Showing posts with label စားကြမယ်. Show all posts
Showing posts with label စားကြမယ်. Show all posts

Saturday, February 4, 2012

Abalone နှင့် အစိမ်းကြော်

ကျွန်မက အပတ်တိုင်း ကြာသပတေးညဆို ၁ပတ်စာ ၀ယ်ထားပါတယ်။ အိမ်နားက 24 Hours Fair Price မှာ ၀ယ်ရတာ ရိုးနေလို့ Fair Price Extra မှာ သွားဝယ်ပါတယ်။ အသား ငါးတွေက မတူတတ်ပါဘူး။ Fair Price မှာ မရှိတဲ့ အသား Fair Price Extra မှာ ရှိတတ်ပါတယ်။ ကျွန်မက ဂဏန်းချောင်း လက်မလောက်ကြီးရှိတာ ၀ယ်ချင်လို့ သွားတာပါ။ Fair Price Extra လဲရောက်ရော အရင်က ၃၀လောက်ပဲရှိတာ 56 လောက်ပေးရ တယ်။ အထုပ်သေးလေးတော့တွေ့တယ် 18.90 ဆိုတာနဲ့ နှမြောပြီး မ၀ယ်တော့ဘူး။ အဲဒါနဲ့ Abalone ကိုတွေ့တော့ ဈေးဘယ်လောက်လဲကြည့်လိုက်တော့ 5 ကျပ်ဆိုတာနဲ့ ၀မ်းသာအားရ၀ယ်လိုက်ပါတယ်။

ဒါနဲ့ အားလုံးဝယ်ပြီးလို့ Cashier မှာ ငွေရှင်းတဲ့အခါကျတော့ အားလုံးပေါင်း 110 လောက်ကျသွားတယ်။ ကျွန်မလဲ မျက်လုံးတော်တော်ပြူးသွားတယ်။ ကျွန်မတို့ အတွက် ၂ယောက်စာဆို ၁ပတ်မှ 30 လောက်ပဲကျ တာ။ ဒီ၁ခေါက်ဆီဝယ်တာနဲ့ ကျွန်မစားချင်တာ ၀ယ်တာနဲ့ ယောင်္ကျားစားချင်တာဝယ်တာ၊ သားသား စားချင် တာဝယ်တာနဲ့ ဆိုအားလုံးကျမှ 60 ကျော်ပေါ့။ အခုဟာက အများကြီးကျနေတယ်။ Voucher လာလို့ ဖတ်လိုက်တော့ Abalone ၁ခုထဲတင် 38.90 ဆိုတော့ ယောင်္ကျားကိုတောင် ခုဏက စာဖတ်လိုက်တော့ 5 ကျပ်ဆိုလို့ ၀ယ်လိုက်တာ။ ကျွန်မ မျက်စိရှန်းသွားတာလဲ ဖြစ်ပါလိမ့်မယ်။ မျက်မှန်ကလဲ ပျောက် သွားတော့ လောလောဆယ် မျက်စိမှုန်ချင်ချင် ဖြစ်နေတာ နေမှာပါ။ ယောင်္ကျားက စောစောက ဂဏန်းအချောင်း ၀ယ်လိုက်တာကမှ ဟုတ်ဦးမယ်တဲ့။ ရက်စက်ပါ့ပေ Abalone ရယ်။ အဲဒီနေ့က ဈေးကပြန် လာပြီး တော်တော်ရင်ခံသွားတယ်။


ကဲ ဟင်းချက်ဖို့ စတော့မယ်။ ပြင်ဆင်ထားရမှာက
- Abalone ၄ခု
- ကြက်သွန်နီ ၁လုံး
- ဂျင်း လက်၁ဆစ်
- ကြက်သွန်ဖြူ ၂မွှာ
- ကော်မှုန့် ဟင်းခတ်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် အကြည် လက်ဘက်ရည်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် အနောက် လက်ဘက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ပွအကြီး၁ခု ရဲ့ ၁၀က်
- ဗိုလ်စားပဲသီး ၁၅ခု
- ရွှေပဲသီး ၁၅ခု
- မုန်လာဥနီ ၁လုံးရဲ့ ၁၀က်
- Broccoli ၁ခုရဲ့ ၁၀က်
- ဆီ ဟင်းခတ်ဇွန်း ၃ဇွန်း
- ဆား အနည်းငယ်
- အချိုမှုန့် အနည်းငယ်


ကြက်သွန်နီ ၁လုံးကို ခွာပြီး ၄စိတ်စိတ်ထားပါ။ ကြက်သွန်ဖြူ ၂မွှာကို ဓားပြားရိုက်ပါ။ ဂျင်းလက်၁ဆစ်နွှာ ထားပါ။ ဆီထည့်ပြီး ကြက်သွန်နီ လေးစိတ်စိတ်ထားတာရယ်၊ ကြက်သွန်ဖြူ ၂မွှာ ဓားပြားရိုက်ထားတာ၊ ဂျင်းလက်၁ဆစ်ထည့်ပြီး ဆီသတ်ပါတယ်။ အနံမွှေးလာရင် Abalone ထည့်ပြီး ရေနွေးအနည်းငယ် ထည့်ပြီး နှုးအောင် အရင်လုပ်ပါတယ်။ ဆီပြန်ခါနီးအချိန်ရောက်ရင် မုန်လာဥနီ ထည့်ပါတယ်။ Broccoli ထည့်ပါတယ်။ ရွှေပဲသီး၊ ဗိုလ်စားပဲသီးထည့်ပါတယ်။ ငရုတ်ပွကိုနောက်ဆုံးမှထည့်ပါတယ်။ ၁ခုချင်းဆီကို ဖြည်းဖြည်းချင်းထည့်ပါတယ်။ နူး လာအောင် စောင့်နေတုန်းမှာ ကော်ရည်ဖျော်ပါမယ်။ ပန်းကန်၁ခုထဲ မှာ ကော်မှုန့် ဟင်းခတ်ဇွန်း၁ဇွန်း၊ ပဲငံပြာရည် အကြည် လက်ဘက်ရည်ဇွန်း ၁ဇွန်၊ ပဲငံပြာရည် အနောက် လက်ဘက်ရည်ဇွန်း ၁ဇွန်း၊ ဆား၊ အချိုမှုန့်ထည့်ပြီး ကော်ရည်ဖျော်ပါတယ်။ ကော်ရည်ဖျော် ပြီးတာနဲ့  လောင်းထည့်ပြီး ဇွန်းနဲ့ မွေပြီးရင် ရေနွေး အနည်းငယ်လောင်းထည့်ပြီး ရေနည်းနည်းချန်ပြီးရင် ချလို့ရပါပြီ။

