Showing posts with label အချစ်ရဆုံး သားလေးများ. Show all posts
Showing posts with label အချစ်ရဆုံး သားလေးများ. Show all posts

Monday, June 22, 2015

သား ၂ယောက်လုံးရဲ့ အမှုအကျင့်လေးများ

သားကြီးက ၅နှစ်ပြည့်ပြီဆိုတော့ ရန်ကုန်မှာဆို သူငယ်တန်း .. ပြီးခဲ့တဲ့ တစ်ခေါက် ရန်ကုန် ပြန်တုန်းက သူငယ်တန်းဖတ်စာ ဝယ်လာတယ် ... ၅နှစ်ပြည့်ပြီး မကြာဘူး ... တရုတ်စာ အိမ်ခေါ်သင်တယ် ... မိဘက တရုတ်စာ မရေးတတ် မပြောတတ်တော့ သားကြီး အခြေအနေ သိရအောင် ထားတာ .. အိမ်မှာသာ မပြောတာ ... အကုန်နားလည်တယ် .. ပြောနိုင်တယ် ... ရေးနိုင်တယ် ... အရေးက အရမ်းပျင်းတယ် ... တစ်မျက်နှာ ဘယ်တော့မှ မရေးဘူး ... တဝက်ပဲ ရေးတယ် ... သားကြီးက ဉာဏ်အရမ်းကောင်းတယ် ... တစ်ခါပြရင် မှတ်မိတယ် ... အလွတ်ပြန်ရေးနိုင်တယ် ... ဒါပေမယ့် ဉာဏ်ကောင်းလွန်း အားကြီးလို့လား မသိဘူး ... တအားပျင်းတယ် ... အိမ်မှာ မွန်မွန်က English, Chinese, မြန်မာစာ သင်တယ် ... အဖေက Maths သင်တယ် ... အပေါင်း အနှုတ်ကတော့ ရနေပြီ … 



English ကတော့ Library က စာအုပ်ငှားပြီး ဘယ်လောက်နားလည်သလဲ ဘယ်လောက်ဖတ်တတ်သလဲဆိုတာ သင်တယ် ... မွန်မွန်လဲ တချို့ စာလုံးတွေဆို အသံထွက်မသိတော့ dictionary ဘေးထားပြီး သင်ရတယ် ... Popular က K1 K2 စာအုပ်ဝယ်ပြီး သင်တယ် ... ၁လစာ ဝယ်တယ် ... အများကြီးလဲ မဝယ်ပေးနိုင်ဘူး .. ၃၀ ဖိုးလောက်တော့ ဝယ်တယ် ... သင်ရင်နဲ့ လွယ်တဲ့ စာလုံးဆို စာအုပ်တစ်အုပ်ထဲ မှတ်ထားပြီး သားကြီးကို တစ်နေ့ ၃လုံး သို့မဟုတ် ၅လုံးသင်တယ် ... ကျက်ခိုင်းတယ် ... အလွတ်ရေးခိုင်း ဆိုခိုင်းတယ် ... English က words ကိုတော့ သိနေရမယ်လေ ... သားကြီးအတွက် လက်ရေးလှစာအုပ်နဲ့ ကျင့်ခိုင်းထားတယ် .. ဘယ်လောက်ရေးလဲဆိုတော့ တဝက်တောင် မကျိုးသေးဘူး ... ရေးရမှာ တော်တော် ပျင်းတယ် ... စာလုံး ၁လုံး ၃ကြိမ်ထက် ပိုမရေးဘူး ... မွန်မွန်နဲ့ဆို နာရီဝက်ထက် ကျော်ပြီး သင်လို့မရဘူး ... 

တရုတ်စာကတော့ ဆရာမက မြန်မာလို အသံထွက် အဓိပ္ပါယ်ရယ် ရေးပေးတော့ တခါတလေမှ မေးကြည့် အလွတ်ချရေးခိုင်းကြည့်တာ ... တစ်ပတ်မှာ အနည်းဆုံး ၁ရက်တော့ လုပ်ရတယ် ... တရုတ်စာ ဘာလို့သင်လဲဆိုတော့ ဒီမှာက မိဘတွေက ကလေးတွေအတွက် အရမ်း stress များတယ် ... သားသမီးတွေကို ဖြစ်စေချင်ကြတာ .. အပြိုင်ပေါ့ ... ကြားရဖန်များတော့ မွန်မွန်လဲ stress ရလာတယ်  ... အဲဒါနဲ့ အိမ်ခေါ်သင်ဖြစ်သွားတယ် … 



မြန်မာစာကတော့ နေ့တိုင်း ၅ရက် သင်ဖြစ်တယ် ... သင်ခန်းစာ ၁ခုကို ကျေညက်အောင် ၁ပတ်သင်တယ် .. ဒီလိုအရွယ်တွေက စာကို သင်ချင်စိတ်ရှိအောင် လုပ်ရတယ် ... သားကြီးက ကားကြိုက်တယ် ... Figures လေးတွေ ကြိုက်တယ် .. စသင်သင်ချင် အဲဒီလိုလေး လုပ်ရတယ် .. အမေနဲ့ဆို မသင်ချင်ဘူး ... အမေ သင်ပေးရတဲ့ ဘာသာရပ်တွေက မှတ်ရတာတွေ များတာကိုး ... စာသင်မယ်ဆို အမေနဲ့ ရန်ဖြစ်ရတာ ခဏခဏ ... နောက်ဆို သားကြီးကို မဆူအောင် စိတ်ထိန်းရမယ် ... အခုလောလောဆယ် ငြိထားလို့ အဆင်ပြေနေတယ် ...  

၅နှစ် မပြည့်ခင်က သားကို တရုတ်စာ စထားမယ်ဆိုတော့ မလိုက်နိုင်မှာစိုးတယ် .. ဒါကြောင့် ၅နှစ်ပြည့်မှ စထားဖြစ်တယ် ... Section က အပ်လို့မရတော့ဘူး ... အဲဒီတော့ နောက်ဆုံး အိမ်ခေါ်သင်ရတယ် .. အိမ်ခေါ်သင်တော့ စာဘယ်လောက်လိုက်နိုင်လဲ သိရတယ် ... Section ပို့ရင် လူများတော့ တစ်ယောက်ခြင်း အခြေအနေ အသေးစိပ် မသိနိုင်ဘူး ... ယေဘုယျလောက်ပဲ သိမှာလေ ... တရုတ်စာကို သားကြီး မလိုက်နိုင်ဘူး မရဘူး ထင်ထားတာ တကယ်တမ်း သင်တာ နားထောင်ကြည့်တော့ ရတယ် ... သားကြီးက ပြောသေးတယ် ... ဖေနဲ့မေက တရုတ်လို မတတ်ဘူး ဒါကြောင့် တရုတ်လို မပြောဘူး ... English and Myanmar လိုပဲ ပြောမယ်တဲ့ ... အဲဒါကို မြန်မာလို ပြောသွားတာ မဟုတ်ဘူး ... English လို ပြောသွားတာ … 



သားကြီးကို ဘုန်းကြီးကျောင်းတော့ ပို့ချင်တယ် ... မြန်မာ စကားထက် လိမ္မာ ယဉ်ကျေးဖို့လိုတာပါ ... Burmese Culture ကိုသိဖို့ အရေးကြီးတယ် ... သားကြီးကို အိမ်မှာ English ပြောရင် ဗမာလိုပါ ပြန်ပြောပေးတာ .. အခု သားကြီးကို ညာလို့ မရတော့ဘူး ... ဗမာလို တော်တော် နားလည်နေပြီ ဗမာလိုကနေ ဒါက English လို ဒီလို ခေါ်တာ မဟုတ်လား ဆိုတာ ပြောသေးတာ ... မွန်မွန်ယူဆတာတော့ ဘယ်လူမျိုးမဆို ကိုယ့်ရဲ့ မိခင်ဘာသာစကားကို မမေ့သင့်ဘူးထင်တာပဲ ... 

ကလေးတစ်ယောက်ကို သင်ရတာ မလွယ်ပါဘူး ... ကလေး တစ်ယောက်ရဲ့ အထာသိမှ ရမှာလေ .., ကလေး အထာမသိပဲ သင်လို့မရဘူး ... ကလေးကို စာသင်ရင် ဘယ်ကစပြီး သင်ရင် ပိုစိတ်ဝင်စားမလဲဆိုတာ အတော်လေးလိုပါတယ် ... မွန်မွန်တောင် အခုချိန်ထိ ကျင့်ယူနေရတုန်း ... သားကြီးကတော့ သူကြိုက်တာလေးတွေနဲ့ မျှားလို့ရတယ် ... နာရီဝက်ထက် ပိုသင်လို့ မရဘူး ... ဒါပေမယ့် ဆရာမနဲ့ စာသင်ရင်တော့ ၂နာရီထိရတယ် ... Chinese Tution မထားခင်ကတည်းက အဲဒီ ၂နာရီလုံးလုံး ထိုင်နိုင်ပါ့မလား စိုးရိမ်ခဲ့ရတာ ...

သားကြီး အကြောင်းရေးပြီးသွားတော့ သားငယ်လေး အကြောင်း ရေးရဦးမယ် ... သားငယ်လေးက ၁နှစ်ပြည့်သွားပြီ ... လမ်းမလျှောက်တတ်သေးဘူး ... လမ်းလျှောက်ရဖို့ ကြောက်နေသေးတယ် ... ကိုယ့်ဟာကိုယ် မတ်တပ်ရပ်တပ်နေပြီ ... အပေါ်ကို ကိုယ့်ဟာကိုယ် တက်တက်နေပြီ ... အပေါ်ကနေ အောက်ကိုလဲ ဆင်းတတ်နေပြီ ... အဖေလုပ်သူက ကစားကွင်းခေါ်သွားပြီး လျောစီးတာ သင်ပေးထားတော့ အိမ်ရောက်ရင် ကုလားထိုင်ပေါ်ထိုင်ပြီး ကိုယ်ကို လျောချပစ်တာ ... လျောစီးသလိုမျိုးလေ ... အစက ဘာလုပ်မှန်း မသိဘူး ... နောက်မှ အဖေက ကစားကွင်းခေါ်ပြီး ပြထား ဆော့ထားတော့ လျောစီးချင်နေတာ ... သား၂ယောက်ရှိတော့ ဝယ်ပေးရင် ၂ခု ဝယ်ပေးတယ် .., အရောင်တော့ခွဲထားတယ် ... သားငယ်က အရုပ်ဆင်တူရှိနေလဲ အကိုဟာပဲ လာလာလုတယ် ... အကိုနဲ့လဲ ခဏခဏ ရန်ဖြစ်တယ် .. 



တခါတလေ အကိုလုပ်သူကို စိတ်တိုလာရင် ဆွဲကုတ်ပစ်တာ ... အကို လုပ်သူက ပြန်တော့ မလုပ်ဘူး ... အဖေနဲ့ အမေကို ငိုပြီး လှမ်းတိုင်တယ် ... သားငယ်က အခု ၁နှစ်ပြည့်ပြီးကတည်းက ဆန်ပြုတ် မစားတော့ဘူး ... ထမင်း စစားနေပြီ ... သားငယ်က အစားအသောက်ဆို ဘာကျွေးကျွေး အကုန်စားတယ် ... သားကြီးက အပြင်စာ မစားဘူး .. အိမ်က ချက်တဲ့ ထမင်း ဟင်းပဲစားတယ် ... သားငယ်က ထွားတယ် အရပ်မြင့်တယ် ... သားငယ်က စားသလောက် ၀၀ လာတယ် ... သားကြီးက ဘယ်လောက်စားစား ပိန်တယ် ... လက်ခုပ်တီးတတ်တယ် ... မေ့မေ့ သားငယ်လေး ဘယ်မှာလဲဆိုရင် ရင်ဘတ် ပုတ်ပြတယ် ... မချိုမချဉ် မျက်နှာပေး အားကြီး လုပ်တတ်တယ် ... သားငယ် အရှေ့ 1 to 9 ဆိုပြရင် 9 ပြီးရင် 10 ဆိုပြီး ပြောတတ်တယ် ... တစ်ခုခု လိုချင်ရင် လက်ညိုးနဲ့ ခိုင်းတတ်လာပြီ ... သားငယ် နေမကောင်းရင် တအားဂျီကြတယ် ... ဆေးတိုက်ရခက်တယ် ... အဲဒီတော့ ရေပတ်တိုက်ပေးတယ် ... ပြီးရင် အမေကို အနားအကပ်မခံတော့ဘူး ... အုပ်ဆေး အုပ်ပေးတယ် ... အုပ်ဆေးက ချွေးထုတ်တဲ့ အုပ်ဆေးပါ ... မန္တလေးကနေ မှာရတာ ... နန်းတွင်းသုံး ဗမာဆေးတွေ ... မွန်မွန် ငယ်ငယ် ကတည်းက အဲဒီ့ဆေးတွေနဲ့ပဲ ကြီးလာခဲ့တာ ... ဆေးက တကယ်ကောင်းတယ် ... ချွေးထုတ်ဆေး အုပ်ပြီးသွားရင် ချွေးက တကယ်ထွက်လာတာ ... ငယ်ငယ်က အတော်ငြိမ်သလောက် အခု ဆော့တတ်လာပြီ ... ကုလားထိုင်ခုံပေါ်ကို တက်တပ်နေပြီ ဆင်းတတ်နေပြီ ... ကိုယ်လုံး သိပ်မထိန်းနိုင်သေးဘူး ... အစားကတော့ တကယ်စားတယ် ... သားငယ်က သတ္တိခဲလေး ... ကာကွယ်ဆေးထိုးတာ တချက်မှ မငိုဘူး ... 



