Tuesday, May 27, 2014

ကြက်သား ဒန်ပေါက်



ပါဝင်သော အရာများ
ကြက်ရင်အုပ် ၅ခု
ဒိန်ချဉ်
ကြက်သွန်နီ
ကရဝေးရွက်
သစ်ဂျပိုးခေါက်
လေးညှင်း
ဖလာ
မဆလာ ၃မျိုး (နာမည်မခေါ်တတ်လို့ပါ။ ကုလားဆိုင်တွေမှာ သွားဝယ်ရင် သီးစုံချဉ်ဟင်းချက်ဖို့ဆိုရင် ၃မျိုးပေးတတ်တယ်။ ရန်ကုန်ကနေ၀ယ်လာတာ)
ထောပတ်
သခွားသီး
ချဉ်ပေါင်
ခရမ်းချဉ်သီး
မြစ်
ငပိစိမ်းစား
သံပုရာသီး
ငရုတ်သီးစိမ်း
နံနံပင်
စပျစ်သီးခြောက်
သီဟိုစေ့
အစိမ်းရောင် ပဲလုံးစေ့
ဆား
အချိုမှုန့်
Basamati Rice
Yellow Colouring
ငရုတ်အရောင်တင်မှုန့်

ကြက်သွန်နီ ၅လုံးကို အခွံခွာ ပါးပါးလှီးထားပါ

ကြက်ရင်အုပ် ၅ခုကို မနှယ်ခင် ဓားနဲ့အပေါ်က နဲနဲလှီးပါ။ ဇလုံ၁ခုထဲမှာ ကြက်ရင်အုပ်၅ခုကို ဆား၊ အချိုမှုန့်၊ မဆလာ ၃မျိုး၊ သစ်ဂျပိုးခေါက် ၁ခု၊ ကရဝေးရွက် ၅ရွက်၊ ဖလာ ၅စေ့၊ လေးညှင်း ၅စေ့၊ ဒိန်ချဉ် ဟင်းခတ်ဇွန်း ၃ဇွန်း၊ ထောပတ် ၁ခုရဲ့ ၁၀ ပုံ မှာ ၁ပုံစာ၊ ငရုတ်အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းရောနှယ်ပြီး မချက်ခင် ၁ည ရေခဲသေတာထဲတွင်နှပ်ထားပါ၊

Basamati ဆန်ကို ၃လုံးခွဲ ဆန်ဆေးသလိုဆေးပြီးသစ်ဂျပိုးခေါက် ၁ခု၊ ကရဝေးရွက် ၅ရွက်၊ ဖလာ ၅စေ့၊ လေးညှင်း ၅စေ့၊ စပျစ်ခြောက် (ကြိုက်သလောက်ထည့်နိုင်ပါတယ်)၊ သီဟိုစေ့ (ကြိုက်သလောက်ထည့်နိုင်ပါတယ်) အစိမ်းရောင် ပဲသီးစေ့ (ကြိုက်သလောက်ထည့်နိုင်ပါတယ်)၊ ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်းထည့်ပြီး ထမင်းချက်သလိုချက်ပါတယ်။ Rice Cooker နဲ့ချက်ပါတယ်။

ဒယ်အိုး ၁လုံးထဲမှာ ဆီ ၂၀သားထည့် ဆနွင်းနည်းနည်းထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်ကို ကြော်ပါတယ်။ ကြက်သွန်နီ ကျက်လာရင် ဆယ်ပြီး ဆီကိုသတ်သတ်ဖယ်ထားပါတယ်။

ဆီ ၃ကျပ်သားထည့်ပြီး လုံးထားသော ကြက်သားကိုထည့် ကြက်သွန်ကြော်ထည့်ပြီး မီးအေးအေးနဲ့လုံးပါတယ်။ ရေမကျန်အောင် ကြက်သားကိုချက်ရပါတယ်။

ဆန်ကြက်ရင် အိုးအကြီးကြီး ၁လုံးထဲမှာ ထမင်း ၁လွှာခင်းပါတယ်။ အရောင်ဖြန်းပါတယ်။ လက်ဖက်ရည်ဇွန်း ၃ဇွန်း သုံးပါတယ်။ ၂ဇွန်းက ကျဲကျဲဖြူးတာပါ။ ကျဲကျဲဖြူးတော့ အ၀ါရောင်ရပါတယ် ၁ဇွန်းက ၁နေရာထဲဖြူးတော့ အနီရောင်ရပါတယ် (အရောင်ဖြန်းတာအရေးကြီးပါတယ်။ အကုန်အပြည့်မဖြူးရပါဘူး ကျဲတောက်တောက်ဖြူးရပါတယ်)

အပေါ်ကနေ ထမင်း ၁လွှာ ထပ်ဖြူးပါတယ် အပေါ်ကနေ ကြက်သားထည့်ပါတယ်

အပေါ်က ထမင်း ၁လွှာ ထပ်ဖြူးပါတယ်။

မီးအေးအေးနဲ့ တည်ပါတယ် ထမင်းခပ်တဲ့ဇွန်းနဲ့ ဖွဖွလေး မွှေပါတယ်

ကြက်သားဒန်ပေါက်ရပါပြီ ... အကျက်ဖောက်နည်းနဲ့ချက်တာပါ



အချဉ်အတွက်က 

သခွားသီး ကြက်သွန်နီ ပါးပါးလှီး သံပုရာသီး ၁ခြမ်း၊ နံနံပင် ငရုတ်သီးစိမ်း ပါးပါးလှီး၊ ဆားအချိုမှုန့်နယ်ပါတယ်

ချဉ်ပေါင်ဟင်းချိုအတွက်က
ချဉ်ပေါင်ရွက်ခြွေ၊ မြစ်ပါးပါးလှီး
ဒယ်အိုး၁လုံးမှာ ရေထည့်ပြီး ရေဆူလာရင်  ဓားပြားရိုက်ထားသော ကြက်သွန်ဖြူ ၂မွှာကိုထည့်၊ ငပိစိမ်းစား အနည်းငယ်၊ ထောင်းထားသော ပုဇွန်ခြောက်ထည့်ပါ၊ ကြက်သွန်ဖြူအနံပျောက်မှ ချဉ်ပေါင်ရွက်၊ မြစ်ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ မြစ်နှုးပြီး ချခါနီးအချိန်မှ ငရုတ်သီးစိမ်း ခရမ်းချဉ်သီးထည့်ပါ။



Monday, May 26, 2014

ဒုတိယ ကလေး ရိုးရိုး မွေးခဲ့စဉ်

ဒုတိယ ကလေးကို သူများ ကလေးတွေလို အဓိပတိဖွား လိုချင်တယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကလေးကံကို မိဘက လုပ်ယူသလို ဖြစ်နေတယ်။ ကျွန်မ အမြင်ကိုပြောချင်ပါ။ ဘာနေ့သားပဲရရ၊ ဘာဖွားပဲဖြစ်ဖြစ် ကလေးကံကို မပြင်တော့ပါဘူး။ ကျွန်မ ဆုတော့ တောင်းတယ်။ ကျွန်မ ဗိုက်ကလေးကို ပုတ်ပြီး သားသား နေ့မကောင်းဘူး မနာနဲ့ဦးနော် ဆိုပြီး သားသားနဲ့ အပြန်အလှန် စကားပြောကြတာ။ ကိုယ်ဝန် ၃၇ ပတ် ပြည့် တဲ့နေ့မှ ခွင့်စ ယူပါတယ်။ ရုံးက Users တွေက ပြောကြတယ်။ လမ်းအများကြီး လျောက်ရင် စောစော ကြိုမွေးတတ်တယ်။ ပထမကလေး မွေးတဲ့အချိန်ထက် သေချာတယ် စောပြီး မွေးမှာ။ ပြောပါများလာတော့ ကျွန်မကြောက်လာတယ်။ အဲဒီအရှေ့မှာ ၁ယောက်ရှိတာကို။ ခွင့်ယူသွားတဲ့နေ့ ည ၁၂နာရီမှာ ကလေးမွေး သွားတယ်။ ကျွန်မက သူ့ထက်လမ်းပိုလျောက်ရတော့ အဲဒီလိုပဲ ထင်ကြေးပေး ကြတယ်။ အဲဒါနဲ့ ခွင့်ကို ကြိုယူဖြစ်တယ်။ ယောင်္ကျားလေး လွယ်ထားရတဲ့ ကိုယ်ဝန်က နောက်ကျတယ်။ သားကြီးကို ကို်ယ်ဝန် ၃၉ ပတ်နဲ့ ၆ရက်မှာ မွေး ပြီး သားငယ်ကို ကိုယ်ဝန် ၃၉ ပတ်နဲ့ ၂ရက်မှာမွေးပါတယ်။ စောတယ်နော် ၄ရက်ပဲ။ ခွင့် ၁၀ ရက်ကို နှမြောလိုက်တာနော့။ သားငယ်လေးနဲ့နေရမယ့်အချိန် နည်းသွား တာပေါ့။

၁၆ ရက်နေ့မတိုင်မီ လွန်ခဲ့တဲ့ ၃ရက်က ဆီးစပ်နားမှာ သန်ထိုးသလို နာပါတယ်။ အိမ်သာထဲသွား ပြန်လာ ပြီး စောင်းအိပ်နေလိုက်ရင် ပျောက်သွားရော၊ အဲဒီလို ၃ရက် ဆက်တိုက်ဖြစ်နေရာကနေ ၁၅ ရက်နေ့ ည ၇နာရီခွဲမှာ Facebook မှာ စိတ်ညစ်ညစ်နဲ့ status ရေးမိတယ်။ မြန်မာ အယူအဆအရ တနင်္ဂနွေ ကနေ အင်္ဂါ အထိကောင်းပါတယ်။ Wednesday, Thursday, Saturday မကောင်းဘူး။ ဖြစ်ချင်တော့ ကြာသ ပတေးနေ့ ည ၇နာရီခွဲကျော်ကျော်မှာ ဆီးစပ်က သန်ထိုးသလို နာပါတယ်။ အရင် ၃ရက်ကလဲ အဲဒီလို နာဖူးတော့ ဒီအတိုင်းပဲ နေလိုက်ပါတယ်။ နာလိုက် အိမ်သာသွားလိုက်ပေါ့။ ၄၅ မိနစ် ၁ကြိမ်နာပါတယ်။ စောင်းအိပ်ကြည့်တယ်။ ဒါပေမယ့် မရဘူး။ နောက် နာရီဝက် ၁ကြိမ် နာလာပါတယ်။ ယောင်္ကျားကို မေး ကြည့်တော့ ၅မိနစ်ခြား ၁ကြိမ်နာမှ ဆေးရုံ ဖုံးဆက်လို့ရမှာတဲ့။ အဲဒီအချိန် နာလာတယ် ပျောက်သွား တယ် ဆိုရင်  ယောင်္ကျားကိုပြောတယ်။ ဒီလိုနဲ့ ည ၁၁ နာရီကျော်လာတော့ ပိုဆိုးလာတယ်။ ၁၅ မိနစ် ခြား ၁ခါ နာလာ တာ။ ယောင်္ကျားက ဖုံးခေါ်ကြည့်လိုက်မလား။ အခြေအနေသိရတာပေါ့။ ကျွန်မက အစောပိုင်း ကတည်း က ခေါ်ချင်နေတာ။ ဆေးရုံ သွားဖို့ အထုတ်လဲ ထုတ်ထားတယ်။ ယောင်္ကျားက အဲဒီညက အိတ် စစ်ကြည့်တော့ ကလေးအတွက် မေ့ပြီး မထည့်ထားမိလိုက်ဘူး။ ဒါနဲ့ ယောင်္ကျားက NUH  ဆေးရုံ Emergency ကို ဖုံးဆက် တယ်။ ကျွန်မ IC၊ ဘယ်လိုစဖြစ်သလဲဆိုတာရယ်၊ အခုကလေးက ပထမကလေး လား၊ ဒုတိယ လားမေးတယ်။ ဆေးရုံက အဲဒါဆို အခုချက်ခြင်း လာခဲ့ပါဆိုပြီး လင်မယား ၂ယောက်  ဆေးရုံ သွားဖို့ ပြင်ရတယ်။ သားကြီးကိုတော့ အဖိုးနဲ့ ကလေးထိန်းနဲ့ထားခဲ့ပြီး သားကြီး မသိအောင်ဆေးရုံကို Taxi On Call ခေါ်ပြီး ထွက်လာတယ်။ Taxi ပေါ်မှာ နာတာက ၁၀မိနစ်ခြား ၁ခါနာတယ်။ ကလေးက ဗိုက်အပေါ်ကို ကုန်းတက်ပြီး နာသလို နာတာ။ Delivery Suites ကိုတွန်းလှည်းနဲ့ မသွားပဲ လမ်းလျောက် သွားခဲ့တယ်။ ည ၁၂ နာရီကျော်ကျော်မှာ NUH ဆေးရုံ ရောက်ပါတယ်။ 

Delivery Suites ကို ယောင်္ကျားက လွဲပြီး ဘယ်သူမှ ၀င်ခွင့် မပေးပါဘူး။ အ၀င်ဝမှာ IC ပြောပြလိုက်တာနဲ့ သိပြီးသားဆိုတော့ ကျွန်မမွေးမယ့် အခန်းထဲကို ခေါ်သွားပါတယ်။ တိုက်ဆိုင်စွာ သားကြီး မွေးတဲ့အခန်း နံပါတ် ၆ ပဲ ပြန်ရပါတယ်။ အဲဒီမှာ လုပ်နေတဲ့ Nurse တွေက ကျွန်မတို့ကို မှတ်မိတယ်။ IC, Passport ပြပြီး ဖြစ်စဉ်ပြန်ပြောပြပါတယ်။ မွေးခန်းက အရမ်းအေးတာ။ ကျွန်မ တကိုယ်လုံး ဂတ်ဂတ်နဲ့ လက်တွေရော ခြေထောက်တွေရော တုန်နေရော၊ ရောက်တယ်ဆိုတာနဲ့ ကျွန်မက အိမ်သာထဲသွားပြီး ဆီးသွားတယ်။ ၁ခါသွား ၅မိနစ်ကျော်ကျော်ကြာတယ်။ ရောက်ရောက်ချင်း ကလေးနှလုံးခုန်နှုန်းတိုင်းတဲ့ကိရိယာ ကိုယ်မှာပတ်ပေး တယ်။  ပြီးရင် ကုတင်ပေါ်ရောက်ပြီးဆိုတာနဲ့ ထပ်သွားချင်ပြန်ရော။ Nurse တွေနဲ့ အဲဒါနဲ့ပဲ ကျွန်မက အလုပ် ရှုတ်နေတာ။ ကုတင်ပေါ်ရောက်လိုက် အိမ်သာထဲသွားချင်လိုက် အဲဒီလိုဖြစ်နေ တာ။  နောက်ဆုံး ၁ကြိမ် Pass Urine လုပ်မှပဲ သွေးတွေဆင်း လာတော့တယ်။ အဲဒီတော့မှ ကလေးမွေးတော့မှာ သေချာ သလောက်ဖြစ်နေပြီ။ ဆေးရုံက ဗိုက်နာရမယ်၊ ရေမွာပေါက်ရမယ်၊သွေးဆင်းရမယ်။ အဲဒီ ၃ချက်ထဲက ၁ခုခုဖြစ်ပြီဆို ဆေးရုံကိုအမြန်ဖုံးဆက်ပါ။ ကလေး မလှုပ်တော့ဘူးဆိုလဲ အမြန်ပြေးလာခဲ့ပါ။ ၁နေ့ကို ၁၀ကြိမ်ထက်မနည်းလှုပ်ရမယ်။ ကျွန်မကလေးက ၁နေ့ အကြိမ် ၁၀၀ လောက်ရှိမယ်။ အချိန်တိုင်း လှုပ်နေတာ။ ခဏနေတော့ တာဝန်ကျဆရာဝန်မတွေရော ဆရာဝန် ငယ်ငယ်လေးတွေရောက်လာတယ်။ သားအိမ်ဘယ်လောက် ပွင့်နေပြီလဲဆိုတာ မေးကြည့်တယ်။ အဲဒါနဲ့ နောက် ဆရာဝန်မလေး ၁ယောက် ရောက်လာပြီး Virgina ထဲ လက်ထည့်ပြီး သားအိမ်စမ်းတယ်။ အဲဒီ အချိန်နာသလားမမေးနဲ့ တော်တော်နာ တယ်။ သားအိမ်က 3 cm ပွင့်နေပါပြီ။ ဘာနဲ့မွေးမှာလဲဆိုပြီးမေးကြပါတယ်။ Epidural ရွေးထားတယ် ဆိုတော့ ထိုးပေမယ့် ဆရာဝန်လာလိမ့်မယ် ဆိုပြီး စောင့်နေပါတယ်။ အခန်းထဲမှာ လင်မယား ၂ယောက်ထဲ။ ကလေးအော် သံလေးတွေ ၁ယောက်ပြီး ၁ယောက်ကြားနေရတယ်။ Nurse လဲ အခန်းထဲမှာ မရှိပါဘူး။ အိပ်ရာထဲ လဲနေပေမယ့် အိမ်သာထဲသွားချင်ပြန်ရော။ ခေါင်းလောင်းနှိပ်ပြီး ခေါ်ရတယ်။ စိတ်တောင်တိုရ တယ်။ Nurse ကိုမေးကြည့်တော့ ဒီနေ့ မွေးလူနာ အရမ်းများတယ်။ တချို့ဆို ပြန်လွတ်ရတယ်။ သားအိမ် မပွင့်ရင်တော့ နာလဲ ပြန်ရတာ များတယ်။ ခဏနေ ဆရာဝန် ရောက်လာပြီး Epidural မထိုးခင်  Cause & Effect သေချာဖတ်ပြီး သဘောတူကြောင်း လက်မှတ်ထိုးရပါတယ်။ Epidural မထိုးခင် အမေ Pressure မကျအောင်နှင့် ကလေး မထိခိုက်အောင် ဆေးသွင်းရပါတယ်။ အဲဒီအချိန် ကျွန်မက ဆီးအရမ်းသွား ချင်တယ်။ အောင့်ထားရတာ ငရဲကျနေသ လားအောင်းမေ့ရတယ်။ ဗိုက်ကလဲ ၁၀ မိနစ်ခြား ၁ခါနာနေတာ။ ပိုက်ထိုးထားရင် ဆီးသွားလို့ မရတော့ဘူး။ နောက်ဆုံး ဘယ်လိုမှ မအောင့်နိုင်လို့ ခေါင်းလောင်းတီးပြီး ခေါ်ရပြန်တယ်။ ဆေးသွင်းထားတာ ကိုင်ပြီး အိမ်သာထဲဝင်ပါတယ်။ ဆီးသွားတာ ၁၀မိနစ်ကျော်ကျော်ကြာ ပါတယ်။ ပြီးသွားပြန်ရင်လဲ ထပ်သွားချင်ပြန်ရော။ ဆေးသွင်းထားတာ တ၀က်ကျော်လောက်မှ Epidural ကစလို့ရတယ်ဆိုတော့ ဆရာဝန်အလာ စောင့်နေရပါတယ်။ ကျွန်မမှာ ဆီးရယ် အရမ်းချမ်းနေလို့ တကိုယ်လုံး တုန်နေတာ ၂ခုက ကျွန်မ အတွက် အတော့်ကို ဆိုးပါတယ်။ 

Epidural ထိုးဖို့ ဆရာဝန်မလေးရောက်လာပါတယ်။ ငယ်ငယ်လေးတွေပါ။ သူတို့ကို ကြည့်ပြီး မွေးထားတဲ့ သားတွေကို သူတို့လို ဖြစ်ချင်တာပါပဲ။ Epidural ထိုးနေတဲ့ အချိန် သံဗုဒ္ဓေ၊ သရဏဂုံရွတ်နေတာ။ လူကလဲ အေးပြီး တကိုယ်လုံး တုန်နေတာ။ အင်္ဂုလိမာလသုတ်က ကျက်ဖို့မေ့သွားတယ်။ ဆေးထိုးနေတဲ့ အချိန် လှုပ်လို့ မရဘူး။ ထိုးပြီးသွားတော့ ကျွန်မရဲ့ သွေးခုန်နှုန်းကို နာရီဝက်ခြား ၁ခါ အလို အလျောက် စစ်ထားပေးပါတယ်။ ကျွန်မရဲ့ ဗယ်ဘက်က ကလေး နှလုံးခုန်နှုန်းဖြစ်ပြီး ညာဘက်က ကျွန်မရဲ့ သွေးခုန်နှုန်းကို စစ်တာပါ။ ကျွန်မရဲ့ ဗယ်လက်မှာ Epidural အရည်သွင်းတာပါ။ ညာလက်မှာက Blood Pressure မတက်အောင် ထိန်းပေးတဲ့ အရည်ပါ။ ဆီးပိုက်တပ်ပေးပါတယ်။ ဆီးပိုက်တပ်မှပဲ ကျွန်မမှာ ဆီးခဏခဏ သွားခြင်းမှ ကင်းဝေးသွားပါတော့တယ်။ ဆရာဝန်တွေကော Nurse ပါ အပြင် ထွက်သွားကြပါတယ်။ လူနာရှင် မအိပ်အောင် စကားပြောပေးနေပါ။ အဲဒီတော့ ၂ယောက်သား သောကြာသား ဖြစ်မယ့် သားလေး ကို ပေးဖို့နာမည်စဉ်းစားကြပါတယ်။ Epidural ထိုးထားပေမယ့် ဒီ ၁ခါ အရင် ၁ခါကလို  ရာနှုန်းပြည့် မသက်သာပါဘူး။ ၃၀ရာခိုင်နှုန်းက နာပါတယ်။ ၁၀မိနစ် ၁ကြိမ်ပေါ့။ သူနာပြု ၁လှည့် ဆရာဝန် ၁လှည့် ကျွန်မရဲ့ ခြေထောက်ကို ထုံနေလား မထုံဘူးလားဆိုတာ လာစမ်းတာပါ။ နောက်ဆုံး မမွေးခင်အထိ ဗယ်ဘက်ခြေထောက်က လုံးဝထုံသွားပြီး ညာဘက်ခြေထောက်က ၈၀ရာခိုင်နှုန်းပဲ ထုံပါတယ်။ 

