Saturday, March 14, 2015

သားကြီးနှင့်သားငယ် အမှုအကျင့်လေးများ

သားကြီးကို Library ကနေ စာအုပ်ငှားတာကို အလေ့အကျင့်လုပ်ပေးတာ ၄ကြိမ်မြောက် ဖြစ်လာပါပြီ ... ဒီနေ့ စာအုပ်ကို ဘယ်လို ပြန်ပေးလဲ ... လိုချင်တဲ့ စာအုပ်ယူပြီး စားပွဲမှာ တိုးတိုးလေး ဖတ်ရတယ် .. စာအုပ် ဘယ်လို ငှားရလဲဆိုတာ ရှင်းပြပေးတယ် ... ကျောင်းက ဆရာမတွေက Playgroup ထဲက စသွားခိုင်းတာ ... အဲဒီ အချိန်သွားရင် သားကြီးက ဘာမှ နားလည်မှာ မဟုတ်ဘူးလေ ... စကားတောင် ၃နှစ်မှ အဖေ အမေ ခေါ်တတ်တာဆိုတော့ မသွားဖြစ်ဘူး … 


နားလည်တဲ့ အချိန်သွားတော့ Development တိုးတက်တာ ပိုမြန်မယ် ထင်ပါတယ် ... အရင်ကမသွားတဲ့အချိန်နဲ့ အခုအချိန်ယှဉ်ကြည့်ရင် တော်တော်လေး ဖတ်တတ်လာပြီ ... တစ်မျက်နှာဖတ်ပြီးရင် သူဘယ်လောက်နားလည်လဲ ရှင်းပြခိုင်းတယ် ... သင်တဲ့သူကော ဖတ်တဲ့သူကော Reading Skill ကောင်းလာတာပေါ့ ... သားကြီးကို P1 စတက်တဲ့ အချိန် English Book ကို ကောင်းကောင်းကျွမ်းကျင်စွာ ဖတ်နိုင်ရင် ကျေနပ်ပါပြီ ... အခု အချိန်မှာလဲ ကျေနပ်ပါတယ် ၅၀%ပဲ ရှိသေးတယ် ... အမေက သားတစ်ယောက်ကို ဖြစ်ချင်တာတွေ သိပ်များနေတယ် 

သားကြီးရဲ့ လက်ရေးများ

သားကြီးကို ကျောင်းထားတော့ ကျောင်းက စည်းကမ်းလေးတွေ အပြင်မှာ လိုက်လုပ်တတ်တာ တွေ့ရတယ် ... ကားလမ်းကူးလို့ ကားရှင်းနေပေမယ့် မီးပွိုင့်က နီနေရင် လုံးဝ မကူးဘူး ... အဲဒီ့အချိန် အမေက ကူးလို့ကတော့ တဗျစ်တောက်တောက်နဲ့ ... May May, you are ... သူနဲ့ လမ်းကူးရင် စိမ်းမှကူးတယ် ... လမ်းမှာ မုန့်စားရင်တောင် စားပြီးသားအမှိုက်ကို တွန်းလှည်းအောက်က ပုံးထဲထည့်တယ် ... ပြီးစလွယ် လမ်းဘေး လွှတ်မပစ်ဘူး ... တွန်းလှည်းနဲ့ မသွားရလဲ အမှိုက်ကို ပုံးထဲရောက်အောင်ထည့်တယ် ... ကျောင်းက အတတ်ပညာတင်မဟုတ် လူမှုပတ်ဝန်းကျင်မှာ စည်းကမ်းရှိအောင် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးတယ် ... ကစားစရာဆိုလဲ ကြိုက်တာ ယူဆော့လို့ရတယ် ... ဆော့ပြီးရင် နေရာတကျ      သူ့နေရာ သူပြန်ထားရတယ် ... အိမ်မှာတော့ ဆော့ပြီး ဒီအတိုင်းပဲ  



