်လျောက်ပြီးရလာတာပါ။ Dependent PR မဟုတ်ပါဘူး။ ဒီလိုပြောလို့လဲ ကျွန်မ ကို ဘ၀င်မြင့်လိုက်တာ။ လေလုံးက ထွားလိုက်တာလို့ မမြင်စေချင်ဘူး။ ကျွန်မကိုနှိမ်ခဲ့တဲ့သူတွေကို ကျွန်မအလုပ်နဲ့ သက်သေ ပြချင်တယ်။ နာမည်ကြီး အဆိုတော် ယောင်းမနဲ့ စကားပြောတယ်။ သြော် ညီမက အိမ်ထောင်ကြသွားတော့ အလိုလို PR ဖြစ်ပြီလေ။ ဒါကပြောစရာမှ မလိုတာတဲ့။ ကျွန်မလေ ဒေါသ ထွက်လိုက်တာဆိုတာမပြောပါနဲ့တော့။ ကိုယ့်ကိုကိုယ် အထင်ကြီးနေ လို့လဲ ယနေ့အချိန်ထိ အပျိုကြီးဖြစ်နေ တာပေါ့။ ကျွန်မနဲ့တွေ့တိုင်း အမြဲတမ်း နှိမ်ချဆက်ဆံတတ်တာ။ လူတွေက ဘာလို့ တစ်ဖက် သက် အမြင်နဲ့ ဆုံးဖြတ်ကြတာလဲ။ လူတိုင်းမှာ သူ့အရည်အချင်းနဲ့ သူပါ။ လူ၁ယောက်ကို အပေါ်ယံကြည့်ပြီး ဒီလူရဲ့ အရည်အချင်း၊ စိတ်ဓာတ်၊ အတွေးအခေါ်ကို ဆုံးဖြတ်လို့မရပါဘူး။ အလကားနေရင်း နှိမ်ချလို့ မရပါဘူး။
ှ
Singapore မှာကျွန်မ ကြည့်မရတာ ဗမာ ဗမာအချင်းချင်းကူညီရိုင်းပင်းမယ်လို့စိတ်မကူးဘူး။ ဘယ်နေရာမှာဘယ်လို နှိပ်ကွပ် ရမလဲ။ ဘယ်သူကိုမနာလိုဖြစ်ရင် ကောင်းမလဲပဲ ကြည့်နေကြတာ။ မုဒိတာ မပွားနိုင်ကြဘူးလား။ ဗမာတွေစိတ်ဓာတ် ယခုအချိန် ထိ အောက်တန်းကျနေလို့လဲ ဗမာပြည် မကြီးပွား မတိုးတက်လို့ သူများနိုင်ငံမှာ အလုပ်လုပ်နေကြရတာ။ ဗမာတွေရဲ့စိတ်ဓာတ် ကိုပြင်ကြပြီး မုဒိတာ စိတ်လေးထားကြပါလို့ .....

Sunday, July 5, 2009

PR ကြောင့် အလုပ်ထွက်လိုက်ရသော ကျွန်မ

ကျွန်မ PR မတင်ခင် အချိန်အတော်ကြာအောင် စဉ်းစားရပါတယ်။ PR တင်မယ်လို့ ရုံးကိုပြောလိုက်ရင် PR တင်တဲ့အတွက် ကြောင့်အလုပ်ထွက်လိုက်ရလို့် EP ကို Cancel လုပ်လိုက်ရင် Social Visit Pass က ၂ပတ်ပဲရမယ်။ ရုံးကထိုးပေး လိုက်လို့ ကွန်မ Bond ထိုးရရင်ပြသာနာ။ ကျွန်မ အတွက် တော်တော်ကိုစဉ်းစားရကြပ်ပါတယ်။ အကယ်လို့ ရုံးကထိုးပေးလိုက် လို့ Co., ကအရှုံးပေါ်နေရင် Applicant က Rejected ပါ။ ကျွန်မမတင်ခင် တော်တော် စုံစမ်းရပါသေးတယ်။ ရှေ့က တင်ထားတဲ့ ရုံးက ထောက်ခံထားတဲ့ လူတွေ အားလုံး Rejected တွေပါပဲ။ ကိုယ်တိုင်တင်ရင် ကျွန်မအလုပ်ထွက်ရမယ်ဆို တာကြိုတွေးထား ပြီးသားပါ။ PR ကိုယ့်ဟာ ကိုယ်တင်ပြီး Approved ဖြစ်ထားတဲ့အတွက်ကြောင့် လောလောဆယ် ကျွန်မ အလုပ်ထွက်လိုက်ရ ပါပြီ။ ကျွန်မနဂိုကတည်းက အလုပ်ထွက်ချင်နေတာ။ ပိုကောင်းသွားတာပေါ့။ ၂လစာတောင် အလျော်ရ လိုက်သေး။