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Sunday, December 4, 2011

ကြက်ဥဟင်း ဆီပြန် ရေကျန်


ပြင်ဆင်ထားရမှာက -
ကြက်ဥ - ၅လုံး
ကြက်သွန်နီ - ၁လုံး
ကြက်သွန်ဖြူ - ၂မွှာ
ဂျင်း - လက်၁ဆစ်
ကုလားလေး မဆလာ - လက်ဘက်ရည်ဇွန်း ၁ဇွန်း
ဂေါ်ရံကြီး မဆလာ - အနည်းငယ်
အရောင်တင် မဆလာ - အနည်းငယ်
အနံချွတ် မဆလာ - အနည်းငယ်
ခရမ်းချဉ်သီး အလတ် - ၁လုံး
ဆီ - ဟင်းခတ်ဇွန်း ၄ဇွန်းခွဲ (ဟင်းခတ်ရင် ယူသုံးလေ့ရှိတဲ့ဇွန်းမျိုး)
ဆား - အနည်းငယ်
အချိုမှုန့် - အနည်းငယ်
မန်ကျည်းမှည့် - အနည်းငယ်
အရောင်တင်မှုန့် - အနည်းငယ်

ကြက်ဥ ၅လုံးကို ပြုတ် အခွံခွာပြီး ထက်ခြမ်းခြမ်းထားပါတယ်။ ကြက်သွန်နီ ၁လုံးကို ပါးပါးလှီး၊ ကြက်သွန် ဖြူ နှင့်ဂျင်းကို ညက်ညက်ထောင်းပါ။  ခရမ်းချဉ်သီး ပါးပါးလှီးထားပါ။။ ဆီထည့်ပြီး ဆီကျက်ပြီဆိုရင် ကြက်သွန် နီ ပါးပါးလှီးထားတာ ထည့်ပါ။ ကြက်သွန်နီ နွမ်းမှ ဂျင်း ကြက်သွန်ဖြူထောင်းထားတာထည့် ပါ။ နွမ်း ရင် အရောင်တင်မှုန့် အနည်းငယ်ထည့် ပါ။ ခရမ်းချဉ်သီး ပါးပါးလှီးထားတာ ထည့်ပါ။ ခရမ်းချဉ်သီး နွမ်းပြီ ဆီပြန်လာပြီဆိုရင် ကြက်ဥ ထက်ခြမ်းခြမ်းထားတာ ထည့်ပါ။ မန်ကျည်းမှည့်ကို ရေနွေးဖျောပြီးထည့်ပါ။ ဆား၊ အချိုမှုန့်၊ မဆလာ၎မျိုးထည့်ပါ။ (မဆလာ အမည်များကို နောက်မှပြောပြပါမယ်)။ ဆီပြန်လာပြီဆို ရင် ရေနွေး ကို ကိုယ်ကြိုက်ရာအနေအထားထည့်ပြီး ပွက်ပွက်ဆူလာရင် ချလို့ပါပြီ။

Saturday, August 13, 2011

ဝက်သားလုံး ချိုချဉ်ကြော်


ဝက်သားလုံး ချိုချဉ်ကြော်အတွက်ပြင်ဆင်ထားရမှာက

ဝက်သားကြိတ်သား ၁ထုတ်
ပန်းဂေါ်ဖီ ၁/၄ ပုံ
ခရမ်းချဉ်သီး ၁လုံး
မုန်လာဥနီ ၁လုံး
Broccoli ၁/၄ပုံ (or) ဗိုလ်စားပဲသီး ၁၀ တောင့်
ကြက်သွန်ဖြူ ၄ မွှာ
ဂျင်း လက် ၃ ဆစ်
ပဲငံပြာရည် အနောက် ဟင်းခတ်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် အကြည် ဟင်းခတ်ဇွန်း ၁ ဇွန်း
တရုတ်မဆလာ လက်ဘက်ရည်ဇွန်း ၂ ဇွန်း
သကြား လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းခွဲ
အချိုမှုန့် အနည်းငယ်
တရုတ်နံနံ ၅ပင်
Sweet and Sour Sauce ၁ထုတ်
ပြောင်းဖူးမှုန့် ဟင်းခတ်ဇွန်း ၁ ဇွန်း တို့ပါဝင်ပါတယ်။

ဇလုံ၁ခုမှာ ၀က်သားကြိတ်သား၊ (ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက် ၂ဆစ် ထောင်းထား ပြီးသား)၊ ပဲငံပြာရည် အနောက် ဟင်းခတ်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အကြည် ဟင်းခတ်ဇွန်း ၁ ဇွန်း၊ တရုတ်မဆလာ လက်ဘက်ရည်ဇွန်း ၂ ဇွန်း၊ သကြား လက်ဘက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ အချိုမှုန့် အနည်း ငယ်၊ ပြောင်း ဖူးမှုန့် ဟင်းခတ်ဇွန်း ၁ ဇွန်း ကို လက်ဖြင့် သမအောင်နှယ်ပြီး နာရီဝက် နှပ်ထား ပါတယ်။ နှပ်ထားပြီးလျင် ၀က် သား ကြိတ်သား ကို လုံးပါ။

ဝက်သားလုံးနှပ်ထားချိန်မှာ မုန်လာဥနီ ၁လုံးကို အခွံခွာပြီး ပါးပါးလှီးပါ။ ခရမ်းချဉ်သီး ၁လုံးကို ၄စိတ်စိတ်ထားပါ။ ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက်၁ဆစ်ကို ထောင်းထားပါ။ ပန်းဂေါ်ဖီကို လှီးထားပါ။ Broccoli ကိုလည်း လှီး ထားပါ။ (or) ဗိုလ်စားပဲသီး ၁၀ တောင့်ကို ၁တောင့်ချင်းဆီကို စောင်းစောင်းလှီးထားပါ။

ဒယ်အိုးထဲမှာ ဆီ ထည့်ပါ။ ဆီကျက်လျင် လုံးထားသော ၀က်သားများကို မီးအေးအေးဖြင့်ကြော်ပါ။ နီလာလျင် ဆယ်ပြီး ပန်းကန်ထဲထည့်ထားပါ။

နောက်ထပ် ဒယ်အိုး ၁လုံးထဲ ဆီထည့်ပါ။ ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက်၁ဆစ် ထောင်းထားပြီးသားကို ဆီသတ်ပါ။ brocoli ထည့်ပါ။ ပန်းဂေါ်ဖီထည့်ပါ။ မုန်လာဥနီထည့်ပါ။ ကြော်ထားပြီးသော ၀က်သားထည့်ပါ။ Sweet and Sour Sauce ထည့်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ ချခါနီး အချိန်မှ တရုတ်နံနံ အုပ်ပါ။