သားကြီး ကျောင်းကပြန်လာရင် ထမင်းကျွေး ရေချိုး ပြီးရင် မွန်မွန်ရေချိုး ပုတီးစိတ် ပြီးရင်  English Lesson ကို အမေနဲ့ လုပ်ရတယ် ...  English Lesson Sets ကို Popular က ၀ယ်တယ် ... တစ်နေ့ Lesson တစ်ခုစာ ပြီးတဲ့ အထိသင်တယ် ... အမေနဲ့ဆို စာသိပ်မလုပ်ချင်ဘူး ... Spelling ကျက်ခိုင်း လက်ရေးလှနဲ့ ပြန်ရေးခိုင်းဆိုတော့ သိပ်မလုပ်ချင်ဘူး .. စာလုပ်ပြီးရင် လုပ်ချင်တာ လုပ်ခွင့်ပေးထားတယ် ... ည ၁၁ နာရီဆို အဖေနဲ့ Maths လုပ်ရင်လုပ် မလုပ်ရင် Library ကငှားထားတဲ့ စာအုပ်ဖတ်တယ် ... Science က နောက်လမှ စသင်တော့မယ် ... တဖြည်းဖြည်းနဲ့ မြန်မာစာ သင်မယ် ... တရုတ်စာက ဆရာမနဲ့ လုပ်ပါစေ ... အိမ်လာသင်တော့ တိုးတက်မှု ဘယ်လောက်ရှိလဲ ခန့်မှန်းလို့ရတာပေါ့  စာရေးရမှာ အရမ်းပျင်းတယ် … စာလုံး တစ်လုံးရေးဖို့ပြောရတာ အာပေါက်မတတ်ပဲ .. ကြိမ်လုံးပြပြီး ရေးခိုင်းရတယ် .. ချော့တခါ ချောက်တလှည့်ပဲ ...


Mickey & Nicky

စိတ်ထဲမှာ အမြဲတမ်း ခေါင်းထဲသွင်းထားရတယ် ... အလုပ်က ပြန်လာတိုင်း စာသင်ပေးဖို့ ... Mickey က စာသင်တာနဲ့အတူ လက်တွေ့ယှဉ်ပြရင် သင်လွယ် တတ်လွယ် မှတ်လွယ်တယ် ... စာလုပ်ရအောင် ခေါ်လိုက်ရင် မငြင်းပဲ လုပ်တတ်တာကိုတော့ သဘောကျတယ် ... စာလုံးတစ်လုံးထဲ တစ်မျက်နှာပြည့်အောင် မရေးဘူး ... သူတတ်နေတယ် ထပ်ရေးစရာ မလိုတော့ဘူးလို့ ထင်နေလား မသိပါဘူး ... အဲဒါတော့ မကြိုက်ဘူး ... စာရေးလိုက်တော့ ပိုမှတ်မိလွယ်တာပေါ့ ... Flash Card လို လုပ်ပြီး သင်ရင် မှတ်မိလွယ်တယ် ... 


သားငယ်က အခုစာရေးတဲ့အချိန် ၉လပါ ... အခုမှ မှောက်ရက်သွားတုန်းရှိသေးတယ် ... လေးဘက်ထောက် စနေပြီ ... ခန္ဓာကိုယ်က အလေးချိန်များတော့ အလေးချိန် မထိန်းနိုင်ဘူး .. ထင်ပါတယ် ... မှောက်ရက်သွားတဲ့ အချိန်ကစပြီး လျှောက်သွားနေတာ မြန်သလား မမေးနဲ့ ... သွက်လဲသွက်လာတယ် ... လက်ခုပ်လဲတီးတတ်ပြီ ... ပျော်ရင် လက်ခုပ်တီးတယ် ... အပြင်ထွက်ရရင် အရမ်းပျော်တယ် ... ညနေတိုင်း အဖေနဲ့ အပြင်ထွက်တယ် ... ချီစေချင်ရင် ပါးစပ်က အင်အင်နဲ့ ... တခါတလေ လူပေါ် ကုတ်တက်တယ် ... ဖေဖေ မေမေ သိလာပြီ ... ရုံးကပြန်လာရင် သူ့ကို အချီခံချင်လို့ တအင်အင်းနဲ့ .. လာလို့ခေါ်ရင် လက်ကလေး ကမ်းတတ်လာပြီ .. အပြင်မှာ မိသားစုညထမင်းစားရင် သူကလဲ စားချင်တယ် ... အငြိမ်မနေဘူး ... စားပွဲပေါ်က ပစ္စည်းမှန်သမျှ ဝေးဝေးထားရတယ် ... အစားအသောက်ဆို အကုန်စားချင်တယ်  သားငယ်က ရေကူးရတာ ပြောတယ် … ရေကူးကန်မှာ မိသားစု သွားကူးရင် သူက ငယ်သေးတော့ အရင် အကျီလဲရတော့ သိပ်မကြိုက်ချင်ဘူး … ရေတိမ်နေရင်လဲ မကြိုက်ဘူး … ရေနက်မှ ကြိုက်တယ် … ကိုကို ရှိတဲ့နောက် တကောက်ကောက်လိုက်တယ် … ကိုကိုနဲ့ဆော့ချင်တာလေ … စက်ဘီးကြိုက်တယ် … အကိုလုပ်သူက သားရေ စက်ဘီးစီးမလား … မေမေ၀ယ်ပေးမယ်ဆိုတော့ No တဲ့ … 