သား၂ယောက်လုံးက အစာကျွေးတာတော့ မခက်ဘူး ... အဲဒီအတွက် မိဘက စိတ်မညစ်ရဘူး ... ပူတော့ မပူဆာတတ်သေးဘူး ... ဈေးသွားရင်တော့ ပစ္စည်းတွေ ဆွဲချတတ်နေပြီ ... အရုပ်လဲ ဆွဲချတယ် ... အကို ကျောင်းက ပြန်လာရင် အကိုရှိတဲ့နေရာ တောက်လျောက် လိုက်တယ် နေတယ် ... ဘယ်သူမှ အခန်းထဲ မရှိရင် မနေဘူး ... လက်ညိုးထိုးပြီး သွားမယ် ဆိုတာချည်းပဲ ...  

ဒီစာရေးနေချိန် Mickey's K1 Parents- Teachers Meeting မှာ

Strong Point - Mickey က English မှာ Listening & Reading အရမ်းကောင်းတယ် ... အထူးသဖြင့် Reading ... ၁ပတ် ၁ကြိမ် Library သွားပြီး စာအုပ် ၄အုပ် ငှားပြီး အိမ်မှာ ညတိုင်းဖတ်ရတယ် .. တရုတ်စာမှာ Reading & Writing ကောင်းတယ် ... Group နဲ့ စာသင်လို့မေးလိုက်ရင် အရင်ဆုံး ဖြေတာ Mickey တဲ့ ... 

Weak Point - English စာ ရေးတဲ့ Writing နေရာမှာ ရေးပုံရေးနည်း တချို့စာလုံး နည်းနည်းလွှဲနေတယ် ... English Writing အားနည်းတာ ဉာဏ်အရမ်းကောင်းတော့ သင်လိုက်ရင် ၂လုံးလောက်ရေးပြီးရင် ရေးတတ်တော့ ဆက်မရေးတတ်တော့ အဲဒီလိုတွေ ဖြစ်နေတာ .. တရုတ်စာမှာ Speaking က ပြောပေးရမယ် ... မပြောတာတော့ မဟုတ်ဘူး ပိုပြီးသွက်လာအောင် ...    ဘာမဆို I want to be the Winner & I want to be the first ဖြစ်ချင်တာ ... မဖြစ်ရင် အရမ်း စိတ်ဆိုးတာ .. အဲဒါလေးကို ပြင်ယူရမယ် ... 

Parents & Teachers Meeting က ၁နှစ် ၂ကြိမ်လုပ်တယ် ...  နှစ်စဉ် June & December မှာ ... ကလေးတိုးတက်လား ဆိုးလား လိမ္မာလား စာတော်လား အကုန်သိရတယ် ... 

ကျောင်းမှာ ဘာ Activity လုပ်ထားလဲဆိုတာ သိရတယ် … ကျောင်းတိုင်းတော့ မိဘ မခေါ်ပါဘူး ... ကျောင်းပေါ်မူတည်တယ် ထင်တာပဲ … ကျွန်မကတော့ သားတွေ အပေါ် Stress အရမ်းများတယ် … ဖြစ်ချင်လွန်း အားကြီးတာကိုး … တခါတလေ စိတ်တော်တော်လျော့ထားရတယ် … သားကြီးကျောင်း ဆီက တော်တယ် ဆိုတာ ကြားရတယ့်နေ့ဟာ ကျွန်မအတွက် အပျော်ဆုံးပါပဲ … ရှိသမျှ အကုန်မေ့တယ် … 

နောက်မှ ထပ်ပြီးဆက်ရေးဦးမယ်နော်  …

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ … 

Saturday, March 14, 2015

သားကြီးနှင့်သားငယ် အမှုအကျင့်လေးများ

သားကြီးကို Library ကနေ စာအုပ်ငှားတာကို အလေ့အကျင့်လုပ်ပေးတာ ၄ကြိမ်မြောက် ဖြစ်လာပါပြီ ... ဒီနေ့ စာအုပ်ကို ဘယ်လို ပြန်ပေးလဲ ... လိုချင်တဲ့ စာအုပ်ယူပြီး စားပွဲမှာ တိုးတိုးလေး ဖတ်ရတယ် .. စာအုပ် ဘယ်လို ငှားရလဲဆိုတာ ရှင်းပြပေးတယ် ... ကျောင်းက ဆရာမတွေက Playgroup ထဲက စသွားခိုင်းတာ ... အဲဒီ အချိန်သွားရင် သားကြီးက ဘာမှ နားလည်မှာ မဟုတ်ဘူးလေ ... စကားတောင် ၃နှစ်မှ အဖေ အမေ ခေါ်တတ်တာဆိုတော့ မသွားဖြစ်ဘူး … 


နားလည်တဲ့ အချိန်သွားတော့ Development တိုးတက်တာ ပိုမြန်မယ် ထင်ပါတယ် ... အရင်ကမသွားတဲ့အချိန်နဲ့ အခုအချိန်ယှဉ်ကြည့်ရင် တော်တော်လေး ဖတ်တတ်လာပြီ ... တစ်မျက်နှာဖတ်ပြီးရင် သူဘယ်လောက်နားလည်လဲ ရှင်းပြခိုင်းတယ် ... သင်တဲ့သူကော ဖတ်တဲ့သူကော Reading Skill ကောင်းလာတာပေါ့ ... သားကြီးကို P1 စတက်တဲ့ အချိန် English Book ကို ကောင်းကောင်းကျွမ်းကျင်စွာ ဖတ်နိုင်ရင် ကျေနပ်ပါပြီ ... အခု အချိန်မှာလဲ ကျေနပ်ပါတယ် ၅၀%ပဲ ရှိသေးတယ် ... အမေက သားတစ်ယောက်ကို ဖြစ်ချင်တာတွေ သိပ်များနေတယ် …

သားကြီးရဲ့ လက်ရေးများ

သားကြီးကို ကျောင်းထားတော့ ကျောင်းက စည်းကမ်းလေးတွေ အပြင်မှာ လိုက်လုပ်တတ်တာ တွေ့ရတယ် ... ကားလမ်းကူးလို့ ကားရှင်းနေပေမယ့် မီးပွိုင့်က နီနေရင် လုံးဝ မကူးဘူး ... အဲဒီ့အချိန် အမေက ကူးလို့ကတော့ တဗျစ်တောက်တောက်နဲ့ ... May May, you are ... သူနဲ့ လမ်းကူးရင် စိမ်းမှကူးတယ် ... လမ်းမှာ မုန့်စားရင်တောင် စားပြီးသားအမှိုက်ကို တွန်းလှည်းအောက်က ပုံးထဲထည့်တယ် ... ပြီးစလွယ် လမ်းဘေး လွှတ်မပစ်ဘူး ... တွန်းလှည်းနဲ့ မသွားရလဲ အမှိုက်ကို ပုံးထဲရောက်အောင်ထည့်တယ် ... ကျောင်းက အတတ်ပညာတင်မဟုတ် လူမှုပတ်ဝန်းကျင်မှာ စည်းကမ်းရှိအောင် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးတယ် ... ကစားစရာဆိုလဲ ကြိုက်တာ ယူဆော့လို့ရတယ် ... ဆော့ပြီးရင် နေရာတကျ      သူ့နေရာ သူပြန်ထားရတယ် ... အိမ်မှာတော့ ဆော့ပြီး ဒီအတိုင်းပဲ … 



သားကြီး ကျောင်းကပြန်လာရင် ထမင်းကျွေး ရေချိုး ပြီးရင် မွန်မွန်ရေချိုး ပုတီးစိတ် ပြီးရင်  English Lesson ကို အမေနဲ့ လုပ်ရတယ် ...  English Lesson Sets ကို Popular က ၀ယ်တယ် ... တစ်နေ့ Lesson တစ်ခုစာ ပြီးတဲ့ အထိသင်တယ် ... အမေနဲ့ဆို စာသိပ်မလုပ်ချင်ဘူး ... Spelling ကျက်ခိုင်း လက်ရေးလှနဲ့ ပြန်ရေးခိုင်းဆိုတော့ သိပ်မလုပ်ချင်ဘူး .. စာလုပ်ပြီးရင် လုပ်ချင်တာ လုပ်ခွင့်ပေးထားတယ် ... ည ၁၁ နာရီဆို အဖေနဲ့ Maths လုပ်ရင်လုပ် မလုပ်ရင် Library ကငှားထားတဲ့ စာအုပ်ဖတ်တယ် ... Science က နောက်လမှ စသင်တော့မယ် ... တဖြည်းဖြည်းနဲ့ မြန်မာစာ သင်မယ် ... တရုတ်စာက ဆရာမနဲ့ လုပ်ပါစေ ... အိမ်လာသင်တော့ တိုးတက်မှု ဘယ်လောက်ရှိလဲ ခန့်မှန်းလို့ရတာပေါ့ … စာရေးရမှာ အရမ်းပျင်းတယ် … စာလုံး တစ်လုံးရေးဖို့ပြောရတာ အာပေါက်မတတ်ပဲ .. ကြိမ်လုံးပြပြီး ရေးခိုင်းရတယ် .. ချော့တခါ ချောက်တလှည့်ပဲ ...


Mickey & Nicky

စိတ်ထဲမှာ အမြဲတမ်း ခေါင်းထဲသွင်းထားရတယ် ... အလုပ်က ပြန်လာတိုင်း စာသင်ပေးဖို့ ... Mickey က စာသင်တာနဲ့အတူ လက်တွေ့ယှဉ်ပြရင် သင်လွယ် တတ်လွယ် မှတ်လွယ်တယ် ... စာလုပ်ရအောင် ခေါ်လိုက်ရင် မငြင်းပဲ လုပ်တတ်တာကိုတော့ သဘောကျတယ် ... စာလုံးတစ်လုံးထဲ တစ်မျက်နှာပြည့်အောင် မရေးဘူး ... သူတတ်နေတယ် ထပ်ရေးစရာ မလိုတော့ဘူးလို့ ထင်နေလား မသိပါဘူး ... အဲဒါတော့ မကြိုက်ဘူး ... စာရေးလိုက်တော့ ပိုမှတ်မိလွယ်တာပေါ့ ... Flash Card လို လုပ်ပြီး သင်ရင် မှတ်မိလွယ်တယ် ... 