Saturday, June 4, 2011

ဂေါ်ရခါးညွှန့်ကြော်ချက်

ဂေါ်ရခါးညွှန့်ကို Golden Miles သွားတုန်းက၀ယ်လာတာပါ။ သိပ်အကြိုက်ချည်းထဲမှာမပါပါဘူး။ ဂေါ်ရခါးညွှန့်ကို အရင်ဦးဆုံး ခြွေပါတယ်။ အရိုးရင့် အောက်ပိုင်းကိုဓားဖြင့်လှီးပြီးဖြတ်ထုတ်လိုက်ပါတယ်။ ကြက်သွန်ဖြူ ၃မွှာကို ဓားပြားရိုက်၊ ကြက်သွန်နီ ၁၀က်ကို ပါးပါးလှီးဆီသတ်၊ ဆား၊ အချိုမှုန့်ထည့်ပြီ ကြော်ထားတာပါ။

Friday, June 3, 2011

ကိုက်လန်အရိုး ခရုဆီကြော်

NTUC မှာ ကိုက်လန်အရိုးချည်းပဲ ရောင်းပါတယ်။ ဒါပေမယ့် ၁ခါ၁ရံမှသာ တွေ့တတ်ပါတယ်။အကြီးကြီး၁ချောင်း ထဲပါ။ Kai Lan Stem လို့ရေးထားပါတယ်။

ကိုက်လန်အရိုးအရင်းပိုင်းကိုဓားဖြင့်ဖြတ်ထုတ်လိုက်ပါတယ်။အပေါ်ယံအရေခွံကိုလဲခြစ်ထုတ်လိုက်ပါတယ်။ လက် ၂ဆစ်အရှည်လောက်လှီးပါတယ်။ ကြက်သွန်ဖြူ၃မွှာကို ဓားပြားရိုက်ပြီးအခွံခွာထားပါတယ်။ ဆီအနည်းငယ် ထည့်ပါ။ ကြက်သွန်ဖြူဓားပြားရိုက်ထားတာထည့်ပြီး ဆီသတ်ပါတယ်။ ကိုက်လန်အရိုးထည့်၊ ဆား၊ အချိုမှုန့်၊ ခရု ဆီတို့ကိုတပြိုင်တည်းဆက်တိုက်ဆိုသလိုထည့်ပါတယ်။ ၇မိနစ်လောက်ဆိုရင်ရပါပြီ။ စားရတာ ထုတ်ထုတ်နဲ့ အရသာ အရမ်းရှိပါတယ်။

လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် ......

Thursday, June 2, 2011

ဆိတ်သားခြောက် ဆီပြန်ဟင်း

ဆိတ်သားခြောက်ကို လက်ဖြင့်ဖဲ့ပြီး ဆီ၊ ဆား၊ အချိုမှုန့်နှယ်ပြီး ကြာရှည်စားလို့ရသလို ချက်ပြီးလည်းစားလို့ရ ပါတယ်။ ကျွန်မချက်ထားတာ ၁ထုတ်ရဲ့ ၃/၄ ပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက်အားလုံး ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက် ရင်ထောင်းထားသောအရာများကိုထည့်ပါ။ ခရမ်းချဉ်သီး၁လုံးကို ပါးပါးလှီးပြီးထည့်ပါ။ ခရမ်းချဉ်သီးကြေပြီ ဆို လျင်ဆိတ်သားခြောက်ကို လက်ဖြင့်ခြေပြီးထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါတယ်။ ခဏလောက်ထားပြီးမှ ငရုတ် သီးစိမ်းတောင့်ထည့်ပါတယ်။ ဆီပြန်ရင် ရပါပြီ။

Tuesday, May 31, 2011

ကြက်မြစ် ကြက်သဲဆီပြန်ဟင်း


ကြက်မြစ်၊ကြက်သဲဟင်းကို ဆား၊အချိုမှုန့်၊ကြိတ်မဆလာတို့ဖြင့်နှယ်ပြီး ၁ညနှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက် သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက်အားလုံး ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင်ထောင်းထားသော အရာများကိုထည့်ပါ။ နွမ်းလာပြီဆိုလျင် နှပ်ထားသောကြက်မြစ်ကြက်သဲထည့်ပါ။ ရေ၃ရေထည့်ပြီး ဆီပြန်လာရင် ရပါပြီ။

Monday, May 30, 2011

ငါးရံခြောက်ဟင်း/ငါးခြောက်ဟင်း

ငါးရံခြောက်ပြားကို ၂မြောင်းဖြတ်လိုက်ပါတယ်။ လက်၁ဆစ်အရွယ်လှီးပြီး ရေ၁၀မိနစ်ခန့်စိမ်လိုက်ပါတယ်။ ငါးရံခြောက် အသားပွတက်လာအောင်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက်အားလုံးညက်နေ အာင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင်ထောင်းထားသောအရာများကိုထည့်ပါ။ ခရမ်းချဉ်သီး၁လုံးပါးပါးလှီး ပြီးဆီသတ်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုလျင် ငါးခြောက်အတုံးလေးတွေထည့်ပါ။


ရေ၁ရေနှုးပြီးလျင်နောက်ထပ်၁ရေထပ်ထည့်ပါ။ ရေစိမ်ထည့်တာထက်ရေနွေးဆူပြီးသားထည့်တာပိုကောင်းပါ တယ်။ ငရုတ်သီးစိမ်းတောင့်ကိုထက်ခြမ်းခြမ်းပြီးထည့်ပါတယ်။ ကျွန်မကအဲဒီလိုချက်စားရင် ငရုတ်သီးစိမ်းတောင့် ကိုက်စားရတာအရမ်းကြိုက်လို့များများထည့်ပါတယ်။ ချခါနီးမှ နံနံပင်အုပ်ပါ။

လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Sunday, May 29, 2011

ငါးသလဲထိုး ဆီပြန်ဟင်း

City Hall ကနေ ငါးသလဲထိုး စားချင်နေလို့ဝယ်လာခဲ့ပါတယ်။ အရမ်းအကြိုက်ကြီးထဲမှာမပါပါဘူး။ ချက်စား တာ တော်တော်ကိုရှားပါတယ်။ ငါးသလဲထိုးကြော်ထက် ဟင်းကိုပိုကြိုက်ပါတယ်။ ငါးသလဲထိုး ၁၀က်ကိုရေ စင်အောင်ဆေးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့် နှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ် ပွခြောက်အားလုံး ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ထောင်းထားသောအရာများ ကိုထည့်ပါ။ ခရမ်းချဉ်သီး၁လုံး ပါးပါးလှီးပြီးဆီသတ်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုလျင် နှယ်ထားသောငါးသလဲထိုးများ ထည့်ပါတယ်။ ပုဇွန်အကွေး ငါးအနွေးဆိုတဲ့အတိုင်း ဆီပြန်လာလျင် နံနံပင်အုပ်ပြီး သုံးဆောင်နိုင် ပါပြီ။

အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, May 28, 2011

အိမ်လုပ် Pizza



ဒီ၁ခါ အိမ်လုပ် Pizza အကြောင်းပြောပြမယ်နော်။ ကျွန်မ Pizza အရမ်းကြိုက်ပါတယ်။ နာနတ်သီးပါတဲ့ Pizza ကလွှဲရင်ကျန်တာအကုန်စားပါတယ်။ Pizza အိမ်မှာဘယ်လိုလုပ်ရလဲဆိုတာ နည်းလမ်းပေးသော Aunty Sweet ကို ကျေးဇူးတင်ကြောင်းပြောပါရစေရှင်။

ကျွန်မ Pizza ဘယ်လောက်ကြိုက်လဲဆိုရင် သားသားကိုယ်ဝန်ဆောင်ထားစဉ်က Pizza အရမ်းကြိုက်လို့ မှာ Online ကနေ Delivery မှာစားတာလေ။ အိမ်နဲ့ Pizza Hut ကနီးနီးလေးကို ... :)

ကျွန်မလုပ်ပုံလုပ်နည်းပြောပြမယ်နော် ...


ပုံမှာပါတဲ့အတိုင်းအားလုံး Fair Price မှာဝယ်လို့ရပါတယ်။ Pizza အောက်ခံက ၁ထုတ်ကို ၅ချပ်ပါပါတယ်။ ကျွန်မသုံးထားတာ Italian Sauce ပါ။ Pizza ပေါ်ဖြူးရတဲ့ Cheese ကိုဝယ်ပါတယ်။ အထုတ်မှာရေးထားတတ် ပါတယ်။
ဒီပုံက Pizza မှာပါတာတွေကို ပြင်ဆင်ထားတာပါ။ အရင်ဦးဆုံးကြက်သားကို အသားချည်းပဲ ပြုတ်ပါတယ်။ ကြက်သားဟင်းချက်စဉ်က ဖယ်ထားတဲ့ အသားတွေကို ဆား၊ အချိုမှုန့်နှယ်ပြီးပြုတ်လိုက်ပါတယ်။ မှို၅လုံးကို လှီးထားပါတယ်။ ပန်းငရုတ်ပွ ၁လုံးရဲ့ ၁၀က်ကို သေးသေးလေးတွေလှီးထားပါတယ်။ Picnic Ham ကိုလေးတောင့်ပုံစံလေးတွေလှီးထားပါတယ်။

Pizza Base ၁ချပ်ကိုယူပြီး Intalian Sauce ကို ပေါင်မုန့်သုတ်တဲ့ ဓားဖြင့် ပေါင်မုန့်သုတ်သလိုပုံစံ သုတ်လိုက်ပါ တယ်။ မထူမပါးသုတ်လိမ်းပေးရပါမယ်။ အရမ်းထူလွန်းအားကြီးလဲမကောင်းပါဘူး။ ကြက်သားပြုတ်ထားပြီးသား ကိုအနှံတင်ပါတယ်။ Picnic Ham ကိုလဲနေရာအနှံတင်ပါတယ်။ မှိုလဲတင်ပါတယ်။ ပြီးရင် ပန်းငရုတ်ပွတင် ပါတယ်။ နောက်ဆုံးမှ Cheese ကို နေရာအနှံဖြူးပါတယ်။ ကျွန်မအိမ်မှာ Oven မရှိတဲ့ အတွက် Oven လိုပုံစံပေါင်မုန့်မီးကင်စက်နဲ့ အပေါ်နှင့်အောက် မီးအပူဖြင့် ၁၀မိနစ်ခန့်ကင်ပါ တယ်။ မကင်ခင် ကင်မယ့် သံပြားကို မကပ်အောင် ထောပတ်/ဆီအနည်းငယ် သုတ်လိမ်းပေးပါ။

နောက်ဆုံးမှာ ဒီလိုလေးဖြစ်လာပါတယ်။

အားလုံးပဲကျန်းမာရွှင်လန်းပါစေရှင် .....

Friday, May 27, 2011

ပဲပုတ်ချက်

City Hall ကနေ ပဲပုတ်တွေ့လို့ ပဲပုတ်ချက်စားရအောင် ၀ယ်လာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ညက်နေအောင်ထောင်းပြီးဆီသတ်ပါတယ်။ အရောင်လှချင်တယ်ဆိုရင်တော့ အရောင်တင်မှုန့် အနည်းငယ်ထည့်ပါ။ နွမ်းလာပြီဆိုလျင် ခရမ်းချဉ်သီး၁လုံးပါးပါးလှီးပြီး ထည့်ပါ။ ခရမ်းချည် သီးကြေပြီ ဆိုလျင် ပဲပုတ်ထည့်၊ ငပိစိမ်းစား အနည်းငယ်ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ထက်ခြမ်းခြမ်းပြီး ထည့်ပါတယ်။ ဆား၊ အချိုမှုန့် ထည့်ပါတယ်။ ဆီပြန်လာရင် ရပါပြီ။


အားလုံးပဲ ကျန်းမာရွှင်လန်းပါစေရှင် .....

ပဲပုတ် (အနီးကပ်)

Thursday, March 17, 2011

သခွားသီးသုတ်

သခွားသီးသုတ် ဆိုပေမယ့် ကျွန်မက သဘောင်္သီး မကြိုက်လို့ သခွားသီးနဲ့သုတ်ကြည့်တာပါ။ အရမ်းစားကောင်း ပါတယ်။ ကျွန်မကချဉ်ချဉ်စပ်စပ်ဆိုရင်အရမ်းကြိုက်တာ။ ကိုယ်တိုင်လုပ်စားချင်နေတာကြာပြီ။ သခွားသီးနဲ့ သုတ် ရင်ကောင်းမှာပဲလို့ စဉ်းစားမိပါတယ်။ ကျွန်မက အဲဒီလိုပေါက်တတ်ကရတွေလည်း ၁ခါ၁လေ လုပ်တတ်တယ်။ အထူးအဆန်းပေါ့။ စားကောင်းတော့လည်း နောက်ထပ်ချက်ရမယ့်ဟင်း ၁ခွက် တိုးသွားတာပေါ့ရှင်။ အခုလဲ ကျွန်မအတွက် နောက်ဟင်း ၁ခွက် တိုးသွားပါပြီ။ စကားမစပ် ဒီနေ့ သားသား အသက် ၁နှစ် ၁လပြည့် သွားပါပြီ။