ဆရာဝန် ၁ယောက် ၀င်လာပြီး သားအိမ်ထပ်စမ်းပါတယ်။ ဒီ၁ခါတော့ ပထမ ၁ခါလို မနာတော့ဘူး။ သားအိမ် 5 cm ပွင့်နေပြီး ရေမွာ ဖောက်မလားဆိုပြီး မေးပါတယ်။ ရေမွာဖောက်ရင် မွေးတာ ပိုမြန်တယ်ပြောပါတယ်။ ၂ယောက်စလုံးက ဆရာဝန်မ သဘော အတိုင်းပဲ ကောင်းသလို လုပ်ပေးပါ ဆိုတော့ ရေမွာဖောက်ပေးသွားပါတယ်။  ကျွန်မကတော့ ၁ချက် ၁ချက် ငိုက်ငိုက်ကျသွားတယ်။  ကျွန်မကတော့ ကလေးရဲ့ နှလုံးခုန်နှုန်း ကျွန်မရဲ့ သွေးခုန်နှုန်းကို အချိန်တိုင်းနားထောင်နေတာပါ။ အဲဒီအချိန် ခေါင်းထဲဝင်လာတာ အရေးပေါ် ခွဲစိတ်ခန်းထဲ ၀င်လိုက်ရင်တော့ .. ကျွန်မက အရင် ၁ခါလို ဘယ်အချိန် သားအိမ်ပွင့်တယ်ဆိုတာ မှတ်မထားနိုင်တော့ပါဘူး။ ၁၀မိနစ်ခြား ၁ကြိမ်ဗိုက်က နာနေတာ။ ၁၀၀ ရာခိုင်နှုန်းသာ နာလို့ကတော့ တွေးတောင် မတွေးရဲဘူး။ အစက ဒီအ တိုင်းမွေးမလို့ စိတ်ကူးနေတာ။ အရင်၁ခါ Epidural ထိုးပြီးမွေးတာ ခါးနာတာက ကျန်ခဲ့တယ်။ 

မနက် ၆နာရီခွဲ မှာ Nurse ရောက်လာပြီး သားအိမ် ဘယ်လောက်ပွင့်နေလဲဆိုတာ စမ်းပါတယ်။ ပြီးတော့ ဆရာဝန်မ ၀င်လာပြီး ထပ်စမ်းပါတယ်။ သားအိမ်က 9 cm ပွင့်နေပြီ။ အားလုံး ကျွန်မ အခန်းထဲကို အသီးသီး ရောက်လာကြပါတယ်။ မိန်းမ ဆရာဝန် ၃ယောက် (အဖြူမ ၁ယောက်) ယောင်္ကျား ဆရာဝန် ၁ယောက်ပါ။ Nurse မရှိပါဘူး။ မွေးတော့မယ့်အချိန် ကျွန်မ သွေးခုန်နှုန်းက ၈၈ ၅၇ နောက်ဆုံးမှတ်မိ တာ။ ၁ချိန်ထဲ ကျွန်မ ကလေး နှလုံး ခုန်သံလဲ မကြားရတော့ဘူး။ ဆရာဝန်မက ကျွန်မကို ဗယ် ဘက်စောင်းအိပ် ခိုင်းပါ တယ်။ ခဏနေတော့ ကလေး နှလုံးခုန်သံ ပြန်ကြားရပါတယ်။ အဲဒီအချိန် ကျွန်မ ရင်ထိပ်သွားတာပဲ။ ကျွန်မတော့ ခွဲခန်းထဲ ၀င်ရမလားဆိုပြီး။ မနက် ၇နာရီမှာ ကလေးကို မွေးဖို့ ပြင်ဆင်ပါ တယ်။ ဗယ်ဘက် ခြေထောက် မလှုပ်နိုင်တော့ အားလုံး ၀ိုင်းထူပေးပါတယ်။ Pass Urine or Pass Motion ထွက်ချင်သလား မေးပါတယ်။ ကလေးလှုပ်ပြီးဆိုရင် အသက်ပြင်းပြင်းရှူပြီး အောက်ကိုညစ်ပါ။ ဒီ ၁ခါ မွေး တဲ့ပုံက အရင် ၁ခါ မွေးပုံနဲ့မတူဘူး။ ရေသောက်ဖို့ အဆင့်သင့်ရေ၂ခွက် ချထားပေးပါတယ်။ အသက်ကို ပြင်းပြင်းရှုပြီး အောက်ကို ညစ်ထုတ်ရတာပါ။ ၂ခါလောက်ညစ်လိုက် မောတော့ ရေတောင်းသောက်တော့ အဲဒီမှာ ပြသာနာစတာပဲ။ ပေးထားတဲ့ရေက ရေနွေး၊ ကျွန်မက ရေအေးစိမ့်နေမှ ရေငတ်ပြေတာ။ ရေနွေးသောက် လိုက်တော့ ပိုပြီး ရေငတ်။ မညစ်နိုင်။ ဒါပေမယ့် ကျွန်မ အားစိုက်ပြီးလုပ်ပါတယ်။ အရင်၁ခါ သားကြီးတုန်းက ကျွန်မ မညစ်နိုင်လို့ သားခေါင်းက မလှဘူး။ ၁၀ကြိမ်မလုပ်လိုက်ရပါဘူး။ ကလေးထွက် သွားပါတယ်။ ကလေးခေါင်း ၁၀က်မြင်ရတဲ့အချိန် မွေးလမ်းကြောင်းချဲ့လိုက်ပါတယ်။ မွေးလမ်းကြောင်းချဲ့မှ ကလေးက ၁ကြိမ်ညစ်လိုက်တာနဲ့ထွက်ရော၊ မနက်၇နာရီခွဲကျော်ကျော် မှာမွေးပါတယ်။ မေ ၁၆ သောကြာ သားပါ။ 3.3 kg ပါ။ အရပ်က 51 cm ပါ။ 

Giving Oxygen

ဒီ၁ခါ သားငယ်ခေါင်းက သားကြီးခေါင်းလောက် မဆိုးပါဘူး။ ထွက်စ ၁ကြိမ်ပဲငိုပြီး နောက် မငိုပါဘူး။ ထွက်ပြီး ၁မိနစ်တောင် မကြာဘူး ကျွန်မကိုယ်ပေါ်ကို တင်ပါတယ်။ မိခင်ရဲ့ ကိုယ်ငွေ့ကို ကလေးကို ပေးတာပါ။ ကလေးကို Oxygen တိုင်းကြည့်တော့ ၈၀ ပဲရှိတယ် ပုံမှန် ၁၀၀ ရှိရမှာ။ ကလေးက အမေ့ဝမ်းထဲမှာ ရှိနေတဲ့အချိန်နဲ့ အပြင်ကအချိန် မတူလို့ အဲဒီလိုဖြစ်တာ။ တာဝန်ကျ ကလေးဆရာဝန် ရောက်လာပြီး ၁နာရီ Oxygen ပေးရမယ်။ Oxygen ပေးလို့မှ မတက်လာဘူးဆိုရင် ကလေးကို ICU ထဲ ထားရမယ်တဲ့။ ကျွန်မထားတဲ့ ကုတင်နဲ့ ကလေးကုတင်က နည်းနည်းလှမ်းတယ်။ ကျွန်မခြေရင်းမှာ ပေမယ့် ခြေထောက်က ထုံနေတော့ ဘာမှ လှုပ်လို့မရဘူး။ ယောင်္ကျားပြောသမျှ နားထောင်ရလို့ သိရတာ။ ကလေး ကို Oxygen ပေးနေတဲ့ အချိန် ကျွန်မပေါင်ကို ဆေး၁လုံး ထိုးသွင်းပါတယ်။ ပြီးတော့ မွေးလမ်းကြောင်း ချုပ်ပါတယ်။ ချုပ်ရိုး ချုပ်အပြီး ကျွန်မကိုယ်ပေါ်မှာ တပ်ထားတာတွေကို အကုန်ဖြုတ်ပါတယ်။ Epidural ထိုးပြီးတိုင်း ကျွန်မ အဖျားတက်တယ်။

My Sons - Mickey & Nicky

မနက် ၇နာရီခွဲမှာ Nurse ပြောင်းပါတယ်။ ဆရာဝန်တွေကတော့ မပြောင်းပါဘူး။ Nurse ၁ယောက် ရောက်လာပြီ ဒီနေ့အတွက် တရုတ်စာ မှာထားကြောင်းလာပြောပါတယ်။ ခဏနေတော့ မနက်စာ စားဖို့ လာပို့ပါတယ်။ မနက်စာ စားအပြီး ချုပ်ရိုးချုပ်အပြီးမှာ ကလေး ဆရာဝန် ရောက်လာပြီး စိတ်ချသွားပြီ လာပြောပါတယ်။ Nurse ကို အကူအညီ တောင်းပြီး မိသားစု ၃ယောက် ဓာတ်ပုံ ရိုက်ကြပါတယ်။ Ward ထဲပြောင်းဖို့အတွက် ကုတင်စောင့်နေကြပါတယ်။ ကုတင်လာတော့ ကျွန်မဘေးမှာ ကလေးထားပြီးသွားပါ တယ်။ ကုတင်ကိုတွန်းပြီး သွားတာ ကျွန်မအတွက် ခေါင်းတော်တော်မူးပါတယ်။ ကျွန်မနေမယ့်နေ ရာရောက်တော့ ကြည့်လိုက်တာ ၄ယောက် ၁ခန်း B1 Class ဖြစ်နေတယ်။ ကျွန်မယူထားတာ B2 Class ၆ယောက် ၁ခန်းပါ။ B2 Class မှာလူပြည့်နေလို့ B1 Class ပေးထားတာပါ။ B2 Class ဈေးနှုန်းပဲယူပါတယ်။

From My Office

Nurse ကတော့ ၁နာရီခြား ၁ခါ BP နဲ့ အဖျား လာလာတိုင်းပါတယ်။ အဖျားက တက်လိုက် ကျလိုက်ပါပဲ။ ၃နာရီလောက်နေတော့ ဗယ်ဘက်ခြေထောက်ထုံတာ ပျောက်သွားပါတယ်။ လမ်းဆင်းလျောက်ကြည့်ပါ တယ်။ ကလေးကိုတော့ ခဏခေါ်သွားပြီး ကျွန်မနားမှာပဲထားပါတယ်။ ဆရာဝန်လဲ လာမေးကြပါတယ်။ ကျွန်မကလေးက အတော်လေးကို အေးပါတယ်။ အချိန်တိုင်း အိပ်နေတာ။ ကျွန်မကလဲ မွေးမွေးချင်း နို့လုံးဝ မထွက်ပါဘူး။ သားက လိမ်မာတယ်။ မငိုဘူး။ ညရောက်တော့ အမေကုတင်မှာ ထားပြီး အိပ်တယ်။ ဘေးကနေ ခေါင်းအုံး ၂လုံး ကာပြီး အိပ်တာ။ အိပ်လို့မရဘူး။ ကျွန်မခြေရင်း ဟိုဘက်က ကုလားကလေးက ငိုတာ ၁ညလုံးပဲ။ ည ၁နာရီကျော်တော့ ဘေးကုတင်က ရောက်လာတယ်။ အဲဒီကလေးလဲ ငိုတာပဲ။ ကျွန်မလဲဒီ ၁ခါတော့ပင်ပန်းလို့ အိပ်တယ်။ Nurse က ၁နာရီ ၁ကြိမ်လာတိုင်းနေတာလေ။ ညနေပိုင်းမှာ အဖျားကျသွားပါတယ်။ မနက်ဖြန်ဆေးရုံက ဆင်းရမလားမသိဘူး။ မနက်ရောက်တော့ဆရာဝန်လာစစ်ပြီး ဆေးရုံက ဆင်းလို့ ရပြီ ဖြစ်ကြောင်းပြောပါတယ်။ ကလေးကိုလဲ ကလေး ဆရာဝန်ကစစ်ဖို့ရယ် ကာကွယ်ဆေး ၂လုံးထိုးဖို့မနက် ၈နာရီမှာ လာခေါ်သွားပါတယ်။ ၉ နာရီလောက်နေတော့ကလေး ဆရာဝန်ရောက်လာပါတယ်။ သားကြီးကို ပြနေတဲ့ ကလေးဆရာဝန်ပါပဲ။ ကျွန်မ တော်တော်ပျော်သွားတာ။ ကလေးဆရာဝန်ကို တောင်းဆိုလိုက်သေးတယ်။ ကျွန်မ သားငယ်ကိုလဲဆက်ကြည့်ပေးဖို့ပါ။ ကလေး ဆရာဝန်က ပြောသွားတယ်။ မထင်ရဘူး ကျန်းကျန်းမာမာနဲ့ ကလေး နောက်၁ယောက်ကို ချောချော ရှူရှူမွေးနိုင်တယ်ဆိုပြီး ပြောသွားပါသေးတယ်။ ကလေး ဆရာဝန်က သားငယ် အခြေအနေ ကိုပြန်ကြည့် ချင်ပါတယ်ဆိုပြီး တင်္နလာနေ့ ပြန်လာခဲ့ခိုင်းပါတယ်။ သားငယ်ကို ၁၁နာရီမှာ ပြန်လာ ပို့ပေးပါ တယ်။ စနေ နေ့လည် ၁၂ နာရီမှာ ကျွန်မရုံးကနေ Congratulations ပန်းခြင်းပို့ပေးပါတယ်။ စနေ နေ့လည် ၁နာရီ မှာ ဆေးရုံကနေ ဆင်းခဲ့ပါတယ်။

မထင်မှတ်ပဲ သား ၂ယောက် မိခင်ဖြစ်သွားရပြန်ပြီပေါ့ ...

6 Days Old Nicky

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် …..

Saturday, May 24, 2014

ဒုတိယ ကလေး မမွေးခင် ကုန်ကျစရိတ် နှင့် မွေးပြီး ကုန်ကျစရိတ်

Blog မရေးတာ ၂နှစ်နီးပါးတောင်ရှိသွားပြီ။ သတိတောင်မထားမိပါဘူး။ အားလုံးကို တောင်းပန်ပါတယ်။ Blog ရေးချင်စိတ် ကုန်သွားတာ ကိုယ်ချက်တဲ့ ဟင်းပုံတွေကို ကူးယူပြီး Facebook မှာ ကိုယ်ချက်သလို ကူးယူထားတာ တွေ့နေရလို့ပါပဲ။ ဒါတွေ ထားလိုက်ပါတော့။

ဒုတိယကလေး ကိုယ်ဝန်လွယ်ထားချိန်မှာ ကိုယ်ဝန်လွယ်ထားမှန်းတောင် မသိပါဘူး။ မနက်ရုံးသွားရင် Bus စီးသွားတော့ တိုက်အနောက်မှာ တံတားကူးပြီး စောင့်စီးရတယ်။ တံတားကိုတက်တော့ လူက အရင်လို အမော မခံနိုင်ဘူး။ ဘာလုပ်လုပ်မောနေတာ။ အပြန်လဲ တံတားဖြတ်ရတယ်။ အပြန်က တံတားက ပိုပြီး မတ်တယ်။ ဘာလို့ မောမောနေလဲ ရုံးအဟောင်းကနေ ရုံးအသစ်ကိုပြောင်းတာ မကြာသေး၊ အဲဒီမှာ ဇာတ် လမ်း စ တာပဲ၊ ရုံး အကူးအပြောင်းမှာ အဲဒီအကြောင်းအရာ ကိုပဲခေါင်းထဲ ထည့်ထားတော့ ကျန် တာတွေ မေ့သွား တယ်။ ရုံးအသစ်ကို စရောက်တဲ့နေ့ ဖျားတာ တော်တော်ဖျားတာ။ ဖျားရက်နဲ့ အလုပ် လုပ်နေ တာ။ အဲဒါကို လဲ ကိုယ်က သတိမထားမိဘူး။ ကိုယ့်ဟာကိုယ်ပြန်သုံးသပ်တော့ အဲဒီတော့မှ သတိရတယ်။ မလာ တာ တော်တော်ကြာနေပြီ။ အဲဒါနဲ့ ရုံးက အရင်တုန်းက ထမင်းတူတူစားတဲ့ User ၂ယောက်ရှိတာ ၁ယောက်က အပျိုကြီး ၁ယောက်က ကလေး ၄ယောက်အမေ။ ကလေးရှိတဲ့ သူ့ကို သွားမေးတယ်။ သူက Pregnancy Test ၀ယ်ပြီးစစ်ဖို့ အကြံပေးတယ်။ ချက်ခြင်း မလုပ်ဖြစ်သေးဘူး။ ၁ပတ်လောက်နေ ရုံးက အပြန် အိမ်မှာ အိတ်ချပြီး ခဏနော်ဆိုပြီး အိမ်အောက်ဆင်း Watsons မှာ သွားဝယ်တယ်။ 

အိမ်ရောက်တော့ အိမ်သာထဲ ၀င်ပြီး စစ်ကြည့်တော့ မျဉ်း ၂ကြောင်းပေါ်နေတယ်။ ဒုတိယ ဆိုတော့ အရိုး သား ဆုံးပြောရရင် မလိုချင်တာ။ ယူဖို့ အစီအစဉ်မရှိတာ။ မထင်မှတ်ပဲရသွာတာ။ ဘာကြောင့်မ လိုချင်လဲ ဆိုတော့ နောက်ဆက်တွဲ ဖြစ်လာမယ့် အကြောင်းအရာတွေ အများကြီး။ Maid ငှားရမယ်။ ပိုက်ဆံက ၂ဆကုန်မယ်။ အဓိကက Maid ငှားရမှာ တော်တော်ကိုကြောက်လန့်နေတာ။ ခဲမှန်ဖူးတဲ့ စာသူငယ် လိုဖြစ်နေတာ။ ယောင်္ကျားနဲ့တိုင်ပင်ရတယ်။ သူ့ဆီက ကတိ၁ခုရတာနဲ့ အဲဒီကတိကြောင့် ကလေးယူဖို့ သဘောတူဖြစ်သွားတယ်။ 

ဒုတိယကလေးက ပထမကလေးနဲ့ မတူပါဘူး။ မနက်ဆို ရုံးမသွားခင် အန်တယ်။ နို့သောက်လို့ လုံးဝ မရ ဘူး။ ရုံးရောက်ရင် ဘာမှမဖြစ်တော့ဘူး။ ကောင်းသွားရော။ ရုံးပြန်တော့မယ့်အချိန် ၅နာရီဆို စအန်ပြီ။ ၅နာရီထိုးတာနဲ့ ရုံးက အိမ်သာထဲမှာ အန်တာ ၅:၁၅မှ အိမ်သာကထွက်ဖြစ်တယ်။ ကြားရက်ဆိုအန်တာပဲ ရှိတာ။ ရုံးပိတ်ရက်ဆိုရင် ရောဂါက ၁မျိုးပြီး ၁မျိုးဖြစ်တယ်။ ၃ပတ်လောက် ဆက်တိုက် ခေါင်းကိုက် ခေါင်းမူး တယ်။ ချင်ခြင်းတက်တာ မရှိဘူး။ စားသောက်ဆိုင်ရောက်ရင် ဘာစားရမှန်း မသိဘူး။ စားတော့လဲ ၀င်သွား တာပဲ။ ကိုယ်ဝန် ၄လ မတိုင်ခင် ၁ခုပြီး ၁ခု ဖြစ်နေတာ။ ချုချာတယ် ပြောရင်ရတယ်။ နားငြီးတဲ့ ဒဏ်တော့ မခံနိုင်ဘူး။ ထမင်းစားချိန် ၁ယောက်ထဲ စားတာများတယ်။ နားငြီးလို့။ ဒုတိယကလေးကိုယ်ဝန်ဆောင်စဉ် အလုပ်လုပ်တယ်။ အလုပ်မထွက်ဘူး။ PR က June မှာ Expired ဖြစ်မှာ ဆိုတော့ PR တိုးနေစဉ် အလုပ်ရှိမှ ရတာလေ။ 2 April မှာ PR သက်တမ်းတိုးဖြစ်ပါတယ်။ ၅နှစ်ထပ်ရပါတယ်။ မတိုးခင် ၃လအလို အိမ်ကို တိုးဖို့ အကြောင်းကြားစာပို့ပါတယ်။ 5 April မှာ ICA က Reminder စာပို့ပါတယ်။ အဲဒီအချိန်မှာ တိုးပြီး သွားပါပြီ။ ကိုယ်ဝန်ဆောင်က လမ်းများများလျောက်ရတယ်တဲ့။ လုပ်ရတဲ့ အလုပ်က လမ်းလျောက်တာ များတော့ အိမ်ရောက်ရင် လမ်းလျောက်ဖို့တောင် မလိုတော့ပါဘူး။ ကိုယ်ဝန်ဆောင်စဉ် ရှောင်တာ ၁ခုက ကောက်ညှင်းပဲရှောင်တယ်။ ကိုယ်ဝန်ဆောင် ကောက်ညှင်းစားရင် အချင်း ကပ်တတ်တယ်ဆိုလို့ပါ။ 