သားငယ် ကိုယ်အလေးချိန်က သားကြီး ကိုယ်အလေးချိန်နဲ့ သိပ်မကွာဘူး ... သားကြီးက အဖေပိုကပ်တယ် ... သားငယ်က အမေ ပိုကပ်တယ် ... အခု ကစားစရာဆို လုနေပြီ ... သားငယ်က ကိုကို ဟာဆို ဆော့ချင်တယ် လိုချင်တယ် ... ရန်ဖြစ်တယ် ... သားကြီးကို ပြောရတယ် ... သားငယ်ကို Bully မလုပ်ဖို့ ... သားကြီးက သားငယ်ကို လုပ်တာ မြင်လို့ကတော့ ချက်ချင်း အော်လိုက်တယ် ဆူလိုက်တယ် ... သားငယ်မှ မဟုတ်ဘူး အခြားကလေးတွေကိုလဲ အဲဒီလိုလုပ်ရင် မကြိုက်ဘူး ... သားကြီးကို အဲဒီလို လာလုပ်ရင်လဲ မကြိုက်ဘူး ... ကလေးဆိုတာ ဆော့မှာပဲ ဆိုတာ မှန်တယ် ... နိုင့်ထက်စီးနင်း လုပ်သွားတာမျိုး အသားလွတ် ရိုက်သွားတာမျိုး ဥပမာ ကာတွန်းကားထဲက Power Rangers တို့ Superman လိုမျိုး လိုက်အတုခိုးပြီး ကလေးချင်း ရိုက်နေတာမျိုးလဲ မကြိုက်ဘူး ... သားကြီးကို အဲဒီလိုမျိုး ကာတွန်းကားတွေ မကြည့်ခိုင်းဘူး ... ငြိမ်တဲ့ ကားတွေပဲ ကြည့်ခိုင်းတယ် … 

သားကြီး စာအုပ်များ - ၃လ စာ

သားကြီးက အပြင်သွားရင်ပဲ ဖြစ်ဖြစ် ကျောင်းကပြန်လာရင်ပဲ ဖြစ်ဖြစ် သူ့ကို ဘယ်သူက ဘယ်နေရာရိုက်သွားလဲ ဘယ်သူက စရိုက်တာလဲ အကုန်ပြန်ပြောပြတယ် ... ဒီအရွယ်ကလေးတွေက မညာတတ်သေးဘူး ... အဲဒီလို ကြားရတော့ ကျွန်မကတော့ အဲဒီလိုမျိုးဆို နောက်သွားရမယ်ဆိုရင် အတတ်နိုင်ဆုံးရှောင်တယ် ... မတတ်သာလို့ သွားရတယ်ဆိုရင် နောင်က တောက်လျောက်လိုက်နေ တာ ... တစ်ခုခု ဖြစ်သွားရင် မွေးတုန်းက အကောင်းလေ ရင်ကျိုးရချည်ရဲ့ ... ပြီးခဲ့တဲ့လက ကျောင်းမှာ အရုပ်လုရာက ရန်ဖြစ်တယ် ... ဆရာမက ၂ယောက်လုံး ထိုင်ခိုင်းထားတယ် ... ကျောင်းက ပြန်လာတော့ ဗမာလိုရော English လို ပြောရသေးတယ် ... နောင်မဖြစ်ဖို့ ... ဒီအရွယ်က ပြောသာပြောရတယ် နားဝင်မှာ မဟုတ်ဘူး … 


သား ၂ယောက် မွေးထားတော့ ၁ယောက် ၁မျိုးဆီ ဆန့်ကျင်ဘက်လေးတွေ သားကြီးက အဆော့သန်တယ် … သားငယ်က အခုချိန်ထိ ငြိမ်တဲ့အထဲ ပါနေသေးတယ် … 

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင် .. 

No comments: