Fresh milk 2 liters (မလိုင်လုံး လုပ်ရန်) ပထမအိုး
Fresh milk 1 liters ( မလိုင်လုံး စိမ်ရန်) ဒုတိယအိုး
သကြား - ဟင်းခတ်ဇွန်း ၅ဇွန်း
ရှာလကာရည် (သို့) သံပုရာသီး ၁ခြမ်း
ပထမအိုးအသေးတွင် မလိုင်လုံးစိမ်ရန် နို့ 1 liters ကို မလိုင်တက်ပြီး ပြစ်လာသည်အထိကြိုထားပါ။ မလိုင်တက်လာလျှင် မလိုင်ချည်း ဆယ်ပြီး မလိုင်လုံးကျိုထားတဲ့အိုးထဲသို့ (ဒုတိယအိုး) ပြောင်း ထဲ့ပေးပါ။ မလိုင်ဖတ်ဆက်တက်လာတိုင်း ပြောင်းထည့်ပေးရပါမယ်။ မလိုင်လုံးစိမ်ရန် ဟင်းချိုဇွန်း ၁ဇွန်းရရင် ချလိုက်ပါ။
ဒုတိယအိုးထဲသို့ နွားနို့ 2 liters ထဲကို သကြား ဟင်းခတ်ဇွန်း ၅ဇွန်း ထည့်ပြီး မီးအေးအေးဖြင့် ဆူလာသည် အထိကြိုပါ။ ၅ မိနစ်ခန့် ပွက် ပွက်ဆူနေပါစေ။ နို့အိုးဆူနေချိန်တွင် နို့များဝေမကြစေရန် ဂရုပြုပါ။အိုး မကပ်စေရန် သစ်သားယောင်းမဖြင့် မကြာခဏမွှေပေးပါ။ နို့အိုး တော်တော်လေးဆူလာချိန်တွင် ရှာလ ကာရည် (သို့) သံပုရာရည်ကို တဇွန်းချင်းထည့်ပါ။ တဇွန်းထဲ့ တခါမွှေပါ။ တဖြေးဖြေး နို့ရည်များ ကြဲလာပြီး နို့အဖတ်ကလေးများ ကွဲလာပါ လိမ့်မည်။ ၁နာရီခန့် မီးအေးအေးဖြင့် ကျိုပေးပါ။ မလိုင်လုံးကျိုထားသောအိုး လေးပုံ၁ပုံ ခန့်တွင် အိုးကိုမီးဖိုပေါ်မှချပါ။ ဇလုံအကြီး ၁ခုတွင် ဇကာထည့်ပြီး အဲဒီအပေါ်ကို မလိုင်လုံးကျိုထားသောအိုး လောင်းချပြီး နို့ရည် ကြည်များကိုစစ်ထုတ်လိုက်ပါ။ ရေကုန်သွားပြီဆိုလျင် အ၀တ်ပါးထဲမှ နို့ခဲကို ဘန်းတခုထဲသို့ထည့်ပြီး လက်ဖြင့်သေသေချာချာ ဖိနယ်ပေးပါ။ ခြေထားသော နို့ခဲအနည်းငယ်ကိုယူ၍ လက်ညှိုး နှင့်လက်မ ကြားတွင်ထည့်ပြီးအလုံးပုံစံရပြီဆိုလျင်မိ မိ စိတ်ကြိုက် အနေ အထား အတိုင်း အလုံးလေးများပြုပါ။ နို့လုံး တင်းလာအောင် အအေးခံထားပါ။
မလိုင်လုံး ရရန် ဇကာနဲ့ စစ်ထားစဉ်
မလိုင်လုံးလေးများ
မလိုင်လုံးစိမ်ရန် ကျိုထားသောအိုးထဲသို့ အအေးခံထားသော မလိုင်လုံးတွေ ပြန်ထည့်ပေးပါ။
Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ ….