သားငယ်က အခုစာရေးတဲ့အချိန် ၉လပါ ... အခုမှ မှောက်ရက်သွားတုန်းရှိသေးတယ် ... လေးဘက်ထောက် စနေပြီ ... ခန္ဓာကိုယ်က အလေးချိန်များတော့ အလေးချိန် မထိန်းနိုင်ဘူး .. ထင်ပါတယ် ... မှောက်ရက်သွားတဲ့ အချိန်ကစပြီး လျှောက်သွားနေတာ မြန်သလား မမေးနဲ့ ... သွက်လဲသွက်လာတယ် ... လက်ခုပ်လဲတီးတတ်ပြီ ... ပျော်ရင် လက်ခုပ်တီးတယ် ... အပြင်ထွက်ရရင် အရမ်းပျော်တယ် ... ညနေတိုင်း အဖေနဲ့ အပြင်ထွက်တယ် ... ချီစေချင်ရင် ပါးစပ်က အင်အင်နဲ့ ... တခါတလေ လူပေါ် ကုတ်တက်တယ် ... ဖေဖေ မေမေ သိလာပြီ ... ရုံးကပြန်လာရင် သူ့ကို အချီခံချင်လို့ တအင်အင်းနဲ့ .. လာလို့ခေါ်ရင် လက်ကလေး ကမ်းတတ်လာပြီ .. အပြင်မှာ မိသားစုညထမင်းစားရင် သူကလဲ စားချင်တယ် ... အငြိမ်မနေဘူး ... စားပွဲပေါ်က ပစ္စည်းမှန်သမျှ ဝေးဝေးထားရတယ် ... အစားအသောက်ဆို အကုန်စားချင်တယ် … သားငယ်က ရေကူးရတာ ပြောတယ် … ရေကူးကန်မှာ မိသားစု သွားကူးရင် သူက ငယ်သေးတော့ အရင် အကျီလဲရတော့ သိပ်မကြိုက်ချင်ဘူး … ရေတိမ်နေရင်လဲ မကြိုက်ဘူး … ရေနက်မှ ကြိုက်တယ် … ကိုကို ရှိတဲ့နောက် တကောက်ကောက်လိုက်တယ် … ကိုကိုနဲ့ဆော့ချင်တာလေ … စက်ဘီးကြိုက်တယ် … အကိုလုပ်သူက သားရေ စက်ဘီးစီးမလား … မေမေ၀ယ်ပေးမယ်ဆိုတော့ No တဲ့ … 


သားငယ် ကိုယ်အလေးချိန်က သားကြီး ကိုယ်အလေးချိန်နဲ့ သိပ်မကွာဘူး ... သားကြီးက အဖေပိုကပ်တယ် ... သားငယ်က အမေ ပိုကပ်တယ် ... အခု ကစားစရာဆို လုနေပြီ ... သားငယ်က ကိုကို ဟာဆို ဆော့ချင်တယ် လိုချင်တယ် ... ရန်ဖြစ်တယ် ... သားကြီးကို ပြောရတယ် ... သားငယ်ကို Bully မလုပ်ဖို့ ... သားကြီးက သားငယ်ကို လုပ်တာ မြင်လို့ကတော့ ချက်ချင်း အော်လိုက်တယ် ဆူလိုက်တယ် ... သားငယ်မှ မဟုတ်ဘူး အခြားကလေးတွေကိုလဲ အဲဒီလိုလုပ်ရင် မကြိုက်ဘူး ... သားကြီးကို အဲဒီလို လာလုပ်ရင်လဲ မကြိုက်ဘူး ... ကလေးဆိုတာ ဆော့မှာပဲ ဆိုတာ မှန်တယ် ... နိုင့်ထက်စီးနင်း လုပ်သွားတာမျိုး အသားလွတ် ရိုက်သွားတာမျိုး ဥပမာ ကာတွန်းကားထဲက Power Rangers တို့ Superman လိုမျိုး လိုက်အတုခိုးပြီး ကလေးချင်း ရိုက်နေတာမျိုးလဲ မကြိုက်ဘူး ... သားကြီးကို အဲဒီလိုမျိုး ကာတွန်းကားတွေ မကြည့်ခိုင်းဘူး ... ငြိမ်တဲ့ ကားတွေပဲ ကြည့်ခိုင်းတယ် … 

သားကြီး စာအုပ်များ - ၃လ စာ

သားကြီးက အပြင်သွားရင်ပဲ ဖြစ်ဖြစ် ကျောင်းကပြန်လာရင်ပဲ ဖြစ်ဖြစ် သူ့ကို ဘယ်သူက ဘယ်နေရာရိုက်သွားလဲ ဘယ်သူက စရိုက်တာလဲ အကုန်ပြန်ပြောပြတယ် ... ဒီအရွယ်ကလေးတွေက မညာတတ်သေးဘူး ... အဲဒီလို ကြားရတော့ ကျွန်မကတော့ အဲဒီလိုမျိုးဆို နောက်သွားရမယ်ဆိုရင် အတတ်နိုင်ဆုံးရှောင်တယ် ... မတတ်သာလို့ သွားရတယ်ဆိုရင် နောင်က တောက်လျောက်လိုက်နေ တာ ... တစ်ခုခု ဖြစ်သွားရင် မွေးတုန်းက အကောင်းလေ ရင်ကျိုးရချည်ရဲ့ ... ပြီးခဲ့တဲ့လက ကျောင်းမှာ အရုပ်လုရာက ရန်ဖြစ်တယ် ... ဆရာမက ၂ယောက်လုံး ထိုင်ခိုင်းထားတယ် ... ကျောင်းက ပြန်လာတော့ ဗမာလိုရော English လို ပြောရသေးတယ် ... နောင်မဖြစ်ဖို့ ... ဒီအရွယ်က ပြောသာပြောရတယ် နားဝင်မှာ မဟုတ်ဘူး … 


သား ၂ယောက် မွေးထားတော့ ၁ယောက် ၁မျိုးဆီ ဆန့်ကျင်ဘက်လေးတွေ သားကြီးက အဆော့သန်တယ် … သားငယ်က အခုချိန်ထိ ငြိမ်တဲ့အထဲ ပါနေသေးတယ် … 

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင် .. 

Tuesday, February 17, 2015

Mickey 5th Birthday

သားကြီး လင်းမြတ်အောင် ဒီနေ့ဆို ၅ နှစ်ပြည့်ပါပြီ


၅နှစ်ပြည့်မွေးနေ့ကိတ်နှင့်အတူ


သားကြီး က အခုဆို စာလဲ အသိစိတ်နဲ့ လုပ်တတ်လာပြီ ... English Story Book တွေ Library က စငှားပေးပြီး ဖတ်ခိုင်းတယ် .. ဒုတိယအကြိမ်တောင် ဖြစ်နေပြီ ... ပထမအကြိမ် သွားတုန်းက Library ထဲရောက်တော့ စာအုပ်ဆွဲယူပြီး အော်ပြီးဖတ်တာ .. တစ်ခါငှားရင် ၄အုပ် ငှားပေးတယ် ... Library မှာက ၆အုပ်အထိ ငှားခွင့်ရှိတယ် ... ကျောင်းစရိတ်က ဒီနှစ်ကစပြီးတက်တယ် .. တစ်လ ၈၅၀ ပေးရတယ် ... Enrichment Class ထပ်ထားတော့ 80 ပေးရတယ် ... ပေါင်းတောင် မပေါင်းကြည့်မိပါဘူး ... Enrichment Class က အထူးဘာသာလို့လဲပြောလို့ရတယ် ... အချိန်ကုန်သက်သာတယ် ... တကူးတက ထပ်သွားပြီး ပို့စရာမလိုဘူး … 


သားသား ၅နှစ် ပြည့်ပါပြီ

ရိုးရိုးကျောင်းချိန်အတိုင်းပဲ ... English Speech a& Drama Class ပါ ... ကြာသပတေးနေ့တိုင်း .. အဲဒီနေ့ဆိုရင်တော့ စောစောကြိုလို့မရဘူး ... ၅:၄၅ မှဆင်းတယ် ... ပုံမှန်ဆိုရင် ၅:၃၀ မှကြိုလို့ရတယ် ... Chinese ကတော့ ကျောင်းက ဆရာမက Mickey ကရတယ်တဲ့ ... ဒါပေမယ့် ခက်တာက အိမ်ကလူတွေကို တခါမှ မပြောဘူး .. ကျောင်းမှာ အခုဆို ကိုယ်တိုင်လုပ်ရတဲ့ အဆင့်ရောက်သွားပြီ ... ဆရာမတွေက ဘာမှမလုပ်ပေးဘူး ... ကျောင်းမှာက နေ့တိုင်းခေါင်းလောင်းချိုးတယ် ... သားက ခေါင်းလောင်းချိုးတာ မကြိုက်ဘူး .. သူ့ဆံပင်တောင် ကိုင်တာ မကြိုက်ဘူး .. ကျန်တာ အဆင်ပြေပါတယ် ... 



At Botanic Garden

သားကို KFC, Mc Donald ကြိုက်တတ်အောင် မလုပ်ဘူး ... အိမ်ကချက်တာပဲ စားတယ် ... အပြင်စာ မစားဘူး ... အိမ်ကမထွက်ခင် အ၀ကျွေးထားတယ် ... ဆူလိုက်ရင် စိတ်ကောက်ပြီး ထွက်သွားတယ် .. အမေများ ဆူလိုက် ရိုက်လိုက်လို့ကတော့ အဖေပြန်လာရင် တိုင်တော့တာ ... သားအကြိုက်ဆုံးက ကြက်ဥ မဆလာဟင်း ဆီပြန်ရေကျန်ဟင်း ပုဇွန်ဟင်း ပဲနီလေးဟင်းချို ကုလားဟင်း မွေးမွေးလေး ချက်ထားရင် အကုန်ကြိုက်တယ် ... ကြက်ဥကြော်က အမြဲပါရတယ် .. အရွက်ကတော့ ထမင်းနဲ့ရောကျွေးလိုက်တယ် .. အရင်က ဆီချက်ခေါက်ဆွဲစားတယ် ... ခေါက်ဆွဲစားတော့ အားမဖြစ်မှာစိုးလို့ ခေါက်ဆွဲစားရင် ပိန်တယ် ညီလေး ကျော်တက် သွားမယ်နော် ဆိုတော့ နောက်တစ်ခါ ခေါက်ဆွဲကျွေးမယ်ဆိုတော့ မစားဘူး ခေါက်ဆွဲစားရင် ပိန်တယ်တဲ့ ... သွားဆို သွားပိုးစားမှာဆိုလို့ သွားကို သေချာတိုက်ပေးတယ် ... ကလေး ကစားကွင်းမှာ ရှောပေါ်က ပြုတ်ကျပြီး သွားကျိုးတယ် ... နောက်တစ်ကြိမ်လဲ အဲဒီပြန်ထွက်လာတဲ့သွားက ရှောပေါ်က ပြုတ်ကျပြီး ကျိုးသွားတယ် ... အဲဒီကတည်းက ကစားကွင်းကို သိပ်မသွားတော့ဘူး ... အပြင်ထွက်မယ် သွားရအောင်ဆိုလဲ မသွားဘူး ... လိုချင်တာရှိရင် မှာလိုက်တယ် ... ဝယ်ပြီး အိမ်ပြန်လာရင် သူမှာတာ ပါလား မေးသေးတာ ... ကစားစရာဆိုလဲ သူကြိုက်တာဆိုရင် အစုံလိုက် ၀ယ်ပေးရတယ် ... တိုက်တာ ခိုက်တာတွေတော့ မကြိုက်ဘူး ..နာမည်ကြီး ကာတွန်း အရုပ်ကလေးတွေဆို အကုန်ရှိတယ် Figures လေးတွေ ကြိုက်တယ် ... Mickey-Mouse Clubhouse, Monster University, Pocoyo, Angry Bird, Angry Bird Go, Angry Bird Space, Angry Bird Car, Smurf, Mc Queen, Superman, Toy Story, Peppa Pig ... 




