Showing posts with label General Knowledge. Show all posts
Showing posts with label General Knowledge. Show all posts

Tuesday, December 8, 2009

ဘ၀လမ်းစဉ်

Facebook မှာပုံတွေကြည့်ရင်းနဲ့ ကြိုက်လွန်းလို့ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်။
  • မမေ့မလျော့စဉ်းစားပါ။
  • သိအောင်ကြိုးစားပါ။
  • ကိုယ်မပျက်ပါစေနှင့်။
  • သူတစ်ပါးစိတ်မဆင်းရဲပါစေနှင့်။
  • မိဘကိုစားနိုင်တဲ့အခါကျွေးပါ၊ သေမှမငိုပါနှင့်။
  • သူများအပြစ်ကို မပြောနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
  • ဗြဟစိုရ်တရား အမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
  • အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
  • ကြီးသူကိုရိုသေပါ၊ ရွယ်သူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
  • မစူးစမ်းမဆင်ခြင်ပဲ မပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
  • နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
  • မျှမျှတတပြောဆိုပါ။
  • နေ့စဉ်စစ်ဆေးမှကြီးပွားနိုင်သည်။
  • မကောင်းတဲ့အကုသိုလ်စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
  • သူများကြီးပွားချမ်းသာတာကို မနာလို၊ မရှူစိမ့် မရှိပါစေနှင့်။
  • နေရာတိုင်းမှာ ကိုယ်ချင်းစာတရားများများထားပါ၊
  • မိမိကိုယ်ကိုဆုံးမခြင်းကသာ၍ ကောင်းသည်။
  • မာနကို နှိမ်ချ၊ လူ၏တန်ဖိုးကိုမြှင့်တင်ပါ၊ တာဝန်ကို ကျေပွန်ပါ။
  • အရာရာမှာ စေတနာ၊ တာဝန်နဲ့စိတ်ကောင်း၁ခုထားပါ။
  • မွန်မြတ်သော ၀ိပသာနာတရား အားထုတ်ဖြစ်အောင်ကြိုးစားပါ။

Sunday, June 14, 2009

ဗဟုသုတ

ကျွန်မရဲ့ Blog ကိုဖတ်ကြတဲ့သူများကို သိစေချင်သော စိတ်လေး ၁ခုရယ်ပါ။ ကျွန်မငယ်ငယ်က စာအရမ်းဖတ်ပါ တယ်။ ဖတ်ပြီး ကျွန်မကြိုက်သောအကြောင်းအရာများဆိုရင်း စာအုပ်လေးထဲမှာ မှတ်ထားပါတယ်။ ဒေါ်ရီကြိန်ရဲ့ အေးအတူပူအမျှ နှင့် အပေးအယူမျှပါစေ စာအုပ်၂အုပ်က ကျွန်မ အကြိုက်ဆုံးစာအုပ်တွေပါဘဲ။ ဘယ်တော့ဖတ် ဖတ် ရိုးမသွားပါဘူး။ အိမ်ထောင်ရှိတဲ့သူတိုင်းဖတ်သင့်တဲ့ စာအုပ်ကောင်းတွေပါ။ ကျွန်မမှတ်ထားတဲ့စာအုပ်လေး ထဲကနေ အကုန်လုံးကိုပြန်ပြီး ဖြန့်ဝေလိုက်ပါတယ်။

ချစ်တယ် ဆိုတဲ့စကားကိုမပြောကြတဲ့လူ ၃မျိုး

၁။ အချင်းချင်းနားလည်ပြီးသားဖြစ်ပေမယ့် အခြေအနေ ၁ခုခုကြောင့်မပြောဘဲနေသင့်လို့နေတာ။
၂။ ရင်ထဲမှာရှိရင်ပြီးရော ဒီစကားကိုမပြောလဲဖြစ်တယ်လို့ ခံယူထားကြသူ။
၃။ အချိန်မရွေးရုန်းထွက်လို့ရအောင် အချည်အနှောင်မခံချင်လို့ တမင်ကိုမပြောကြတဲ့သူ။

အိမ်ထောင်ပြုကြရာတွင် -

၁။ ငယ်စဉ်ကမိမိမပြည့်ဝ၊ မဖြည့်ဆည်းနိုင်ခဲ့တဲ့ ဘ၀မျိုး ဖြည့်ဆည်းနိုင်ရေး။
၂။ ငယ်စဉ်မိဘနှင့်နေစဉ်ကရခဲ့တဲ့မိသားစုပျော်ရွင်မှုမျိုးဆက်လက်ရှိရေး။


အိမ်ထောင်ဖက်ရွေးရာတွင် မရွေးသင့်သော အချက်၃ချက်

၁။ ပစည်းဥစာကိုမက်မောပြီးတော့အိမ်ထောင်ဖက်မရွေးပါနှင့်။
၂။ ဂုဏ်ပကာသနကိုလည်းဦးစားမပေးပါနှင့်။
၃။ ကာမဆနာ ၁ခုတည်းကိုတပ်မက်ပြီး အိမ်ထောင်ဖက်မရှာပါနှင့်။