NUH ကို ဘာကြောင့် ရွေးလဲဆိုတော့ ကိုယ်ဝန်ဆောင်စဉ်မှာပဲ အလှည့်ကျဆရာဝန်နဲ့ပြရတာ။ ဆရာဝန် ၁ယောက် ထဲ သီးသန့်မရှိဘူး။ ရွေးလို့တော့ရတယ်။ ရွေးရဖို့ဆိုတာကလဲ ကျွန်မတို့က ဘယ်သူကိုရွေး ရမှန်း မသိ။ Clinic G မှာပဲ လစဉ် Appointment ယူပြီးပြရတာ။ မွေးပြီးသွားရင်တော့ ကလေး ကို ပြမယ့်ဆရာ ၀န်က ကလေး ၄နှစ်အထိ ၁ယောက်ထဲပဲ။ ကလေးအမေက PR ဆိုရင် ကလေးက Foreigner ဖြစ်ပေမယ့် ကလေးအမေကြောင့် Government Subsidised ရတယ်။ သားအကြီးကိုပြတဲ့ ကလေးဆရာဝန်ကို သားအငယ်ကိုပဲ ပြချင်တာကြောင့် ဒုတိယအကြိမ်လဲ NUH ကို ရွေးဖြစ်တာပါ။

5-Oct-13 :
ကိုယ်ဝန်ကို NUH မှာပြဖို့အတွက် Polyclinic သွားပြီး Pregnancy Test စစ်ကြည့်တာ မျဉ်းကြောင်း ၂ကြောင်းပေါ်နေလို့ လာပြတာပါ စစ်ပေးပါဆိုပြီး ဆရာဝန်ပြ ပြီးတော့ ဆရာဝန်က NUH/KK ဆိုပြီး ၂မျိုးရွေးခိုင်းပါတယ်။ KK ကိုသွားချင်ပေမယ့် NUH မှာ သားသားကိုပြတဲ့ ကလေးဆရာဝန်ကိုပဲ ပြန်လိုချင်တာကြောင့် NUH ကိုသွားမယ်ဆိုပြီး Referral Letter တောင်းခဲ့ပါတယ်။ ဆေးခန်းပြခ ကုန်ကျစရိတ်က S$ 31.10 ပါ။ 

31-Oct-13 :
NUH မှာ Referral Letter ပြပြီး ပထမဆုံးအကြိမ် ဒုတိယ ကိုယ်ဝန်ဖြစ်ကြောင်းပြောပြီး ဆရာဝန်ကို ကျွန်မရဲ့ နောက်ဆုံး ရာသီလာချိန်မသိဘူးဆိုတော့ ကျွန်မဗိုက်ကို scan လုပ်ပါတယ်။ သားသားတုန်းက scan မလုပ်ခဲ့ပါဘူး။ ပုံမှန်က ၃လမှ scan လုပ်တာပါ။ ကလေးက ၈ပတ်ရှိနေပြီး EDD is 21 May 14။ လင်မယား ၂ယောက်စလုံး အထူးအဆန်းဖြစ်နေပါတယ်။ သားသားတုန်းက သူဒီအချိန်မှာ scan မရိုက်ခဲ့ ပါဘူး။ ကုန်ကျစရိတ်က 50 ပါ။ Government Subsidized ရလို့နှုတ်ထားတာက S$ 39 ပါ။ 

7-Nov-13 : 
ကိုယ်ဝန်ရှိတဲ့ အတွက် ဆေးစစ်ရပါတယ်။ သွေးအုပ်စု - or +, Hepatitis B, AIDS, Down Syndrome, etc .. စစ်ရတဲ့ ရောဂါက တော်တော်များပါတယ်။ ကျွန်မ သိပ်မမှတ်မိတော့ပါဘူး။ ကုန်ကျစရိတ်က 273.20 ပါ။ Government Subsidized ရလို့နှုတ်ထားတာက S$ 107.30 ပါ။

5-Dec-13 :
ကိုယ်ဝန်စရှိပြီဆိုတာနဲ့ ဆရာဝန်ဆီကို ၁လ ၁ကြိမ်ပြရပါတယ်။ ကိုယ်ဝန် ၃၂ပတ် မပြည့်ခင် အချိန်အထိပါ။ အဲဒီနေ့က ကျွန်မ စိတ်အတိုရဆုံးနေ့ပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့မှာ ပြရတဲ့ဆရာဝန်က လူငယ် ၁ယောက်ပါ။ ကျွမ်းကျင်ပုံ မရပါဘူး။  ပြီးခဲ့တဲ့အပတ်က ကျွန်မဆေးစစ်တာတွေကို ပြောပါတယ်။ အားလုံး Negative ပါ။ Down Syndrome က 10% လောက် မကောင်းဘူး၊ ဒီကလေး မွေးရင် ၁၀ ရာခိုင်နှုန်းက ပျက်ကျမှာပဲတဲ့။ ကလေးလှုပ်လားတဲ့။ ကျွန်မကလဲ မလှုပ်ဖူးဆိုတော့ scan ရိုက်မယ်ဆိုပြီး အခန်းထဲ ခေါ်သွားပါတယ်။ Scan ရိုက်တော့လဲ ကောင်းကောင်းမရိုက်ဘူး။ ကျွန်မက မေးတယ်။ ကလေးခေါင်း ဘယ်ရောက်နေပြီလဲ ဆိုတော့ နင်သိစရာမလိုသေးဘူး အစောကြီးရှိသေးတယ်။ နောက်၁ခေါက်မေးတယ်။ အဲဒီအတိုင်းပဲပြန်ပြောတယ်။ ပုံစံကြည့်ရတာ ကလေးခေါင်းဘယ်ရောက်နေလဲဆိုတာ ကြည့်တတ်မယ့်ပုံ မပေါ်ဘူး။ ပြီးတော့ လူနာခန်းထဲပြန်သွားပါတယ်။ ကျွန်မ Down Syndrome အကြောင်းထပ်မေးပါတယ်။ Result ကို သေချာ မရှင်းပြနိုင်ဘူး။ မေးလိုက်တိုင်း ၁၀ ရာခိုင်နှုန်း ကလေးက အဖတ်မတင်ဖို့များတယ်ပဲ ပြောနေတယ်။ ကျွန်မလဲ ထွက်ခါနီး စိတ်တိုတိုနဲ့ ပြောလိုက်တယ် ကျွန်မကိုယ်ဝန် ၄လထဲရောက်နေပြီး ပျက်မကျဘူးလို့။  နောက် ၂ပတ်နေရင် ပြန်လာခဲ့ဆိုပြီး ဆေးမှတ်တမ်းမှာ ၂ပတ် နေပြဖို့ ရေးထားပါတယ်။ ကုန်ကျစရိတ်က S$46 ပါ။ Government Subsidized ရလို့နှုတ်ထားတာက S$ 28 ပါ။

အဲဒီ အပတ်က ရုံးမှာ ခွင့်ယူဖို့ မလွယ်တဲ့ အပတ်ပါ။ ဆေးခန်းပြပြီးတော့ ရုံးတန်းသွားပါတယ်။ ပြီးတော့ ရုံးက လူတွေကို ဆေးမှတ်တမ်းပြပြီး လိုက်မေးပါတယ်။ " စိုးရိမ်ဖို့မလိုဘူး အလကားတဲ့။ သူကလေးတုန်းက ဆရာဝန်က ဖျက်ချခိုင်းတာ။ ဖျက်မချပဲ မွေးလိုက်တာ မွေးလာတော့ အကောင်းပဲ။ ဘာမှ မဖြစ်ဘူး။ သားတောင် secondary ရောက်နေပြီ မျိုး ခေါင်းထဲမထည့်နဲ့"တဲ့။ NUH မှာ ဆရာဝန်ပြဖို့ ၅ရက် အလိုတိုင်း Phone ကို SMS ပို့ပြီး သတိပေးတတ်ပါတယ်။ ဖြစ်ချင်တော့ မနက်ဖြန်ပြရမယ်ဆိုတော့ Admin က ကျွန်မ Mobile ကို Phone ခေါ်လာပါတယ်။ မနက်ဖြန်လာမှာလာဆိုတာ။ ကျွန်မကလဲ မလာနိုင်ဘူး အလုပ်မှာ ခွင့်ယူဖို့မလွယ်ဘူး။ ငါ့ကို ချိန်းတဲ့ ဆရာဝန်ကို ငါလုံးဝ မကြိုက်ဘူး ပြီးခဲ့တဲ့ အခေါက်က ငါက ကလေးခေါင်း ဘယ်မှာလဲ မေးတာ မဖြေနိုင်ဘူး။ ငါ့ကို ကလေးခေါင်းက ဘယ်နေရာရောက်နေ ရောက်နေသိဖို့ မလိုဘူး။ စောသေးတယ်ပြောတယ်။ စောသေးတယ် ဆိုတာငါသိတယ်။ ငါလိုချင်တာ ငါက ကလေးခေါင်း ဘယ်ရောက် လဲမေး ရင် အောက်ရောက်ရင်ရောက်တယ် အပေါ်မှာဆို အပေါ်မှာ ပြောရမှာပေါ့။ ငါနားလည်တာ ဆရာဝန် ဆိုတာ လူနာမေးရင် ကောင်းကောင်းရှင်းပြနိုင်ရမယ်။ အဲဒါနဲ့ Admin လဲ နောက်ရက်ချိန်းပေး တယ်။  နောက် ၁ကြိမ် သွားတဲ့ အခါ အဲဒီ အခန်းနံပါတ် ၁မှာ အဲဒီ့ဆရာဝန်ကို လုံးဝ မတွေ့တော့တာပါပဲ။ ဘယ်လောက်ဆိုးတဲ့မွန်မွန်လဲနော်။ 

14-Dec-13 :
ကိုယ်ဝန် ၁၇ ပတ်မှာ ဘာလေးလဲဆိုတာကို သိချင်တာရယ် Down Syndrome Result ကို သေချာသိချင် တာရယ်ကြောင့် သူငယ်ချင်းဆရာဝန်ဆီပြမယ်ဆိုပြီး သူငယ်ချင်း အကူအညီနဲ့ Appointment ကြိုယူပြီး Raffles Hospital - Tampines Branch ကိုသွားခဲ့တယ်။ ဒုတိယကလေးလဲ ယောင်္ကျားလေးပါပဲ။ ဆရာဝန် က NUH မှာ စစ်ထားတဲ့ Down Syndrome Result ကို သေချာရှင်းပြခဲ့ပါတယ်။ အဲဒီတော့မှ ကျွန်မတို့ ၂ယောက်လဲ စိတ်အေးခဲ့ရတော့တယ်။ ကုန်ကျစရိတ်က S$ 349.25 ပါ။ 

15-Jan-14 : 
ကိုယ်ဝန် ၂၂ပတ်ပြည့်ချိန်မှာ Package ယူပါတယ်။ မယူလဲရပါတယ်။ ကိုယ်ဝန် ၂၂ပတ်ကနေ မမွေးခင် အချိန်အထိ ကုန်ကျစရိတ်က S$ 450 ပါ။ 

ကိုယ်ဝန် ၂၂ပတ်မှာ ဘာလေးလဲဆိုတာသိရပါတယ်။ ကျွန်မက ကြိုပြီး ၁ခြားဆေးခန်းမှာ ပြထားတဲ့အတွက် ယောင်္ကျားလေးဆိုတာ ထပ်ကြားရုံပါပဲ။ အဲဒီ အချိန် ကလေးခေါင်းက အပေါ်ကလွဲလို့ အားလုံး အခြေ အနေကောင်း ပါတယ်။ 

17-Feb-14 : 
Glucose Test စစ်ဖို့အတွက် သွားရပါတယ်။ မစစ်ခင်မနက်လင်းအားကြီး ၁၂နာရီကစပြီး အစားမစားဖို့နဲ့ ရေမသောက်ဖို့ပြောထားပါတယ်။ သွေးဖောက်တယ်။ Glucose အရည် Orange အနံ နဲ့ ပုလင်း ၁ပုလင်းကို ၁၀မိနစ်အတွင်း အပြီးသောက်ဖို့ပြောပါတယ်။ ၂နာရီအတွင်းမှာ သောက်ထားတာတွေ အန်မထွက်ရပါဘူး။ အန်လဲမအန်ရပါဘူး။ Glucose Test က Package မှာ မပါတဲ့အတွက် ပိုက်ဆံပေးရပါတယ်။ ကုန်ကျစ ရိတ် က S$ 14.70 ပါ။

24-Apr-14 :
ကိုယ်ဝန် ၃၆ပတ်မှာ Virgina ထဲက အရည်ကိုယူပြီး စစ်ပါတယ်။ မွေးလာရင် ကလေးက ရောဂါပိုးရှိ မရှိစစ်ရတာပါ။ ရောဂါပိုးရှိရင် မမွေးခင် မိခင်က ဆေးကြိုသောက်ရပါတယ်။ အဲဒီအတွက် Package ထဲမှာ မပါတဲ့အတွက် ကုန်ကျစရိတ်က S$ 33 ပါ။

ကိုယ်ဝန် ၃၂ပတ် မတိုင်ခင် ၁လ ၁ကြိမ် ဆရာဝန်ကို မှန်မှန်ပြရပါတယ်။ 

ကိုယ်ဝန် ၃၂ ပတ်ကနေ ကိုယ်ဝန် ၃၇ ပတ် အထိက ၂ပတ် ၁ကြိမ် ပြရပါတယ်။

ကိုယ်ဝန် ၃၇ ပတ်ကနေ မမွေးခင်အချိန်အထိ ၁ပတ် ၁ကြိမ် ပြရပါတယ်။ 

Package ယူထားတဲ့အတွက် ပိုက်ဆံ ပေးစရာမလိုပါဘူး။ အရေးကြီးမှ ပေးရတာပါ။ ကိုယ်ဝန် ၃၂ ပတ်မှာ Scan ထပ်ရိုက်တော့ ကလေးခေါင်းက အောက်စိုက်သွားပြီ။ ကျွန်မက Normal Delivery ပဲသွားချင်တာ။ Water Level လဲ ပုံမှန်ပဲ။ Water Level ပုံမှန်ဖြစ်အောင် ရုံးက Monitor မှာ Drink Water လို့ ကိုယ့်ဟာ ကိုယ် သတိပေးထားတယ်။ မဟုတ်ရင် ရေသောက်လေ့ သောက်ထ သိပ်မရှိလို့ပါ။ ရေသောက်ရင်လဲ ရိုးရိုးရေသောက် မရဘူး။ ရေခဲတုံးတွေ အများကြီးထည့်ပြီး ရေက အေးစိမ့်နေမှ သောက်လို့ရတယ်။ ကလေး ဖွံထွားမှုကလဲ ပုံမှန်ပဲ။

ကျွန်မ ကိုယ်ဝန်ဆောင်စဉ် ဆေးစစ်တိုင်း ရလာတဲ့ Result အားလုံးက Negative တွေချည်းပါပဲ။

ကိုယ်ဝန် ၃၆ပတ်မှာ ကလေးမွေးခါနီးအချိန် ဆေးရုံကို အရေးပေါ်ဆက်သွယ်ဖို့ ဖုံးနံပါတ်၊ ဘယ်အခန်း ယူမယ် ဆိုတာ Financial Consultant နဲ့တွေ့ရပါတယ်။ ကျွန်မရွေးထားတာ B2 Class က ၆ယောက် ၁ခန်းပါ။ သားကြီးမွေးတုန်းကလဲ B2 Class ပါပဲ။ ၂ယောက်မွေးထားတော့ မိဘ အနေနဲ့ ဘက်လိုက်မှု မရှိအောင် B2 Class ပဲယူတာပါ။ Class C ယူထားရင် ၁ပြားမှ ပေးစရာ မလိုပါဘူး။ PR ဆိုရင် CPF MediSave ကနေ ဖြတ်လို့ရပါတယ်။ ၂ယောက်ရှိရင် ၂ယောက်ဆီကနေ CPF MediSave ထဲက ပေးလို့ရပါတယ်။

ကိုယ်ဝန် ၃၇ ပတ်ပြည့်တဲ့နေ့မှာ ရုံးကနေ Maternity Leave till 30th June အထိယူထားပါတယ်။ 

5-Oct-13   : Polyclinic                                               = S$ 31.10
31-Oct-13 : NUH First Time                                       = S$ 50 (39)
7-Nov-13  : First Trimester Screening+Test                 = S$ 273.20 (107.30)
5-Dec-13   : Service                                                  = S$ 46 (28)
14-Dec-13 : Raffles Hospital                                       = S$ 349.25
15-Jan-14  : O&G Package                                         = S$ 450
17-Feb-14  : Glucose Test                                          = S$ 14.70
24-Apr-14  : Streptococcus Group B Screening             = S$ 33
----------------------------------------------------------------------------------------------
Total                                                                        = S$ 1,247.25

16-May-14 : Normal Delivery with Epidural + Class B2  = S$ 434.90 (CPF = 800)
Before Deliver + After Deliver                                     = 1,247.25+ 434.90 = S$ 1,682.15

ကျွန်မ အားလုံးကုန်တာက S$ 1682.15 ပါ။ S Pass/EP ကိုင်ထားသူများ ကုန်ကျစရိတ်က Government Subsidied ရလို့နှုတ်ထားတာကိုပါ ထည့်ပေါင်းရမှာပါ။ 

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် …..