ကျွန်မရဲ့ Position က PHP Programmer။ EP ကိုင်ထားပေမယ့် လစာက S Pass လစာပဲရှိပါတယ်။ ကျွန်မအတွက် ဒါတွေကအရေးမကြီးပါဘူး။ အဓိက က Working Experience ရဖို့ပိုအရေးကြီးပါတယ်။ စလုပ်လုပ်ချင်း Programs ရေးရတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ Photoshop နဲ့ Design ဆွဲရတဲ့ Designer ရောက်သွားပြန်ရော။ တစ်ချိန်တည်းမှာ Problem Solving Maker ဖြစ်သွားပြန်ရော။ Teachers တွေရဲ့ Wireless Connection Problem တွေ၊ Projector and Visualizer Problem တွေ၊ Set-up Projector and Visualizer Problem တွေ ဖြေရှင်းရတယ်။ တစ်ဆက်တည်း ပြင်ရင်နဲ့ပြသာနာ ဘယ်လိုဖြေရှင်းရလဲဆိုတဲ့ စာပါသင်ရသေးတယ်။ ၁ချို့တွေက နားထောင် ကြတယ်။ ၁ချို့တွေက ဒီအလုပ်က သူတို့အလုပ်မဟုတ်ဘူးဆိုတာ ခံယူထားကြတယ်။ Projector ဖြေရှင်းရတာ မလွယ်ကူ ပါဘူး။ တစ်ခါတစ်လေ ကျောင်းသားစာသင်ခုံနဲ့အပေါ်ကိုတက်ရတယ်။ Senior ကိုခေါ်တိုင်းဘယ်တော့မှမလာပါဘူး။ ပြုတ်များ သာကျသွားလို့ကတော့ ၁ခါတည်းဆေးရုံပဲ။

ဆရာ၊ဆရာမ ၆၈ ယောက် Problems ကိုနေ့တိုင်းဖြေရှင်းရပါတယ်။ ရုံးမှာ ၁နာရီပြည့်အောင် ထိုင်ခုံမှာမထိုင်ဘူးပါဘူး။ လစဉ် လကုန်တိုင်း ဖိနပ်၁ရံအမြဲဝယ်ရတယ်။ ပြသာနာဖြစ်လို့သွားဖြေရှင်းရတိုင်း ကျွန်မနေရာနဲ့တော်တော်ဝေးပါတယ်။ 5 minutes လောက်လမ်းလျှောက်ရပါတယ်။ ၁ခါ၁ရံ Advertisement အရေးကြီးပြီဆိုတိုင်း Marketing ကအမြဲခေါ်ပါ တယ်။ ချက် ချင်းဖြေရှင်းရပါတယ်။ မရှင်းလို့ကတော့လူရှေ့သူရှေ့ အဆဲခံရပါတယ်။ ကျွန်မ အမြဲတမ်းငိုရတယ်။