ယောကျား ၃မျိုး

၁။ မိန်းမလှမြင်တိုင်း ငမ်းငမ်းတက်ပိုးပန်းဂရုစိုက်တတ်တဲ့သူ။
၂။ ကိုယ်ချစ်တဲ့မိန်းကလေးကိုမှ ဂရုစိုက်တတ်တဲ့သူ။
၃။ အနောက်တိုင်း Style, Lady First ဆိုတာကို ကျင့်သုံးတတ်တဲ့ ဂုဏ်သရေရှိ လူကြီး လူကောင်းတွေ။

ယောကျားဆိုတာ -

၁။ ချီးမွမ်း။
၂။ အမြှောက်။
၃။ အချော့ ကြိုက်လေရဲ့။ အိမ်ထောင်ရေးပိုမိုခိုင်မြစေရန်အတွက်ရယ်ပါ

လင့်ကျင့်ဝတ် ၅ ပါး

၁။ မိမိဇနီးဧ။် အရည်အချင်းကောင်းများကို ရှာဖွေလေ့လာပြီး ဇနီးသည်အား လေးစားမြတ်နိုးစွာ တာဝန်ပေးမှု ရှိ ရမည်။
၂။ မိမိရှာဖွေရရှိသော ပစည်းဥစာများကို ဇနီးသည်ထံ ၁အိမ်ထောင်လုံးအတွက် စားဝတ်နေရေးဖူလုံအောင် ပေး အပ်ရမည်။
၃။ ဇနီးမှတပါး တခြားသော အမျိုးသမီးများအပေါ် မပြစ်မမှား စိတ်မ၀င်စားပဲ ကာယိနြေကို ထိန်းသိမ်းရမည်။
၎။ ဇနီးသည်အား အချိန်အခါ၊ အခြေအနေအရ အ၀တ်အစားများ ပေးကမ်းရမည်။
၅။ မိမိဇနီးအား မြတ်နိုးချစ်ခင်ကြင်နာရမည်။

မယားကျင့်ဝတ် ၅ ပါး

၁။ အိမ်တွင်းမှုတည်းဟူသော စားဝတ်နေရေးအတွက် မှန်မှန်ကန်ကန်စနစ်ဇယားနှင့် ယောကျားရှာဖွေပေးသမျှ နှင့် လောက်ငအောင် စီမံနိုင်ရမည်။
၂။ အိမ်သုံးပစည်းမှန်သမျှ မလေမလွင့် မပျက်စီးမပျောက်ရှအောင် ထိန်းသိမ်းနိုင်ရမည်။
၃။ လင့်ယောကျားမှတပါး တခြားသော အမျိုးသားများနှင့် ဆက်ဆံရာတွင် သန့်သန့်စင်စင်ဖြင့် ကာယိနြေကို စောင့်စည်းရမည်။
၎။ မိမိဘက်၊ မိမိခင်ပွန်းဘက် ဆွေမျိုးတို့အား ကူညီပေးကမ်းသည့်အခါ မျှမျှတတ တရားသဖြင့်ပြုမူရမည်။
၅။ မိမိသည် အိမ်ထောင်ရှင် ၁ဦးပြုရမည့်တာဝန်များ ပေါ့ပေါ့တန်တန်သဘောမထားပဲ လုံလ၀ီရိယပညာနှင့် ကြိုးစားသူဖြစ်ရမည်။

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် -

၁။ စွန့်စားနိုင်ရမည်။
၂။ ကျွမ်းကျင်ရမည်။
၃။ ရင်းနှီးမြှပ်နှံနိုင်ရမည်။

မိဘအမွေဆက်ခံထိုက်သော သား၊ သမီး ၄ မျိုး

၁။ သားကြီး၊ သမီးကြီးအရင်း။
၂။ အမွေစား၊ အမွေခံအဖြစ် အထင်အရှား မွေးစားတဲ့သား၊ သမီး။
၃။ အမွေဆက်ခံဖို့ရည်ရွယ်ချက်မရှိပဲ မွေစားတဲ့သား၊ သမီး။
၎။ လင်ပါ၊ မယားပါ သမီး။

မိဘအမွေမခံထိုက်သော သား၊ သမီး ၂ မျိုး

၁။ မိဘစကားနားမထောင်ပဲ ခွေးနှင့်တူသောသား၊ သမီး။
၂။ အပျော်အပါးလိုက်စားရာမှရလာတဲ့သား၊ သမီး။

သူငယ်ချင်းကောင်း မိတ်ဆွေစစ်

၁။ လိုအပ်နေချိန်တွင်ပေးကမ်းချီးမြှင့်ကူညီခြင်း။
၂။ မိမိနှင့်တစ်တန်းတည်းထားပြီးပေါင်းသင်းဆက်ဆံခြင်း။
၃။ သူ့စီးပွားကိုလိုလားဆောင်ရွက်ပေးခြင်း။
၎။ ချိုသာသောစကားနှင့်ဆန့်ကျင်ဘက်မဖြစ်အောင်ပြောဆိုခြင်း။
၅။ မှန်ကန်သောစိတ်ထားအမြဲရှိခြင်း။


သတိထားရမည့်ယောကျား

၁။ အမေရဲ့သြဇာကိုသိပ်နာခံတတ်တဲ့သူ။
၂။ ရင့်သီးရိုင်းစိုင်းတဲ့သူ။
၃။ ပေါကြော့နေတတ်တဲ့သူ။
၎။ စိုးမိုးခြယ်လှယ်တတ်တဲ့သူ။
၅။ ဂတိမတည်တတ်တဲ့သူ။