YouTube ကြည့်ပြီးရင် လာလာပူဆာတာ ... ပူဆာပြန်ရင်လဲ ၂မိနစ် တစ်ကြိမ်လောက် လာလာပူဆာတာ ... စိတ်မရှည်တော့ နောက်ဆုံးဆူရရော အော်ရရော ဒီထက်ဆိုးလာရင်တော့ ကြိမ်လုံးပါလာရော ... Kinder Suprise ဆိုလဲ ကြိုက်လို့ ဝယ်ဝယ်ပေးရတယ် ... ချောကလက် စားတာ မဟုတ်ဘူး ... အရုပ်လိုချင်လို့ ဝယ်ပေးရတာ ... Chocolate ကို Mark & Spencer က Chocolate အပြားလေးတွေ ဝယ်ကျွေးတယ် ... အရင်စားတာ မရှိတော့လို့ နောက်တစ်မျိုးပြောင်းထားရတယ် ... တောင်းမှပေးတယ် မတောင်းရင် မပေးဘူး ... အဲဒီက Chocolate က ချွဲမထဘူး ... M&M Chocolate အညိုရောင်ထုတ်လေးတွေလဲ ဝယ်ကျွေးတယ် ... အဝါရောင်တော့ မကြိုက်ဘူး ... ထမင်းစားရင် ပုံမှန်ပဲ ... အသားတွေချက်ရင် ကလေးတွေ စားနိုင်သလောက် နူးအောင် ချက်ကျွေးရတယ် ... 



စားတာ အများကြီးစားပေမယ့် စားသလောက် မဝဘူး ... နေမကောင်းဘူးဆိုလဲ ဆေးတောင်းသောက်တယ် ... ဆေးသောက်ရမှာလဲ မကြောက်ဘူး ... ဓာတ်ပုံရိုက်မယ်ဆိုရင် သူစိတ်ကောင်းနေရင် ပုံကောင်းကောင်းထွက်တယ် ... ကလေးဓာတ်ပုံရိုက်ပေးတဲ့ ဓာတ်ပုံဆရာ အမေကတော့ မြန်မြန် ရိုက်တတ်ရတယ် ... ဒါမှ ပုံကောင်းထွက်မှာကိုး ... ညဆိုရင် မအိပ်ချင်သေးရင် Story Book အဖေကို ဖတ်ခိုင်းတယ် ... ညရောက်ရင် တစ်ခုပြီး တစ်ခုတောင်းစားတာ ... အိမ်မှာ ငှက်ပျောသီး လိမ္မော်သီး ပေါင်မုန့် မပြတ်ဝယ်ထားရတယ် ... ညရောက်ရင် တစ်ခုပြီး တစ်ခုတောင်းစားတာ ... အစနောက်ကလဲ သန်တယ် ... သားငယ်ကို အမေက ဓာတ်ပုံရိုက်နေရင် အတင်း ဘေးကနေ လိုက်နှောင့်ယှက်တာ ... ညီလေးကိုလဲ ချစ်တယ် ဒါပေမယ့် သူ့ပစ္စည်းတော့ ပေးမကိုင်ဘူး ... ညီလေးကိုလဲ မကြာခဏ သွားသွားစတယ် ... ညီလေးက စိတ်တိုလာရင် တွေ့ရာ ဆွဲကုတ်ပြီး လှမ်းကိုက်တော့တာ ... အဲဒီတော့ သူ့မျက်နှာ သွားရည်ပေကုန်ရော ... နောက်ဆုံး ငိုရတယ် ... ညီလေးညစ်ပတ်နေတာတွေ့ရင်လဲ သန့်ရှင်းရေးလုပ်ခိုင်းတယ် ... ညီလေးဟာ အခြားကလေးသုံးနေရင် အော်ပြီး It's Nyi Lay one တဲ့ မကျေမနပ်ပြောသေးတာ ... 





နေ့တိုင်း YouTube ကြည့်နေတော့ English က Listening တော့ ကောင်းတယ် ... Mickey နဲ့ Nicky ကောင်းကောင်းခွဲတတ်တယ် ... iPad ထဲမှာ Dictionary ထည့်ထားပေးတော့ မသိတဲ့ စာလုံး အသံထွက်ဆို ရိုက်ပြီးရှာတာ ... ကျောင်းကတတ်လာနေမယ် မျက်လုံး အလယ်က အစံကို လုံးဝ အပေါ်ရောက်အောင်လုပ်တတ်တယ် ... အမေက ကြိမ်လုံးနဲ့ရိုက်တတ်လို့ ကြိမ်လုံးကို ဖွက်ထားတယ် ... အဖိုး ဖိနပ်ဆိုလဲ နောက်ပြီးဖွက်ထားတတ်တယ် ... English Exercise Book ကို လစဉ် Popular ကနေ ဝယ်ပေးထားတယ် ... စာလဲလုပ်ပါတယ် ... စာလုံးပေါင်းတတ်အောင် ရေးတတ်အောင် ကျင့်ပေးနေတာ ... ကျောင်းမှာ Mickey က စာတွေရတယ် ... တချို့ဆို တော်တော်သိနေတယ်တဲ့ ... English ဆရာမကို ပြီးခဲ့တဲ့ အပတ်က မေးကြည့်တာ ... တရုတ်ဆရာမကတော့ ဘယ်လိုမေးရမှန်း မသိဘူး ... ပြီးခဲ့တဲ့နှစ် ကျောင်းမှာ ကလေးတွေ ဘယ်လောက်တိုးတက်နေလဲဆိုတာ မိဘခေါ်ပြီး လေ့လာခိုင်းတယ် ... Mickey က English Story Book တွေ ယူလာပြီး တစ်ခုပြီး တစ်ခု ဖတ်ပြတယ် ... သူဒီလောက် ဖတ်တတ်မယ် မထင်ထားဘူး ... အဲဒီနေ့ကျောင်းက ပြန်ပြီး ရလာတာ ကျေနပ်တယ် ... Nursery Level နဲ့ ဒီလောက် ဖတ်တတ်တာ ကျေနပ်ပါတယ် ... 



မွေးနေ့မှာ ညီလေးနဲ့ အတူတူ


အခု K1 ရောက်လာပြီဆိုတော့ အရင်လို ပစ်ထားလို့ မရတော့ဘူး ... သင်ပေးရတယ် ... ဘာတွေ လုပ်တတ်နေပြီလဲ ဖတ်နိုင်ပြီလဲ လေ့လာရတယ် ... တခါတလေ စိတ်လိုရင် မြန်မာလိုပြောနေရင် အနောက်ကနေ လိုက် နောက်ပြီး အဲဒီအတိုင်းထွက်ပြောတာ ... အသံက ဝဲတယ် ... ဗမာ စကားပြောရင် ရယ်ရတယ် မပီဘူး ... ကျောင်းက အိမ်စာပေးရင် ချက်ချင်း လုပ်တယ် ... လက်ရေးက လက်ရေးလှနဲ့ ကျင့်ပေးတော့ တဖြည်းဖြည်းလှလာပါပြီ ... စာလုံးကတော့ ရေးရင် နည်းနည်းကြီးနေသေးတယ် ... ဒါမလုပ်နဲ့ဆိုရင် ပြောလို့မှ မဆုံးသေးဘူး လုပ်ပြီးသွားပြီ … 


ကိုကို နှင့် ညီလေး

စကားတော့ နားမထောင်ဘူး ... အပြင်သွားရင် တစ်ချက်မှ မငြိမ်ဘူး ... သူ့ကို Naughty Boy လို့ပြောရင် မကြိုက်ဘူး ... Clever Boy လို့ပြောမှ ကြိုက်တယ် ... အဲဒီတော့ ရှင်းပြရတယ် ... Birthday Party မှာ သူငယ်ချင်းတွေကို လက်ဆောင်ပေးချင်တယ် တဲ့ ... ကိတ်မုန့်ဆိုင် သွားပြီး သူ့ကြိုက်တာ ရွေးပေးထားတာ ... မှာနေကျ ဆိုင်ကမဟုတ်ဘူး ... အမြဲမှာနေတဲ့ဆိုင်က Angry Bird မရဘူး ... အဲဒီ့ဆိုင်က စားလို့ကောင်းတယ် သားလဲ ကြိုက်တယ်ဆိုလို့မှာလိုက်တာ ... အဲဒီနေ့က မွေးနေ့ကိတ်မှာမယ် လိုက်မလားဆိုတော့ လိုက်လာတယ် ... ပြီးတော့ ပုံမြင်ပြီး မရခဲ့လို့ ရစ်သေးတယ် … 


with Birthday Present from Phay Phay & May May



သားကြီး ... ဥာဏ်ပညာထူးချွန်ထက်မြက်သော သားလိမ္မာလေး ဖြစ်ပါစေ … 

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင် .. 

Tuesday, December 16, 2014

သားကြီး နှင့် သားငယ်

ဒီနေ့ဟာ သားငယ်လေး ၇လပြည့်ပါပြီ .. သားငယ် အခုစာရေးနေချိန် အောက်သွား ၁ချောင်း စထွက်လာပြီ ... သားငယ်ကို  ကိုယ်တိုင် မထိန်းခဲ့ရတော့ သားကြီးလောက် သိပ်မသိပါဘူး .. သားကြီးကော သားငယ်ရော ပြတဲ့ ကလေးဆရာဝန် အတူတူပါပဲ .. NUH မှာ သားငယ်မွေးတုန်းက ကလေးဆရာဝန် လှည့်လည်စစ်ဆေးတော့ သားကြီးပြတဲ့ ဆရာဝန် လှမ်းတွေ့တော့  သားကြီးအတိုင်း သားငယ်ကို ဆက်ယူပါဆိုပြီး အကူအညီ လှမ်းတောင်းရတယ် .. သားငယ်ရဲ့ ကိုယ်အလေးချိန်က 10 kg သားငယ်က overweight ဖြစ်နေတယ် ... သားငယ်ရဲ့ ကိုယ်အလေးချိန်က ၁နှစ်ကလေး ပုံမှန်ကိုယ်အလေးချိန်နဲ့တူတူပဲ ...?ကလေးဆရာဝန်နဲ့ တွေ့တုန်းကပြောတယ် ..



သားငယ်က နို့သိပ်မကြိုက်ဘူး .. မနက်ဆို ကြက်ဥ ၁လုံး biscuits ၄ချပ် စားတယ် .. ဆန့်မှုန့် ဟင်းသီးဟင်းရွက် ကြက်သားကျွေးတယ် ..  သူများစားနေတာ မြင်ရင် အရမ်းစားချင်တယ် .. စားဖို့ ပါးစပ်ကပြင်နေပြီ .. ပြောင်းဖူးလဲကြိုက်တယ် .. အမေလုပ်သူစားတာမြင်ရင် စားချင်တယ် ... ပြောင်းဖူးကို ဝါးပြီးကျွေးတယ် .. ကုတင်ပေါ်ချထားလှိမ့်တော့တာပဲ ... ဘောလုံးလှိမ့်သလိုကို လှိမ့်တော့တာ .. 

သားကြီးက အကြောက်အလန့်လုံးဝ မရှိဘူး .. သားငယ်က ကြောက်တတ်တယ် .. သားကြီး က တအားဆော့ သလောက် သားငယ်က အေးတယ် ... 

သားငယ်က အကို လုပ်သူဆော့ရင် သူလဲဆော့ချင်တယ် .. တခါတလေ အကိုလုပ်သူက လာနမ်းရင် သားငယ်က တအားအသည်းယားပြီး အကိုလုပ်သူကို ဆံပင်ဆွဲပြီး နမ်းတော့တာ .. သားငယ်က သွားရည်က တောက်လျောက်ကျနေတော့ သားငယ်နမ်းရင် သားကြီးမျက်နှာပေါ် ပေကုန်ရော .. သားကြီးလဲ ငိုပါလေရော .. သားကြီးက အရမ်း အသန့်ကြိုက်တယ် .. အငယ် လုပ်လိုက်လို့ အကြီးငိုရတာချည်းပဲ ..