အရင်ဦးဆုံး သခွားသီး ခပ်လတ်လတ်၁လုံးကို အခွံခွာ၊ ထိပ်ပိုင်း ၂ခုကိုဖြတ်ပစ်ပါတယ်။ ရေဆေးပါတယ်။ ထက် ခြမ်း ခြမ်း ပြီး အစေ့အကုန်လုံးကို ဓားနဲ့ထုတ်ပစ်ပါတယ်။ ဓားဖြင့် သေးသေးရှည်ရှည်လှီးပါတယ်။ စိတ်တော့ အတော်ရှည်ရတယ်။ ပန်းကန်လေးထဲမှာ လှီးထားပြီးပြီဖြစ်သော သခွားသီးတွေကို ပုံထားပါတယ်။ ပဲသီးတောင့် ကိုရေဆေးပြီး အနေတော် လှီးထားပါတယ်။ လက်၂ဆစ် အရွယ်ဆိုရပါတယ်။ စိမ်းစားငပိကို မီးဖုတ်ပါတယ်။ ကြက်သွန်ဖြူ ၃မွှာကို အခွံမချွတ်ပဲ မီးဖုတ်ပါတယ်။ ငရုတ်သီးစိမ်းတောင့် ၁၀ တောင့်ကို အညာခြွေပြီး လှော်ပါ တယ်။ ငရုတ်ဆုံထဲမှာ စိမ်းစားငပိဖုတ်ပြီးသား၊ ကြက်သွန်ဖြူ ဖုတ်ပြီး အခွံနွာပြီးသား၊ ငရုတ်သီးစိမ်း တောင့် မီးဖုတ်ပြီးသားကို အားလုံး ၁ခုပြီးမှ ၁ခု ညက်နေအောင်ထောင်းပါတယ်။ ညက်ပြီးဆိုလျင် ပန်းကန်ထဲမှာထည့် ထားပါတယ်။ သံပုရာသီး ၁စိတ်လှီးပါ။ ကျွန်မက ၁ခြမ်းလုံးထည့်ချင်တာ။ မြေပဲအနည်းငယ်ကိုထောင်းပါတယ်။ မြေပဲက ထောင်းထားတာကော၊ မြေပဲကော ၂မျိုးလုံးထည့်ပါတယ်။ ခရမ်းချဉ်သီးအသေး၁လုံးကို ပါးပါးလှီးထား ပါတယ်။ အားလုံး အသင့်ဖြစ်ရင် ဆား၊ အချိုမှုန့်ထည့်ပြီး သုတ်လို့ရပါပြီ။

အစေ့လွတ် သခွားသီး မသုတ်ခင်

အစေ့လွတ် သခွားသီး သုတ်အပြီး

အားလုံးပဲ ကျန်းမာရွင်လန်းပါစေရှင် ...

Friday, February 25, 2011

ငါးကျည်းခြောက်ကြော်

ငါးကျည်းခြောက်ကို ထက်ပိုင်းပိုင်းပြီး အလယ်ကအရိုးကို ထုတ်ပါ။ ကြက်သွန်နီ ခပ်လတ်လတ် ၂ဥ၊ ကြက်သွန်ဖြူ ၅မွှာ၊ ဂျင်းလက်၁ဆစ်တို့ကိုအခွံခွာရေဆေးပြီး ပါးပါးလှီးပါ။ အကြော်ကြော်တဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပါ။ ဆီကျက် ရင် ငါးကျည်းခြောက် အခွံခွာထားတာ ထည့်ပြီးကြော်ပါ။ ကြွပ်တဲ့ အထိကြော်ပါ။ ကြွပ်လာရင် ဆယ်ပြီး ပန်းကန် ပြား ၁ခုထဲထည့်ထားပါ။ အကြော်ကြော်ထားသောဆီဖြင့် လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို နီညိုရောင် သန်းလာတဲ့ အထိကြော်ပါ။ နီညိုရောင်သန်းလာတဲ့ အချိန်မရောက်ခင်မှာ ငရုတ်သီး လေးစိပ်ကွဲ ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ အစပ်ကြိုက်တဲ့သူများအတွက်ကတော့ များများထည့်နိုင်ပါတယ်။ ကျွန်မက တော့ အနေတော်ထည့်ပါတယ်။ ပြီးရင်ဆယ်ပြီး အသင့်ကြော်ထားပြီးသော ငါးကျည်းခြောက်ပေါ် ကို အုပ်လိုက်ပါ။

ထမင်းစားရင် ဘယ်ဟာနဲ့စားစား ထမင်းစားမြိန်စေပါတယ်။ ကျွန်မတို့ ၂ယောက်ကတော့ ၂ရက်လားခံတယ်။ ၁ခါထဲကြော်လည်းရပါတယ်။ ကျွန်မငယ်ငယ်တုန်းက စကြော်ခါစ ငါးကလည်းမကျက်သေး၊ ငရုတ်သီးလေး စိပ်ကွဲကကျက်နေပီ။ မီးဖိုဆောင် ၁ခုလုံး ငရုတ်သီးအညော်နံတွေ (၁အိမ်လုံး အညော်နံရခဲ့တယ်ဆိုရင် ပိုမှန်ပါ လိမ့်မယ်) ရှိခဲ့ဖူးလို့ အဲဒီကတည်းက ကြော်မယ်ဆိုလျင် ၁ခုပြီးမှ ၁ခုကြော်ပါတယ်။ ငယ်ငယ်တုန်းက မြန်မြန်ပြီး ချင်တဲ့စိတ်ရှိတော့ ပြီးပြီးရောချက်လိုက်တာ။ အဲဒီလို ၁ခုပြီး ၁ခုထည့်ပြီးကြော်တော့ စားလို့ပိုကောင်းတယ်။