Tuesday, December 25, 2012

၃နှစ် မပြည့်ခင် အရွယ် သားသား


Blog မရေးတာတောင် အတော်ကြာသွားပါပြီ။ သားလေး အကြောင်းကို အရှည်ကြီးရေးမယ်လို့ စိတ်ကူး ထားတယ်။ မရေးဖြစ်တာ ၆လနီးနီးလောက်ရှိတော့မယ်။

သားလေးက အခုဆို ၃နှစ်ပြည့်ဖို့ ၂လ လောက်ပဲလိုတော့တယ်။ သားလေးက Nursery Songs တွေ အတော်ရနေပြီ။ သားက English, Myanmar, Mandarin ၃ မျိုးကို နားလည်တယ်။ အိမ်မှာ အမေနဲ့ အဖေက ဗမာလိုပြောရင် သားက English လိုပြန်ပြောတယ်။ ၂ယောက်စလုံးကလဲ သားကို အချိန် မပေးအားဘူး။ သားက ကျောင်းမှာပဲ အနေများတော့ English, Mandarin ပဲပြောတယ်။ သား ၃နှစ်ကျော် ၄နှစ်နီးပါးမှ ဘုန်းကြီးကျောင်း ပို့မယ်။ တလောက ဘုန်းကြီးကျောင်းကို ကထိန်သွားတာ သားက ဘုန်းကြီးကို  မြင်တော့ ဦးတော်လုပ်ဆိုတော့ ကျကျနနထိုင်ရှစ်ခိုးတယ်။ ဘုန်းကြီးက လက်မှာ ပရိတ် ကြိုးလေးပတ်ပေး မယ်ဆိုတော့ သေချာလက်ဖြန့်ပေးတယ်။ အဲဒါ ပထမဦးဆုံးအကြိမ်ပဲ။ ကျွန်မတို့ ၂ယောက်လုံး အံတောင်အော်ယူရတယ်။ ဘေးက လူတွေက ကလေးလေးက လိမ်မာလိုက်တာ လို့ပြောတော့ သားသား မျက်နှာလေးက ပြီတီတီရုပ်ကလေးနဲ့။ သားသားက အိမ်မှာ ကျွန်မဘုရားရှစ်ခိုး တာမြင်ရင် ဦး၃ကြိမ်လာ ရှစ်ခိုးတယ်။  ၁ခါ၁လေ ဘုရားကရှေ့မှာ သားသားက နောက်ကနေ ထိုင်ပြီး ပြောင်းပြန်ရှစ်ခိုးတာ။ ပြီးရင် ကျွန်မက ဘိုးဘိုးကို သွားပြီး ဦးတော် လုပ်ဆိုရင် သွားပြီး ဦးတော် သွားလုပ်တယ်။ ၁ခါ ၁လေ ရှစ်ခိုးတာပြောင်းပြန်ကြီး ဖြစ်နေတာ။ သားသားကို ကျွန်မအဖေက iPad 1 လေးပေးထားတော့ အဲဒီအထဲမှာ ဗုဒ္ဓ၀င် ဇာတ်လမ်းလေး ပါတယ်။ အဲဒါကိုကြည့်ပြီး အဲဒီအထဲက  ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊သံဃံသရဏံ ဂစ္ဆာမိ လဲရနေပြီ။ 

၂နှစ်ပြည့်ပြီး

သားသားကို ထမင်းစ ကျွေးနေပြီ။ အရင်က ဆန်ပြုတ်ပြုတ်ပေးတာ။ ထမင်းစ စားတာ ၁လ တောင် မရှိသေးဘူး။ Weekend ဆိုရင် သားသားကို ကစားကွင်းမှာ ကျွေးတယ်။၂ယောက်စလုံးကျွေးရတာ။ ကျွန်မက သားသားကိုကျွေး၊ သားသားအဖေက သားသား ကိုပျော်အောင် လုပ် အဲဒီလိုကျွေးရတာ။ ညနေဆိုရင်တော့ သားသားကို iPad ပေးပြီး ကျွေးရတာ။ စစချင်းကျွေးတော့ အကြာကြီးပဲ။ အခုတော့ အလွန်ဆုံး နာရီဝက်ပဲကြာတယ်။ ကျောင်းမှာ ကိုယ်ဟာကိုယ် စားရတာ။ ဆရာမပြောတော့ ထမင်းစားတာ ၁နာရီတောင်ကြာတယ်။ ထမင်းကုန် တယ်တဲ့။ သားသားက အခု ဒီလ 17 Dec 12 မှာ တတန်းတက်သွား ပြီ။ Pre-Nursery လေ။ အရင်က ဆရာမတွေက လုပ်ပေးတယ်။ အခုအ တန်း မှာ ကိုယ်ဟာကိုယ်လုပ်ရ တာ။ သားသားက ကျောင်းမှာ အတန်းတူတာတွေနဲ့ မဆော့ဘူး။ ကြီးတဲ့သူတွေနဲ့ပဲလာဆော့ တယ်။ ကျောင်းမှာလဲ သားသားက အရမ်းစွံတယ်။ ဆရာမတွေပြန်ပြောတာ Mickey မှာ Girlfriend တွေ အများကြီးပဲ တဲ့။ ဆရာမတွေ ပြန်ပြောတာ အတန်းကြီးကကောင်မလေး ၁ယောက်ဆို Mickey ကို တအား ချစ်တာတဲ့။ မနက်တိုင်း Mickey, I love you ဆိုပြီး လာလာဖက်လို့တဲ့။ ၁ခါ ကျွန်မကျောင်း သွားကြိုတော့ တံခါးပေါက်ကနေ သားသားကိုချောင်းကြည့်တာ သားသားက ကောင်မလေး ၁ယောက် ပေါင်ပေါ်မှာ ခေါင်း တင်ပြီး နေနေတာ။ ကျွန်မက အမလေး သားသား သားသား ဆိုတော့ ဆရာမက Mickey မှာ Girlfriend တွေ အများကြီးဆိုပြီး တိုင်တော့တာပဲ။ သားသားမျက်နှာကို ကျွန်မကြည့်လိုက်တော့ သားသားက ပြီတီတီ မျက်နှာလေးနဲ့။ သားသားမှာ အဲဒီ ပြီတီတီ မျက်နှာလေးကြောင့် ချစ်စရာကောင်းနေ တယ် ထင်တာပဲ။


ရန်ကုန်က အိမ်မှာ
(ပြီတီတီ မျက်နှာလေးနဲ့)

သားသားက ညဆို သူပျော်ရင် သီချင်းတွေကိုအော်ဆိုတော့တာပဲ။ ၁ခါ၁လေ Mandarin လိုလဲပါတယ်။ ကျွန်မတောင် စဉ်းစားမိတာ ကြီးလာလို့ တရုတ်လိုပြောနေရင် ကျွန်မတို့ ၂ယောက်က နားမလည် သားသား ၁ခုခု မကောင်းတာ လုပ်မိမှာ စိုးရိမ်မိတယ်။ သားသားကျောင်း မှာ ဘာတွေလုပ်သလဲဆိုတာ ညကျရင် ၁ခုခုပြီး ၁ခုလုပ်ပြတာ။ သားသားက အရီ အရမ်းသန်တယ်။ သားသားရီရင် ဘယ်လိုလေးမှန်းကို မသိဘူး။ မရပ်မနားကိုရီတာ။ အဖိုးကိုဆိုလဲ ဗိုလ်ကျသလား မမေးနဲ့။ ကျွန်မ အဖေကလဲ အရမ်း အလိုလိုက်လွန်းလို့ အမြဲတမ်း ရန်ဖြစ်ရတယ်။ iPad iPhone အရမ်းကျွမ်းတယ်။ မျက်စိပျက်မှာဆိုပေမယ့် အဲဒီကနေ ပညာရနိုင်တယ်ဆိုပြီး လွတ်ထားရတယ်။ အဲဒီက ကလေး သီချင်းတွေဆို ရှာထားပေးတယ်။ သားသားအရမ်းကြိုက်တာ Mickey-Mouse Clubhouse, Angry Birds, Tele Tubby အရမ်းကြိုက်တယ်။ Tele Tubby သီချင်းဆို အစ အဆုံး အကုန်ရ တယ်။ သားသားကို Power Ranger, Batman အဲဒီလိုတိုက်ခိုက်နေတဲ့ Cartoon ကားတွေ မပြဘူး။ တော်ကြာ အဲဒါတွေကြည့်ပြီး လိုက်အတုခိုးနေရင် ပိုဆိုးမယ်။

ငွေဆောင်တွင်

၁ခါ၁လေ သားသားက ဒီနေ့ Mickey-Mouse အရမ်း ကို စိတ်ဝင်စားနေရင် အပြင်သွားရင် ယူသွားတယ်။ ကျွန်မမှာ အဲဒါမပျောက်ရအောင် ထိန်းရသေးတယ်။ အမွေးပွအရုပ်မဟုတ်ဘူး။ ပလပ်စတစ် အရုပ်လို သေးသေးလေးတွေ။ ညညသားသားအိပ်ရင် အဲဒါတွေ ရှာရတာ အလုပ်၁လုပ်၊ သားသားက ဗမာပီသတယ်။ ဗမာအစားအစာ အကုန်ကြိုက်တယ်။ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ အကုန်ကြိုက်တယ်။ မုန့်ဟင်းခါး နဲ့  ထမင်းဘယ်ဟာရွေးမလဲ မေးကြည့်ရင် မုန့်ဟင်းခါးပဲ ရွေးတယ်။ ကွာစေ့လဲ အရမ်းကြိုက်တယ်။ ကွာစေ့ကို သားသားက 'ကွာကွာ' တဲ့။ ကျွန်မက ဂြိုဟ်တုတံဆိပ်ကွာစေ့ အရမ်းကြိုက်တယ်။ ရန်ကုန်ကနေ ပို့ပို့ပေးတာ။ ကွာစေ့ကိုမြင်လို့ကတော့ အနားကနေ မခွာတော့ဘူး။ ကျွန်မလဲ မစားရတော့ဘူး။ သားသားကိုပဲခွာကျွေး ရတော့တာ။ Chocolate လဲ အရမ်းကြိုက်တယ်။ M&M Chocolate လဲကြိုက်တယ်။ အဲဒါလေးတွေက အရမ်းသေးတော့ အရင်က မကျွေးဘူး။ ကလေးဆိုတာ ငယ်နေသေးတော့ဘာမှမသိတတ် မပြောတတ် ဆိုတော့ မျိုချမိလို့ လေပေါက်ပိတ်မိနေမှာဆိုးလို့ အခုမှကျွေးတာ။ သားသားစားချင်ရင် 'ချော' ဆိုပြီး လာ လာတောင်းတတ်တယ်။ သားသားက ညညဆိုရင် ၉ နာရီလောက်ဆိုရင် ဆာတတ်တယ်။ ၁ခါ၁လေ အဖိုး ဆီမှာ သွားသွားတောင်းစားတာ။ ဗမာပြည်က ငါးမုန့်ကြော် အဖုလေးတွေပါတာ။ အဲဒါလဲ အရမ်းကြိုက် တယ်။ Coke လဲ အရမ်းကြိုက်တယ်။ သားသားကိုယ်ဝန်ရှိစဉ် ကျွန်မက Coke ကွာစေ့ အားတိုင်းယားတိုင်း စားနေလို့နဲ့တူတယ်။ အချိန်တိုင်း အများဆုံး စားဖြစ်တယ်။ အဲဒါကြောင့် သားသားကြိုက်တာလား မသိဘူး။ သားသား ဗမာ စကားပြောရင် ရီတော့ရီရတယ်။ မေမေ ရေသောက်ချင်တယ်လို့ မပြောဘူး။ 'ရေသောက်' တဲ့။ စားချင်ရင် စားတဲ့။ ချီစေချင်ရင် 'ချီ' တဲ့။ ပိုးဟပ် အရမ်းကြောက်တယ်။ 'ကောင်ကောင်ရှိတယ်' ဆိုပြီး မီးဖိုချောင် ဘယ်တော့ မှ မလာဘူး။ ဒါပဲပြောတတ်သေးတယ်။ ၁ခါ ကျွန်မကွာစေ့ စားနေတာ သားသား မြင်တော့ သားသားက 'I want it' တဲ့။ ကျွန်မ အံတောင် အော်သွား တယ်။ ဘာလို့လဲဆိုတော့ အဲဒီနေ့က အဲဒီစကားကို ပထမဆုံးပြောတာ။ သားသားက ၁ခါ၁လေမှ စကားကို အဲဒီလိုထ ထပြောတတ် တယ်။ Coke  သောက်ချင်ရင် 'Coke တယ်' တဲ့။

                                       
 ငွေဆောင်က တည်းတဲ့ ဘန်ဂလိုရှေ့တွင်

သားသားကိုစိတ်ပူတာ ၁ခုရှိတာ ကျွန်မတို့တွေက ဗမာဆိုတော့ ဗမာစကား ကို နားလဲလည်ရမယ်။ ကောင်းကောင်းလဲ ပြောတတ်ရမယ်။ ပြီးမှ English, Mandarin ပေါ့။ ကျွန်မ စိတ်တင်းထားရတယ်။ သားသားကို ၄နှစ် ဘုန်းကြီးကျောင်းပို့ရင် ဗမာလိုတတ်နိုင်ပါတယ်။ သားသားက ရေကူးတာလဲ စိတ်ဝင်စား တယ်။ သားသားကို ၃နှစ်ခွဲလောက်မှ ရေကူးသင်ပေးမယ် တရုတ်စာ အိမ်ခေါ်သင်မယ် စိတ်ကူး ထားတယ်။


 ကျိုက်ထီးရိုး ဘုရားရင်ပြင်ပေါ်တွင်

ပြီးခဲ့တဲ့ ၁ခါ သားသားက ထမင်းအမာ မစားလို့ ဆရာမ တွေပြောလို့ သားသားရဲ့ဆရာဝန်မကိုမေးတော့ ဒီလိုပဲနောက်တော့ တဖြည်းဖြည်းစားလာလိမ့်မယ်တဲ့။ ကလေးတွေမှာ ယောင်္ကျားလေး မိန်းကလေးဆိုရင် ယောင်္ကျားလေးက တိုးတက်မှု နည်းနည်းနှေးတယ်လေ။ သားသားက ကျောင်းမှာ စိတ်အ၀င်စားဆုံးက Art အချိန်။ သူများကလေးတွေနဲ့ မတူပဲ သေသေသပ်သပ်လုပ်တယ်တဲ့။ သားသား စိတ်မ၀င်စားတဲ့ဘာသာဆို ၁ခြားမှာသွားနေတာတဲ့။ ကျွန်မအဲဒီဟာကို ဘယ်လိုလုပ်ရမလဲ မသိဘူး။ ငယ်နေလို့လဲဖြစ်ပါလိမ့်မယ်။


Gardens by the Bay တွင်

သားသားကို ရန်ကုန်ခေါ်သွားတော့ ပတ်ဝန်းကျင် အသစ်မှာ ပျော်လိုက်တာဆိုတာ မပြောပါနဲ့တော့။ ကျွန်မတို့ အိမ်က ခြံနဲ့ ဆိုတော့ အိမ်ထဲမ၀င်ဘူး။ အပြင်မှာပဲနေတယ်။ အပြင်မှာ ခွေးစုတ်ဖွားလေး ၂ကောင် ရှိတော့ အဲဒီခွေး ၂ကောင်က မတည့်တော့ လှောင်ထားတာ။ အဲဒါကိုသားသားက တုတ်နဲ့သွားထိုးပြီးစတာ။ ခွေးတွေက စိတ်ဆိုးပြီးဟောင်လေ သားသားက တခွီးခွီးနဲ့ရီလေ။  ပြောလို့လဲမရဘူး။ ကျွန်မအဖေက 'နင်တို့လာရင်  ငါ့မြေးကိုလွတ်လွတ်လပ်လပ်နေပါစေ ငါရှေ့မှာ မဆူနဲ့' ဆိုပြီး သားသားက ပြောလို့ကို မရတာ။ ကျွန်မအချစ်ဆုံးခွေးလေးရှိတယ်။ အဲဒီခွေးက အရမ်းလိမ်မာတယ်။ သားသားက Zu Zu ခွေးလေး ကို ခေါင်းလေးကိုင်ချင်တယ်ဆိုတာ ပေးကိုင်တော့ သဘောတွေကျလို့။ နောက်နေ့ကျတော့ သားသားက Zu Zu ခွေးလေးမျက်နှာကိုလက်နဲ့ရိုက်လိုက်တာ အဲဒီနေ့ကစပြီး Zu Zu ခွေးလေးက သားသားကို တွေ့တာ နဲ့ တဟင်းဟင်းနဲ့၊ အရမ်းသဘောကောင်းတဲ့ခွေးတောင် သားသားကို လက်လန်တယ်။ ကျွန်မတို့ရန်ကုန် ပြန်တုန်းက သင်္ကြန်တွင်းဆိုတော့ သားသားကို အိမ်က ပလပ်စတစ် ပုံးအကြီးကြီးထဲမှာ ရေအပြည့်ထည့်ပြီး ချထားပေးလိုက်တယ်။ ရေတွေနဲ့ ၁ယောက်ထဲဆော့နေတာ။ ရန်ကုန်သွားတဲ့အချိန်က နွေရာသီဆိုတော့ အပူချိန်က ၄၀ နီးနီးရှိတော့ သားသားကို အပူရှပ်ပြီး ဖျားမှာဆိုးလို့ ဘယ်သွားသွား အိမ်မှာပဲထားခဲ့တယ်။ အရေးကြီးလောက်တဲ့နေရာတွေမှ ခေါ်သွားတယ်။ ကျိုက်ထီးရိုးလဲရောက်သေးတယ်။ သားသားက ကျိုက် ထီးရိုးမှာလဲ အရမ်းပျော်တာ။ ၁ခါ၁လေ နို့သောက်ဖို့တောင် မေ့တယ်။

                                                    
 ရေကူးမသွားခင်
(မျောက်လိုဆော့တတ်လို့ အဲဒီလို ပြတင်းပေါက်ကို သော့ခတ်ထားတာ)

အခုကြီးလာတော့ အရင်ကထက် တော်တော်ပြောင်းလဲလာတယ်။ အပြင်သွားရင် တွန်းလှည်းပေါ် မနေချင်ဘူး။ လျှောက်ပြေးချင်တာ။ ၂ယောက်စလုံးလဲ ၁ခါ၁လေ မနိုင်တော့ဘူး။ ၁ခါ၁လေ စဉ်းစားမိတာ မျောက်နဲ့များမှားမွေးလာသလားလို့။ မျောက်ကလေး ၁ကောင်ရထားသလိုပဲ။ ဒီအရွယ်က ခုန်တာတွေ တက်တာတွေ အရမ်းစိတ်ဝင်စားတယ်။ ကျွန်မတို့က ၇ထပ်မှာနေတော့ အရမ်းကြောက်ရတယ်။ ခုံတွေကိုဆွဲယူပြီး တက်နေမှာဆိုးလို့။ အိမ်က ပြတင်းပေါက်တွေကလဲ မှန်အကြီးကြီးကိုဆွဲဖွင့်လိုက်ရင် ဟောင်းလောင်းလိုဖြစ်နေတာ။ အခု ၂နေရာကို နောက်ထပ်ပြီး ဆန်ကာပေါက်လို သံအချောင်းကာလိုက်ပြီး အဲဒါကို ဖွင့်လို့မရအောင် ၁ခါထဲသော့ခတ်ထားလိုက်ပြီ။ အိမ်မှာဆိုညည သားသားက ခုံတွေပေါ်တက်ပြီး ခုန်ခုန်ချတာ။ ၁ခါ၁လေ ထမင်းစားပွဲပေါ်တက်တက်ပြီးဆော့လို့ အော်ထားရသေးတယ်။ ကျွန်မက အိမ်မှာ ညဖက် ဘုရားစင်ရှေ့မှာ ဖယောင်းတိုင်ထွန်းရင် သားသားကလာပြီး 'Happy Birthday to you' ဆိုပြီး သီချင်းစဆိုတော့တာပဲ။ ပြီးရင် ဖယောင်းတိုင်ကို မှုတ်တော့တာ။ အဲဒီတော့ ကျွန်မတို့မှာ သားသားရှေ့မှာ ဖယောင်းတိုင်မထွန်းရဲဘူး။ ၁ခါသားသားကို Birthday Cake လုပ်ဖို့ အတွက် Slice ၁ခုဝယ်လာပေးပြီး Birthday အတု လုပ်ပေးလိုက်တယ်။ သားသားက ဖယောင်းတိုင် ၃တိုင်ကိုကုန်တဲ့အထိ 'Happy Birthday to you' ဆိုပြီးမှမီးမှုတ်တာ။ ပြီးတော့ Cake တွေကို အပေါ်ယံစားပြီးထားသွားတာ။


 ရေစိမ်ပြီး ဇိမ်ခံနေစဉ်

သားသား ၂နှစ်ခွဲလောက်မှာ Peace sign စလုပ်တုန်းက သားသားကိုကျွန်မက လက်၅ချောင်းထောင်၊ လက်မ၊ လက်သူကြွယ် လက်သန်းကိုအောက်ချပြီး လက်ညှိုး လက်ခလယ်ကို မတ်နေအောင် ထောင်ရတာဆိုပြီး သင်ပေးထားတော့ ကျွန်မက Peace ဆိုရင် သားသားက ကျွန်မသင်ပေးထားသလို လုပ် တာ။ နောက် ၃ရက်နေတော့ အဲဒီလို မလုပ်ရတော့ဘူး။ သားသားကို Peace ဆိုတာနဲ့ ချက်ချင်းထောင် တတ်နေပြီ။


  ရေကူးကန်နဲ့ အမှတ်တရ

ရန်ကုန်မှာ ဆန်ပြုတ်လုံးဝမသောက်ဘူး။ နို့ပဲသောက်တာ။ နို့ဗူးက ၂ဗူးဝယ်သွားတာ။ ကုန်သွားလို့ထပ်သွား ၀ယ်တော့သောက်နေကျ နို့မဟုတ်တော့ ပြောမနေနဲ့ သောင်းကျန်းတာ။ အဖိုးက သွားရှာပြီး ၀ယ်ပေးရ တယ်။ ရွာကိုသွားလည်တော့ သားသားက ကြောင်ပေါက်စလေးတွေ့တော့ ကြောင်ပေါက်စလေးကို အမြီးကကိုင်ပြီး ဆော့တာ။ ကြောင်ပေါက်စလေးက စိတ်တိုပြီး ကုတ်တာလဲရှိသေးတယ်။ ကြောင်ပေါက် စလေးရဲ့ ဗိုက်ကို အကြိမ်ကြိမ်ကိုင်လှုပ်ပြီး ကစားတာ။ ကြောင်ကထွက်ပြီး ပြေးတော့ အတင်းလိုက်ဖမ်းတာ။ ကျွန်မက သားသား ကြောင်ကလေးကို သားချစ်ရင် နမ်းလိုက်ဆိုတော့ ပါးကို နမ်းတယ်။ သားသားကြောင်ချစ်တာ အချစ်ကြမ်း တယ်။ တလောကပဲ ကြောင်ကုတ်ခံလိုက်ရသေးတယ်။ တိုက် အောက် က ကြောင်ကို ကန်လိုက်တာလေ။ တိုက်အောက်က ကြောင်တွေက သားသားမြင်တာ နဲ့ပြေးတော့ တာ။ သားသားကခွေးတွေ ကြောင်တွေကိုချစ်တယ်။ ခွေးကို Dog ကြောင်ကို မီးညောင်တဲ့ ရန်ကုန်မှာ အဒေါ်တွေ အဖိုး အဖွားတွေက သားသားကို ၁ခုခုပြောလိုက်ရင် သားသားက NO ဆိုပြီး ပြန်ပြောတော့တာပဲ။ ကျွန်မတို့ ငွေဆောင်သွားတော့အရင်ဦး ဆုံးရေထဲဆင်းတာ သား သားလေ။ သားသား က သဲအဖြူ မြင်ရင် မရဘူး။ အတင်းတွယ်ကုတ်ပြီး လူပေါ် တက်တော့တာ။ သဲအဖြူ မြင်ရင် မရဘူး။ အရမ်းရွံတယ်။ ကမ်းစပ်မှာရေကို နာရီဝက် ၁နာရီပေးဆော့တယ်။ မနက်မိုးလင်း လာလို့ နိုး ပြီဆိုတာနဲ့ ရေထဲဆင်းမယ်ဆိုတာချည်းပဲ။ ဒီပြန်ရောက်တော့ ရန်ကုန်မှာ ဘယ်လောက်သောင်း ကျန်း လာသလဲဆိုရင် သားသားဒူးခေါင်းက နဂိုအသားအရည် ဖြူတာကနေ သိသိသာသာချည်းကို ညို သွားတော့ တာ။