သားငယ်က အိမ်နာမည်တွေ အများကြီးပဲ .. ဖိုးပြုံးချိုတဲ့ လူတကာကို မြင်ရင် ပထမဆုံး တွေ့ဖူးတဲ့သူဆို တောက်လျောက် မျက်တောင်မခတ်ပဲ ပါးစပ်ဟပြီး ကြည့်နေတာ .. သားငယ်ကို ရယ်ပြရင် သူကလည်း လိုက်ပြီးရယ်ပြတယ် .. ဖက်တီးလို့လဲ ခေါ်တယ် ... ဖက်တီးလို့ ခေါ်တာ များပြီး အပြင်းဖျားလိုက်သေးတယ် .. အဲဒါကြောင့် အဖျားဆွတ်ပြီး တီးတီးလို့ခေါ်တယ် .. အဖေလုပ်သူက ညီ လို့ခေါ်တယ် ... သားငယ် နာမည်က သက်ညီအောင် ပါ .. Passport မှာလဲ ဒီနာမည်ပါပဲ .. အိမ်နာမည်က Nicky .. သောကြာနေ့မှာ မွေးတဲ့ သောကြာသားလေးမို့ သားငယ်က စကား အရမ်းများတယ် .. နို့ဗူးကို ပိုင်ပိုင်နိုင်နိုင် ကိုင်စို့တတ်နေပြီ ... အပြင်ထွက်တိုင်း Pass Motion လုပ်တယ် ... အကျင့်လို ဖြစ်နေတယ် ... ညညဆို အရင်က အစောကြီး အိပ်တယ် .. မနက် ၆နာရီဆို နိုးပြီ ... အခု ကြီးလာတော့ အကို လုပ်သူနဲ့ဆော့ချင်လို့ တော်ရုံ မအိပ်ဘူး .. လက်ရွေးတယ် .. အဖေ အမေ သိပ်လို့ မရဘူး .. ကလေးထိန်း သိပ့်မှ အိပ်တယ် .. 9 နာရီဝန်းကျင် ပုံမှန် အိပ်ပါတယ် .. မနက်ဆို ၆ နာရီလောက်ဆို ဘာမှ မဂျီကျပဲ နိုးနေပြီ 

သူ့ဟာသူ တစ်ယောက်ထဲ ဆော့နေလေရဲ့ ...  အကိုလုပ်သူက တခါတလေ လက်ညှိုး ပါးစပ်ထဲ ထိုးထည့်ရင် အတင်းကိုက်တော့တာပဲ .. အငယ်လုပ်လို့ အကြီး ငိုရတာချည်းပဲ ... သားငယ်က ကိုယ်လုံးက ထွားတော့ သားကြီးထက် မှောက်တာ နည်းနည်းနောက်ကျတယ် .. အပြင်တွေ ဘာတွေ ထွက်ရင် တအားငြိမ်တယ် .. မမြင်ဖူးတာတွေ အထူးအဆန်းအနေနဲ့ ပါးစပ်ဟပြီး ကြည့်ချင်တာ .. ထိုင်ကလဲ ထိုင်ချင်နေပြီ .. ထိုင်ဖို့အတွက် ကိုယ်မထိန်းနိုင်သေးဘူး ... 

သားကြီးက မေးစေ့ ၂ခွ နဲ့ သားငယ်က ပြုံးလိုက်ရင် ပါးချိုင့်လေး ၂ဖက်ပါတယ် 

သားကြီး နှင့် သားငယ် ဘယ်သူ့ ပိုချစ်လဲလို့ မေးရင် အားလုံး အတူတူပါပဲ .. ဘယ်သူကိုမှ မျက်နှာ မလိုက်ပဲ တန်းတူချစ်ပါတယ် ..

မွန်မွန့်ရှေ့မှာရော သား၂ယောက်လုံးရှေ့မှာရော စိတ်ဝမ်းကွဲစေမယ့် စကားမျိုး မမေးကြပါနဲ့လို့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ် .. 

မိဘဆိုတာ သားသမီးကို တန်းတူ ချစ်ရမယ် ဆိုတာ မွန်မွန်ကတော့ ခံယူထားပါတယ် .. အခုအချိန် သားကြီးကို မလိမ်မာလို့ ဆိုဆုံးမတဲ့ အခါ သားငယ်ကို ပိုချစ်တာလို့ မမြင်စေချင်ဘူး .. သားကြီးကိုလဲ လိမ်မာစေချင်တယ်.. သားငယ်ကိုလဲ လိမ်မာစေချင်တယ် ...

အခု သားကြီးဆံပင်ညှပ်ရင် အရင်ကလောက် မငိုတော့ဘူး .. ငြိမ်ငြိမ်လေးခံတယ် .. ဆံပင်ညှပ်ခါနီးဆို သားဆံပင်ကို ညီလေးက လှမ်းဆွဲရင် နာနာနော်ဆိုရင် ခေါင်းညိမ့်ပြီး ဆံပင်ညှပ်ဆိုင် အလွယ်တကူ ခေါ်လို့ရသွားပြီ .. သားငယ်လေး မွေးတော့ သားကြီးကို J ၀င်မှာစိုးလို့ လိုချင်တာဆို အကုန်ဝယ်ပေးတယ် .. သားကြီး ၁ခုဆို သားငယ်က အစားဆိုတော့ မုန့်ဝယ်ပေးတယ် .. သားကြီးက အလိုလိုက်ပါများတော့ ဆိုးတယ် .. တအိမ်လုံးမှာ အမေပဲကြောက်တယ် .. 


သားကြီးက သူများကို bully ဘယ်တော့မှ မလုပ်ဘူး .. သားကြီးကို တစ်ယောက်ယောက်က ဆော့ရင် အသားလွတ် ရိုက်သွားတာ တွန်းလိုက်တာဆိုရင် အိမ်ရောက်ရင် အဖေ လုပ်သူကိုလာလာ တိုင်တယ် ... ပြီးခဲ့အပတ်က သားကြီး သူများမျက်နှာတံထွေးထွေးလို့ ဆူရတယ် .. ဆူတော့ ခေါင်းထဲမရောက်ဘူး .. အဲဒီတော့ သူများထွေးသလို သြူ့ပန်လုပ်လိုက်တော့ သူမကြိုက်တော့ .. အဲဒီကတည်းက လုံးဝ မလုပ်တော့ဘူး .. သားကြီးကို ငယ်ငယ်ကတည်းက အပြင်ထွက်ရင် အခြားသူတွေကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ အိမ်က မထွက်ခင် အပြီး ကျွေးထားတယ် .. သားကြီးက အပြင်စာ လုံးဝ မစားဘူး .. သားငယ်ကောပဲ .. 

သားကြီးက မဆလာအနံသင်းသင်း ချက်ထားတဲ့ ဘယ် အစားအစာမဆို ကြိုက်တယ် .. သားကြီးက နောက်နှစ်ဆို K1 တက်တော့မှာ .. သားကြီးက iPad သုံးတော့ English ကို သူကိုယ်တိုင် self study လုပ်တယ် ... Phonetics ဆို အကုန်သိတယ် .. စာလုံးတော်တော်များများ ပေါင်းတတ်နေပြီ .. Dictionary ဆော့ရင် စိတ်ပါဝင်စားသွားတယ် .. Dictionary က အသံထွက်ပါတယ်လေ ...


သားကြီးကို နောင်နှစ် English & Chinese tuition ထားရင်ကောင်းမလား .. ကျောင်းက ဖွင့်တဲ့ Enrichment Class ကတော့ English  ပြီးခဲ့တဲ့နှစ်ကထားတယ် ... ဒီနှစ်တော့ Chinese ထည့်မယ် .. Tuition ထားရင်ကောင်းမလား စဉ်းစားနေတာ .. Kumon or Mind Stretcher အဲဒီ ၂ခုကတည်းက ဘယ်ဟာထားရင် ကောင်းမလဲ .. Kumon ကတော့ စာအရမ်းများပြီး ကလေး stress ရှိတယ်ဆိုလို့ သိပ်မကြိုက်ဘူး .. ဒါမှမဟုတ် BC က English Teacher အိမ်ခေါ်သင်ရင်ကောင်းမလား .. Chinese Teacher ရောပဲ .. ဘာမှကို မစဉ်းစားတတ်တာ အကြံလေး ဘာလေး ပေးပါဦး

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင်

Tuesday, December 25, 2012

၃နှစ် မပြည့်ခင် အရွယ် သားသား


Blog မရေးတာတောင် အတော်ကြာသွားပါပြီ။ သားလေး အကြောင်းကို အရှည်ကြီးရေးမယ်လို့ စိတ်ကူး ထားတယ်။ မရေးဖြစ်တာ ၆လနီးနီးလောက်ရှိတော့မယ်။

သားလေးက အခုဆို ၃နှစ်ပြည့်ဖို့ ၂လ လောက်ပဲလိုတော့တယ်။ သားလေးက Nursery Songs တွေ အတော်ရနေပြီ။ သားက English, Myanmar, Mandarin ၃ မျိုးကို နားလည်တယ်။ အိမ်မှာ အမေနဲ့ အဖေက ဗမာလိုပြောရင် သားက English လိုပြန်ပြောတယ်။ ၂ယောက်စလုံးကလဲ သားကို အချိန် မပေးအားဘူး။ သားက ကျောင်းမှာပဲ အနေများတော့ English, Mandarin ပဲပြောတယ်။ သား ၃နှစ်ကျော် ၄နှစ်နီးပါးမှ ဘုန်းကြီးကျောင်း ပို့မယ်။ တလောက ဘုန်းကြီးကျောင်းကို ကထိန်သွားတာ သားက ဘုန်းကြီးကို  မြင်တော့ ဦးတော်လုပ်ဆိုတော့ ကျကျနနထိုင်ရှစ်ခိုးတယ်။ ဘုန်းကြီးက လက်မှာ ပရိတ် ကြိုးလေးပတ်ပေး မယ်ဆိုတော့ သေချာလက်ဖြန့်ပေးတယ်။ အဲဒါ ပထမဦးဆုံးအကြိမ်ပဲ။ ကျွန်မတို့ ၂ယောက်လုံး အံတောင်အော်ယူရတယ်။ ဘေးက လူတွေက ကလေးလေးက လိမ်မာလိုက်တာ လို့ပြောတော့ သားသား မျက်နှာလေးက ပြီတီတီရုပ်ကလေးနဲ့။ သားသားက အိမ်မှာ ကျွန်မဘုရားရှစ်ခိုး တာမြင်ရင် ဦး၃ကြိမ်လာ ရှစ်ခိုးတယ်။  ၁ခါ၁လေ ဘုရားကရှေ့မှာ သားသားက နောက်ကနေ ထိုင်ပြီး ပြောင်းပြန်ရှစ်ခိုးတာ။ ပြီးရင် ကျွန်မက ဘိုးဘိုးကို သွားပြီး ဦးတော် လုပ်ဆိုရင် သွားပြီး ဦးတော် သွားလုပ်တယ်။ ၁ခါ ၁လေ ရှစ်ခိုးတာပြောင်းပြန်ကြီး ဖြစ်နေတာ။ သားသားကို ကျွန်မအဖေက iPad 1 လေးပေးထားတော့ အဲဒီအထဲမှာ ဗုဒ္ဓ၀င် ဇာတ်လမ်းလေး ပါတယ်။ အဲဒါကိုကြည့်ပြီး အဲဒီအထဲက  ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊သံဃံသရဏံ ဂစ္ဆာမိ လဲရနေပြီ။ 

၂နှစ်ပြည့်ပြီး

သားသားကို ထမင်းစ ကျွေးနေပြီ။ အရင်က ဆန်ပြုတ်ပြုတ်ပေးတာ။ ထမင်းစ စားတာ ၁လ တောင် မရှိသေးဘူး။ Weekend ဆိုရင် သားသားကို ကစားကွင်းမှာ ကျွေးတယ်။၂ယောက်စလုံးကျွေးရတာ။ ကျွန်မက သားသားကိုကျွေး၊ သားသားအဖေက သားသား ကိုပျော်အောင် လုပ် အဲဒီလိုကျွေးရတာ။ ညနေဆိုရင်တော့ သားသားကို iPad ပေးပြီး ကျွေးရတာ။ စစချင်းကျွေးတော့ အကြာကြီးပဲ။ အခုတော့ အလွန်ဆုံး နာရီဝက်ပဲကြာတယ်။ ကျောင်းမှာ ကိုယ်ဟာကိုယ် စားရတာ။ ဆရာမပြောတော့ ထမင်းစားတာ ၁နာရီတောင်ကြာတယ်။ ထမင်းကုန် တယ်တဲ့။ သားသားက အခု ဒီလ 17 Dec 12 မှာ တတန်းတက်သွား ပြီ။ Pre-Nursery လေ။ အရင်က ဆရာမတွေက လုပ်ပေးတယ်။ အခုအ တန်း မှာ ကိုယ်ဟာကိုယ်လုပ်ရ တာ။ သားသားက ကျောင်းမှာ အတန်းတူတာတွေနဲ့ မဆော့ဘူး။ ကြီးတဲ့သူတွေနဲ့ပဲလာဆော့ တယ်။ ကျောင်းမှာလဲ သားသားက အရမ်းစွံတယ်။ ဆရာမတွေပြန်ပြောတာ Mickey မှာ Girlfriend တွေ အများကြီးပဲ တဲ့။ ဆရာမတွေ ပြန်ပြောတာ အတန်းကြီးကကောင်မလေး ၁ယောက်ဆို Mickey ကို တအား ချစ်တာတဲ့။ မနက်တိုင်း Mickey, I love you ဆိုပြီး လာလာဖက်လို့တဲ့။ ၁ခါ ကျွန်မကျောင်း သွားကြိုတော့ တံခါးပေါက်ကနေ သားသားကိုချောင်းကြည့်တာ သားသားက ကောင်မလေး ၁ယောက် ပေါင်ပေါ်မှာ ခေါင်း တင်ပြီး နေနေတာ။ ကျွန်မက အမလေး သားသား သားသား ဆိုတော့ ဆရာမက Mickey မှာ Girlfriend တွေ အများကြီးဆိုပြီး တိုင်တော့တာပဲ။ သားသားမျက်နှာကို ကျွန်မကြည့်လိုက်တော့ သားသားက ပြီတီတီ မျက်နှာလေးနဲ့။ သားသားမှာ အဲဒီ ပြီတီတီ မျက်နှာလေးကြောင့် ချစ်စရာကောင်းနေ တယ် ထင်တာပဲ။


ရန်ကုန်က အိမ်မှာ
(ပြီတီတီ မျက်နှာလေးနဲ့)

သားသားက ညဆို သူပျော်ရင် သီချင်းတွေကိုအော်ဆိုတော့တာပဲ။ ၁ခါ၁လေ Mandarin လိုလဲပါတယ်။ ကျွန်မတောင် စဉ်းစားမိတာ ကြီးလာလို့ တရုတ်လိုပြောနေရင် ကျွန်မတို့ ၂ယောက်က နားမလည် သားသား ၁ခုခု မကောင်းတာ လုပ်မိမှာ စိုးရိမ်မိတယ်။ သားသားကျောင်း မှာ ဘာတွေလုပ်သလဲဆိုတာ ညကျရင် ၁ခုခုပြီး ၁ခုလုပ်ပြတာ။ သားသားက အရီ အရမ်းသန်တယ်။ သားသားရီရင် ဘယ်လိုလေးမှန်းကို မသိဘူး။ မရပ်မနားကိုရီတာ။ အဖိုးကိုဆိုလဲ ဗိုလ်ကျသလား မမေးနဲ့။ ကျွန်မ အဖေကလဲ အရမ်း အလိုလိုက်လွန်းလို့ အမြဲတမ်း ရန်ဖြစ်ရတယ်။ iPad iPhone အရမ်းကျွမ်းတယ်။ မျက်စိပျက်မှာဆိုပေမယ့် အဲဒီကနေ ပညာရနိုင်တယ်ဆိုပြီး လွတ်ထားရတယ်။ အဲဒီက ကလေး သီချင်းတွေဆို ရှာထားပေးတယ်။ သားသားအရမ်းကြိုက်တာ Mickey-Mouse Clubhouse, Angry Birds, Tele Tubby အရမ်းကြိုက်တယ်။ Tele Tubby သီချင်းဆို အစ အဆုံး အကုန်ရ တယ်။ သားသားကို Power Ranger, Batman အဲဒီလိုတိုက်ခိုက်နေတဲ့ Cartoon ကားတွေ မပြဘူး။ တော်ကြာ အဲဒါတွေကြည့်ပြီး လိုက်အတုခိုးနေရင် ပိုဆိုးမယ်။

ငွေဆောင်တွင်

၁ခါ၁လေ သားသားက ဒီနေ့ Mickey-Mouse အရမ်း ကို စိတ်ဝင်စားနေရင် အပြင်သွားရင် ယူသွားတယ်။ ကျွန်မမှာ အဲဒါမပျောက်ရအောင် ထိန်းရသေးတယ်။ အမွေးပွအရုပ်မဟုတ်ဘူး။ ပလပ်စတစ် အရုပ်လို သေးသေးလေးတွေ။ ညညသားသားအိပ်ရင် အဲဒါတွေ ရှာရတာ အလုပ်၁လုပ်၊ သားသားက ဗမာပီသတယ်။ ဗမာအစားအစာ အကုန်ကြိုက်တယ်။ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ အကုန်ကြိုက်တယ်။ မုန့်ဟင်းခါး နဲ့  ထမင်းဘယ်ဟာရွေးမလဲ မေးကြည့်ရင် မုန့်ဟင်းခါးပဲ ရွေးတယ်။ ကွာစေ့လဲ အရမ်းကြိုက်တယ်။ ကွာစေ့ကို သားသားက 'ကွာကွာ' တဲ့။ ကျွန်မက ဂြိုဟ်တုတံဆိပ်ကွာစေ့ အရမ်းကြိုက်တယ်။ ရန်ကုန်ကနေ ပို့ပို့ပေးတာ။ ကွာစေ့ကိုမြင်လို့ကတော့ အနားကနေ မခွာတော့ဘူး။ ကျွန်မလဲ မစားရတော့ဘူး။ သားသားကိုပဲခွာကျွေး ရတော့တာ။ Chocolate လဲ အရမ်းကြိုက်တယ်။ M&M Chocolate လဲကြိုက်တယ်။ အဲဒါလေးတွေက အရမ်းသေးတော့ အရင်က မကျွေးဘူး။ ကလေးဆိုတာ ငယ်နေသေးတော့ဘာမှမသိတတ် မပြောတတ် ဆိုတော့ မျိုချမိလို့ လေပေါက်ပိတ်မိနေမှာဆိုးလို့ အခုမှကျွေးတာ။ သားသားစားချင်ရင် 'ချော' ဆိုပြီး လာ လာတောင်းတတ်တယ်။ သားသားက ညညဆိုရင် ၉ နာရီလောက်ဆိုရင် ဆာတတ်တယ်။ ၁ခါ၁လေ အဖိုး ဆီမှာ သွားသွားတောင်းစားတာ။ ဗမာပြည်က ငါးမုန့်ကြော် အဖုလေးတွေပါတာ။ အဲဒါလဲ အရမ်းကြိုက် တယ်။ Coke လဲ အရမ်းကြိုက်တယ်။ သားသားကိုယ်ဝန်ရှိစဉ် ကျွန်မက Coke ကွာစေ့ အားတိုင်းယားတိုင်း စားနေလို့နဲ့တူတယ်။ အချိန်တိုင်း အများဆုံး စားဖြစ်တယ်။ အဲဒါကြောင့် သားသားကြိုက်တာလား မသိဘူး။ သားသား ဗမာ စကားပြောရင် ရီတော့ရီရတယ်။ မေမေ ရေသောက်ချင်တယ်လို့ မပြောဘူး။ 'ရေသောက်' တဲ့။ စားချင်ရင် စားတဲ့။ ချီစေချင်ရင် 'ချီ' တဲ့။ ပိုးဟပ် အရမ်းကြောက်တယ်။ 'ကောင်ကောင်ရှိတယ်' ဆိုပြီး မီးဖိုချောင် ဘယ်တော့ မှ မလာဘူး။ ဒါပဲပြောတတ်သေးတယ်။ ၁ခါ ကျွန်မကွာစေ့ စားနေတာ သားသား မြင်တော့ သားသားက 'I want it' တဲ့။ ကျွန်မ အံတောင် အော်သွား တယ်။ ဘာလို့လဲဆိုတော့ အဲဒီနေ့က အဲဒီစကားကို ပထမဆုံးပြောတာ။ သားသားက ၁ခါ၁လေမှ စကားကို အဲဒီလိုထ ထပြောတတ် တယ်။ Coke  သောက်ချင်ရင် 'Coke တယ်' တဲ့။

                                       
 ငွေဆောင်က တည်းတဲ့ ဘန်ဂလိုရှေ့တွင်

သားသားကိုစိတ်ပူတာ ၁ခုရှိတာ ကျွန်မတို့တွေက ဗမာဆိုတော့ ဗမာစကား ကို နားလဲလည်ရမယ်။ ကောင်းကောင်းလဲ ပြောတတ်ရမယ်။ ပြီးမှ English, Mandarin ပေါ့။ ကျွန်မ စိတ်တင်းထားရတယ်။ သားသားကို ၄နှစ် ဘုန်းကြီးကျောင်းပို့ရင် ဗမာလိုတတ်နိုင်ပါတယ်။ သားသားက ရေကူးတာလဲ စိတ်ဝင်စား တယ်။ သားသားကို ၃နှစ်ခွဲလောက်မှ ရေကူးသင်ပေးမယ် တရုတ်စာ အိမ်ခေါ်သင်မယ် စိတ်ကူး ထားတယ်။


 ကျိုက်ထီးရိုး ဘုရားရင်ပြင်ပေါ်တွင်

ပြီးခဲ့တဲ့ ၁ခါ သားသားက ထမင်းအမာ မစားလို့ ဆရာမ တွေပြောလို့ သားသားရဲ့ဆရာဝန်မကိုမေးတော့ ဒီလိုပဲနောက်တော့ တဖြည်းဖြည်းစားလာလိမ့်မယ်တဲ့။ ကလေးတွေမှာ ယောင်္ကျားလေး မိန်းကလေးဆိုရင် ယောင်္ကျားလေးက တိုးတက်မှု နည်းနည်းနှေးတယ်လေ။ သားသားက ကျောင်းမှာ စိတ်အ၀င်စားဆုံးက Art အချိန်။ သူများကလေးတွေနဲ့ မတူပဲ သေသေသပ်သပ်လုပ်တယ်တဲ့။ သားသား စိတ်မ၀င်စားတဲ့ဘာသာဆို ၁ခြားမှာသွားနေတာတဲ့။ ကျွန်မအဲဒီဟာကို ဘယ်လိုလုပ်ရမလဲ မသိဘူး။ ငယ်နေလို့လဲဖြစ်ပါလိမ့်မယ်။


Gardens by the Bay တွင်

သားသားကို ရန်ကုန်ခေါ်သွားတော့ ပတ်ဝန်းကျင် အသစ်မှာ ပျော်လိုက်တာဆိုတာ မပြောပါနဲ့တော့။ ကျွန်မတို့ အိမ်က ခြံနဲ့ ဆိုတော့ အိမ်ထဲမ၀င်ဘူး။ အပြင်မှာပဲနေတယ်။ အပြင်မှာ ခွေးစုတ်ဖွားလေး ၂ကောင် ရှိတော့ အဲဒီခွေး ၂ကောင်က မတည့်တော့ လှောင်ထားတာ။ အဲဒါကိုသားသားက တုတ်နဲ့သွားထိုးပြီးစတာ။ ခွေးတွေက စိတ်ဆိုးပြီးဟောင်လေ သားသားက တခွီးခွီးနဲ့ရီလေ။  ပြောလို့လဲမရဘူး။ ကျွန်မအဖေက 'နင်တို့လာရင်  ငါ့မြေးကိုလွတ်လွတ်လပ်လပ်နေပါစေ ငါရှေ့မှာ မဆူနဲ့' ဆိုပြီး သားသားက ပြောလို့ကို မရတာ။ ကျွန်မအချစ်ဆုံးခွေးလေးရှိတယ်။ အဲဒီခွေးက အရမ်းလိမ်မာတယ်။ သားသားက Zu Zu ခွေးလေး ကို ခေါင်းလေးကိုင်ချင်တယ်ဆိုတာ ပေးကိုင်တော့ သဘောတွေကျလို့။ နောက်နေ့ကျတော့ သားသားက Zu Zu ခွေးလေးမျက်နှာကိုလက်နဲ့ရိုက်လိုက်တာ အဲဒီနေ့ကစပြီး Zu Zu ခွေးလေးက သားသားကို တွေ့တာ နဲ့ တဟင်းဟင်းနဲ့၊ အရမ်းသဘောကောင်းတဲ့ခွေးတောင် သားသားကို လက်လန်တယ်။ ကျွန်မတို့ရန်ကုန် ပြန်တုန်းက သင်္ကြန်တွင်းဆိုတော့ သားသားကို အိမ်က ပလပ်စတစ် ပုံးအကြီးကြီးထဲမှာ ရေအပြည့်ထည့်ပြီး ချထားပေးလိုက်တယ်။ ရေတွေနဲ့ ၁ယောက်ထဲဆော့နေတာ။ ရန်ကုန်သွားတဲ့အချိန်က နွေရာသီဆိုတော့ အပူချိန်က ၄၀ နီးနီးရှိတော့ သားသားကို အပူရှပ်ပြီး ဖျားမှာဆိုးလို့ ဘယ်သွားသွား အိမ်မှာပဲထားခဲ့တယ်။ အရေးကြီးလောက်တဲ့နေရာတွေမှ ခေါ်သွားတယ်။ ကျိုက်ထီးရိုးလဲရောက်သေးတယ်။ သားသားက ကျိုက် ထီးရိုးမှာလဲ အရမ်းပျော်တာ။ ၁ခါ၁လေ နို့သောက်ဖို့တောင် မေ့တယ်။