ကိုယ်လုပ်တဲ့နေရာမှာ ကိုယ်အထက်ကလူက ကိုယ့်အပေါ်ကောင်းဖို့ အရမ်းအရေးကြီးပါတယ်။ ကျွန်မဆိုလိုတာက ပြသာနာ၁ခုဖြစ် လာပြီဆိုလျင် Team Work ရှိဖို့လိုပါတယ်။ ကျွန်မ Mobile ကို 24 hours ဖွင့်ထားရပါတယ်။ Senior ဆီကို ၁ယောက် ယောက်က Phone ခေါ်တိုင်း I can handle it. It's okay. No Problem လို့ အမြဲတမ်းပြောတတ်ပါတယ်။ ပြီးရင် ကျွန်မကိုအဲဒီနေရာကိုသွားခိုင်းပါတယ်။ ပြီးတော့ Sorry Myo, Thank you! Thank you! တဲ့။ ဖြေရှင်းပြီလို့ နေရာ ပြန်မရောက်ခင်မှာ နောက်၁နေရာကိုထပ်သွားရပြန်တယ်။ Senior က အမြဲတမ်း Server Room ထဲမှာ အိပ်နေတာ ပါပဲ။ တာဝန်အရမ်းကြီးလာပြီဆိုရင် ကျွန်မကိုပဲအမြဲတမ်း In charge ဆိုပြီးလုပ်ခိုင်းပါတယ်။ တာဝန်ကို အမြဲတမ်းရှောင် တတ်ပါတယ်။ Senior နဲ့ပတ်သက်တဲ့ Complaint တွေက ကျွန်မဆီကိုပဲလာကြတယ်။ အမြဲတမ်း ယဉ်ကျေးစွာနဲ့ ပြောဆိုပြီး ပြန်ဖြေရှင်းပေးရတယ်။ ၁ခါ၁ရံ Senior အတွက် Cover Letter ရေးပေးရပါတယ်။ Cover Letter ရေးရတဲ့ သဘောက Senior ကို Complaint တွေကြောင့် အလုပ်မပြုတ်အောင်ဖာထေးပေးရပါတယ်။ Senior က Singaporean စစ်စစ်။ Singaporean တွေနဲ့အလုပ်လုပ်ရင် သတိထားပါ။ ပြသာနာကို ကိုယ့်အပေါ် ကျမလာအောင် အရှောင်အတိမ် အရမ်းကောင်းပါကြောင်း။ မြန်မာဆိုလျင်တော်တော်ကို အထင်သေးပါကြောင်း၊ မြန်မာတွေအားနာတတ်တာကို အခွင့်အရေး အရမ်းယူတတ်ပါတယ်။

ကျွန်မ Senior ကအကြောင်းအရာ၁ခုကို ပြောရင်ထပ်ခါထပ်ခါပဲ။ 5 Minutes နေ ၁ခါလာပြောတယ်။ နောက် 5 Minutes နေ နောက်၁ခါလာပြောပါတယ်။ ၁ခါ၁ရံအလုပ်မှာ Concentrate လုပ်လို့မရပါဘူး။ လာပြောရင်လဲ သေချာ နားထောင်ရသေး။ Senior က Breakfast စားနေချိန်၊ Lunch စားနေချိန် Phone လာလို့ကတော့ ဘယ်လောက် အရေးကြီးကြီး ဘယ်သူခေါ် ခေါ် မကိုင်ပါဘူး။ ၁ခါက CEO Phone ခေါ်တော့ ကျွန်မကလည်း Director of School အခန်းထဲမှာဆိုတော့ Silence လုပ်ထားပါတယ်။ Senior ကို CEO က Phone မကိုင်တဲ့အတွက်ခေါ်ဆူပါတယ်။ အဆူခံရပြီး အခန်းထဲပြန် ရောက်လာတော့ ကျွန်မပါ အဆူခံရပါတယ်။ ကျွန်မ Phone ကို Silence လုပ်ထားလို့တဲ့။ ဘာဆိုင်လဲနော်။ ကျွန်မ မကြိုက်ဆုံးက လူရှေ့သူရှေ့ အဆူခံ အပြောခံရခြင်းပါ။ ကျွန်မ VP, Manager တို့ အဆူခံခဲ့ ရဘူးတယ်။ အခန်းထဲခေါ်ဆူတော့ ၂ယောက်ထဲဆိုတော့ ပြသာနာမရှိဘူးပေါ့။ ကျွန်မ လုပ်တာကိုင်တာမှားလို့ဆူခံရတာ ကျေနပ်ပါတယ်။

ကျွန်မအလုပ်မှာတော်တော်သည်းခံပြီးလုပ်ရတာပါ။ ကျွန်မအလုပ်ထွက်ဖို့ သေချာသွားတာကတော့ Computer နဲ့ပတ်သက် တာတွေ အကုန်လုံးကို Bar Code လိုက်ကပ်ရတာပါ။ တာဝန်ပေးတာက ၂ယောက်။ ၃ရက်နဲ့ အပြီးလုပ်ရတာပါ။ တာဝန် အရမ်းကြီးတာဖြစ်တဲ့အတွက် Senior ကအရင်ဆုံးခေါင်းရှောင်သွားပါတယ်။ Acer Laptop အလုံး ၂၀၀၊ HP Desktop အလုံး ၈၀၊ Dell Laptop ၁၈ လုံး၊ Projector အလုံး ၄၉ လုံး လိုက်ကပ်ရပါတယ်။ ကံအဆိုးဆုံးက Company စ ထောင်ကတည်းကလက်ရှိအချိန်ထိအကုန်လုပ်ရပါတယ်။ အဆောင် ၄ဆောင်၊ အထပ် ၃ထပ်ကို ၁ခန်းဝင် ၁ခန်းထွက် လိုက်ရှာပြီး Bar Code လိုက်ကပ်ရတာ။ မနက် ၈ နာရီကနေ ည ၆နာရီ ထိလုပ်ရတာပါ။ Senior ကပြောလိုက်သေးတယ်။ Report ရေးပါ။ Bar Code No က ဘယ်နေရာ၊ ဘယ်သူဟာလဲဆိုတာ။ Auditor လာစစ်ရင် မသိမှာစိုးလို့တဲ့။ ကောင်းကြသေး ရဲ့လား။ အဆိုးဆုံးက Projector ကိုကပ်တဲ့နေရာတွေပါပဲ။ ထိုင်ခုံနဲ့တက်၊ ခြေဖျားလေးထောက်ပြီး ကပ်ရတာပါပဲ။ ကျန်သေး တာ ၁ခုက Security Camera ကိုကပ်ဖို့ပါ။ လှေကားနဲ့တက်မှာပဲရမှာ။ Seniorကို အချိုသာဆုံးစကားနဲ့ အကူအညီ တောင်းတော့ မကူညီနိုင်ပါတဲ့။ ကောင်းရော။ ကျွန်မလည်း Ignore ပဲ။

From Wednesday to Friday ပေါင်းနာရီ ၃၀ လုပ်လိုက်တာ နောက်၁ပတ် Medical Leave ယူလိုက်ရတယ်။ လမ်းလျှောက်တိုင်းခြေထောက်အရမ်းနာတာ မျက်ရည်တောက်တောက်ကျရတဲ့အထိပါပဲ။ နောက်နေ့ကျတော့ Senior ကခွင့် ၂ရက်ထပ်ယူတော့ ကျွန်မခြေတောက်ကအရင်အတိုင်းပါပဲ။

ဒီလိုနဲ့ July 1 မှာ အလုပ်ထွက်ဖို့ ကျွန်မလုံးဝသေချာသွားပါတော့တယ်။ IT ရဲ့ VP ကပြန်မရောက်တော့ Submit လုပ်ခွင့်ကလည်း မရသေး။ July 3 မှာ လူလျော့တဲ့အထဲမှာ ပါသွားပြီ လျော်ကြေးလည်းရလိုက်တော့ ကျွန်မအတွက်ပိုကောင်း သွားတာပါပဲ။ လူလျော့တဲလို့ပြောပေမယ့် PR ဖြစ်လို့ထွက်လိုက်ရတာ ပိုသေချာပါတယ်။ Singapore မှာ ရှိတဲ့ Co., တိုင်းဒီလိုပါပဲ။ ကျွန်မလုပ်ခဲ့တဲ့အလုပ်ကို လက်မလွဲခဲ့ရတဲ့အတွက်ကြောင့် Senior က Phone သေချာပေါက်ခေါ်မှာပါ။ ကျွန်မကလည်း Phone ကို ၂၄ နာရီ Silence ပါ။

ကျွန်မ Original Post က Programmer။ ကျွန်မ ကိုယ်ကိုကိုယ်ခေါင်းစဉ်တပ်ထားတာ Programmer CUM Designer CUM IT Support....