  
 ကျောင်းက School Activities တွင်

ကျောင်းမှာကော အိမ်မှာကော သားသားကို်ယ်ပေါ် ၁ခုခု ရေကျလို့ပဲဖြစ်ဖြစ်၊ ထမင်းလုံးကျရင်ဖြစ်ဖြစ်၊ မုန့်ကျသွားရင်ဖြစ်ဖြစ်ကျသွားလို့ကတော့ အော်တော့တာ။ သားသားအရမ်းကြိုက်တဲ့ iPad ပေါ်ကျရင်လဲ မရဘူး။ သားသားက သူသုံးတဲ့ iPad ကိုသန့်နေအောင် ထားတာ။ ၁ခါ၁လေ ကျွန်မတို့ ၂ယောက်က သားသားကို လူကဖြင့် သေးသေးလေးရှိသေးတယ်။ အရမ်းကြီးကျယ်တာပဲဆိုပြီး စကြတာ။ ကလေး အရုပ်ရောင်းတဲ့ Kiddy Palace ရောက်ရင် သားသားက အရမ်းပျော်တာ။ သားသားကြိုက်တဲ့အရုပ်တွေ့ရင် ယူပြီး တွန်းလှည်းပေါ်တက်ပြေးတော့တာပါပဲ။ ရှင်းလိုက်ရရော။ ၁ခါ၁လေ သားသားတွန်းလှည်းပေါ် မတက် ခင်၊ မယူခင်လေးမှာ သားသားကို သေချာရှင်းပြရတယ်။ သားသားနောက်၁ကြိမ်လာမှယူနော်ဆိုပြီး အဲဒီ အခါကျသားသားကအရုပ်နဲ့ကျေနပ်အောင်ဆော့တယ်။

   
အပြင်မသွားခင် ပဲပေးနေစဉ်

၁ခါ သားသား crazy ဖြစ်နေတဲ့ Angry Bird အရုပ်အနီကောင်လေး သားသားဆော့ရင်နဲ့ ပေါက်ပြီးရေတွေ ထွက်ကျတော့ အရုပ်က ပြားသွားရော။ အဖိုးက ချက်ချင်းသွားဝယ်ပေးတဲ့။ အဖိုးဝယ်လာတဲ့ အရုပ်က မာတော့ သားက သိပ်မကြိုက်ဘူး။ နောက် ၁နေ့ ကျွန်မတို့ သားသားနဲ့အတူတူ Popular မှာ သွားရှာတော့ Angry Bird Playset တွေ့တယ်။ သားသားကိုပြလိုက်မိတယ်။ သားသားကကြည့်ပြီး ဆွဲယူသွားပြီး တွန်းလှည်းပေါ်တက်ထိုင်နေတော့တယ်။ ပြန်တောင်းလို့လဲ မရတော့ဘူး။ Angry Bird ၆ ကောင်၊ ၀က် ၄ကောင် ပြီးတော့ ပစ်တဲ့ခွလေး ၁ခု ဆောက်လို့ရတဲ့အတုံးလေးတွေပါတယ်။ ဖြစ်ချင်တော့ ဈေးနှုန်း မရေးထားဘူး။ Discount Item ပဲ။ 29.90 - 59.90 တဲ့။ အဲဒါနဲ့ ကျွန်မလဲ အလွန်ဆုံးပေးရမှ 59.90 ပဲဆိုပြီး Cashier ရောက်တော့ 89.90 ကျွန်မမှာ ချထားလို့လဲမရ။ ၀ယ်ခဲ့ရတော့တယ်။ ကျွန်မမှာရင်တွေခံလို့။ ကျွန်မက သားသားကိုဒီလပြီးပြီနော်လို့ ဆိုတော့ သားသားက 'Yeah, understand' တဲ့။ နောက် ၂ပတ်နေတော့ အဘိုးနဲ့ Kiddy Palace  သွားတော့ သားသားက သူလိုချင်တာယူပြီး တွန်းလှည်းပေါ် တက်ထိုင်နေတော့တာ။ အဖိုးကပြန်တောင်းလို့လဲမရတော့ ပေးလိုက်ရတယ်။ အဖေက ကျွန်မဆီ Bill ပြန်တင်တယ်။

သားသားက သူနဲ့ရွယ်တူကလေးတွေနဲ့ဆို မတည့်ဘူး။ ၁ခါက သူဆော့နေတဲ့ အရုပ်ကို သူများက လာလုလို့ ထိုးလိုက်တာလား တွန်းလိုက်တာလား မသိဘူး ကျောင်းက ဆရာမက လာတိုင်တယ်။ သားသားကို ကျွန်မက Singaporean ကလေးတွေလို ပြောဆို ဆုံးမလို့မရတဲ့သူ မဖြစ်စေချင်ဘူး။ အဲဒီလိုဖြစ်မှာလဲကြောက်တယ်။ အဲဒါကြောင့်သားသား ကို ရိုက်လဲရိုက်တယ်။ နားလည်အောင်လဲပြော တယ်။ ၁ခါ၁လေ ကျွန်မကရိုက်ရင် သူ့အဖေရှိနေရင် အဖေဆီပြေးတော့တာ။ အဘိုးရှိရင် အဘိုးဆီပြေး တယ်။

သားသားက Angry Bird Game နဲ့ဆော့တယ်။ နိုင်အောင်လဲဆော့တယ်။ အမှတ်များအောင်လဲဆော့ တယ်။ Level 1 ဆော့ပြီးပေမယ့် နောက်၁ကြိမ် ထပ်ဆော့လို့ အရင် အမှတ်ကျော်ရင် Angry Bird အကောင်လေးနဲ့လာပြတယ်။ အဲဒါဆို သားသားက ကျွန်မတို့ကို Hi5 ဆိုပြီး လက်ဝါးချင်လာရိုက်တော့တာ ပဲ။ သားသားက ကတာတွေလဲ ၀ါသနာပါတယ်။ ကျောင်းက ဆရာမတွေက သားသားက သီချင်းသံကြား တာနဲ့ ကတော့ တာပဲတဲ့။ သားသားက ဗိုက်ပေါ်နေတာမြင်ရင် အကျီကိုမပြီးအောက်ချလိုက်တာ၊ တံတောင် ဆစ်မြင်ရင် အရမ်းအသဲယားတယ်။ လာလာကိုင်တယ်။ ကျွန်မတို့ ၂ယောက် က သားသားကိုစပြီး ဖက်ထား ရင် ပူးပူးကပ်ကပ်လုပ်နေတာမြင်ရင် အလယ်ကနေခေါင်းကြီးနဲ့ အတင်းကိုတွန်းဝင်တော့တာ။ သားသားကို ၁နှစ်ပြည့်မွေးနေ့လက်ဆောင် Mickey-Mouse စက်ဘီးလေးဝယ်ပေးတယ်။ ၂နှစ်ပြည့်တော့ ကားလိုပုံစံထဲ မှာ ဘောလုံး အလုံး ၅၀ ပါတာဝယ်ပေးတယ်။ ၃နှစ်မပြည့်ခင်မှာ သားသား အရမ်းကြိုက်တဲ့ Mickey-Mouse Clubhouse Playset ၀ယ်ပေးတယ်။ ညညကျောင်းကပြန်လာရင် စနေ တနင်္ဂနွေ အိမ်နေရင် ဖြစ်ဖြစ် ဘောလုံး တွေနဲ့ဆော့တော့တာ။ တနင်္ဂနွေည သားအိပ်ပြီးဆိုရင် ပြန်ကောက်သိမ်းရတာ အလုပ် ၁ခု။ ဘောလုံး အလုံး ၅၀ဆိုတော့ အများကြီး ပြီးတော့ ၁ခြားဘောလုံးတွေထည့်ထားတာလဲရှိသေး တယ်။ အကျီဝယ်မယ်ဆိုရင် အရုပ်ပါတဲ့အကျီ ဒါမှမဟုတ် အရောင်တောက်တောက်မှ ကြိုက်တာ။ အရင်တုန်းက ဖေမေရွေးပေးတာ ၀တ်တယ်။ နောက် အခုသားသားက သူ့စိတ်ကြိုက်ရွေးပြီး ၀တ်တာ။

၁ခါ၁လေ သားသားက အံအားသင့်စရာကြုံလာရင် 'Oh My God ... Oh Nooooo' ဆိုပြီး ပြောတတ်ပါ တယ်။ သားသားကို ၁ခုခုကျွေးလို့ ကြိုက်တယ်ဆိုရင် လက်မလေးထောင်ပြီး Nice, Very Good ဆိုပြီးပြော တတ်တယ်။

သားလေးကို အခုနို့မှုန့်လုံးဝဖြတ်လိုက်ပြီ။ နို့အစား လူကြီးသောက်တဲ့နို့ဝယ်တိုက်တယ်။ နောက်ဆို Diapers   ဖြုတ်ပြီး Toilet Training ကျင့်ရဦးမယ်။ ထမင်းများများကျွေးတယ်။ အရည်သောက်က အမြဲပါရတယ်။ ပဲ နီလေးဟင်းချိုချက်ကျွေးဖြစ်တယ်။ သားသားက အားလူး၊ ကြက်ဥ ဆိုအရမ်းကြိုက်တယ်။ 

သားသား တိုးတက်မှုလေးတွေကို ကျွန်မရဲ့ Blogမှာ မှတ်တမ်းတင်ထားတာပါ။

Blog လာလည်သူအားလုံး MERRY CHRISTMAS ပါ .....

Saturday, July 21, 2012

ကျွန်မဘ၀ရဲ့ ကျေးဇူးရှင်များ

ကျေးဇူးရှင် လို့ ခေါင်းစဉ်တပ်ပြီး ရေးချင်စိတ်ပေါ်လာတာ။ ကျွန်မ ဘ၀ရဲ့ ကျေးဇူးရှင်တွေပါ။ ကျွန်မကို ဒီလို အခြေအနေထိရောက်အောင် စိတ်ဓာတ်တွေ ခွန်အားတွေ ပံပိုးပေးခဲ့တာပါ။ ကျွန်မ ဘ၀မှာ မမေ့ပါဘူး။ ကျွန်မရေးခဲ့တာ မှားခဲ့ရင် မသိ မနားလည်သူမို့ ခွင့်လွှတ်ပေးပါ။ မိဘ ကတော့ ထိပ်ဆုံးမှာ ရှိနေတာမို့ မရေးတော့ဘူးနော်။

ဆရာ ဦးထွန်းထွန်းနိုင်

ကျွန်မဘ၀မှာ ဆရာ့ ကို ၁သက် မမေ့ပါဘူး ဆရာ။ ဆရာကို စသိတာ IAD ကျတုန်းက သိတာပါ။ သူငယ်ချင်း ၂ယောက်က BM ကျကြတယ်။ BM ကို ၃ကြိမ်ကျတာ။ အရမ်းခက်တယ်။ BM က Business Management လေ။ SAD က System Analysis & Design. သူငယ်ချင်း ၁ယောက်က MCC မှာ ဆရာဦးထွန်းထွန်းနိုင်ရှိတယ်။ ငါတို့ကို SAD သင်ပေးမယ်တဲ့။ SAD ဆိုတာ ကျွန်မအတွက် အရမ်းခက်ခဲတဲ့ ဘာသာပါ။ ဆရာအိမ်မှာ Tution လိုသွားသင်တာပါ။ IAD စတက်တုန်းက UCST မှာ စတက်တာ။ အဲဒီတုန်းက MCC မှာ IAD Course မစ သေးပါဘူး။ ကျွန်မ ၁နှစ်လောက် ငွေကုန် အချိန်ကုန်သွားတယ်။ SAD ၁သာသာကို ၃ကြိမ်ဖြေတာ ၃ကြိမ်လုံးကျတယ်။ ကျန်တဲ့ ဘာသာတွေကျတော့ အမှတ်ကောင်းကောင်း နဲ့ အောင် တယ်။ နောက်ဆုံး ဘယ်လိုလုပ်ရမလဲ စဉ်းစားကြ တယ်။ MCC မှာ IAD Course စနေပြီဆိုတော့ သင်တန်းတက်ဖို့ စာရင်းပေးတာ လက်မခံဘူး။ လူပြည့်သွားလို့။ အဲဒါနဲ့ KMD မှာ အပ်လိုက်တယ်။ သင်တန်းက ၁၀က်ကျိုးနေပြီ။ IAD System က ၁ဘာသာကို ၃ကြိမ်ကျရင် အစအဆုံး ပြန်တက်ရတယ်။ အဲဒီအချိန် Exam Result ထွက်တုန်းက ဆိုရင် ငိုချင်လိုက်တာ။ လမ်းသွားရင် လမ်းလျောက်ရင်တောင် ငူတူတူကြီး။ အဲဒီတုန်းက September လ။ စာမေးပွဲက December ဖြေရမှာ။ KMD ကို အကျိုးအကြောင်းပြောပြီး December ၄ဘာသာ ဖြေမယ်ပေါ့။ အားလုံး ၆ဘာသာရှိတာ။ သူတို့က ဖြစ်ရဲ့လား။ ကျွန်မတို့ကလဲဖြစ်ပါတယ်ဆိုပြီး December မှာ ၄ဘာသာဖြေဖို့ အတည်ဖြစ်သွားတယ်။ ကျွန်မ စိတ်အညစ်ဆုံး က အောင်ပြီးသားဘာသာတွေကိုပါ ထပ်ပြန်ဖြေရတာ။ ဆရာက အလုပ်မအားတဲ့ ကြားထဲကနေ သင်ပေး တာ။ ပိုက်ဆံ ၁ပြားမှ မယူပဲ သင်ပေးတာ။ ဆရာ စာသင်တော့ ဆရာက ကျွန်မအား နည်းချက် ကိုတွေ့သွားတာ။ ကျွန်မ စဉ်းစားတဲ့နည်းလမ်းက အများနဲ့မတူဘူးမှားနေတယ်။ ရအောင်ပြင်ပေး တယ်။ စာတွေလဲ မေးတယ်။ ကျွန်မတို့ Dipolma Course တွေက ဒါမေး ဒါဖြေ မဟုတ်ဘူး။ unseen တွေချည်းပဲ။ ကိုယ့်အယူအဆကို ရေးရတာ။ အယူအဆလွဲရင် သွားရော။ SAD က ပထမအပိုင်းက အမှတ်ပေးကြမ်းတယ်။ ၁ပုဒ်ကို ၃၀ ၂ပုဒ် ၆၀ ပေးတာ။ System ၁ခုပေးထားပြီး DFD, ERD, Normalization ဆွဲရတာ။ အဲဒီမှာ ၁၀ မှတ်ရလဲ ကျတယ် သတ်မှတ်တယ်။ System က ဘာSystem လာမယ်ဆိုတာ မသိဘူး။ Example, Computer Sales System ကို ဘယ်လိုစလုပ်မလဲ။ အဲဒီလို စဉ်းစားရတာ နောက်မှာ ၄၀ဖိုးရှိသေးတယ်။ ၃နာရီအတွင်း အဖြေရအောင် စဉ်းစားရတာ။ ဆရာက အသင်အပြကောင်းတယ်။ ဆရာက အတန်းထဲမှာ ပြောဘူးတယ်။ သမီး Idea လေးတွေလွှဲနေတယ်တဲ့။ အဲဒီစကား ၁ခွန်းကြောင့်  အတန်းထဲမှာ ထိုင်ငိုတာ။ ဆရာလဲ Idea လွှဲနေ တာကိုပြင်ခိုင်းတယ်။ ဒီလိုနဲ့ December စာမေးပွဲဖြေတော့ SAD ကို Credit နဲ့အောင်တယ်။ ၆၀ ကျော်လာ ပဲ။ ပျော်လိုက်တာဆိုတာ မပြောနဲ့။ ဆရာ့ကျေးဇူးကြောင့် IAD Diploma Course အောင်ပြီး M.Sc ဘွဲ့အထိရလာခဲ့တာပါ။ ဆရာ့ကျေးဇူးတွေ သမီးအပေါ်မှာ အများကြီးရှိပါတယ်။ ဆရာ့နာမည် ဆရာ့ ကျေးဇူး သမီး ၁သက် မမေ့ပါဘူး။

ဆရာ ဦးညီညီ

ဆရာ့ကို BCIS Course စတက်တုန်းက သိတာပါ။ ဆရာက ကျွန်မကို စာ အရမ်းလုပ်လို့ First Class Hons နဲ့အောင်မယ်ဆိုပြီးမှန်းထားတာ။ December စာမေးပွဲဖြေတော့ ကျွန်မ စိတ်အရမ်းညစ်နေတာ စိတ်လေနေတာနဲ့ (မမေးနဲ့နော်။ ပြောမပြဘူး) Software Engineering ဘာသာ အမှတ်အများဆုံး Double ပေးတာ 16 Grade ပေါ့  ၂ဆဆိုတော့ 32။ Result ထွက်လာတော့ 9 ပဲရတယ်။ ၂ဆဆိုတော့ 18။ အရမ်းအမှတ်နည်းသွားတယ်။ သေချာတာက First Class Hons မမှီတော့ဘူး။ ဆရာက အရမ်းဆူတာ။ ဆရာက ကျွန်မ စာအရမ်းလုပ်လုပ် မယုံတော့ဘူး။ ဆရာက ကျွန်မအပေါ်ယုံကြည်မှုနည်းသွားတာပေါ့။ ကျွန်မ စာကို အရင်ကထက် ၂ဆ ပိုလုပ်ခဲ့တယ်။ အောင်စာရင်းထွက်လာတော့ 2nd Upper Class Hons နဲ့အောင်တယ်။ ဖြစ်ချင်တော့ Reason နဲ့လာတာ။ ကျွန်မ Grade က မများဘူး ဒါပေမယ့် Percentage နဲ့တွက်လိုက်တော့ 2nd Upper ထဲဝင်နေတယ်ဆိုလို့ ဒီကျောင်းသူကို 2nd Upper Class Hons နဲ့အောင်ပါတယ်ဆိုပြီး Result ထွက်လာတယ်။ အဲဒီတုန်းက ကျွန်မ နာမည်တောင် ကြီးသွားသေးတယ်။ ကျွန်မ အောင်စာရင်းသွားကြည့်တော့ ဆရာနဲ့တွေ့တယ်။ ဆရာက ကျွန်မကို မနှိမ်ခဲ့ရင် ဒီလိုတောင် ဖြစ်လာမှာ မဟုတ်ဘူးတဲ့။ ဆရာဆီမှာ ကျွန်မအတွက် ၀မ်းသာနေတယ်ဆိုတဲ့ အပြုံး ကျွန်မ တွေ့ခဲ့ရတယ်။ ဆရာ ယုံကြည်မှုကို ကျွန်မ ပြန်ရခဲ့တယ်။ ဆရာက ဒီလို မလုပ်ခဲ့ဘူးဆိုရင်ကျွန်မ နောက်ဆက်တက်လဲ တက်လို့ရမှာ မဟုတ်ဘူး။ 2nd Upper ထိဆို ဒီကျောင်းသူ/ကျောင်းသား စာလုပ်တယ်ဆိုပြီး သတ်မှတ်ထား လို့ ကျောင်းဆက်တက်ဖို့လျောက်ရင် လက်ခံ တာများတယ်။