ကျွန်မမုန့်ဟင်းခါးကိုကြိုက်ပါတယ်။ရန်ကုန်ပြန်ရင်စားနေကျဆိုင်လေးရှိတယ်။ မောင်သိန်းမုန့်ဟင်းခါးခေါ်အင်း ယားလမ်းမဖြူ မုန့်ဟင်းခါးဈေးကိုကသူများထက် ၂ဆ၊၃ဆဈေးအရမ်းကြီးပါတယ်။ အဲဒီမုန့်ဟင်းခါးကို ဘယ်လောက်ကြိုက်လဲဆိုရင် ရောက်တဲ့နေ့မှာ အဲဒါပဲစားတာ။ ထမင်းတောင် မစားတော့တာ။ မေမေရှိစဉ်က ဘယ်လိုချက်သလဲဆိုတာ မေးဘူးတယ်။ သူတို့က ဘယ်တော့မှနည်း မပေးဘူး။ မေမေ မေးပါများတော့မှ ငါး ကျည်း၊ ငါးခူနဲ့ ချက်တာဆိုတာသိရတယ်။ ဒါပေမယ့်ချက်ကြည့်တော့လဲ မတူပါဘူး။ ကျွန်မက ဒီမှာ Seabass ငါးခူ၊ငါးကျည်းနဲ့၃မျိုးချက်တယ်။ ငါးကျည်းကအကောင်းဆုံးပဲ။ ကျွန်မငါးကျည်းနဲ့ချက်ပုံချက်နည်းပြောပြမယ်နော်။
တို့ဖူး မသုတ်ခင်
တို့ဖူးသုတ်
တို့ဖူးကြော်


စားချင်စိတ်ဖြစ်လာတာနဲ့ ထချက်လိုက်တာ။ နာရီဝက်ပဲကြာတယ်။ ကျွန်မရခိုင်မုန့်တီက အာပူလျှာပူလို့ ပြောပေ မယ့် မစပ်အောင် ချက်ထားတာပါ။ အစပ်အနည်းအကျဉ်းတော့စားပါတယ်။ အများကြီး စားလို့မရလို့ပါ။ ရခိုင် မုန့်တီကို ကျွန်မချက်သလို မျှဝေလိုက် ပါတယ်။



ကြက်သားကို ဆား၊ ငံပြာရည်၊ အချိုမှုန့်တို့ဖြင့် အသားထဲ စိမ့်ဝင်သွားအောင် နယ်ပါ။ ငါးဖယ်ကိုထောင်းပြီး ပြုတ် ပါ၊ ပြီးရင် ရေထည့်ပြီးပြုတ်ပါ၊ နှုးတဲ့အထိပြုတ်ပါ၊ ပြုတ်ထားသော အရည်များကို မသွန်ပစ်ပါနှင့်။ တစ်ချိန် ထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင် ထောင်းပါ။ ကြာဇံကို ရေစိမ်ပါ။ ကြာဇံဖတ်ရေထဲမှာ ပျော်ပြီးဆိုရင် အနေတော်အရွယ် ကတ်ကြေးဖြင့် ဖြတ်ပါ။ မှိုခြောက်၊ ပန်းခြောက်များကို လည်း ရေစိမ်ထားပါ။ ၄င်းကိုလည်း အနေတော်အရွယ် ကတ်ကြေးဖြင့် ဖြတ်ပါ။ ငုံးဥကိုလည်း ပြုတ်ထားပါ။ ဆီ ထည့်၊ ဆီကျက်လာလျင် ထောင်းထားသော အရာများကိုထည့်ပြီး ဆီသတ်ပါ။ အနံမွေးလာပြီဆိုလျင် ပြုတ်ထား ပြီးသော ကြက်သားများကိုထည့်ပါ။ ကြက်ပြုတ်ရည်ထည့်ပါ ရေနွေးဆူဆူထည့်ပါ။ ကြာဇံဖတ်ထည့်ပါ။ မှို ခြောက်၊ ပန်းခြောက်များထည့်ပါ။ ကြက်သွန်နီဥ သေးသေးလေးများ ထည့်ပါ။ ငံပြာရည်ထည့်ပါ၊ ငရုတ်ကောင်းမှုန့် အနည်း ငယ်ထည့်ပါ။ ကြာဇံချက် ကျက်ပြီးဆိုလျင် သံပုရာသီး ကြက်သွန်နီစိမ်းပါးပါးလှီးထားသော၊ နံနံပင်၊ ငရုတ်သီးမှုန့် တို့ဖြင့်ထည့်ပြီး သုံးဆောင် နိုင်ပါပြီ။
ကြက်သွန်နီ ပါးပါးလှီးပြီး ဆီချက် အရင်ချက်ပါ။ ခေါက်ဆွဲသုတ် ထဲကို Mandalay ပဲမှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ မန်ကျည်းမှည့်၊ အချိုမှုန့်၊ ဆီချက်၊ ဂေါ်ဖီပါးပါးလှီး (ဂေါ်ဖီမရှိလို့မထည့်လိုက်ရပါ)နံနံပင်တို့နှင့် ရောနှယ်ပါ။ စားခါနီးကျမှ ကြက်သွန်နီကြော်လေး အနည်းငယ်လှအောင် အုပ်လိုက်ပါ။