Friday, February 18, 2011

ပဲစောင်းလျားသီးသုတ်


အလှူနေ့က လုပ်ဖြစ်ခဲ့တဲ့ ပဲစောင်းလျားသီးသုတ်ပုံသုတ်နည်း အကြောင်းပြောပြမယ်နော်။ ပဲစောင်းလျားသီးကို ပထမဦးစွာ အလယ်က အစင်းကြောင်းကို ခွာပါတယ်။ ဒါမှမဟုတ်ရင်လဲ လက်နဲ့ထက်ပိုင်းပိုင်းရင် အစလေးတွေ ထွက်လာမှာပါ။ ပြီးရင် ရေစင်အောင်ဆေးပြီး ၁၀ မိနစ်ခန့်ပြုတ်ပါတယ်။ ပြုတ်ပြီးသား ပဲစောင်းလျားသီးကို အအေးခံပြီး ဓားဖြင့် ပါးပါးလှီးပါ။ ပန်းကန်ထဲမှာထည့်ထားပါ။ မြေပဲ ထမင်းစားဇွန်း ၁ဇွန်းဝက်ခန့်ကို မညက်တညက် ထောင်းထားပါ။ ကြက်သွန်နီ ၁ဥ ခပ်လတ်လတ် အရွယ်ပါးပါးလှီးထားပါ။ ဇလုံ၁ခုထဲမှာ လှီးထား ပြီးသော ပဲစောင်း လျားသီး၊ လှီးထားပြီးသော ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ နှမ်း ထမင်းစားဇွန်း ၁ဇွန်း၊ သံပုရာသီး ၁စိတ်ညစ်ပြီး ထည့်ရန်၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီး အမှုန့် ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။


Tuesday, February 15, 2011

ငါးဖယ်ဟင်းဆီပြန်

ငါးဖယ်ချက်မယ်ဆိုလျင် လုပ်ရတာ အရမ်းများလို့ ချက်မယ့်နေ့မတိုင်ခင်ဆို အရမ်းပျင်းပါတယ်။ ဒါပေမယ့် မလုပ် လို့ကလည်း မဖြစ်ပြန်ပါဘူး။ Blog မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီ။ ချက်ထားတဲ့ဟင်းတွေအများကြီး ပါ။ ဖြည်းဖြည်းချင်းရေးမယ်နော်။ လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ။

ဂျင်း လက်၁ဆစ်၊ ကြက်သွန်ဖြူ ၅မွှာကို အခွံခွာပြီး ညက်နေအောင်ထောင်းပါတယ်။ ငါးဖယ်ကို မွနေအောင် ထောင်းပါတယ်။ ထောင်းထားပြီးသား ငါးဖယ်ကို ဆား၊ ဆနွင်း အချိုမှုန့်၊ ညက်အောင်ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူဖြင့်နံအောင်နှယ်ပါတယ်။ စီးလာလျင် လက်ဖြင့် အလောတော်လုံးပြီး ငါးဖယ်အ၀ိုင်းလေးများ ဖြစ်အောင်လုပ်ပါတယ်။ ခရမ်းချဉ်သီး ၁လုံးပါးပါးလှီးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေ အောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီပူလာလျင် အသင့်ပြင်ထားသော ငါးဖယ်အ၀ိုင်းလေးများ ကိုကြော်ပါ။ ငါးဖယ်ကို မီးပူရုံ ဟိုဖက် ဒီဘက်လှန်ပြီးဆယ်ထားပါ။ ငါးဖယ်ကြော်ထားသောဆီဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ဆီသတ်ပါ။ နွမ်းလာ ပြီဆိုလျင် ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့်ပါ။ ငါးဖယ်ကြော်ထည့်ပါ။ ရေနွေးထည့်ပါ။ ငရုတ်သီးစိမ်းတောင့် ၁၀တောင့်ကို ထက်ခြမ်းခြမ်းပြီးထည့်ပါ။ ဆီပြန်လာလျင် နံနံပင်လေးအုပ်ပါ။

Sunday, February 13, 2011

ABC Pork Ribs Soup - Singapore Style

ဟင်းအသစ်မတင်ဖြစ်တာ တော်တော်တောင်ကြာသွားပြီ။ ဖြေးဖြေးချင်း တင်ပါမယ်နော်။

ဂျင်း လက်၁ဆစ်အခွံခွာ၊ ကြက်သွန်ဖြူ ၅မွှာလောက်ကို အခွံခွာ၊ ၀က်နံရိုးကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည် အနည်းငယ်ထည့်ပြီး မချက်ခင် ၁ည နှပ်ထားပါတယ်။ ဒယ်အိုး၁လုံးမှာ ရေတ၀က်ထည့်ပြီး ရေပွက်ပွက်ဆူမှ အခွံခွာထားပြီးသား ဂျင်း၊ ကြက်သွန်ဖြူထည့်ပါတယ်။ ၃မိနစ်လောက်ဆိုရင် အနံပျောက်ပါပြီ။ အနံပျောက်လျင် နှပ်ထားသော ၀က်နံရိုးထည့်ပါ။ ပြောင်းဖူး ၂ဖူးကို ၆ပိုင်း ပိုင်းပါတယ်။ အခွံပါချွတ်ပါတယ်။ အားလူး အခွံခွာ၊ ဥနီ အခွံခွာပြီး အားလုံးကို ၁ချိန်ထဲထည့်ပြုတ်ပါတယ်။ ၁နာရီနီးနီးပြုတ်ပါတယ်။ ၀က်နံရိုးနူးအိလျင်ရပါပြီ။

Friday, December 24, 2010

သာယာသော ညနေခင်းလေးမှာ


ကျွန်မ Blog လာလည်သူ အားလုံး Christmas ပါ။ Christmas အကြို အတွက် လုပ်စားဖြစ်တာပါ။ Singapore မလာခင် December လရဲ့နောက်ဆုံးရက်မှာ အဖေနဲ့ကော၊ အိမ်သား အားလုံးနဲ့ ကော New Year ကြိုတဲ့ အနေ နဲ့ လုပ်စားဖြစ်ကြပါတယ်။ New Year တောင် မကြိုနိုင်ဘူး။ Barbecue ပုံစံလို လုပ်စားကြတာ။ ည ၇နာရီမှာ စလိုက်တာ ၉ နာရီမထိုးခင် ကုန်သွားရော။ New Year တောင် မရောက်သေးဘူး။ ကျွန်မက အိပ်ပျော်သွားပြီ။ ကျွန်မက New Year, Christmas ဆိုရင် အရမ်းပျော်တယ်။ အဲဒီလိုလုပ်စားလိုက်ရတာကို ပျော်တာ။ လုပ်နည်း ပြောပြမယ်နော်။ လွယ်လွယ်လေးပါ။