ဆရာ ဦးအောင်ကျော်မြင့်

ကျွန်မဘ၀မှာ စေတနာ၊ အနစ်နာ၊ ၀ါသနာ နာ၃နာနဲ့ပြည့်ဝတဲ့ ဆရာလို ဆရာမျိုး ကျွန်မ ၁ခါမှ မတွေ့ဖူးပါဘူး။ ဆရာက လူ့လောကကြီးထဲမှာ ကြာကြာ မနေရပါဘူး။ ကျွန်မတို့ IDCS Course အပြီး ၁နှစ်အကြာမှာ ဆုံးသွားခဲ့ပါတယ်။ ဆရာက စာ အသင်အပြလဲ ကောင်းတယ်။ ဆရာက Computer Programming သင်တဲ့ ဆရာလေ။ ဆရာက စာသင်ရင် စိတ်ဝင်စားအောင် ကျောင်းသားနားလည်အောင် သင်တတ်တယ်။ ဆရာက သင်ခန်းစာ ၁ခု သင်ပြီးတိုင်း စာမေးတယ်။ စာမေးတိုင်း အဖွဲ့လိုက်ပြိုင်ခိုင်းတယ်။ သူက စာမေးလို့ စာမရရင် မတ်တပ်ရပ်ခိုင်းပြီး နောက်ကျောင်းသားကိုမေးတယ် နောက်ကျောင်းသားက မရရင် ဆက်မတ်တပ် ရပ် နောက်ကျောင်းသား ဆက်မေး ဆရာစိတ်ကျေနပ်တဲ့အဖြေရပြီဆိုရင် ဘာကြောင့်လဲဆိုတာ ရှင်းပြပြီး ထိုင်ခိုင်းတယ်။ ဆရာမေးရင် ကျောင်းသားတိုင်း ကြောက်တာ ၁ခုရှိတယ်။ ဒီအကြောင်းအရာက ဖြစ်သင့်လား မဖြစ်သင့်ဘူးလား ဖြစ်သင့်တယ်ဆိုရင် ဘာကြောင့်ဖြစ်သင့်တာလဲ မဖြစ်သင့်ဘူးဆိုရင် ဘာကြောင့် မဖြစ်သင့်တာလဲ ဆိုတာ အကျိုးအကြောင်းပြရတယ်။ ကျောင်းသားတွေက ဆရာ့အကြောင်းသိလို့ ဆရာပြောတဲ့ အတိုင်းလိုက်ပြောရင် ဆရာက ပြုံးစစနဲ့ ရီတယ်။ ဆရာစာသင်နေတုန်း မရှင်းတာရှိရင် ထမေးလို့ရတယ်။ အထက်တန်းကျောင်းနဲ့ မတူဘူး။ ဆရာ့ကိုလဲ ကျောင်းသားတိုင်း ချစ်ကြောက် ရိုသေကြတယ်။ ဆရာ့ကိုတွေ့တိုင်း Good Morning မင်္ဂလာပါ လို့ နှုတ်မဆက်ဘူး။ ကျောင်းသားတိုင်း IPO (အိုက်ပို) လို့နှုတ်ဆက်ကြတယ်။ IPO ဆိုတာ Input Process Output ပါ။ စာမေးပွဲနားနီး ၂လ အလို ကျောင်းသား အကုန်လုံး ဆရာ့အိမ်မှာ အိပ် စားပြီး မသိတဲ့စာတွေကို ရှင်းပြဖို့ ကျောင်းသားတွေ သွား အိပ်ကြတယ်။ ကျောင်းသား အယောက် ၂၀ လောက်ရှိမယ်။ ဆရာက အားလုံးကို အလကားကျွေးထား တာ။ ယောင်္ကျားလေး ၁ခန်း မိန်းကလေး ၁ခန်း အိပ်ကြတာ။ မနက် ၃နာရီအထိ စာလုပ်ကြရတာ။ Exam Result ထွက်တော့ Distinction က အများဆုံး။ ၁ယောက်ပဲလား ကျတယ်။ အောင်ချက် အရမ်းကောင်းတယ်။ ကျွန်မက IDCS (NCC, UK) - Section 6 ကပါ။

Uncle U Aung Khin

ကျွန်မ Singapore မှာ စ ရောက်ရောက် ချင်း အခက်အခဲအများကြီး ရင်ဆိုင်ရတယ်။ ကျွန်မကို အခက်အခဲ ၁ခုရှိတိုင်း အမြဲ ဖြေရှင်းပေးတတ်တဲ့ Uncle ကို ကျေးဇူးတင်ပါတယ်။ Student Visa အခက်အခဲ ဖြစ်လို့ Malay က Uncle သူငယ်ချင်းအိမ်ကို Uncle ကိုယ်တိုင်လိုက်ပို့ ပေးခဲ့တာ။ Uncle ကြောင့် လဲ Singapore မှာ ဒီလို အခြေအနေထိ ရောက်အောင် နေနိုင်ခဲ့တာပါ။

Uncle U Zaw Win Oo

Student Pass Approved ဖြစ်အပြီး နောက် အိမ်ခန်းပြသာနာပေါ်လာရော။ အိမ်ခန်းမရခင်အထိ ကျွန်မကို Uncle အိမ်မှာ ပေးနေခဲ့ တဲ့ ကျေးဇူးတွေကလဲ အများကြီးပါ။

ကျွန်မဘ၀ရဲ့ကျေးဇူးရှင်များကို နာမည်နဲ့ တကွ မှတ်တမ်းတင်ထားပါတယ်။ ကျွန်မ ဘ၀ ၁သက် မမေ့ပါဘူး။ ကျွန်မစာရေးတာ အမှား ပါခဲ့ရင် ခွင့်လွှတ်ကြပါလို့

Blog လာလည်သူအားလုံး ကျန်းမာရွင်လန်းပါစေရှင် .....

Saturday, March 17, 2012

၁နေ့တာ အကြောင်းများ

Blog ရေးချင်နေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ၅ပုဒ်လောက်တော့ ရှိမယ်ထင်ပါတယ်။ ဖြည်းဖြည်းချင်း ရေးသွားပါမယ်။ အခုရေးချင်တာက Singapore မှာ မိသားစု ၃ဦး ဘယ်လိုရုန်းကန် ရသလဲ ဆိုတာကိုပါ။ February ကစပြီး အလုပ် အရမ်းများပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ Maid ကို အလုပ်ထုတ်ပစ် လိုက်တယ်။ အဲဒီအကြောင်းတွေလဲ နောက်ဆက်ရေးပါမယ်။ အဖေကတော့ သမီးပိုပင်ပန်းမယ်တဲ့။ သမီးပိုပင်ပန်းမယ်ဆိုတာ မှန်ပေမယ့် ရုံးက ပြန်လာလို့ရှိရင် Maid ကိုပြောပြီး ရင် ပြောနေရတာက ပိုပင်ပန်းပါတယ်။ ပိုက်ဆံလဲကုန် လူလဲပိုပင်ပန်းတယ်လေ။ ထားတော့ နောက် မှပြောကြတာပေါ့။ 

၁ပတ်မှာ ၇ ရက်ရှိတာ Monday ကစပြီးပြောကြတာပေါ့။ Monday ဆိုတော့ ကျွန်မရဲ့ Job Assign က Main Office ပေါ့။ များသောအားဖြင့် Outsource Co., မှာ ထိုင်ရတာ များတယ်။ Main Office ထိုင်တဲ့နေ့ဆိုရင် အိမ်က 8:00 AM မှထွက်လဲရတယ်။ Outsource ထိုင်ရတဲ့နေ့ဆိုရင် 7:30 AM ထွက်မှရတယ်။ Outsource IT Manager က အပျိုကြီးပေမယ့် ကလေးရှိထားမှန်းသိလို့ ကျွန်မအလုပ်ချိန်ကိုပြောင်းထားတယ်။ 8:30 - 5:30 တဲ့။ အဲဒီတော့ 8:30 AM မတိုင်မီအရောက်သွားရတယ်။ ကျွန်မအတွက် စဉ်းစားပေးထားတဲ့ အတွက်ကြောင့် ကျွန်မက ပြန်ပြီး သိတတ်ရမယ်။

မနက် ၆နာရီနိုးစက်မြည်တာနဲ့ အိပ်ရာကထရပါတယ်။ အိပ်ရာက နိုးရင် မနေ့ညက ဆန်ဆေးထားတဲ့ ထမင်းအိုးကို ခလုတ်ဖွင့်လိုက်ရုံပါပဲ၊ ရေနွေးအိုးထဲက ရေကျက်အေးကို ဖြည့်၊ သားသား ရေနွေးကျိုဖို့ အတွက် ရေထည့်ပြီး မီးခလုတ်ဖွင့်၊ ရေနွေးအိုး ၁အိုးတည်။ မနေ့ညက အဆင့်သင့် ပြင်ထားတာတွေကို Fridge ထဲကနေထုတ်။ သားသားအတွက် ဆန်ပြုတ်ပြုတ်ဖို့ ဆန်ပြုတ်အိုးတည်။ ပြီးတော့မှ ကျွန်မတို့ ၂ယောက် စားဖို့ အတွက် ဟင်းချက်၊ မနက်ဟင်းချက်ဖို့ အတွက် ညကတည်းက ပြင်ဆင်ပြီး Fridge ထဲထည့်ထားပြီး မနက်ရောက် ကောက်ထည့်လိုက်ရုံပါပဲ။ တည်ထားတဲ့ ရေနွေးအိုဆူတော့ သားသားအတွက် မနက်စာ Biscuit မုန့်ကို နို့မှုန့် ရေနွေးဆူဆူထည့်ပြီး ချေလိုက်ရုံပါပဲ။ မနေ့ညကတည်းက ပေါင်းထားသော နို့ဗူးထဲက ၁ဗူးကိုထုတ်ပြီး သားသား ကျောင်းမှာသောက်ဖို့အတွက် နို့ဗူးထဲ နို့မှုန့်ထည့်ပေးလိုက်တယ်။ ပြီးတော့ရေဗူး ထဲရေ ထည့်။ အဲဒီ၂ခုပြီးရင် သားသားကျောပိုးအိတ်ထဲ ထည့်လိုက်ရုံပဲ။ အဲဒီအချိန်က အသားနူးအောင် စောင့်နေချိန်ဖြစ်လို့ အချိန်ရတယ်လေ။ အားလုံးပြီးမှ ကျွန်မမှာ မျက်နှာသစ် သွားတိုက်နိုင်တယ်။ မျက်နှာသစ်မယ့် ရေကို ကြည့်ပြီး သရဏဂုံရွတ်ပါတယ်။ သရဏဂုံရွတ်ကြည့်ပါ။ ထူးခြားပါတယ်။  ပြီးတာနဲ့ ဘုရား ပန်းအိုးလဲ၊ ဘုရားရှစ်ခိုးပြီးတော့ ဟင်း ဆီပြန်မပြန်ကြည့် ဟင်းရလို့ နာရီကြည့်လိုက်ရင် 6:40 AM ၀န်းကျင် ဖြစ်နေပြီ။ အဲဒီအချိန် သားသား ဆန်ပြုတ်ကတော့ မရသေးပါဘူး။ မီးဖိုမီး ပိတ်လိုက်ပါတယ်။ ယောင်္ကျားအတွက် ထမင်းဗူးထည့်ပြီး ကျွန်မက မထည့်ပါဘူး။ ၁နေ့နေ့ ရုံးသွားရတာ အမှန်မရှိဘူးလေ။ ကြုံတဲ့နေရာ ကြုံ သလိုစားရတာဆိုတော့ မထည့်ဖြစ်တာများတယ်။ ပြီးတော့ ပြန်အိပ်ပါတယ် :)

Outsource သွားရမယ့်နေ့ဆိုရင် 7:10 AM, Main Office သွားရမယ့်နေ့ဆိုရင် 7:30 AM ပြန်ထပါတယ်။ ပြီးတော့ မီးခလုတ်ပြန်ဖွင့်ပြီး သားသား ဆန်ပြုတ်ပြန်တည်ပါတယ်။ ကျွန်မရေမိုးချိုးပြီး ရုံးသွားဖို့ပြင်ဆင်ပါ တယ်။ အိမ်ကမထွက်ခင်မှာ သားသား ဆန်ပြုတ်အိုးရလို့ မီးပိတ်ပါတယ်။ မနက်ဆိုရင် များသောအားဖြင့် MRT မှာ နေရာမရပါဘူး။ နေရာရရင်တော့ အိပ်ငိုက်ပြီး လိုက်သွားပါတယ်။ ၁ခါ၁လေ MRT ပျက်ရင် စိတ်ညစ်ရတယ်။ Manager ကို SMS ပို့ပြီး ပြောရတယ်။ ကျွန်မ ဘယ်တုန်းကမှ နောက်မကျပါဘူး။ ရုံးခ်ျိန်အတိ ရောက်သွားတတ်ပါတယ်။ အဲဒီအချိန်ကတော့ ၀ရုန်းသုန်း ကား နိုင်တာပေါ့။ Outsource သွားထိုင်ရင် ကျွန်မက ရုံးချိန်အမှီရောက်ဖို့ အလျင်လိုနေပေမယ့် Users တွေ မရောက်သေးလို့ အပေါက်ဝမှာ စောင့်နေခဲရတာ အကြိမ်ပေါင်း မနည်းပါဘူး။ ကျွန်မ မှာ 24 Hours Access Card ရှိပါတယ်။ ကျွန်မရုံးမဟုတ်ပဲ အခြားရုံးမှာထိုင်ရတဲ့ အတွက်ကြောင့် User ၁ယောက်ရောက်လာမှသာ ကျွန်မ၀င်ပါတယ်။ Main Office မှာထိုင်ရင် အမြဲတမ်း အားလုံးထက်စောတယ်။ ၁ခါ၁လေလဲ Customer Site ထဲ ၁ခါထဲတန်းသွားရတာတွေရှိတယ်။ ညနေရောက်လို့ Customer Site မှာ ၁ခါ၁လေ အလုပ်ပြီးလို့ Boss ကိုပြောရင် ၅နာရီထိုးပေမယ့် Boss က ပြန်လို့ ရပြီလို့ အမြဲပြောပါတယ်။ ကျွန်မမှာ သားသား ရှိတော့ ကျောင်း ကြိုရအောင် ပြန်လွှတ်တာပါ။ Customer Site မသွားရတဲ့နေ့တွေဆိုရင် 5:30 PM ဆိုပြန်လွှတ်ပေးပါတယ်။ Boss ကိုအားနာလို့ အမြဲတမ်းရုံးကို 8:30 AM ဆိုရောက်ပြီ။

ယောင်္ကျားနဲ့သားသားက 8:00 AM မှ အိပ်ရာကထပါတယ်။ ကျွန်မသားသားအတွက် ပြင်ဆင်ထားတဲ့ Breakfast ကိုကျွေးပြီး ကျောင်းဝတ်စုံလဲပြီး ကျောပိုးအိတ်လွှဲပြီး 8:30 AM သားသားကိုကျောင်းလိုက်ပို့ပါတယ်။ သားသားကိုကျောင်းပို့ အိမ်ပြန်လာပြီး မှရုံးသွားပါတယ်။

5:30 PM ရုံးဆင်းပြီဆိုတာနဲ့ အမြန်ပြေးပြီး သားသားကို ကြိုရပါတယ်။ 6:15 PM ၀န်းကျင်ဆို သားသားကျောင်း ကိုရောက်ပါတယ်။ သားသားကိုကျောင်းစကြိုကတည်းက အကျင့်လုပ်ထားမိတာ သားသားက Chocolate တောင်းစားတတ်ပါတယ်။ သားသားကို အမြဲပေးရတယ်။ အိမ်ပြန်ရောက်ရင် ၂ယောက်သား အကျီတောင်မလဲနိုင်ဘူး။ ကျွန်မက သားသားကို ဆန်ပြုတ်ကျွေးရတယ်။ သားသားက IPad ဆော့ရင် ဆန်ပြုတ်စားတာ။ အဲဒီအချိန် သားသားက အရမ်း ဆာနေပြီ လေ။ ဇောက်ပန်းကန် အပြည့်နီးနီးကိုစားတာ။ ၁ခါ၁လေ ထပ်ကျွေးချင်ပေမယ့် သားသားက အန်တတ်တော့ ၁ပန်းကန် အပြည့် ပဲကျွေးပါတယ်။ စားပြီးရင်သားသားကို သန့်ရှင်းရေးလုပ်ပေးပြီး ည၀တ်အကျီ လဲပေးလိုက်ပါတယ်။ သားသား က IPad ၁လုံးနှင့် သူ့ဟာသူ အလုပ်ရှုတ်နေတတ်ပါတယ်။ သားသားအတွက်ပြီးမှ ကျွန်မက အရင်ဆုံး ၁အိမ်လုံး တံမြက်စည်း လှည်းပါ တယ်။ ပြီးတော့ မနက်က ဟင်း၁ခွက်ပဲချက်သွားတဲ့ အတွက် ဟင်းချို ဒါမှမဟုတ် ငပိရည် တို့စရာ ဒါမှမဟုတ် အသုတ် ၁ခုခု လုပ်ပြီး ညစာ အတွက် ပြင်ဆင်ထားပါတယ်။ ပြီးတော့ မနက် ဘာချက်မလဲဆိုတာ စဉ်းစားရင် Fridge ကနေ အသား၁ခုခုထုတ်ပါတယ်။ ၁ချက်၁ချက် သားသားကိုချောင်းရပါတယ်။ ကျွန်မတို့ ၂ယောက်စားဖို့ အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းပါးပါးလှီးပါ တယ်။ သားသားဆန်ပြုတ်ပြုတ်ဖို့ အတွက် ကြိတ်သားနည်းနည်း ထုတ်၊ ဂျင်းလက်၁ဆစ်နှင့် ကြက်သွန်ဖြူ ၂မွှာကို ဓားပြားရိုက်ထားပါတယ်။ ပြီးတာနဲ့ ပန်းကန်ဆေး၊ မီးဖိုချောင် သန့်ရှင်းရေးလုပ် အဲဒီအချိန် 7:30 ~ 8:00 ၀န်းကျင်ယောင်္ကျားပြန်လာပါပြီ။

ထမင်းစား၊ ပန်းကန်ဆေး သားသားနေ့လည်က သောက်ထားတဲ့ နို့ဗူးတွေကို ပေါင်းရပါ တယ်။ နောက်၁နေ့ စားမယ့် ဆန်ကို ၁ခါထဲ ဆန်ဆေးပြီး ပြင်ဆင်ထားပါတယ်။ ရေမိုးချိုးပြီး နာရီကြည့်လိုက်ရင် 8:30 PM ပါပြီ။ ရေမိုးချိုးပြီးရင် မနက် သားသားကျောင်းသွားဖို့ အတွက် ပြင်ဆင်ရပါတယ်။ ကျွန်မရဲ့ Daily Duty ပေါ့။ ကျွန်မရေးပြသွားတာတွေ အတိုင်းပါ။ အဆင့် ၁ခုမှမကျော်ပါဘူး။ Monday ဆိုရင်တော့ နားရတယ်။ Monday ည အ၀တ်လျော်ပါတယ်။ Tuesday ဆိုရင်တော့ ရေချိုးပြီးတာနဲ့ မီးပူတိုက်ရတယ်။ Wednesday ဆိုရင်နားရတယ်။ Thursday ဆိုရင်တော့ သားသားအတွက် ဆန်ပြုတ်အိုးတည်တာက လွှဲလို့ ဟင်းမချက်ပါ ဘူး။ ရေမိုးမချိုးခင်မှာ ၁အိမ်လုံး အိမ်သန့်ရှင်းရေးလုပ်ရတယ်။ ကြမ်းတိုက်ရတယ်။ ရေချိုးခန်းဆေး၊ အိမ်သာဆေးရပါတယ်။ ၁၀က်ပြီးရင် ၁ပတ်စာ ဈေးဝယ်ရပါတယ်။ ဈေးသိမ်းပြီးရင် ကျန်နေသေးတာတွေ ဆက်လုပ်ရတယ်။ နာရီကြည့်လိုက်ရင် 9:30 ~ 10:00 ၀န်းကျင်ဖြစ်နေပါပြီ။ ၁နာရီလောက် Internet ကြည့်ပြီး တာနဲ့ 11 PM ထိုးတာနဲ့ အိပ်ဖို့ပြင်ဆင်ရပါ တယ်။ မအိပ်ခင်မှာ ပြန်ရောက်ရောက်ချင်း ထုတ်ထား တဲ့အသားတွေကို ဆား၊ ဆနွင်း၊ အချိုမှုန့်နဲ့နယ်ပြီး နှပ်ထားပြီး Fridge ထဲပြန်ထည့်ထားပါတယ်။ သားသားကို ၂ယောက် သိပ်နေတုန်း ကျွန်မက အရင် အိပ်ပျော်သွားတတ်ပါတယ်။