                                                    
 ရေကူးမသွားခင်
(မျောက်လိုဆော့တတ်လို့ အဲဒီလို ပြတင်းပေါက်ကို သော့ခတ်ထားတာ)

အခုကြီးလာတော့ အရင်ကထက် တော်တော်ပြောင်းလဲလာတယ်။ အပြင်သွားရင် တွန်းလှည်းပေါ် မနေချင်ဘူး။ လျှောက်ပြေးချင်တာ။ ၂ယောက်စလုံးလဲ ၁ခါ၁လေ မနိုင်တော့ဘူး။ ၁ခါ၁လေ စဉ်းစားမိတာ မျောက်နဲ့များမှားမွေးလာသလားလို့။ မျောက်ကလေး ၁ကောင်ရထားသလိုပဲ။ ဒီအရွယ်က ခုန်တာတွေ တက်တာတွေ အရမ်းစိတ်ဝင်စားတယ်။ ကျွန်မတို့က ၇ထပ်မှာနေတော့ အရမ်းကြောက်ရတယ်။ ခုံတွေကိုဆွဲယူပြီး တက်နေမှာဆိုးလို့။ အိမ်က ပြတင်းပေါက်တွေကလဲ မှန်အကြီးကြီးကိုဆွဲဖွင့်လိုက်ရင် ဟောင်းလောင်းလိုဖြစ်နေတာ။ အခု ၂နေရာကို နောက်ထပ်ပြီး ဆန်ကာပေါက်လို သံအချောင်းကာလိုက်ပြီး အဲဒါကို ဖွင့်လို့မရအောင် ၁ခါထဲသော့ခတ်ထားလိုက်ပြီ။ အိမ်မှာဆိုညည သားသားက ခုံတွေပေါ်တက်ပြီး ခုန်ခုန်ချတာ။ ၁ခါ၁လေ ထမင်းစားပွဲပေါ်တက်တက်ပြီးဆော့လို့ အော်ထားရသေးတယ်။ ကျွန်မက အိမ်မှာ ညဖက် ဘုရားစင်ရှေ့မှာ ဖယောင်းတိုင်ထွန်းရင် သားသားကလာပြီး 'Happy Birthday to you' ဆိုပြီး သီချင်းစဆိုတော့တာပဲ။ ပြီးရင် ဖယောင်းတိုင်ကို မှုတ်တော့တာ။ အဲဒီတော့ ကျွန်မတို့မှာ သားသားရှေ့မှာ ဖယောင်းတိုင်မထွန်းရဲဘူး။ ၁ခါသားသားကို Birthday Cake လုပ်ဖို့ အတွက် Slice ၁ခုဝယ်လာပေးပြီး Birthday အတု လုပ်ပေးလိုက်တယ်။ သားသားက ဖယောင်းတိုင် ၃တိုင်ကိုကုန်တဲ့အထိ 'Happy Birthday to you' ဆိုပြီးမှမီးမှုတ်တာ။ ပြီးတော့ Cake တွေကို အပေါ်ယံစားပြီးထားသွားတာ။


 ရေစိမ်ပြီး ဇိမ်ခံနေစဉ်

သားသား ၂နှစ်ခွဲလောက်မှာ Peace sign စလုပ်တုန်းက သားသားကိုကျွန်မက လက်၅ချောင်းထောင်၊ လက်မ၊ လက်သူကြွယ် လက်သန်းကိုအောက်ချပြီး လက်ညှိုး လက်ခလယ်ကို မတ်နေအောင် ထောင်ရတာဆိုပြီး သင်ပေးထားတော့ ကျွန်မက Peace ဆိုရင် သားသားက ကျွန်မသင်ပေးထားသလို လုပ် တာ။ နောက် ၃ရက်နေတော့ အဲဒီလို မလုပ်ရတော့ဘူး။ သားသားကို Peace ဆိုတာနဲ့ ချက်ချင်းထောင် တတ်နေပြီ။


  ရေကူးကန်နဲ့ အမှတ်တရ

ရန်ကုန်မှာ ဆန်ပြုတ်လုံးဝမသောက်ဘူး။ နို့ပဲသောက်တာ။ နို့ဗူးက ၂ဗူးဝယ်သွားတာ။ ကုန်သွားလို့ထပ်သွား ၀ယ်တော့သောက်နေကျ နို့မဟုတ်တော့ ပြောမနေနဲ့ သောင်းကျန်းတာ။ အဖိုးက သွားရှာပြီး ၀ယ်ပေးရ တယ်။ ရွာကိုသွားလည်တော့ သားသားက ကြောင်ပေါက်စလေးတွေ့တော့ ကြောင်ပေါက်စလေးကို အမြီးကကိုင်ပြီး ဆော့တာ။ ကြောင်ပေါက်စလေးက စိတ်တိုပြီး ကုတ်တာလဲရှိသေးတယ်။ ကြောင်ပေါက် စလေးရဲ့ ဗိုက်ကို အကြိမ်ကြိမ်ကိုင်လှုပ်ပြီး ကစားတာ။ ကြောင်ကထွက်ပြီး ပြေးတော့ အတင်းလိုက်ဖမ်းတာ။ ကျွန်မက သားသား ကြောင်ကလေးကို သားချစ်ရင် နမ်းလိုက်ဆိုတော့ ပါးကို နမ်းတယ်။ သားသားကြောင်ချစ်တာ အချစ်ကြမ်း တယ်။ တလောကပဲ ကြောင်ကုတ်ခံလိုက်ရသေးတယ်။ တိုက် အောက် က ကြောင်ကို ကန်လိုက်တာလေ။ တိုက်အောက်က ကြောင်တွေက သားသားမြင်တာ နဲ့ပြေးတော့ တာ။ သားသားကခွေးတွေ ကြောင်တွေကိုချစ်တယ်။ ခွေးကို Dog ကြောင်ကို မီးညောင်တဲ့ ရန်ကုန်မှာ အဒေါ်တွေ အဖိုး အဖွားတွေက သားသားကို ၁ခုခုပြောလိုက်ရင် သားသားက NO ဆိုပြီး ပြန်ပြောတော့တာပဲ။ ကျွန်မတို့ ငွေဆောင်သွားတော့အရင်ဦး ဆုံးရေထဲဆင်းတာ သား သားလေ။ သားသား က သဲအဖြူ မြင်ရင် မရဘူး။ အတင်းတွယ်ကုတ်ပြီး လူပေါ် တက်တော့တာ။ သဲအဖြူ မြင်ရင် မရဘူး။ အရမ်းရွံတယ်။ ကမ်းစပ်မှာရေကို နာရီဝက် ၁နာရီပေးဆော့တယ်။ မနက်မိုးလင်း လာလို့ နိုး ပြီဆိုတာနဲ့ ရေထဲဆင်းမယ်ဆိုတာချည်းပဲ။ ဒီပြန်ရောက်တော့ ရန်ကုန်မှာ ဘယ်လောက်သောင်း ကျန်း လာသလဲဆိုရင် သားသားဒူးခေါင်းက နဂိုအသားအရည် ဖြူတာကနေ သိသိသာသာချည်းကို ညို သွားတော့ တာ။

  
 ကျောင်းက School Activities တွင်

ကျောင်းမှာကော အိမ်မှာကော သားသားကို်ယ်ပေါ် ၁ခုခု ရေကျလို့ပဲဖြစ်ဖြစ်၊ ထမင်းလုံးကျရင်ဖြစ်ဖြစ်၊ မုန့်ကျသွားရင်ဖြစ်ဖြစ်ကျသွားလို့ကတော့ အော်တော့တာ။ သားသားအရမ်းကြိုက်တဲ့ iPad ပေါ်ကျရင်လဲ မရဘူး။ သားသားက သူသုံးတဲ့ iPad ကိုသန့်နေအောင် ထားတာ။ ၁ခါ၁လေ ကျွန်မတို့ ၂ယောက်က သားသားကို လူကဖြင့် သေးသေးလေးရှိသေးတယ်။ အရမ်းကြီးကျယ်တာပဲဆိုပြီး စကြတာ။ ကလေး အရုပ်ရောင်းတဲ့ Kiddy Palace ရောက်ရင် သားသားက အရမ်းပျော်တာ။ သားသားကြိုက်တဲ့အရုပ်တွေ့ရင် ယူပြီး တွန်းလှည်းပေါ်တက်ပြေးတော့တာပါပဲ။ ရှင်းလိုက်ရရော။ ၁ခါ၁လေ သားသားတွန်းလှည်းပေါ် မတက် ခင်၊ မယူခင်လေးမှာ သားသားကို သေချာရှင်းပြရတယ်။ သားသားနောက်၁ကြိမ်လာမှယူနော်ဆိုပြီး အဲဒီ အခါကျသားသားကအရုပ်နဲ့ကျေနပ်အောင်ဆော့တယ်။

   
အပြင်မသွားခင် ပဲပေးနေစဉ်

၁ခါ သားသား crazy ဖြစ်နေတဲ့ Angry Bird အရုပ်အနီကောင်လေး သားသားဆော့ရင်နဲ့ ပေါက်ပြီးရေတွေ ထွက်ကျတော့ အရုပ်က ပြားသွားရော။ အဖိုးက ချက်ချင်းသွားဝယ်ပေးတဲ့။ အဖိုးဝယ်လာတဲ့ အရုပ်က မာတော့ သားက သိပ်မကြိုက်ဘူး။ နောက် ၁နေ့ ကျွန်မတို့ သားသားနဲ့အတူတူ Popular မှာ သွားရှာတော့ Angry Bird Playset တွေ့တယ်။ သားသားကိုပြလိုက်မိတယ်။ သားသားကကြည့်ပြီး ဆွဲယူသွားပြီး တွန်းလှည်းပေါ်တက်ထိုင်နေတော့တယ်။ ပြန်တောင်းလို့လဲ မရတော့ဘူး။ Angry Bird ၆ ကောင်၊ ၀က် ၄ကောင် ပြီးတော့ ပစ်တဲ့ခွလေး ၁ခု ဆောက်လို့ရတဲ့အတုံးလေးတွေပါတယ်။ ဖြစ်ချင်တော့ ဈေးနှုန်း မရေးထားဘူး။ Discount Item ပဲ။ 29.90 - 59.90 တဲ့။ အဲဒါနဲ့ ကျွန်မလဲ အလွန်ဆုံးပေးရမှ 59.90 ပဲဆိုပြီး Cashier ရောက်တော့ 89.90 ကျွန်မမှာ ချထားလို့လဲမရ။ ၀ယ်ခဲ့ရတော့တယ်။ ကျွန်မမှာရင်တွေခံလို့။ ကျွန်မက သားသားကိုဒီလပြီးပြီနော်လို့ ဆိုတော့ သားသားက 'Yeah, understand' တဲ့။ နောက် ၂ပတ်နေတော့ အဘိုးနဲ့ Kiddy Palace  သွားတော့ သားသားက သူလိုချင်တာယူပြီး တွန်းလှည်းပေါ် တက်ထိုင်နေတော့တာ။ အဖိုးကပြန်တောင်းလို့လဲမရတော့ ပေးလိုက်ရတယ်။ အဖေက ကျွန်မဆီ Bill ပြန်တင်တယ်။