အရင်ဆုံး ကြက်သားကို ၂ခြမ်းခြမ်းပါ။ ကျွန်မ ၀ယ်လာတာ ကြက်၁ကောင်လုံး ဒါပေမယ့် ခေါင်း မပါ၊ လည်ပင်းရိုး မပါ၊ ကလီစာ မပါပါ။ ပေါလဲပေါတယ်။ Wet Market ကနေ၀ယ်တာ။ Small Chicken လို့ ပြောပြီးဝယ်လိုက် တာ။ ဘယ်အချိန်ဝယ်ဝယ် 2.20 ပဲပေးရမယ်။ ကြက်သား ခြမ်းပြီးသား ၂ပိုင်းကို ရေဆေး၊ အချို မှုန့်၊ ဆား၊ တရုတ် မဆလာ၊ ဒိန်ချဉ်၊ ထောပတ်၊ ကြက်ကင် ကင်တဲ့အမှုန့် တို့နဲ့နယ်ပါတယ်။ ကြက်ကင် ကင်တဲ့ အမှုန့်က ကုလား ဆိုင်က၀ယ်လာတာ။ 1 ပဲပေးရတယ်။ အများကြီးရတယ်။ Satay Powder လို့ပြောပြီး ၀ယ်လို့ ရပါတယ်။ ၁ည သိပ်ထားပါတယ်။

နောက်နေ့မှာ မုန်လာဥနီ ၁ဥ၊ အခွံနွှာ၊ လေးစိပ် စိပ်ပြီးပြုတ်ပါတယ်။ အားလူး ၂လုံးကိုလည်း အခွံနွှာ၊ လေးစိပ် စိပ် ပြီး ဆားဖြင့်နယ်ပြီးပြုတ်ပါတယ်။ ၂ရည် တည်ပြီးရင် ရပါပြီ။ အားလူးကို ထောပတ်အနည်းငယ်ထည့်၊ ဆား အနည်းငယ်ထည့်ပြီး ငရုတ်ဆုံထဲမှာ ထည့်ထောင်းပါတယ်။ ကြက်သွန်နီဥ ၁လုံးကို အခွံခွာ၊ အကွင်းလိုက်လှီး ထားပါတယ်။ ကြက်သွန်နီ ထိပ်ဖက် ၂ခုကို လွှင့်ပစ်လိုက်ပါတယ်။ ခရမ်းချဉ်သီး အကွင်းလိုက်လှီးပါတယ်။ ခရမ်းချဉ်သီး ထိပ် ဖက် ၂ခုကို လွှင့်ပစ်လိုက်ပါ တယ်။

အိုး ၁လုံးထဲမှာ ရေထည့်ပြီးတည်ထားပါတယ်။ ရေဆူလာရင် ဘိုစားပဲသီး ၁၀တောင့်ကိုထည့်ပါတယ်။ ၅မိနစ်နေ ရင်ရပါပြီ။ နှပ်ထားကို ကြက်သားကို oven ထဲထည့််ပါတယ်။ မိနစ် ၄၀ထားရင်ရပါပြီ။ ထောပတ်နံ သင်းနေတဲ့ ကြက်သားကင်လေးရပါပြီ။

ပန်းကန်ထဲမှာ ကြက်ကင်၊ ခရမ်းချဉ်သီး အကွင်းလိုက် ၂ခု၊ မုန်လာဥနီ ၂ခု၊ ဘိုစားပဲသီး ၅တောင့်၊ အချဉ်၊ ကြက် သွန်နီ အကွင်းလိုက် ၂ခု၊ Mashed Potatoes။

Could you join?

MERRY CHRISTMAS

Tuesday, October 26, 2010

ကြက်သား ခါးပတ်ချက်


ကြက်သားကို အသေးလေးတုံးပြီး ပဲငံပြာရည်အကြည် အနည်းငယ်၊ ဆား၊ အချိုမှုန့်တို့ဖြင့်နှပ်ထားပါ။ ကြက်သွန် ဖြူ ပါးပါးလှီး၊ ကြက်သွန်နီအကွင်းလိုက်လှီး၊ ဂျင်းလက်၁ဆစ်ခန့်ကို ပါးပါးလှီး၊ ခရမ်းချဉ်သီးအကွင်းလိုက်၊ ငရုတ် သီးစိမ်းတောင့် ထက်ခြမ်းခြမ်းထားတာ အဆင်သင့်ပြင်ထားပါ။ ဆီထည့်ပြီး ဆီကျက်လျင်ကြက်သားထည့်ပါ။ ရေ နွေးထည့်ပြီးကြက်သားနှုးအောင် တည်ပါ။ ရေခမ်းစပြုလျင် အဆင်သင့်ပြင်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ ဂျင်း၊ ငရုတ်သီးစိမ်းတောင့် ထည့်ပါ။ ဟင်းမွှေးမဆလာ အနည်းငယ်ထည့်ပါ။ ခရမ်းချဉ်သီး အကွင်းလိုက်ကို နောက်ဆုံးဆီပြန်ပြီး ချခါနီး အချိန်ကျမှထည့်ပါ။ ပူစီနံ အရွက်လေးအုပ်ပါ။ (ပူစီနံအရွက် မရှိလို့ မထည့်လိုက်ရ ပါဘူး)

Sunday, October 24, 2010

ကျွန်မရဲ့ ဟင်းချက်နည်း


ကျွန်မရဲ့ဟင်းချက်နည်းကတော့ ချက်မယ့်အချိန်ရောက်ရင် မြန်မြန်ချက်နိုင်အောင် ပြင်ဆင်ထားတာပါပဲ။ ကျွန်မက မချက်ခင်ညမှာ နောက်နေ့ချက်ဖို့အတွက် ပြင်ဆင်ထားလေ့ရှိပါတယ်။ ပန်းကန်ထဲမှာ အစီအရီ ထည့် ထားလိုက်ပါတယ်။ နောက်နေ့ ချက်မယ့် အချိန်ရောက်တော့ ကောက်ပြီးထည့်လိုက်ရုံပါပဲ။ ပိုမြန်တာပေါ့။

ကြက်သွန်နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကိုထောင်းထားပြီး ၁ပတ်စာ ပြင်ဆင်ထားတာပါ။ ၁ပတ်စာ ဆိုပေမယ့် ၁ခါ၁လေ ၁ပတ်မပြည့်ခင်လည်းကုန်တတ်ပါတယ်။ ကိုယ်ချက်တဲ့အပေါ်မှာမူတည်ပါတယ်။ အသား၊ ငါးကို ချက်မယ့်နေ့ မတိုင်ခင် ညမှာ ဟင်းချက်မယ်ဆိုရင် ဆား၊ ဆနွင်း၊ အချိုမှုန့်ထည့်၊ အချိုချက်မယ် ဆိုရင် ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ ခရုဆီထည့်ပြီး နှပ်ထားလိုက်တာပါပဲ။