ကျွန်မရဲ့ အကျင့်က ဒီနေ့ချက်တဲ့ ဟင်းဒီနေ့ပဲစားတယ်။ နောက် ၁နေ့ကူးသွားရင်လုံးဝ မစားပါဘူး။ အနံတောင်ခံမရဘူး။ မနေ့က အကျန်ချည်းလာထားထားရင် အရမ်းအန်ချင်တယ်။ ၁ပတ်စာချက်ထားပြီး ကိုယ်စားချင်တဲ့အချိန် Fridge ထဲက ထုတ်ပြီးလဲ ယူမစားတတ်ပါဘူး။ အဲဒီတော့ ဟင်းချက်ရင် ၂ယောက်စာ ကွက်တိချက်တယ်။ နောက် ၁နေ့အတွက် ပိုတာ ကျန်တာ မရှိပါဘူး။ 

Friday ညရောက်ရင်တော့နားပါတယ်။ Saturday ဆိုရင် ဟင်းကို အနည်းဆုံး ၂မျိုး ၁ခါ၁လေ ၃မျိုး၊ ၁ခါ၁လေ ၁ခုခု လုပ်စားပါတယ်။ သူငယ်ချင်း ၁ယောက်ယောက်က ဖိတ်ထားရင် အဲဒီနေ့ ဟင်းမချက်ပါဘူး။ အပြင်မှာ ၀ယ်စားလိုက်တယ်။ ၂ယောက်ထဲဆိုတော့ အပြင်ထွက်စားမှ ၃၀ လောက်ပဲကျတာလေ။ သားသားကို အပြင်စာ မကျွေးပါဘူး။ သားသားကို အိမ်ကနေ အ၀ ကျွေးပြီးမှ အပြင်ထွက်ပါတယ်။ ယောင်္ကျားက မီးပူကူတိုက်ပါတယ်။ ၁ပတ်ကို ၃ကြိမ်အ၀တ်လျော်တယ်။ အဲဒီတော့ Tuesday ၁ရက်ထဲ မီးပူတိုက်လို့ မရဘူး။ မောင် ၁ထမ်း မယ်၁ရွက်ပေါ့။ Saturday Morning ဆိုရင်တော့ မုန့်ဟင်းခါး ၁ပွဲကို ၃ယောက်စားပါ တယ်။ ထတဲ့ အချိန်က ထမင်းစားချိန်နဲ့ နီးနေတော့ နည်းနည်းပဲစားတဲ့ သဘောပါ။ သားသားက မုန့်ဟင်းခါး အရမ်းကြိုက်တယ်။ အရင်က ကျွန်မ ၈နာရီထိုးရင် နိုးပေမယ့် အခု ၉နာရီထိုးမှပဲနိုးတော့တယ်။ ၁၀နာရီဆို ဟင်းအားလုံးကျက်ပြီ။ အဲဒီအချိန်ရောက်မှ သားသားနဲ့ယောင်္ကျားက ထတာ။ အဲဒီတော့ သူတို့ကို မနက်စာ ဆင်းဝယ်ခိုင်းရတယ်။ Saturday ညရောက်ရင် ၁ခါ၁လေ အပြင်သွားပါတယ်။  Sunday ဆိုရင်တော့ အမြဲတမ်း ၁နေရာရာ သွားကြပါတယ်။ သားသားကို ပျော်အောင် လိုက်ပို့ပေးတာပါ။ Sunday ည ရောက်ရင် ကျွန်မ ငြီးလေ့ရှိတာ မနက်ဖြန်ဆို ဘ၀ စရတော့မယ်။ ၅ရက်ဆိုရင် ဆိုသလောက် အရမ်းသိသာပါတယ်။ ၁ခါ၁လေ ကျွန်မ ပင်ပန်းရင် ငြီးလေ့ရှိတာက This is called my LIFE ...

ကျွန်မ နေမကောင်းရင်တောင် ရုံးကို Taxi နဲ့သွား Taxi နဲ့ ပြန်ပါတယ်။ ယောင်္ကျားကို ညနေစောစော ဆင်းခိုင်းပြီး သူ့ကိုအားလုံးလုပ်ခိုင်းပါတယ်။ နောက်၁နေ့ ဖျားလဲရုံးသွား တယ်။ ဆေးသောက် ပြီးတောင် ရုံးသွားတာ။ ဆေးကို ၄နာရီ ခြား၁ခါသောက်ပြီး ရုံးမှာထိုင်နေတာ။ Outsource သွားရမယ့်နေ့ဆိုရင်တော့ နေ မကောင်းလဲဆေးသောက်ပြီး သွားတယ်။ Main သွားရမယ်ဆိုရင်တော့ အိမ်မှာ နေပြီး Medical Leave ယူလိုက်တယ်။ Main မှာက ဆေးသောက်ပြီး သွားလို့မရဘူး။ Customer Phone ခေါ်ရင် ခေါ်တဲ့ နေရာသွား ရတာဆိုတော့ ရာသီဥတုကောင်းရင် အကြောင်းမဟုတ်ဘူး။ မိုးရွာနေရင် ဖျားနေတာ ပိုဆိုးမယ်ဆိုပြီး မသွားတာပါ။

ကျွန်မ Blog ကိုဖတ်ပြီး ကလေး ယူဖို့ လန့်မသွားနဲ့နော်။ သားသမီးဆိုတာ ရတနာ ၁ပါးပါ။ အိမ်ထောင်၁ခုဆို တာ သားသမီးရှိမှ တင့်တယ်တာပါ။ ဘ၀ဆိုတာ ဒီလိုပဲဖြတ်သန်းရတာပါ ပဲ။ ရောမရောက် ရောမလိုကျင့်ဆို သလိုပါပဲ Singapore ရောက်တော့ Singapore လိုကျင့်ပေါ့။ ဖတ်လိုက်ရလို့မောသွားပြီလား :)

Blog လာလည်သူ အားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, February 18, 2012

၂နှစ်ပြည့် သားသား

သားသားမွေးနေ့ပွဲအတွက်
သားသား မနေ့က ၂နှစ်ပြည့်သွားပါပြီ။ သားသား မွေးနေ့ညမှာ ရေးချင်ပေမယ့် ပင်ပန်းနေတာကြောင် မရေးဖြစ်ပဲ အခုမှ ရေးဖြစ်တာပါ။ သားသားက မွေးနေ့မတိုင်ခင် ညနေကစပြီး ဖျားပါတော့တယ်။ သားသားမွေးနေ့မှာ ကိုယ်က တော်တော်ပူတာ။ 9 Feb က ဆရာဝန်နဲ့ချိန်းထားလို့ သွားတာရိုးရိုး ပြတာ အောင်းမေ့လို့ ရောက်တော့ ကာကွယ်ဆေးထိုးရမယ်ဆိုလို့ ထိုးလိုက်ရတယ်။ Nurse တွေက ၄ရက် ကနေ ၉ရက်အတွင်း ဖျားလိမ့်မယ်တဲ့။ သားသား ခမျာ မွေးနေ့မှာ မပျော်လိုက်ရပါဘူး။ သားသားက Cake ပေါ်မှာ ဖယောင်းတိုင်လေးထွန်းထားတာ မြင်ရင် အရမ်းပျော်ပါတယ်။
သားသားကိုမြန်မြန်ပျောက်အောင် Paracetamol 5ml ကို ၄နာရီခြား ၁ခါတိုက်တယ်။ သားသားမွေးနေ့ကို NTUC Day Care မှာပဲ လုပ်ဖြစ်ပါတယ်။ Cake မုန့်ကို Bengawan Solo မှာ 1 KG မှာရမယ်ဆိုလို့ Mickey-Mouse & Minnie-Mouse ပုံပါတာလေး မှာဖြစ်တယ်။ မွေးနေ့မနက်မှာ  သားသားက အိပ်ရာက နိုးနိုးချင်း စိတ်မကြည်ပေမယ့် ဆေးသောက်ပြီးသွားတဲ့အခါမှာတော်တော်လန်းသွားပါတယ်။ Camera ကိုင်ပြီး သားသားကို ဓာတ်ပုံရိုက်ပေးဖြစ်ပါတယ်။ အဲဒီနေ့က ကျောင်းမတက်ဖြစ်ပါဘူး။ ကျောင်းက 2:45 PM လာပါဆိုလို့ မွေးနေ့ပွဲလုပ်ပေးရုံလေးသွားခဲ့ပါတယ်။ မွေးနေ့ကျင်းပမယ့်အချိန်မရောက်ခင်မှာ သားသားက နေ့ခင်းကဆော့ထားတာရယ် ဆေးအရှိန်ကြောင့် အိပ်ချင်လာပါတယ်။ သူငယ်ချင်းများက Birthday Song ဆိုပေးနေတာတောင် သားသားက အိပ်ချင်နေတဲ့ ပုံလေးဖြစ်နေပါတယ်။
မွေးနေ့ပွဲလည်းပြီးရော အိမ်ရောက်ရောက်ချင်း အ၀တ်အစားလဲပေးပြီး အိပ်ခိုင်းလိုက်ပါတော့တယ်။ ညနေပိုင်းရောက်တော့ သားသားကနိုးလာပါတယ်။ သိပ်ပြီး စိတ်မကြည်ပါဘူး။ အအေးသောက်ချင်တယ် ဆိုပြီး အအေးတိုက်လိုက်တော့ ဆေးတိုက်လို့မရတော့ဘူး။ အအေးသောက်ပြီး ၁နာရီနေမှ ဆေး တိုက်လိုက်တာ ၁၅ မိနစ်လဲနေရော စိတ်က ကြည်သွားပြီး မိသားစု မွေးနေ့ကိတ်လေးခွဲဖြစ် ပါတယ်။ သားသားက အရမ်းပျော်သွားတယ်။ ကိတ်မုန့်ကိုလည်း အရမ်းကြိုက်ပြီး လက်နဲ့ဖဲ့စားပါတယ်။ ခဏနေတော့ ချွေးတွေ တအားထွက်သွားပြီး နေကောင်းသွားပါတော့တယ်။ သားသားနေကောင်းတော့မှ ကျွန်မတို့လည်း စိတ်ချမ်းသာရတော့တယ်။
သားသားက ဦးတော်လဲလုပ်တတ်တယ်။ အထိုင်ပုံစံတော့ မမှန်သေးပါဘူး။ သားသားက သူမကြိုက်တာ မလုပ်ချင်တာဆိုရင် No ... No ... သူုကြိုက်တာ သဘောကျတာဆိုရင် Yeah တဲ့။ သားသားက စကား ၂လုံးပြောတတ်နေပြီ။ သားသား ကလေးဆရာဝန်မနဲ့တွေ့တုန်းက သူက စကား၂လုံးပြောပြီလာဆိုတော့ Yes လို့ပြောလိုက်တာ တော်တော်ဝမ်းသာသွားတယ်။ သားသားက စကားပြောအရမ်းနောက်ကျနေပါတယ်။
ကျောင်းမှာလဲ အသားကျစပြုနေပါပြီ။ မနက် 8:30 ဆိုကျောင်းပို့ပြီး ည 6:15 လောက်မှ လာကြိုနိုင်တာပါ။ သားသားက အမေကိုမြင်ရင် ငိုလည်းငို ပျော်လည်းပျော်ပြီး ထွက်လာပါတယ်။ အိမ်မှာ Baby Song ဖွင့်ထားပေးရင် အဲဒီ အထဲက ကလေးလေးတွေလုပ်တဲ့ အတိုင်း လိုက်လုပ်တတ်ပါတယ်။ စိတ်အလိုမကျရင် ထစ်ခနဲရှိ စိတ်အရမ်းကောက်တတ်ပါတယ်။
သားသားက အခုဆို ကျောင်းကသင်ပေးလိုက်လို့ ဇွန်းနဲ့ကိုင်စားတတ်နေပါပြီ။ သူ့ဟာသူလုပ်ချင်ကိုင်ချင် စိတ်ရှိလာပါတယ်။ သားသားကိုကျောင်းက သွားကြိုတိုင်း သူ့ဖိနပ် ဘယ်နားမှာထားထားလဲ သူ့ဟာလေးတွေ မှန်သမျှ အကုန် ၁ခုမကျန် မှတ်မိပါတယ်။ သူ့ဖိနပ်ကို ဖိနပ်စင်ကနေ မှန်အောင်ရွေးထုတ်နိုင်ပါတယ်။
သားသားမွေးနေ့အတွက် မိသားစုကိတ်

သားသားအကြောင်းလေးကိုလည်း ဆက်ရေးသွားပါ့မယ်။ 

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, February 4, 2012

Abalone နှင့် အစိမ်းကြော်

ကျွန်မက အပတ်တိုင်း ကြာသပတေးညဆို ၁ပတ်စာ ၀ယ်ထားပါတယ်။ အိမ်နားက 24 Hours Fair Price မှာ ၀ယ်ရတာ ရိုးနေလို့ Fair Price Extra မှာ သွားဝယ်ပါတယ်။ အသား ငါးတွေက မတူတတ်ပါဘူး။ Fair Price မှာ မရှိတဲ့ အသား Fair Price Extra မှာ ရှိတတ်ပါတယ်။ ကျွန်မက ဂဏန်းချောင်း လက်မလောက်ကြီးရှိတာ ၀ယ်ချင်လို့ သွားတာပါ။ Fair Price Extra လဲရောက်ရော အရင်က ၃၀လောက်ပဲရှိတာ 56 လောက်ပေးရ တယ်။ အထုပ်သေးလေးတော့တွေ့တယ် 18.90 ဆိုတာနဲ့ နှမြောပြီး မ၀ယ်တော့ဘူး။ အဲဒါနဲ့ Abalone ကိုတွေ့တော့ ဈေးဘယ်လောက်လဲကြည့်လိုက်တော့ 5 ကျပ်ဆိုတာနဲ့ ၀မ်းသာအားရ၀ယ်လိုက်ပါတယ်။

ဒါနဲ့ အားလုံးဝယ်ပြီးလို့ Cashier မှာ ငွေရှင်းတဲ့အခါကျတော့ အားလုံးပေါင်း 110 လောက်ကျသွားတယ်။ ကျွန်မလဲ မျက်လုံးတော်တော်ပြူးသွားတယ်။ ကျွန်မတို့ အတွက် ၂ယောက်စာဆို ၁ပတ်မှ 30 လောက်ပဲကျ တာ။ ဒီ၁ခေါက်ဆီဝယ်တာနဲ့ ကျွန်မစားချင်တာ ၀ယ်တာနဲ့ ယောင်္ကျားစားချင်တာဝယ်တာ၊ သားသား စားချင် တာဝယ်တာနဲ့ ဆိုအားလုံးကျမှ 60 ကျော်ပေါ့။ အခုဟာက အများကြီးကျနေတယ်။ Voucher လာလို့ ဖတ်လိုက်တော့ Abalone ၁ခုထဲတင် 38.90 ဆိုတော့ ယောင်္ကျားကိုတောင် ခုဏက စာဖတ်လိုက်တော့ 5 ကျပ်ဆိုလို့ ၀ယ်လိုက်တာ။ ကျွန်မ မျက်စိရှန်းသွားတာလဲ ဖြစ်ပါလိမ့်မယ်။ မျက်မှန်ကလဲ ပျောက် သွားတော့ လောလောဆယ် မျက်စိမှုန်ချင်ချင် ဖြစ်နေတာ နေမှာပါ။ ယောင်္ကျားက စောစောက ဂဏန်းအချောင်း ၀ယ်လိုက်တာကမှ ဟုတ်ဦးမယ်တဲ့။ ရက်စက်ပါ့ပေ Abalone ရယ်။ အဲဒီနေ့က ဈေးကပြန် လာပြီး တော်တော်ရင်ခံသွားတယ်။


ကဲ ဟင်းချက်ဖို့ စတော့မယ်။ ပြင်ဆင်ထားရမှာက
- Abalone ၄ခု
- ကြက်သွန်နီ ၁လုံး
- ဂျင်း လက်၁ဆစ်
- ကြက်သွန်ဖြူ ၂မွှာ
- ကော်မှုန့် ဟင်းခတ်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် အကြည် လက်ဘက်ရည်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် အနောက် လက်ဘက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ပွအကြီး၁ခု ရဲ့ ၁၀က်
- ဗိုလ်စားပဲသီး ၁၅ခု
- ရွှေပဲသီး ၁၅ခု
- မုန်လာဥနီ ၁လုံးရဲ့ ၁၀က်
- Broccoli ၁ခုရဲ့ ၁၀က်
- ဆီ ဟင်းခတ်ဇွန်း ၃ဇွန်း
- ဆား အနည်းငယ်
- အချိုမှုန့် အနည်းငယ်


ကြက်သွန်နီ ၁လုံးကို ခွာပြီး ၄စိတ်စိတ်ထားပါ။ ကြက်သွန်ဖြူ ၂မွှာကို ဓားပြားရိုက်ပါ။ ဂျင်းလက်၁ဆစ်နွှာ ထားပါ။ ဆီထည့်ပြီး ကြက်သွန်နီ လေးစိတ်စိတ်ထားတာရယ်၊ ကြက်သွန်ဖြူ ၂မွှာ ဓားပြားရိုက်ထားတာ၊ ဂျင်းလက်၁ဆစ်ထည့်ပြီး ဆီသတ်ပါတယ်။ အနံမွှေးလာရင် Abalone ထည့်ပြီး ရေနွေးအနည်းငယ် ထည့်ပြီး နှုးအောင် အရင်လုပ်ပါတယ်။ ဆီပြန်ခါနီးအချိန်ရောက်ရင် မုန်လာဥနီ ထည့်ပါတယ်။ Broccoli ထည့်ပါတယ်။ ရွှေပဲသီး၊ ဗိုလ်စားပဲသီးထည့်ပါတယ်။ ငရုတ်ပွကိုနောက်ဆုံးမှထည့်ပါတယ်။ ၁ခုချင်းဆီကို ဖြည်းဖြည်းချင်းထည့်ပါတယ်။ နူး လာအောင် စောင့်နေတုန်းမှာ ကော်ရည်ဖျော်ပါမယ်။ ပန်းကန်၁ခုထဲ မှာ ကော်မှုန့် ဟင်းခတ်ဇွန်း၁ဇွန်း၊ ပဲငံပြာရည် အကြည် လက်ဘက်ရည်ဇွန်း ၁ဇွန်၊ ပဲငံပြာရည် အနောက် လက်ဘက်ရည်ဇွန်း ၁ဇွန်း၊ ဆား၊ အချိုမှုန့်ထည့်ပြီး ကော်ရည်ဖျော်ပါတယ်။ ကော်ရည်ဖျော် ပြီးတာနဲ့  လောင်းထည့်ပြီး ဇွန်းနဲ့ မွေပြီးရင် ရေနွေး အနည်းငယ်လောင်းထည့်ပြီး ရေနည်းနည်းချန်ပြီးရင် ချလို့ရပါပြီ။

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....