သားသားက သူနဲ့ရွယ်တူကလေးတွေနဲ့ဆို မတည့်ဘူး။ ၁ခါက သူဆော့နေတဲ့ အရုပ်ကို သူများက လာလုလို့ ထိုးလိုက်တာလား တွန်းလိုက်တာလား မသိဘူး ကျောင်းက ဆရာမက လာတိုင်တယ်။ သားသားကို ကျွန်မက Singaporean ကလေးတွေလို ပြောဆို ဆုံးမလို့မရတဲ့သူ မဖြစ်စေချင်ဘူး။ အဲဒီလိုဖြစ်မှာလဲကြောက်တယ်။ အဲဒါကြောင့်သားသား ကို ရိုက်လဲရိုက်တယ်။ နားလည်အောင်လဲပြော တယ်။ ၁ခါ၁လေ ကျွန်မကရိုက်ရင် သူ့အဖေရှိနေရင် အဖေဆီပြေးတော့တာ။ အဘိုးရှိရင် အဘိုးဆီပြေး တယ်။

သားသားက Angry Bird Game နဲ့ဆော့တယ်။ နိုင်အောင်လဲဆော့တယ်။ အမှတ်များအောင်လဲဆော့ တယ်။ Level 1 ဆော့ပြီးပေမယ့် နောက်၁ကြိမ် ထပ်ဆော့လို့ အရင် အမှတ်ကျော်ရင် Angry Bird အကောင်လေးနဲ့လာပြတယ်။ အဲဒါဆို သားသားက ကျွန်မတို့ကို Hi5 ဆိုပြီး လက်ဝါးချင်လာရိုက်တော့တာ ပဲ။ သားသားက ကတာတွေလဲ ၀ါသနာပါတယ်။ ကျောင်းက ဆရာမတွေက သားသားက သီချင်းသံကြား တာနဲ့ ကတော့ တာပဲတဲ့။ သားသားက ဗိုက်ပေါ်နေတာမြင်ရင် အကျီကိုမပြီးအောက်ချလိုက်တာ၊ တံတောင် ဆစ်မြင်ရင် အရမ်းအသဲယားတယ်။ လာလာကိုင်တယ်။ ကျွန်မတို့ ၂ယောက် က သားသားကိုစပြီး ဖက်ထား ရင် ပူးပူးကပ်ကပ်လုပ်နေတာမြင်ရင် အလယ်ကနေခေါင်းကြီးနဲ့ အတင်းကိုတွန်းဝင်တော့တာ။ သားသားကို ၁နှစ်ပြည့်မွေးနေ့လက်ဆောင် Mickey-Mouse စက်ဘီးလေးဝယ်ပေးတယ်။ ၂နှစ်ပြည့်တော့ ကားလိုပုံစံထဲ မှာ ဘောလုံး အလုံး ၅၀ ပါတာဝယ်ပေးတယ်။ ၃နှစ်မပြည့်ခင်မှာ သားသား အရမ်းကြိုက်တဲ့ Mickey-Mouse Clubhouse Playset ၀ယ်ပေးတယ်။ ညညကျောင်းကပြန်လာရင် စနေ တနင်္ဂနွေ အိမ်နေရင် ဖြစ်ဖြစ် ဘောလုံး တွေနဲ့ဆော့တော့တာ။ တနင်္ဂနွေည သားအိပ်ပြီးဆိုရင် ပြန်ကောက်သိမ်းရတာ အလုပ် ၁ခု။ ဘောလုံး အလုံး ၅၀ဆိုတော့ အများကြီး ပြီးတော့ ၁ခြားဘောလုံးတွေထည့်ထားတာလဲရှိသေး တယ်။ အကျီဝယ်မယ်ဆိုရင် အရုပ်ပါတဲ့အကျီ ဒါမှမဟုတ် အရောင်တောက်တောက်မှ ကြိုက်တာ။ အရင်တုန်းက ဖေမေရွေးပေးတာ ၀တ်တယ်။ နောက် အခုသားသားက သူ့စိတ်ကြိုက်ရွေးပြီး ၀တ်တာ။

၁ခါ၁လေ သားသားက အံအားသင့်စရာကြုံလာရင် 'Oh My God ... Oh Nooooo' ဆိုပြီး ပြောတတ်ပါ တယ်။ သားသားကို ၁ခုခုကျွေးလို့ ကြိုက်တယ်ဆိုရင် လက်မလေးထောင်ပြီး Nice, Very Good ဆိုပြီးပြော တတ်တယ်။

သားလေးကို အခုနို့မှုန့်လုံးဝဖြတ်လိုက်ပြီ။ နို့အစား လူကြီးသောက်တဲ့နို့ဝယ်တိုက်တယ်။ နောက်ဆို Diapers   ဖြုတ်ပြီး Toilet Training ကျင့်ရဦးမယ်။ ထမင်းများများကျွေးတယ်။ အရည်သောက်က အမြဲပါရတယ်။ ပဲ နီလေးဟင်းချိုချက်ကျွေးဖြစ်တယ်။ သားသားက အားလူး၊ ကြက်ဥ ဆိုအရမ်းကြိုက်တယ်။ 

သားသား တိုးတက်မှုလေးတွေကို ကျွန်မရဲ့ Blogမှာ မှတ်တမ်းတင်ထားတာပါ။

Blog လာလည်သူအားလုံး MERRY CHRISTMAS ပါ .....

Saturday, February 18, 2012

၂နှစ်ပြည့် သားသား

သားသားမွေးနေ့ပွဲအတွက်
သားသား မနေ့က ၂နှစ်ပြည့်သွားပါပြီ။ သားသား မွေးနေ့ညမှာ ရေးချင်ပေမယ့် ပင်ပန်းနေတာကြောင် မရေးဖြစ်ပဲ အခုမှ ရေးဖြစ်တာပါ။ သားသားက မွေးနေ့မတိုင်ခင် ညနေကစပြီး ဖျားပါတော့တယ်။ သားသားမွေးနေ့မှာ ကိုယ်က တော်တော်ပူတာ။ 9 Feb က ဆရာဝန်နဲ့ချိန်းထားလို့ သွားတာရိုးရိုး ပြတာ အောင်းမေ့လို့ ရောက်တော့ ကာကွယ်ဆေးထိုးရမယ်ဆိုလို့ ထိုးလိုက်ရတယ်။ Nurse တွေက ၄ရက် ကနေ ၉ရက်အတွင်း ဖျားလိမ့်မယ်တဲ့။ သားသား ခမျာ မွေးနေ့မှာ မပျော်လိုက်ရပါဘူး။ သားသားက Cake ပေါ်မှာ ဖယောင်းတိုင်လေးထွန်းထားတာ မြင်ရင် အရမ်းပျော်ပါတယ်။
သားသားကိုမြန်မြန်ပျောက်အောင် Paracetamol 5ml ကို ၄နာရီခြား ၁ခါတိုက်တယ်။ သားသားမွေးနေ့ကို NTUC Day Care မှာပဲ လုပ်ဖြစ်ပါတယ်။ Cake မုန့်ကို Bengawan Solo မှာ 1 KG မှာရမယ်ဆိုလို့ Mickey-Mouse & Minnie-Mouse ပုံပါတာလေး မှာဖြစ်တယ်။ မွေးနေ့မနက်မှာ  သားသားက အိပ်ရာက နိုးနိုးချင်း စိတ်မကြည်ပေမယ့် ဆေးသောက်ပြီးသွားတဲ့အခါမှာတော်တော်လန်းသွားပါတယ်။ Camera ကိုင်ပြီး သားသားကို ဓာတ်ပုံရိုက်ပေးဖြစ်ပါတယ်။ အဲဒီနေ့က ကျောင်းမတက်ဖြစ်ပါဘူး။ ကျောင်းက 2:45 PM လာပါဆိုလို့ မွေးနေ့ပွဲလုပ်ပေးရုံလေးသွားခဲ့ပါတယ်။ မွေးနေ့ကျင်းပမယ့်အချိန်မရောက်ခင်မှာ သားသားက နေ့ခင်းကဆော့ထားတာရယ် ဆေးအရှိန်ကြောင့် အိပ်ချင်လာပါတယ်။ သူငယ်ချင်းများက Birthday Song ဆိုပေးနေတာတောင် သားသားက အိပ်ချင်နေတဲ့ ပုံလေးဖြစ်နေပါတယ်။
မွေးနေ့ပွဲလည်းပြီးရော အိမ်ရောက်ရောက်ချင်း အ၀တ်အစားလဲပေးပြီး အိပ်ခိုင်းလိုက်ပါတော့တယ်။ ညနေပိုင်းရောက်တော့ သားသားကနိုးလာပါတယ်။ သိပ်ပြီး စိတ်မကြည်ပါဘူး။ အအေးသောက်ချင်တယ် ဆိုပြီး အအေးတိုက်လိုက်တော့ ဆေးတိုက်လို့မရတော့ဘူး။ အအေးသောက်ပြီး ၁နာရီနေမှ ဆေး တိုက်လိုက်တာ ၁၅ မိနစ်လဲနေရော စိတ်က ကြည်သွားပြီး မိသားစု မွေးနေ့ကိတ်လေးခွဲဖြစ် ပါတယ်။ သားသားက အရမ်းပျော်သွားတယ်။ ကိတ်မုန့်ကိုလည်း အရမ်းကြိုက်ပြီး လက်နဲ့ဖဲ့စားပါတယ်။ ခဏနေတော့ ချွေးတွေ တအားထွက်သွားပြီး နေကောင်းသွားပါတော့တယ်။ သားသားနေကောင်းတော့မှ ကျွန်မတို့လည်း စိတ်ချမ်းသာရတော့တယ်။
သားသားက ဦးတော်လဲလုပ်တတ်တယ်။ အထိုင်ပုံစံတော့ မမှန်သေးပါဘူး။ သားသားက သူမကြိုက်တာ မလုပ်ချင်တာဆိုရင် No ... No ... သူုကြိုက်တာ သဘောကျတာဆိုရင် Yeah တဲ့။ သားသားက စကား ၂လုံးပြောတတ်နေပြီ။ သားသား ကလေးဆရာဝန်မနဲ့တွေ့တုန်းက သူက စကား၂လုံးပြောပြီလာဆိုတော့ Yes လို့ပြောလိုက်တာ တော်တော်ဝမ်းသာသွားတယ်။ သားသားက စကားပြောအရမ်းနောက်ကျနေပါတယ်။
ကျောင်းမှာလဲ အသားကျစပြုနေပါပြီ။ မနက် 8:30 ဆိုကျောင်းပို့ပြီး ည 6:15 လောက်မှ လာကြိုနိုင်တာပါ။ သားသားက အမေကိုမြင်ရင် ငိုလည်းငို ပျော်လည်းပျော်ပြီး ထွက်လာပါတယ်။ အိမ်မှာ Baby Song ဖွင့်ထားပေးရင် အဲဒီ အထဲက ကလေးလေးတွေလုပ်တဲ့ အတိုင်း လိုက်လုပ်တတ်ပါတယ်။ စိတ်အလိုမကျရင် ထစ်ခနဲရှိ စိတ်အရမ်းကောက်တတ်ပါတယ်။
သားသားက အခုဆို ကျောင်းကသင်ပေးလိုက်လို့ ဇွန်းနဲ့ကိုင်စားတတ်နေပါပြီ။ သူ့ဟာသူလုပ်ချင်ကိုင်ချင် စိတ်ရှိလာပါတယ်။ သားသားကိုကျောင်းက သွားကြိုတိုင်း သူ့ဖိနပ် ဘယ်နားမှာထားထားလဲ သူ့ဟာလေးတွေ မှန်သမျှ အကုန် ၁ခုမကျန် မှတ်မိပါတယ်။ သူ့ဖိနပ်ကို ဖိနပ်စင်ကနေ မှန်အောင်ရွေးထုတ်နိုင်ပါတယ်။
သားသားမွေးနေ့အတွက် မိသားစုကိတ်

သားသားအကြောင်းလေးကိုလည်း ဆက်ရေးသွားပါ့မယ်။ 

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....