ကြိတ်စက်နဲ့ ကြက်သွန်နီ အကြီးကြီး ၆ခုခွာ ပါးပါးလှီး၊ ကြက်သွန်ဇြူ ၁ဥခွာ ပါးပါးလှီး၊ ဂျင်း လက် ၃ဆစ် ပါးပါးလှီး၊ ငရုတ်ပွခြောက်ကို ရေစိမ်၊ အခွံချွတ်၊ အစေ့ထုတ် ပြီးရင် အားလုံးကိုကြိတ်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း တွေ့ရ မှာပါ။

ငရုတ်ဆုံကတော့ ငပိရည်ဖျော်တဲ့ အခါ၊ မန်ကျည်းသီးစိမ်းထောင်းတဲ့ အခါပဲသုံးဖြစ်တယ်။ ၁ခါ၁လေ မလုပ်ချင်ရင် Blander နဲ့ ကြိတ်လိုက်တာပဲ။

ဆီသတ်ချက်မယ် ဆိုရင် ကြက်သွန် နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ထောင်းထားပြီးသား ထည့်လိုက် တာပါပဲ။ ဥပမာ - ကြက် သားဟင်း၊ ၀က်သားဟင်း။ ဆိတ်သား၊ အမဲသား ချက်မယ်ဆိုရင်တော့ မွေးအောင် ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ ဖလာစေ့ ဟင်းမွှေးမဆလာ ထည့်လိုက်တာပါပဲ။ အဲဒီဟင်းတွေချက်မယ်ဆိုရင် ဂျင်းကတော့ ပုံမှန်ထက် ပိုထည့်ပေးရင်ကောင်းပါတယ်။

မြစ်ချဉ် နှင့်ဝက်သားဟင်း၊ ပုဇွန်ဟင်း၊ ငါးခြောက်ဟင်း၊ ငါးနှင့်ပတ်သက်တာ မှန်သမျှတွေကို ကြက်သွန်နီ၊ ကြက် သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ထောင်းထားပြီးသား အပြင် ခရမ်းချဉ်သီး စိပ်ပြီး ဆီသတ်ထည့်တာပိုကောင်းပါ တယ်။ ငရုတ်သီးစိမ်းတောင့်ခြမ်းပြီးသားပါ ထည့်ပေးပါ။ ဆီပြန်ပြီ ဆိုလျင် အပေါ်ကနေ နံနံပင် အုပ်ပါ။

အချိုချက်မယ်ဆိုရင် ကြက်သွန်နီ လေးစိပ်စိပ်၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ ဂျင်း လက်၁ဆစ် ပါးပါးလှီးပြီး ချက်မယ် နေ့ မတိုင်ခင်ညမှာ ပြင်ဆင်ထားလိုက်ပါတယ်။ အသား၊ ငါးတွေကိုတော့ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ ခရုဆီထည့်ပြီး ၁ညနှပ်ထားပါတယ်။

ဟင်းရွက်တွေကိုတော့ ကြက်သွန်ဇြူ ဓားပြားရိုက်ပြီးတော့လည်း ကြော်ပါတယ်။ ကြက်သွန်နီ ပါးပါးလှီး ပြီးတော့ လည်းကြော်ပါတယ်။

အရည်သောက်ကိုတော့ ကြက်သွန်ဖြူ၃မွှာလောက်ဓားပြားရိုက်၊ငပိစိမ်းစားထည့်၊ ပုဇွန်ခြောက်မှုန့်ထည့်ပါ တယ်။

ချဉ်ရည်ဟင်းကျတော့ ထုံးစံအတိုင်း ကြက်သွန်နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ဆီသတ်၊ ခရမ်းချဉ်သီး စိပ်ထားပြီးသားထည့်၊ ခရမ်းချဉ်သီး နွမ်းပြီဆိုလျင် ငါးခေါင်းထည့် (ကိုယ်ကြိုက်တာ ထည့်လို့ရပါ တယ်)။ ၅မိနစ်လောက်ထား၊ ပြီးမှ ရေနွေးထည့်ပါ။ ငပိစိမ်းစား အနည်းငယ်ထည့်၊ မန်ကျည်းမှည့်လေး အရည်ဖျော်ထည့်တော့ ချဉ်ရည်ဟင်း ၁ခွက်ရရော။

ကျွန်မဟင်းချက်ရင် ရေထပ်ထည့်ဖို့လိုရင် ကျိုထားပြီး ပူနေသော ရေနွေးပဲ ထည့်ပါတယ်။ ရေအေးထည့်လိုက် တာနဲ့မတူပါဘူး။ ရေအေးထည့်ပြီးချက်ရင် အသားကဆိတ်တောက်တောက် ဖြစ်တတ်ပါတယ်။ တနည်းအားဖြင့် စားမကောင်းပါဘူး။

ဒါတွေကကျွန်မဟင်းချက်ရင်ဘယ်လိုချက်သလဲဆိုတာအားလုံးကို သိစေချင်သောရည်ရွယ်ချက်ဇြင့်ဝေမျှတာပါ။

Wednesday, October 20, 2010

ကြက်သား နှင့် ဂွေးတောက်ရွက် အရည်သောက်ချက်

ဂွေးတောက်ရွက်ကို City Hall ကနေ၀ယ်လာတာပါ။ S$ 1 ကျပ် ပေးရပါတယ်။

ဂွေးတောက်ရွက် ၁၀က်ကို ၂ခြမ်းပိုင်း လိုက်ပါတယ်။ မချက်ခင်ရေဆေးထားပါ။ ကြက်သားကိုလည်း ဆား၊ ဆနွင်း၊ အချိုမှုန့်ဇြင့် နှယ်ပြီး နှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ် ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ထောင်းထားသော အရာများကို ထည့်ပါ။ အရည်သောက် ချက်မှာ ဖြစ်တဲ့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အနည်းငယ်ပဲ ထည့်ပါတယ်။ ထည့် ထား သောအရာများ နွမ်းလာလျင် နှပ်ထားသော ကြက်သားထည့်ပါ တယ်။ ဆီပြန်လာ သည်အထိ ယောင်းမဇြင့် မွေပါ။ ဆီပြန်စပြုလျင် ရေနွေးထည့်ပြီး ကြက်သားနှုးလာသည်အထိစောင့်ပါ။ ကိုယ်လို ချင်တဲ့ အနေအထား လည်းရောက်ပြီ၊ ကြက်သားလည်း နှုးပြီဆိုလျင် ဂွေးတောက်ရွက်အုပ်ပါ။ ၅မိနစ်နေရင် အရသာမြည်းပြီး ချလို့ ရပါပြီ။