Saturday, January 28, 2012

၂နှစ် မပြည့်ခင် အရွယ်

သားသားအကြောင်း ရေးမယ်ဆိုပြီး အချိန်ယူနေတာ အတော်ကြာသွားတယ်။ သားသားကို 16 Dec 2011 ကစပြီး NTUC Day Care စထားနေပါပြီ။ သားသားကို 1 Dec 2011 စထားမယ်ဆိုပြီး စီစဉ်ထား တာ ကျောင်းက အဲဒီမတိုင်ခင် ကြိုဖုန်းဆက်ပြီး Hand Foot Mouth Disease အဖြစ်များနေလို့ ၁၅ရက်ရွှေ့ပေး ပါဆိုပေမယ့် ၁၅ ရက်နေ့မှာ သားသား ဖျားနေတာနဲ့ပဲ ၁၆ရက်နေ့မှ စဖြစ်တယ်။ Full-Time ထားတာပါ။ Full-Time ပဲထားလို့ရပါတယ်။


၁နှစ်နှင့် ၈လ အရွယ်

NTUC Day Care မှာ Full-Time ကို ကျောင်းလခက ၁လ ၆၄၀ပါ။ ဒါအပြင် သားသား က ကျောင်းမှာ ကျောင်းတက်နေစဉ် ရုတ်တရက် ဖျားတာ၊ ထိခိုက်လို့ ဆေးခန်းသွားရတယ် ဆိုရင် ဆေးခန်းသွားရတဲ့ စရိတ်ပါ ထပ်ထည့်ပေးရပါတယ်။ ကျောင်းဝတ်စုံဖိုး၊ အိပ်ရာခင်းဖိုး မပါသေးပါဘူး။ ပထမလ ကျောင်းစတက်တက်ချင်းမှာ ကုန်ရတာပါ။ သားသားကျောင်းမှာ တက်တဲ့  ကလေးတိုင်း အိမ်ကမုန့်ယူလာခွင့်မရှိပါဘူး။ အားလုံး Equal Opportunities ပဲထားပါတယ်။ ကျောင်းကပဲ အကုန်ကျွေးပါတယ်။ ကလေးဖိနပ်၊ ကျောပိုးအိတ်၊ အကျီ၊ နို့ဗူး၊ Diapers ထည့်ပေးရပါတယ်။ သားသား နာမည်ပါ မှတ်ပေးလိုက်ရပါတယ်။ ဥပမာ ကလေးဖိနပ်မှာ Mickey ဆိုပြီးမှတ်ထားပေးရပါတယ်။ ၁ချို့ ကလေးတွေက ဖိနပ် လှတာမြင်ရင်ကောက်ဝတ်သွားတတ်လို့ပါတဲ့။ မနက်ကို သားသား အဖေက ပို့ပါတယ်။ ကျွန်မရုံး ကဝေးတော့ သားသားကို အိပ်ချိန်လဲပိုရအောင် ကျွန်မ တာဝန်က ညနေပိုင်းတာဝန်ပါ။ ကျောင်းက မနက် ၇ နာရီကနေ ည ၇နာရီပါ။ စနေဆိုရင် မနက် ၇နာရီကနေ နေ့လည် ၂နာရီအထိပါ။ မနက်စာ စားချိန်က 8:15 AM ပါ။ သားသားကို မနက်စာ စားပြီးမှကျောင်းပို့ပါတယ်။ ကျောင်းရောက်ရင် ဆရာမတွေက အဖျားတိုင်း လက်ဆေးပြီးမှ ၀င်ရပါတယ်။

သားသားကျောင်းမှာ  သူငယ်ချင်းတွေနဲ့ ကစားနေချိန်           

သားသားက အစပိုင်း ၂ပတ်ကျော်ကျော်လောက် ငိုပါတယ်။ နောက်ပိုင်း မငိုတော့ပါဘူး။ ခပ်တည်တည်ပဲ ၀င်သွားပါတယ်။  သားသား ကို ကျောပိုးအိတ်ထဲမှာ ရေဗူး၊ နိှု့ဗူးက ၂ဗူး (၁ဗူးကို နို့မှုန့် ၇ဇွန်း ထည့်ထားတယ်ဆိုတာ ၇ နေရာမှာ မှတ်ပေးထားရပါတယ်)၊ အကျီ ၂စုံ၊ Diapers ၃ခု၊ မျက်နှာသုတ်ပ၀ါ အလတ် ၁ခု၊ ပလပ်စတစ်အိတ် ၁ခု (ရေစိုအ၀တ်ပြန်ထည့်ပေးဖို့) မနက်ကျောင်းမသွားခင် ပြင်ဆင်ပေးရ တာပါ။ မနက်ဆိုပေမယ့် ကျွန်မက နို့ဗူး နဲ့ ရေဗူးက လွှဲလို့ အကုန်ညကတည်းက ပြင်ထားပေးပါတယ်။ သားသားကို Sunday ကနေ Thursday အထိ ညဆို ၁၀နာရီရောက်ရင် အိပ်ခိုင်းပါတယ်။ မနက်ဆိုရင် ၈နာရီမထိုးခင် သားသားကို နိုးပါ တယ်။ ကျောင်းရောက်ပြီဆိုတာနဲ့ အဖျားတိုင်း လက်ဆေးပြီးတာနဲ့ အထဲဝင်ပြီး ဆော့ရပါတယ်။ သီချင်းတွေဆိုရ တယ်။ စုပေါင်းပြီး ကစားရတယ်။ ၁၁နာရီမှာ ထမင်းကျွေး ပါတယ်။ ကိုယ့်ဟာကိုယ်ဇွန်း နဲ့စားရ တာပါ။ ထမင်းစားပြီးရင် အလှည့် ကျ ရေချိုး ရပါ တယ်။ ရေချိုးပြီး ကစားရပါတယ်။ ၁၂နာရီခွဲမှာ အိပ်ရပါတယ်။ ကျွန်မက ၁၂နာရီခွဲ အထိပဲကျောင်း မှာ နေဖူးတော့ အဲဒီအချိန်ထိပဲ သိပါ တယ်။ ကျောင်းက ရေလဲ အလှည့်ကျ ချိုးပေးပါတယ်။ ၁နေ့ကို ၁ကြိမ် မဖြစ်မနေ အိပ်ရပါ တယ်။ ကျောင်းထားလိုက်တော့ သားသားက သူကိုယ်တိုင် လုပ်ရပါတယ်။ ထမင်းကို ဇွန်းနဲ့ကိုင်ပြီး စားရပါ တယ်။ သားသားကို အိမ်မှာ ခွံကျွေးတော့ သားသားက မစားတတ်သေးတော့ နည်းနည်းပဲစားတယ်။ အခုနောက်ပိုင်း စားတတ်လာပြီလို့ ဆရာမတွေက ဖုံးဆက်ပြီး ပြောပါတယ်။ သားသားက ကျောင်းကကျွေးတဲ့ အစားကို ဂျီးမများပါဘူး။ အကုန်စားပါတယ်။ ဇွန်းနဲ့ စားရတာလေ ၁ခုပဲ။ သားသားကို အဲဒီလို ကျောင်း ကသင်ပေးလိုက်တဲ့ အတွက် အိမ်ရောက်ရင် သားသားကို မုန့်ကျွေးမယ်ဆိုရင်တောင် ကိုယ်တိုင်ယူရမှ စားပါတယ်။ ယူပြီးပေးလို့ကတော့ မစားပါဘူး။ စကားလဲ လိုက်ပြောတတ်လာပါတယ်။
Marche' သွားစားတုန်းက

သားသားကို စထားတော့ မနက်ကနေ ၁၂ခွဲထိပါ။ ၂ပတ်ခွဲလောက်ကျင့်ပြီးတဲ့ အချိန်မှာ နောက် ၃ပတ်မြောက်မှာ မနက်ကနေ ၄ခွဲထိပါ။ Maid ကို Feb 2011 ကစခေါ်ထားတော့ Maid ကပဲကြိုပါတယ်။ သားသားလဲကျောင်းမှာ အသားကျသွားလို့ Maid ကိုအပြီးပြန်ပို့လိုက်ပါပြီ။ သားသားကို ပညာကို အရမ်းတတ်စေချင်တယ်။ အဓိက က Singapore မှာနေတော့ Mandarin လိုပြော တတ်စေချင်တာ။ အဲဒါကြောင့် Full-Time ရွေးတာ။ ကျောင်းက ပြတင်းပေါက်တွေဖွင့်ထားတော့ သူတို့တွေ ကလေးတွေကို ဘယ်လို ဂရုစိုက်လဲ ဆိုတာ မြင်ရတယ်။ သားသားက အခုဆို ကျောင်းတက်တာ ၁လခွဲပဲ ရှိ ပါသေးတယ်။ ကျောင်းနဲ့ အသားသိပ်မကျသေးပေမယ့် စထားခါစနဲ့ ယှဉ်ရင် အသားကျလာပါပြီ လို့ ပြောရ မယ့် အခြေအနေမှာ ရှိပါတယ်။ သားသား ကျောင်းက ကလေးအတွက်ဆိုပြီး Record Book လေးပေးပါတယ်။ သားသား ဘယ်လောက်တိုးတက်နေပြီလဲ မိဘတွေက ဘာဖြစ်ချင်သလဲဆိုတာ ရေးပေးရတာပါ။ ၁၈လကစပြီး ကျောင်းကြီး မသွားခင်အထိထားလို့ရပါတယ်။ ၁၈လမပြည့်ခင် ၁နှစ်ကြိုပြီး စာရင်းပေးသင့်ပါတယ်။ Registerd လုပ်ပြီးတိုင်း ကျောင်းက ချက်ချင်းတက်လို့ မရပါဘူး။ အနည်းဆုံး ၁နှစ်စောင့်ရပါတယ်။
Vivo City ဆင်ရုပ်ရှေ့တွင်

သားသားကျောင်းအကြောင်းရေးပြီးသွားပြီဆိုတော့ သားသားအမူအကျင့်တွေရေးဦးမယ်နော်။ သားသားက စိတ်ကောက်တတ်တယ်။ သားသားကို ဆူရင်ပဲဖြစ်ဖြစ်၊ မျက်နှာအနေအထားနဲ့ ပြောရင်ပဲဖြစ်ဖြစ် မရပါဘူး။ သားသားက ၁ဖက်ကို မျက်နှာလွှဲသွားပြီး ကိုယ်လုံးကို ထိုင်ချရင်ထိုင်ချ၊ ထိုင်မချရင် အိပ်ပြီး မျက်လုံးမှိတ်ပြီး မျက်လုံးကို ပေကလပ် ပေကလပ် လုပ်ပြ၊ မျက်လုံးပုံစံကို အမျိုးမျိုးလုပ်တတ်ပါတယ်။ ဘယ်ကတတ်လာမှန်း မသိပါဘူး။ သားသား အဲဒီလိုလုပ်နေပြီဆိုရင် သားသား အလိုမကျမှန်း စိတ်ကောက်နေမှန်း သိပါတယ်။ သားသားက အမှတ်လဲကြီးတယ်။ သားသားကို ဆူထားရင် အဲဒီဆူထားတဲ့သူ ကို သားသားက ဘယ်လိုမှ မကြည်ပါဘူး။ စိတ်ထဲမှတ်ထားပါတယ်။ တော်ရုံခေါ်လို့မရပါဘူး။ သားသားကို ပြန်ကြည်ရေးအတွက် ၃ ၄ ၅ရက်လောက် ကြာတတ်တယ်။


IMM တွင် Chirstmas ၀န်းကျင် အမှတ်တရ

သားသားက Hi5 လို့ပြောလိုက်တာနဲ့ လက်၅ချောင်းနဲ့ လက်ချင်းရိုက်တတ်ပါတယ်။ အဲဒါကတော့ ကျောင်းက တတ်လာတာ။ ABC သီချင်းဖွင့်ထားရင် စကားသိပ်မပြောတတ်ပေမယ့် သီချင်းအတိုင်းလက်ဆိုတတ်ပါ တယ်။ အဖိုးက အလိုလိုက်ပြီး သူ့ IPad 1 လေး ပေးထားပါတယ်။ ကျွန်မက သူ့အတွက် Free Software တွေဝယ်ထည့်ပေးထားပါတယ်။ ဥာဏ်ရည်တိုးစေမယ့် Software တွေကိုတော့ သိပ်ဈေးမကြီးရင် ၀ယ်ပေးလိုက်ပါတယ်။ သားသားက Youtube ထဲက Mickey-Mouse Clubhouse ကို အရမ်းကြိုက်ပါတယ်။ IPad ကိုလည်း ကောင်းကောင်းသုံးတတ်တယ်။ IPad ကို အမြဲတမ်းပေးမသုံးပါဘူး။ ည ၈ နာရီကနေ ၁၀ နာရီ အထိပဲပေးသုံးပါတယ်။ သားသား မျက်စိပျက်မှာစိုးလို့ပါ။ အိမ်မှာ Phone လာရင် သားသားကပါပြောလိုက်ရမှ။ သားသားကိုပေးမပြောလို့ကတော့ အရမ်းကို ဂျီကျတတ်ပါတယ်။ ကျွန်မအဖေအလည်လာပြီး ပြန်သွားတုန်း က IPad ထဲမှာ အဖေ့ ဓာတ်ပုံတွေရှိတော့ သားသားက ညတိုင်း ဓာတ်ပုံကြည့်ပြီး ဖိုးဖိုး ဆိုပြီး ညတိုင်းခေါ် တယ်။ Skype ဖွင့်လိုက်ရင်လည်း ဖိုးဖိုးပဲ။ ဖိုးဖိုးကိုတွေ့လိုက်လို့ကတော့ ခုန်ပေါက်နေတော့တာ။ သားသား က ကျောင်းစတက်လိုက်တာ စကားကို သင်ပေးရင် ၂လုံးလောက် လိုက်ပြောတတ်လာတယ်။ အကုန်လုံး နားလည်ပါတယ်။ စကားမပြောတတ်သေးတာ ၁ခုထဲပါ။ English လိုပြောရင်လဲ နားလည်ပါတယ်။ Chinese လိုပြောရင် နားမလည်ပါဘူး။ ကျောင်းက ဆရာမတွေက Chinese လိုပဲပြောနေတော့ သားသားခမျာ ဘာမှနားမလည်ပါဘူး။ သားသားက မျက်မှန်အရမ်းကြိုက်ပါတယ်။ Restaurant တွေမှာ သွားစားရင် သားသားအတွက် အအေးအရင်မှာရတယ်။ ဒါမှငြိမ်တာ။ ၁ခါ၁လေ IPad ယူသွားပေးလိုက်တယ်။ အပြင်မထွက်ခင် သားသားကို ထမင်းအရင်ကျွေးတတ်တော့ သားသားက အပြင်စာ စားလေ့စားထမရှိပါဘူး။ သားသားကို မနက်စာ ၁ကြိမ် Biscuit ကို နို့နဲ့ခြေပြီး ကျွေးရင်ကျွေး၊ Cereal ကျွေးပါတယ်။ ထမင်း ၁ခါကျွေးရင် ကလေး ပန်းကန်နဲ့ ၁ပန်းကန်ခွဲစားတယ်။ ၁နေ့ကို ထမင်း ၂ကြိမ်ကျွေးတယ်။ ကြားထဲမှာ နို့သောက်တယ်။ သားသားကိုမွေးကတည်းက နို့မှုန့်ဗူး ၁လ ၅ဗူးဝယ်ရတယ်။ အခုလဲ အရင်အတိုင်းပဲ။ သားသားက နို့အရမ်း ကြိုက်တယ်။ ဖြတ်လို့မရသေးဘူး။ ညဆိုရင် သားသားက Snack စားတယ်။ အာလူးကြော်လဲ အရမ်းကြိုက် တယ်။ ဈေးသွားရင် အားလူးကြော်ထုတ် မြင်ရင် သွားဆွဲယူတာ။ ညရောက်တိုင်း အစားက ၁ခုပြီး ၁ခုပဲ။ အိပ်ခါနီးမှပဲ စားတာရပ်တော့တယ်။ သားသားက ကျွန်မတို့ဘက်လိုက်မယ်ထင်တယ်။ အစားအများကြီး စားပြီး မ၀ဘူး။ ကိုယ်လုံးကိုယ်ပေါက် အနေတော်ကလေးပဲ။

ဟေ ဘာကြည့်တာလဲ မကြည့်နဲ့ သားသားရှက်တယ်

သားသားက သူ့ ဆံပင်ကို ကိုင်ရင် မကြိုက်ပါဘူး။ ဆံပင်ညှပ်တဲ့ အချိန်ရောက်တိုင်း ကျွန်မ အရမ်းစိတ်ညစ်ရတာ။ ၀က်ဝက်ကွဲအောင်ကို ငိုတော့တာ။ သားသားကို ဆံပင်ညှပ်မယ့် ဆံပင်ညှပ်သမား က ယောင်္ကျားဖြစ်ပြီး လက်ရဲ ဇက်ရဲ ဖြစ်ပြီး ညှပ်တာ မြန်ရပါ့မယ်။ ၁ခါတုန်းက EC ဆံပင်ညှပ်ဆိုင်မှာ မိန်းမ ညှပ်တာ ၅ချက်လား ညှပ်လိုက်တယ်။ ၁၀ လဲကုန်တဲ့ အပြင် ဆံပင်က ဒုန်းရင်း ကဒုန်းရင်းပဲမို့ လို့ ယောင်္ကျားလေးကိုရွေးရတာပါ။ EC ဆံပင်ညှပ်ဆိုင်မှာ ကောင်လေး၁ယောက်ရှိတယ်။ သူနဲ့ပဲ သားသားကို ညှပ်တယ်။ သားသားအကြောင်းလဲ သိတယ်။ ညှပ်တာလဲမြန်တယ်။ ကျွန်မက အတိုဆုံးလို့ပြောပြီး ညှပ်ခိုင်းတော့တာ။ 15 Mins လောက်က world ပျက်မတတ်ပဲ (ပဆင့်တွေနဲ့မရိုက်တတ်လို့ပါ)။ သားသားရဲ့ ဆံပင်ကလည်း တအားသန်တာ လွန်ခဲ့တဲ့ ၂ပတ်ကညှပ်ထားတာ အခုတော်တော်ရှည်နေပြီ။ အရမ်းတို ကပ်နေအောင် ညှပ်ထားလို့တော်သေးတာ။ သားသားကို ခေါင်းလျော်မယ့် အချိန်ရောက်ရင်လဲ အငြိမ် မနေဘူး။ အော်ပြီးသောင်းကျန်းတာ။ 5 Mins အတွင်းအပြီးလျော်ရတယ်။ Kiddy Palace ဆိုင်ရောက် သွားလို့ ကတော့လိုချင်တာရှိရှင် ပူဆာတယ်။ မရလို့ကတော့ အိပ်ချတော့တာ။ အဲဒီလိုဆိုးလာတာ။ ကျွန်မက သားသားကို လတိုင်း ပုံမှန်ဝယ်ပေးပါတယ်။ ၁လကို ၄၀ ၀န်းကျင်လောက်ပါပဲ။


Vivo City တွင် ကားစီးရတာ ကြိုက်သော Mickey


သားသားက Vivo City မှာ ရှိတဲ့ Battery နဲ့ Car စီးရတာ အရမ်းသဘောကျတယ်။ အစက သားသားကို ကစားကွင်းမှာ ပေးဆော့ခိုင်းတာ ကလေးတွေကားစီးနေတာ မြင်တော့ အတင်းပြေးဆင်းသွားပြီး စီးမယ် ဖြစ်နေတာ နဲ့ပေးစီးလိုက်တာ။ 5 Mins ၅ကျပ်ပေးရတယ်။ အဲဒီနေ့က 10 Mins စီးခဲ့တယ်။ Vivo City ရောက်ရင် သားသားကားစီးမလားဆိုတာနဲ့ သားသားက သဘောပေါက်တယ်။ စကားမပြော တတ်ပေမယ့် မပို့ပေးလို့ကတော့ အမူအရာနဲ့သောင်းကြမ်းတော့တာ။ သားသားက IPad လိုချင်ရင် Pad Pad တဲ့။ နေကြာစေ့ စားချင်ရင်ပဲဖြစ်ဖြစ်၊ ကွာစေ့စားချင်ရင်ပဲ ဖြစ်ဖြစ် ကွာကွာတဲ့။ ဖိုးဖိုးနဲ့ Skype ကနေ စကားပြောရင် အာဘွားပေးလိုက်ဆိုရင် Monitor အနားသွားပြီး Monitor ကြီးကို ဖိုးဖိုးအမှတ်နဲ့ အာဘွားတဲ့။ ညတိုင်း ကျွန်မက မြင်းစီးမယ်ဆိုရင် ကျွန်မ နောက်ကြောကို ခွတက်တက်တယ်။ သားသားက အဖေဆိုရင် ပင်ပန်းတာတွေ မခိုင်းဘူး။ ကျွန်မပဲ ခိုင်းတာ။ တကူးကူးဆိုတာနဲ့ ခြေထောက် ၂ချောင်းကို လာခွတော့တာ။ သားသား တကူးကူး လာစီးရင် ကျွန်မခြေထောက်နာတယ်လေ။ သားသားက ဂျွမ်းလဲ ကောင်းကောင်း ထိုးတတ်တယ်။ အချိန်တိုင်းလုပ်နေလို့ ကြည့်နေရတယ်။ အဖေ ကိုခေါ်တာ Dad Dad တဲ့။ အမေကို ခေါ်တာ ကျတော့ နေနေတဲ့။ ၁ခါ၁လေကျမှ မေမေတဲ့။


သားသားရဲ့ Own Style (Marina Square တွင်)

သားသားက သူ့ကို ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ထိုင်ချလိုက်ပါတယ်။ အဲဒီ အပေါ်ပုံကလို ပုံစံမျိုးပဲ။ Camera မြင်တိုင်းရိုက်ခိုင်းတော့တာ။ ရိုက်ပြီးပြီဆိုရင်လဲ ပြရသေးတယ်။ သားသားက Youtube ထဲမှာ ကလေးတွေ ရယ်နေတာ တွေ့ရင် အရမ်းသဘောကျတာ။ သားသားပါ အဲဒီ အထဲကအတိုင်း လိုက်ရယ်တာ။ ဘယ်နှစ်ကြိမ် ကြည့်ကြည့် ဘယ်တော့မှမရိုးဘူး။ Angry Bird လဲဆော့တတ်တယ်။ Level 1 လောက်တော့ နိုင်တယ်။ သားသားက သူရှုံးတဲ့ဟာတွေဆိုရင် အဖေကို ကစားခိုင်းတယ်။ Bunny Game လဲကြိုက်တယ်။ အခုနောက်ပိုင်း သားသားဆော့နေတာ ABC Puzzle နဲ့ Kids Song ပဲ။ သူ့ကို ၁လ ၁ခါ Game လေးတွေ ရှာပြီးထည့်ပေးထားတယ်။ ပိုက်ဆံဝယ်ရတဲ့ A/C တွေကိုတော့ ပိတ်ထားတယ်။


သားသား ၂နှစ်ပြည့် မွေးနေ့ အကြိုဝယ်ပေးထားတာ


ကျွန်မကတော့ အခုအချိန်မှာ သားသားကို စကားပြောပြီး နားလည်တတ်တဲ့အရွယ်ရောက်ချင်နေပြီ။

Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေရှင် .....